page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, September 9, 2013

နှလုံးသားထဲက ချစ်မေတ္တာ *******************

candle lay | 9:14 AM | Be the first to comment!
candle lay | 9:14 AM |




Best Blogger Tips
Share




စာသင်ကျောင်းတစ်ကျောင်းရဲ့ အခန်းတစ်ခန်းထဲမှာ ကလေးပေါင်းများစွာ ရှိနေကြပါတယ်။ ကလေးတစ်ယောက်က “ဆရာမ… ချစ်မေတ္တာဆိုတာ ဘာလဲ”လို့ မေးလာပါတယ်။
ဆရာမက လေးနက်တဲ့ ဒီမေးခွန်းရဲ့ အဖြေကို ပေးဖို့ထိုက်တန်တဲ့ တစ်စုံတစ်ခုကို စဉ်းစားလိုက်မိပါတယ်။


Share

"မိခင်တစ်ယောက်ရဲ့ မုသားဖြူ ၈ ခု"

candle lay | 9:09 AM | Be the first to comment!
candle lay | 9:09 AM |




Best Blogger Tips
Share




အလွန် ဆင်းရဲနုံချာလှတဲ့ ဘ၀တွေအဖြစ် မွေးဖွားခဲ့ရတဲ့အတွက် အဲဒီ့ အိမ်လေးမှာ ၀လင်အောင်စားဖို့ စားစရာ လုံလုံလောက်လောက် ဘယ်တော့မှ မရှိခဲ့ပါဘူး ...။
စားစရာ နည်းနည်းလောက် ရလာခဲ့ရင် ... အမေဖြစ်သူက သူ့သားလေးကို ပြောလေ့ရှိတယ် ...
"ဒီထမင်းခဲလေးကို သားလေး စားလိုက် .. အမေကတော့ မဆာဘူး သားရဲ့ ..."


Share

ဆင်းရဲဖေဖေ .. ချမ်းသာဖေဖေ ---------------------------------

candle lay | 9:08 AM | Be the first to comment!
candle lay | 9:08 AM |




Best Blogger Tips
Share



ဂျပန်လူမျိုး လုပ်ငန်းရှင်ကြီး တီယို ကော့စကီးရေးတဲ့ ..
ဆင်းရဲဖေဖေ ..ချမ်းသာဖေဖေ ..ဆိုတဲ့စာအုပ်လေးဖတ်ဖူးကြလား..
အဲဒီစာအုပ်ထဲမှာ ES BI ဆိုတဲ့ စီးပွားရေး ဒသနတစ်ခုကို ..ချပြထားတယ်

ဘယ်ကနေ ဘယ်လိုရလာလဲ မသိပေမယ့်..
အဲဒီ စာအုပ်လေးက ကျွန်တော် အကြိုက်ဆုံးနဲ့ ..
ကျွန်တော့်ဘ၀ကို ဘာလုပ်ရမယ်ဆိုတာ လမ်းညွှန်ပေးခဲ့တဲ့ ..စာအုပ်လေးပါ..


Share

Sunday, May 5, 2013

အမေနေ့ အမှတ်တရ

ညချစ်သူ | 3:28 PM |
ညချစ်သူ | 3:28 PM |




Best Blogger Tips
Share





ကမ္ဘာ့ပေါ်ရှိ နိုင်ငံအများစုတွင် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို
ကမ္ဘာပေါ်ရှိ အမေအားလုံးကိုလေးစား ဂုဏ်ပြုသောနေ့ အဖြစ် အမေနေ့
(Mother Day) ဟု သတ်မှတ်ကြပါသည်။ နိုင်ငံတကာအမေနေ့ ဖြစ်မြောက်
အောင်ကြိုးပမ်းအားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ Juila Ward Home
(1819-1910)ဖြစ်သည်။သူမသည် ကျော်ကြားသော စာရေးဆရာမကြီး
တစ်ဦးဖြစ်ပြီးအမေနေ့ဖြစ်မြောက်ရန်ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူ ဖြစ်သည်
အမေနေ့ဖြစ်မြောက်အောင်ကြိုးပမ်းခဲ့သူJuila Ward Home ရဲ့သမီး

Share

Tuesday, April 23, 2013

ယနေ့ မှစပြီး စာဖတ်ခြင်းအလေ့အထကို မွေးမြူကြပါဆို့ 

ညချစ်သူ | 4:06 PM |
ညချစ်သူ | 4:06 PM |




Best Blogger Tips
Share




ရှေးလူကြီးများ၏ ဆိုရိုးစကား အရ " စာမတတ်သူ ၊ စာမဖတ်သူသည် မျက်စိကန်း နေသူဖြစ်သည် '' ဟု ပြောဆိုခဲ့သည်ကိုမှတ်သားခဲ့ရဖူးပါသည် ။အသိပညာရှိဖို့ ဦးနှောက်ကို ကျွေးရမယ့်အစာဟာ " စာဖတ်ခြင်း " ပါပဲ။အတွေးအခေါ် ရင့်ကျက်တည်ငြိမ်အောင်စာအုပ်ကောင်းတွေများများဖတ်ရမယ်။
ဖတ်ပြီးသမျှ ပြန်စဉ်းစားပြီး တွေးရမယ်။ စဉ်းစားရသမျှ အိုင်ဒီယာ တွေကိုလက်တွေ့ အကောင်အထည်
ဖော်ဖို့ ကြိုးစားရမယ်။စာအုပ်များသည် စိတ်၏ အဟာရဖြစ်သည်။စာဖတ်ဖို့ အချိန်မရှိဘူးလို့ ညည်းညူ
ပြောဆိုတက်သူဟာ တိုးတက်ရှင်သန်ခြင်းတံခါးကို အမြဲပိတ်ထားချင်တဲ့သူနဲ့ တူပါတယ်။''စာအုပ် ၊ စာပေ လူမိတ်ဆွေ '' ဆိုတဲ့မြန်မာစကားပုံ နှင့်အညီ မိမိတို့အား အရာရာကို သွန်သင်ဆုံးမပေးနေသည့်အရာမှာ စာအုပ်ကောင်းများပင် ဖြစ်ပါသည် ။


Share

Wednesday, December 19, 2012

" နားထောင်တတ်ပါစေ..." ( စာပေဟောပြောပွဲ )

ညချစ်သူ | 5:58 PM |
ညချစ်သူ | 5:58 PM |




Best Blogger Tips
Share


စာဆိုတော်နေ့ကို  ဂုဏ်ပြုကြိုဆိုသောအားဖြင့်

ဆုံဆည်းရာ ပထမအကြိမ် စာပေဟောပြောပွဲ

၂၈-၁၂-၂၀၁၂



ဆုံဆည်းရာဆိုဒ်လေးမှ သူငယ်ချင်းအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော နေ့ရက်အချိန်
အခါသမယလေးဖြစ်ပါစေလို့ ဦးစွာပထမ ဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ ။

ကျွန်တော် ဆုံဆည်းရာမှာ စာပေဟောပြောပွဲလေး လုပ်ချင်တယ်ပြောတော့ အစစအရာရာအဆင်ပြေ
အောင် အားတတ်သရော ၀ိုင်းဝန်းကူညီပေးကြတဲ့ ဆုံဆည်းရာမှ တာဝန်ခံ ညီငယ် ၊ ညီမများ နှင့် အတူ
တတ်သည့်ပညာမနေသာဆိုသလိုကိုယ်သိထားတဲ့ အသိကနေ ပြန်လည်မျှဝေပေးကာ ဆုံဆည်းရာမှ
စာပေဟောပြောပွဲအတွက်ရည်ရွယ်ပြီး စာပေဟောပြောပွဲသဏ္ဌာန်ပိုစ့်မျိုးတွေ  ရေးသားပေးကြသူ
များကိုလည်း ဆုံဆည်းရာမိသားစုမှ စာချစ်သူ မန်ဘာများကိုယ်စား 
ကျေးဇူးအထူးပင်တင်ရှိပါကြောင်း ပြောကြားပါရစေခင်ဗျာ ။


Share

Friday, October 19, 2012

ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါ

ညချစ်သူ | 1:10 AM |
ညချစ်သူ | 1:10 AM |




Best Blogger Tips
Share


ကျွန်တော် ဒီပိုစ့်လေးကိုရေးသားဖြစ်တာက  ကျွန်တော်ဆိုဒ်လေးဖြင့်တဲ့  ဆုံဆည်းရာ မှာ '' ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါ  '' ဆောင်းပါးပြိုင်ပွဲ -----ပြိုင်ပွဲဝင်သူ သူငယ်ချင်းတွေ ပြိုင်ပွဲ
ဝင်စာမူရေးသားရာမှာအဆင်ပြေချောမွေ့ အောင်နမူနာအဖြစ် ရေးသားပေးထားတာ လေးပါ ။
ကျွန်တော်ကစာရေးကောင်းသူမဟုတ်တော့ တကယ်လို့ အမှားတစ်စုံတစ်ရာပါခဲ့ရင် နားလည်
ခွင့်လွှတ်ကာ ပြင်ဆင်ဖတ်ရှုပြီး  ခံစားအားပေးကြပါလို့ ပြောပါရစေခင်ဗျာ ။ 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ဒီနေ့ ည မိသားစုလူစုံနေတဲ့ ထမင်းဝိုင်းလေးမှာ ကျွန်တော်ညီမအကြီး ဖြစ်တဲ့ မကြီးစုက  ပြောတယ် ။
" ကိုကြီးဇင် သီတင်းကျွတ်တော့မယ်နော်  ပိုက်ဆံ စုထားဦး မိဘတွေ ၊နှစ်ဖက်အဘိုးအဘွားတွေ ၊
ဆွေမျိုးတွေနှင့် ငယ်ငယ်ကစာသင်ပေးခဲ့ဖူးတဲ့ ဆရာ၊ဆရာမတွေကို ကန်တော့ရဦးမယ်နော် 
ရသမျှ မသုံးပစ်နဲ့ဦး "  "  အေးပါဟ မသုံးပါဘူး  မကြီးစုရာ  " လို့  ကျွန်တော်က ပြန်ပြောလိုက်တယ် ။

Share

Saturday, September 8, 2012

စာမတတ်သူ ပပျောက်ဖို့  ၀ိုင်းဝန်းကူကာ ဆောင်ရွက်စို့ 

ညချစ်သူ | 2:02 AM |
ညချစ်သူ | 2:02 AM |




Best Blogger Tips
Share


၁၉၆၅ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် ကုလသမဂ္ဂ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့  ( ယူနက်စကို )

က ကြီးမှူးပြီး  အီရန်နိုင်ငံ တီဟီရန်မြို့တွင် နိုင်ငံတကာ စာတတ်မြောက်ရေး ကွန်ဂရက် 

( A World Literacy Congress ) ကိုကျင်းပခဲ့ရာ ကမ္ဘာနိုင်ငံပေါင်း  ( ၈၉ ) နိုင်ငံမှ တက်ရောက်

ခဲ့ကြပြီး ၄င်းနေ့ကို အစွဲပြုပြီး နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ( International Literacy Day ) အဖြစ် 

သတ်မှတ်ခဲ့ကြကြောင့် လေ့လာသိရှိရပါသည်။နှစ်စဉ် စက်တင်ဘာလ ( ၈ ) ရက် နေ့ ရောက်တိုင်း

 ယူနက်စကို အဖွဲ့ ဝင်နိုင်ငံများတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့  အထိမ်းအမှတ် 

အခမ်းအနားများကို ကျင်းပခဲ့ကြပါသည်။
Share

Tuesday, September 4, 2012

စာဖတ်ခြင်းနှင့် ပိုမိုတိုးတက်သော ဘဝ

ညချစ်သူ | 4:09 AM |
ညချစ်သူ | 4:09 AM |




Best Blogger Tips
Share



စာမတတ်သူသည် တံခါးပေါက်မပါသော အိမ်နဲ့ တူ၏ ။အပြင်သို့ ဘာမှ မမြင်ရ ။

စာတတ်ပြီး စာမဖတ်သူသည် တံခါပေါက်ရှိပါလျှက်  မဖွင့်သောအိမ်နဲ့ တူ၏ ။ အသိပညာတံခါးပိတ်လျှက် ရှိ၏ ။

စာဖတ်ခြင်းသည် လူတို့ အတွက် ကျယ်ပြန့် သော ဗဟုသုတ ၊ အကြားအမြင်ရစေ၏ ။

စဉ်းစားဆင်ခြင်နိုင်သော ဥာဏ်ပညာကိုလည်း ဖြစ်စေ၏ ။ ( လယ်တွင်းသား စောချစ် )
Share

Thursday, August 16, 2012

ဟိုင်းလပ်များ၏ရင်ခုန်သံ

ညချစ်သူ | 11:29 PM |
ညချစ်သူ | 11:29 PM |




Best Blogger Tips
Share



ဒီ ပို့ စ်လေးကို မေးလ်ထဲကတဆင့်ရလို့  မသိသေးတဲ့ သူများ နဲ့  မသိချင်ယောင်

ဆောင်နေ သူများအတွက် ရည်ရွယ်ပြီး တင်ပြလိုက်ရပါသည်.။ ဘာလို့ လဲ ဆိုတော့ 


ပြောသာပြောရမှာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းဖြစ်နေပြီ..ဟီး.. ။သူငယ်ချင်း


တွေထဲမှာ ဟိုင်းပြီးလပ် နေသော သူများရော၊ ဟိုင်းပြီး လိုချင်နေတဲ့ သူများရော၊


တချို့ ကျတော့  မာနလေးနဲ့ ဗျ.. ဟိုင်းချင်သလောက်ဟိုင်း အချိန်တန်ရင် အမေ


ရှာပေးလိမ့် မယ်ဆိုပြီး.. ဆက်ဟိုင်းတွေလဲ ရှိသေး..။ ( ဟိုင်းလပ်၊ ဟိုင်းလို၊ ဆက်ဟိုင်း )


လောလော ဆယ်တော့  ဒီပို့ စ်လေမှာ တော့  ဟိုင်းလပ်အကြောင်းပဲ ရေးထားပါတယ်။


ရှုစားတော်မူကြပါ။( Heart ထိသွားရင်တော့  ဆော်ပလော်တီး...အဲ..ယောင်လို့  ဆောရီးကိုကို)



ဟိုင်းလပ်များဆိုလို့ ကားအကြောင်းဟုထင်လျှင်မှားမည်။ လူအကြောင်းဖြစ်သည်။


လူအကြောင်းမှ အသက်အရွယ်အရ၊ အနေအထားအရ အချိန်တန်နေပေမယ့်


ရင်ခုန်သံဖြည့်ဘက် နေရာမှာလစ်လပ်နေသေးတဲ့ လူပျို(ကြီး)၊ အပျို(ကြီး)


တွေအကြောင်းဟုဆိုလျှင် ပို၍တိကျပေမည်။ အသက် ၃၀ တန်းတွေဆိုတော့


အရွယ်လွန်နေပြီဟုမဆိုသာသော်လည်း


၊ ဝါးနီးပွိုင့် (warning point)


ကိုရောက်နေပြီဆိုတာကိုတော့ လက်ခံရပေတော့မည်။ အရွယ်လွန်တာမဟုတ်တော့ အရွယ်


ဟိုင်း တာဟုဆိုနိုင်သည်။ အခုလို ဟိုင်း လာတဲ့ အရွယ်မှာ ရင်ခုန်သံတစ်ခြမ်း


လစ်လပ် နေသေးတဲ့သူတွေမို့ ဟိုင်းလပ် များဟု


တင်စားလိုက်ရခြင်းဖြစ်တော့သတည်း…။
Share

Wednesday, August 15, 2012

အပျိုကြီး ဆိုတာလေ...

နိုးနိုး | 12:27 PM |
နိုးနိုး | 12:27 PM |




Best Blogger Tips
Share


ဝါလကင်းလွတ် သီတင်းကျွတ်လည်းရောက်တော့မယ်.. နိုဝင်ဘာလ ကုန်မှာ ဆင်နွှဲရမယ့် ညီမလေး ရဲ့ မင်္ဂလာပွဲ အတွက် လုံးပန်းနေတဲ့ ကျွန်မ ကိုတွေ့ တဲ့ သူငယ်ချင်း မိတ်ဆွေတိုင်း က ဘယ်တော့ စားရမလဲ အပျိုကြီး.. သီတင်းကျွတ်တော့မယ် လို့ လှမ်းမေး ပြီး နောက်လေ့ ရှိပါတယ်။

ဒီကြားထဲမှာမှ တိုက်ဆိုင်ချင်တော့လည်း မဂ္ဂဇင်းတစ်ခုမှာ ဆရာမဆုမြတ်မွန်မွန် ရေးတဲ့  ကျွန်မတို့ အားလုံး ထမင်းမစားကြသေး ပါ ဆို တဲ့ စာ တစ်ပုဒ်ဖတ်လိုက်ရပါတယ်။ ဆရာမ က သူ အပါဝင် အပျိုကြီး သူငယ်ချင်းတွေ အကြောင်း ပြီးတော့.. ရှိရှိသမျှ အပျိုကြီး တွေ ကို ရည်ညွှန်း ဂုဏ်ပြုထားတဲ့ စာလေး ပေါ့ရှင်။

ခုလဲ.. ဒီလို မေးခွန်းတွေ အမေးခံနေရတဲ့ ကျွန်မတို့ အပျိုကြီး တွေ ကလည်း ထမင်းမစားကြသေးပါလို့ ပြန်ဖြေရမလို ပါဘဲ။ ဆရာမ က ရေးထားတယ်လေ..။တွေ့ လို့  နှုတ်ဆက်မယ်ဆို.. မနက်.. ၉ နာရီ နဲ့ .. ညနေ ၇ နာရီနောက်ပိုင်း မှာ.. ထမင်းစားပြီး ပြီလား လို့ .. မမေးတတ်ကြပါဘူးတဲ့..။ ထမင်းစားချိန် အတွင်း.. မနက် ၁၁ နာရီ နဲ့ ညနေ ၅နာရီ ကနေ.. ၇နာရီ အတွင်းသာ.. မေးကြတာပါတဲ့..။ ခုလဲ.. သီတင်းကျွတ်ကာလ မို့သာ မေးတတ်တာမို့ … အဲဒီလို သဘောပါတဲ့ ရှင်။ အတိုချုပ်ပြီး ပြောပြတာပါနော်..။

သူတို့ သူငယ်ချင်းတွေ က ၂၀ ကျော် အစိတ်ပိုင်း အရွယ်တော် တဆိတ်ဟိုင်း ပါတဲ့..။ ကျွန်မတို့ လို.. ၃၀ ကျော်.. ဆိုရင်.. ဘယ်လို များ ခေါ်ရပါလိမ့်.. စဉ်းစားနေမိတော့တယ်။ အပျိုကြီး တွေ များဆို တချို့  အမြင်ကပ်စရာ ကောင်း အောင် ကို စနောက်တတ်ကြသေးတယ်။ အပျိုကြီး ဘာလို့  ဖြစ်နေတာလဲ လို့ စဉ်းစား မိရင်တော့… တော်တော် အတွေးရခက်တာပဲ..။

ရတာ မလို လိုတာ မရ လို့ လည်း မညှာမတာ ပြောတတ်ကြသေးတယ်နော်။ ဒါ ကလူတစ်ယောက် ရဲ့ ခံစားချက် ပြီးတော့.. အချိန်… နောက်ဆုံးတော့ ဖူးစာရေးနတ် နဲ့  ဆိုင်မယ်ထင်ပါရဲ့ ရှင်။

လူတိုင်း ချစ်သူထားတတ်ကြတာပါပဲ..။ ကျွန်မလည်း ရှိခဲ့ဖူးတာပဲ..။ အချိန်မကျလို့ .. အိမ်ထောင် မပြု ဖြစ်သလို .. နဖူးစာ မင်ရည်ကျဲ လို့ ကွဲတဲ့ နောက် မှာ တော့… အချစ်သစ် တွေ့ ဖို့ မတွေ့ ဖို့ ဆိုတာ.. အခြေနေ အမျိုးမျိုး ပေါ်မူတည်မယ် လို့ ထင်မိပါရဲ့ နော်..။

တချို့ ကတော့.. တကယ်ကို တစ်သက်မှာ တစ်ယောက် ချစ်ပြီး အဲဒီ တစ်ယောက် ကို လွမ်း လို့ .. အပျိုကြီး ဖြစ်တာ လည်း ရှိမှာပေါ့လေ..။ တချို့ ကျတော့လည်း.. ဘ၀မှာ တခါမှ ကို မချစ်တတ်တဲ့ သူ..။ တချို့ ကျတော့ အကြောင်း အမျိုးမျိုး ကြောင့် အပျို ကြီး ဖြစ်နေသောသူ. စသဖြင့် ပေါ့လေ..။

ကျွန်မ တို့ အပျိုကြီး ဖြစ်နေတဲ့ သူငယ်ချင်း အများစုက အလုပ်လုပ်နေကြတာ များတယ်။ ပြီးတော့ ကျောင်းတက်နေကြတာပေါ့။ ကျောင်းတက် လိုက် စာကျက်လိုက် အလုပ်လုပ်လိုက်ဆို တော့လည်း အချစ် ကို ရှာ ဖို့ အ ချိန်မရှိဘူးလေ။ အချိန်ပေး ပြီး အချစ် ကို မခံစားတတ် သလောက်ပါပဲ ပေါ့...။ လူကြီး တစ်ယောက် ပြောဖူးသလို... ကျောင်းတက်.. အလုပ်လုပ်.. ပိုက်ဆံရှာ .. အချိန်လေး နည်းနည်း ပိုလို့ ဘေး နား ကြည့်လိုက်တော့.. ကိုယ်လိုသူလို အပျိုကြီး တွေ ပဲ ရှိတော့တယ်တဲ့...။ ဒီ အသက်ရွယ်ရမှလည်း ကိုယ် ပိုင်တဲ့ ကိုယ့်နေရာ မှာ.. ဘယ်သူ့ ကို မှ ခွဲ မပေးနိုင်ဘဲ အတ္တတွေ သိပ်ကြီး ပြီး ဘုရင်မသာ လုပ်ချင်တော့တာ ပဲရှင့်။

ပြန်တွေးကြည့်ရင်.. ကျွန်မတို့ မှာ အားသာချက်တွေလည်း အများကြီးပါရှင်…။ ဟော ကြည့်လေ… အိမ်ထောင့်တာဝန် ထမ်းနေရတဲ့ အိမ်ထောင်ရှင် သူငယ်ချင်းမတွေ ထက် ကျွန်မတို့ မှာ လွတ်လပ်မှု က ပြည့်လို့ …။ ဈေးပတ်မလား လာ ထား အေးဆေး..။ ကော်ဖီ ဆိုင် ထိုင် မလား.. လုပ်လိုက်လေ… ဘယ်ဆိုင် မှာ ထိုင်မလဲ.. ။ ကိုယ်ရှာတဲ့  ပိုက်ဆံ.. မေမေ့  အကုန် အပ်လို့ .. ဘယ်သူ မျက်နှာ မှ ကြည့်နေ စရာ မလို…။ အလှပြင်ဆိုင်သွား.. ကိုယ့် ပိုက်ဆံ ကိုယ်ဖြုန်း တာ.. ဘယ် လောက် ကုန်ကုန် .. ကိစ္စမရှိ… ။ ကလေး နေမကောင်း လို့ စိတ်ပူ ဖို့ မလို… အိမ်ဦးနတ် ဆိုတဲ့ ကိုကို ယောက်ျား တွေ ကို ပြုစု ယုယခရာ နေဖို့ မလို… ကလေး ကို စာသင်စရာ မလို…. ဟုတ်တယ် ဟုတ်..။

မြင်ဘူး သမျှ ကိုကို အိမ်ဦးနတ်တွေ က .. ကျွန်မ ဖေဖေ၊ အကို မောင် တွေ အပါအ၀င် နော်... မေကြီး ရေ ဆို.. လူရော.. ရေ ရော ရောက်မှ ကြိုက်တတ်တာမျိုး၊ တခါလေများ.. ရေ လို့ သာ ပြောတယ်..က်ုယ် က ရေအေးယူလာရင် သူ က ရေနွေး မှ သောက် ချင်တာတဲ့ က ပါသေး။ ကိုယ် က နေမကောင်းလို့ .. ဆေးတိုက်ချင်တိုက်မှပေါ့... ဒီထက် မ ပိုနိုင်.. ဟော.. သူတို့ များ ဖြစ်ကြည့်. .. ကိုယ် က ရေပတ်တိုက်ရ.. ဆန်ပြုတ်ခွံ့ ရ....။

ကိုယ်သွားချင်ရာ.. လိုက်မယ့်.. ကိုယ်ပြောသမျှ ပြီးတဲ့… ကိုကိုယောက်ျား မျိုး ကို ရှားရှားပါးပါး ရထားရင်တော့ ကံ ကောင်းတာပေါ့လေ နော်..။ကိုးရီးယား ကား ထဲ ကလို များ.. ချစ်သူများနေ့ .. နှစ်ပတ်လည်နေ့ ... ဘာ နေ့ ညာ နေ့ တွေ ကို.. ပန်းစည်းတွေ.. လက်ဆောင်တွေ.. ပေးတတ်တဲ့.. အရမ်းချစ်ပြီး အရမ်း နားလည်တဲ့ သူ များ ရှိ ချင်လည်း ရှိမှာ ပါပဲလေ...။ ၁၀ ရာခိုင်နှုန်းပေါ့...။

ကျွန်မ ကတော့ လောကကြီး ကနေတတ်ရင်ကျေနပ်စရာပဲ လို့ တွေး ရင်း ဘ၀ မှာ နေပျော်နေတာပဲ…။ မိဘ အိမ် မှာ တနေကုန် တနေခမ်း ထမင်းမေ့ ဟင်း မေ့ Facebook တက် နေရင်လည်း ဆူစရာ မရှိ.. မေမေ့  ကိုမုန့် ဘိုး လက်ဖြန့် တောင်း ပြီး ဆံပင် ပေါင်းလိုက်.. ကြိုက်တဲ့ အရုပ်တွေ ကောက်ဝယ် လိုက်.. ပိုက်ဆံ ဖြုန်း လိုက် အားနာစရာမလို… အိမ်မှုကိစ္စ မသိလည်း ဖြစ်တယ်လေ… အဲဒီဘ၀ မှာ.. နေသားကျလို့ ပျော်နေပြီ..။ ခရီးသွားလိုက်.. အပျိုဖြန်း တူမလေးတွေ နဲ့ ရေကူး လိုက်… ပျော်စရာတွေ ဆိုတာ များမှများ….။

အပျိုကြီးတွေ များ တယ်လည်း ပစိပစပ်များ သကိုး။ နင် ဒါကြောင့် အပျိုကြီး ဖြစ်တာ ဆို ပြီး သြဘာပေးတာလည်း ခဏခဏ ခံရ ပါ့..။ မောင်တွေ အကိုတွေ ကိုယ်တိုင် ကကို အဲလို သြဘာ ပေးတတ်ကြတယ်။ သူတို့ မသိတာ က.. သူ တို့ ကို စိတ်ပူ ပင် မိလို့  ကို အလိုလို အမေ့ နေရာ အစားဝင် ၀င် ယူရင်း ကနေ ကို ပွစိပွစိ ပြောတတ်လာတာ ပါနော်..။

ပြီးတော့ အသက်ပေါ့...။ ၃၀ ကျော် ဆိုတာ.. ချစ်သူ ရှိရင်တောင်.. ဘ၀ ကို တည်ဆောက် လို့ .. ကိုကို ရေ.. ချစ်တယ်.. အဟင့် အဟွင့် တွေ လုပ်မနေ အားတော့ ပဲ... ကိုယ့် ဘ၀ ကို ကိုယ် ချစ်တဲ့ သူ နဲ့  ရပ်တည်ဖို့ .. ကြိုးစား နေကြတာကိုး။ အပျို ကြီးရယ် မှ မဟုတ်... ၃၀ ကျော်ရင်တော့ အနည်း အများ ဆိုသလို.. စကားများတတ်လာကြတာပါပဲ..။



အဲလို ပြောလို့ .. စကားကုန် အပျိုကြီး လုပ်မယ်လို့ .. မပြောဘူးနော်..။ မနက်ဖြန်ဆိုတာ.. ဘာမှန်း မှ မသိတာ…။ မျက်စိလည် လမ်းမှား ပြီး ဒီ ပစိပစပ်များတဲ့ အပျိုကြီး က လည်း တစ်ယောက် ယောက် ကို.. ချစ်မိသွားရင်တော့လည်း.. အပျိုကြီး ဖြစ် တော့ဘူးပေါ့…လေ။

ခုထိတော့ ဒီ အပျိုကြီး လည်း ... ကိုယ့် ဘ၀ မှာ.. ကိုယ် ဘုရင်မလေး ဖြစ်နေတာ ကျေနပ်ရင်း.. လောကကြီး ရဲ့ သဘာဝ အလှတွေ ကို တစ်ဦးတည်း အမြင်ကပ်စွာ ခံစား ရင်း... လက်ရှိဘ၀ က ကိုယ့် နေရာ လေး မှာ ကျေနပ်နေရင်း... သီတင်းကျွတ်တော့မယ် ဘယ်တော့ စားရမလဲ ဆိုတဲ့ အမေးတွေ ကို... ကျွန်မတို့  ထမင်း မစား ကြသေး ပါ လို့ .. ပျော်ပျော် ကြီး ပြန်ဖြေ နေဆဲ ပါရှင်...။

ကျွန်မ ချစ်ရပါသော အပျိုကြီး အားလုံး သို့ ....။

http://typeweb.blogspot.com/ Share

Monday, August 13, 2012

မလွန်ဆန်နိုင်သော ဆောင်းပါးတပုဒ်

ညချစ်သူ | 1:19 AM |
ညချစ်သူ | 1:19 AM |




Best Blogger Tips
Share

by Ma Nandar on Sunday, August 12, 2012 at 9:17pm ·
 

  
The Lord Morrison of Lambeth
  Deputy Prime Minister of the United Kingdom

ကျွန်ုပ်သည် ငပျင်းတယောက် ဖြစ်၏။ ဘယ်လောက်ပျင်းသလဲဆိုရင် ကျွန်ုပ်ဘေးမှာ အမှိုက်ပုံကြီး တပုံဖြစ်လာရင်တောင် အမှိုက်ပုံကို ထရှင်းဖို့ နေနေသာသာ အဲသည့်အမှိုက်ပုံနဲ့ ဝေးရာကို နေရာရွေ့သွားဖို့တောင် ပျင်းပါသည်။ အဲဒီလို ပျင်းခြင်းဟာ ဥပဒေစာစကားနဲ့ ပြောရရင် " အခုမှ မပျင်း ရှေးကပင်ပျင်းသည်" ဟုပင်ဆိုရပါမည်။

ငယ်တုန်းက စာကျက်ဖို့ ပျင်း၏။
ကြီးလာတော့ ထမင်းချက်ဖို့ ပျင်း၏။
အရွယ်ရောက်လာတော့ ပိုက်ဆံအရှာထွက်ဖို့ ပျင်း၏။
ကျွန်ုပ်အိပ်ချင်ပြီဆိုလျှင် ဘယ်လောက်ပဲ ပိုက်ဆံရတဲ့ အလုပ်ပဲဖြစ်ဖြစ် ငြင်းပါသည်။
ထမင်းအငတ်ခံနိုင်ပေမယ့် အအိပ်အပျက်မခံနိုင်ပါ။

ကျွန်ုပ်ကို ချစ်ခင်အထင်ကြီးမှုများနဲ့ ဇနီးမယားတော်ထားသူကပင် နောက်ဆုံးတော့ အကြောင်းသိသွားသောအခါ မပြောသာပြောသာဖြင့် " လက်စသတ်တော့ နန္ဒာလေးက ငပျင်းလေးပဲ" ဟုဆိုပါသည်။ အဲဒီလို သြော် ချရလောက် ပျင်းတဲ့ ကျွန်ုပ်ဟာ စိတ်တိုင်းကျသာ ပျင်းခွင့်ရတိုင်း ပျင်းလိုက်ရရင်ဖြင့် အခုချိန်မှာ "ခွက်လက်ဆွဲကာ တောင်းစားပါလည်း နင်သာ ငပျင်း လူ့ငဖျင်း" လို့ ဆိုရမယ့် အခြေအနေကို ရောက်နေမှာပါ။
Share

Sunday, July 29, 2012

ထူးမြတ်တဲ့ လ၀ါဆို

ညချစ်သူ | 1:07 AM | | Be the first to comment!
ညချစ်သူ | 1:07 AM |


|




Best Blogger Tips
Share


မြန်မာလ ဆယ့်နှစ်လ ရှိသည့်အနက် ၀ါဆိုလသည် စတုတ္ထမြောက်လဖြစ်သည်။ ရက်ပေါင်း ၃၀ရှိသော ရက်စုံလဖြစ်သည်၊ ၀ါထပ်သောယ္ခုနှစ်တွင်ပထမ၀ါဆို၊ဒုတိယ၀ါဆိုဟုနှစ်မျိုးခေါ်ဆို၍ရသောလမျိုးဖြစ်သည်။ ၀ါဆိုလသည် မြန်မာနိုင်ငံ၏ နွေရာသီနှင့်မုတ်သုံရာသီ ကာလအပိုင်းအခြားတွင်ဖြစ်ပြီး၊ အင်္ဂလိပ်လ ဇွန်၊
ဇူလိုင်လအတွင်းတွင် ကျရောက်လျှက်ရှိသည်။ 


ဝါဆိုလ၏ဆိုလိုရင်းမှာ ၀ါ သည်နေထိုင်ခြင်း ၊ ဆိုသည် ရွတ်ဆိုခြင်းဟု အနက်ဖွင့်ဆိုကြသည်။ မိုးတွင်းသုံးလပတ်လုံး ရဟန်းတော်များသီတင်းသုံးရာကျောင်း၌ နေထိုင်ပါ မည်ဟုအဆိုပြုသောလကို ၀ါဆိုလဟုခေါ်ဆိုသည်။ တစ်နည်းအားဖြင့် ၀ါဆိုလကိုပုဂံခေတ်ဦးတွင် မယ်တာ ဟုရေးသားအသုံးပြု
ခဲ့ကြသည်။မယ်တာဟူသောစကားလုံး၏အဓိပ္ပါယ်မှာ မယ် သည်လယ်ယာ ၊ မိုး ၊ မြေ ကိုကိုယ်စားပြုပြီး ၊
တာ ဆိုသည်မှာတိုင်းတာခြင်းဟု အနက်ဖွင့်ဆိုသည်။ ထို့ကြောင့် လယ်ယာမိုးမြေကိုတိုင်းတာသောလ
ဟုလည်းဆိုနိုင်ပါသည်။မြန်မာစာပေ တို့တွင်ဝါဆိုလကို နွေတာလ ဟုလဲခေါ်ဆိုကြသည်။
ဝါဆိုလပြည့်နေ့သည် နွေကာလ၏ အဆုံးအဖျားကို ရောက်သောကာလဖြစ်၍ နွေတာလဟုခေါ်ဆိုသည်
ဟု မှတ်သားရဘူးပါသည်။ပုဂံခေတ်နှောင်းပိုင်းတွင် မယ်တာ မှ နွေတာလဟု ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။
Share

Saturday, July 28, 2012

“စည်းကမ်းသည် လူ၏တန်ဖိုး”

ညချစ်သူ | 3:59 AM | Be the first to comment!
ညချစ်သူ | 3:59 AM |




Best Blogger Tips
Share


လူတစ်ယောက်ရဲ့တန်ဖိုးသည် စည်းကမ်းရှိ မရှိပေါ်တွင်များစွာတည်နေသည်။
စည်းကမ်းရှိသောသူသည် တန်ဖိုးရှိသောသူဖြစ်၍ စည်းကမ်းမရှိသောသူသည် တန်ဖိုးမဲ့သောသူသာဖြစ်နိုင်ပါသည်။ 


စည်းကမ်းသည် လူ့တန်ဖိုး ဖြစ်ပြီး စည်းကမ်းရှိမှ လူပီသ၏။ 
စည်းကမ်းရှိသော လူနှင့်စည်းကမ်းမဲ့သော လူသည် ဘ၀တိုးတက်ခြင်း 
ကွာခြားသကဲ့သို့ အတူလည်း ပေါင်းသင်းပြီးလည်း မနေနိုင်ပါ။ 

ဘယ်လိုဟာတွေက စည်းကမ်းမည်လဲ?။
ကျွန်တော်တို့ ကျောင်းတော်ကကြားဖူးတဲ့စည်းကမ်းဆိုသည်တားမြစ်ချက်တွေကို ရှောင်ကျဉ်ပြီး 
ချမှတ်ထားတော့ အရာတွေကို လိုက်နာခြင်း, ဆောင်ထားခြင်းသည်ကို ခေါ်မည်ထင်။
စည်းကမ်းတွင် လောကီစည်းကမ်းနှင့်လောကုတ္တရာစည်းကမ်း နှစ်ခုလုံးပါဝင်သည်။
လောကီအတွက် လောကီလူ့ကျင့်ဝတ်တွေ ရှိပါသည်။ 
ထိုကျင့်ဝတ်တို့သည် လိုက်နာကျင့်သုံးသူအတွက် မိမိကိုယ့်ကိုယ်တန်ဖိုး မြှင့်တင်နေခြင်းတည်း။
လောကုတ္တတရာအတွက်ကျွန်တော်တို့ လောကသားတို့ဦးခိုက်ရာ မြတ်စွာဘုရား
ဟောကြားသော ဒေသနာတို့သည် ရှိသည်။ ကျင့်သုံးလဲ ကျင့်သုံးထိုက်၏။ 
ကျင့်သုံးသူလည်း ကျင့်သုံးသလောက် လက်ငင်း ကောင်းကျိုးခံစားရသည်။ 

အတ္တဟိ အတ္တနော နာထော တဲ့ မိမိသည်သာလျှင် ကိုးကွယ်ရာတည်း။ 

တန်ဖိုးရှိအောင်နေသော သူအတွက် တန်ဖိုးသည် ရှိနေမည်ပင်။ မိမိတန်ဖိုးမဲ့စွာ ပြုမှုနေထိုင်ပါက တန်ဖိုးမဲ့နေအုံးမည်။

 He is only bright that shines by himself. 

သူ့ကိုသူ အရောင်တင်တဲ့သူသာလျှင် အရောင်လက်သည်။ 
ထိုကဲ့သို့ပင် ကိုယ့်အဆင့်အတန်း ကိုယ်ကိုတိုင်သာ မြှင့်တင် ကောင်းသည်။
စည်းကမ်းသည် လူတစ်ယောက်၏ အနားသတ်မျဉ်းကောင်း၊ ရှည်လျှားပြီး ကွေ့ကောက်များသော မြစ်တို့သည် ကမ်းဟူသည် ရှိ၏။

 ကမ်းရှိသောကြောင့် အလွယ်တကူမတိမ်ကောနိုင်။ 
ကမ်းမဲ့သော ရေတို့သည်သာ တိမ်ကော ပျောက်ကွယ်ကြသည်။ 
မိမိကိုယ့်ကို တန်ဖိုးမြှင့်တင်ချင်လျှင် မြစ်ကဲ့သို့လဲ ကျင့်ကောင်း၏။ 
ဒါအပြင် အနားသတ်ကောင်းသော ဖျာတို့ ခိုင်ခံ အသုံးဝင်၏။ 
အသုံးဝင်သောကြောင့် တန်ဖိုးသည် ရှိပြီးဖြစ်၏။

စည်းကမ်း၊ နည်းလမ်းကျစွာနှင့် ကောင်းစွာ ဆင်ခြင်လေ့ရှိသောသူသည် အမှားအယွင်းနည်း၏။
စည်းကမ်းနှင့် ကြိုတင်ကောင်းစွာ ဆင်ခြင်သောကြောင့် မှားခြင်းမရှိနိုင်။ ထိုသို့သော လူများသည်၊ ရိုးရိုးလုပ်ပြီမဆင်ခြင်သော လူများထက် အောင်မြင်ရေးမှာ ခရီးပေါက်တတ်သည်။

လူတစ်ဦးတွင် အရေးကြီးဆုံးလိုအပ်ချက်မှာ စာရိတ္တနှင့် စည်းကမ်းဖြစ်သည်။

မိမိဘ၀ကို မြတ်နိုးလျှင် အချိန်ကိုလည်း စည်းကမ်းကြီးစွာ ထားရ၏။
အချိန်ကိုစည်းကမ်းမဲ့က ဘ၀ရှေ့ရေးသည်လည်း စည်းကမ်းမဲ့သွားတတ်၏။

တွေးခေါ်ရှင်ဘင်ဂျမင်ဖရင်ကလင်က. . . ဘ၀ကိုမြတ်နိုးသလား၊ မြတ်နိုးလျှင် 
အချိန်ကိုမဖြုန်းနှင့် ဘ၀ဆိုသည်မှာ အချိန်ဖြင့် ဖွဲ့စည်းထားသောကြောင့်ဟုဆို၏
ပြောရာတွင် စည်းကမ်း ၊ လုပ်ရာတွင် စည်းကမ်း၊ သွားရာတွင် စည်းကမ်း၊ အချိန်တွင် စည်းကမ်း၊ အရာရာတိုင်းသည် စည်းကမ်းသည် အရေးကြီးတကာ့ အရေးကြီးပါ ကြောင်းရေးသား တင်ပြ အပ်ပါသည်။


                                                                                                                                       ညချစ်သူ

Share

Monday, July 9, 2012

ရှုံးနိမ့်ခြင်းမှ အောင်မြင်ခြင်းလမ်းမထပ်သို့ 

ညချစ်သူ | 2:48 AM | Be the first to comment!
ညချစ်သူ | 2:48 AM |




Best Blogger Tips
Share

“အောင်မြင်ခြင်း”

အောင်မြင်တယ်ဆိုတာသင့်ဘ၀မှာ ရလိုက်တဲ့အကျိုးခံစားမှုနဲ့ မဆိုင်ဘူး
သင့်အတွက်ပြီးမြောက်မှုနဲ့လည်း မဆိုင်ဘူး
အောင်မြင်ခြင်းဆိုတာသူတပါးတို့အတွက်
သင်ဘာတွေလုပ်ဆောင်ပေးသလဲ ဆိုတာပါပဲ။

အယ်နီသောမတ်(စ်) 

 *မည်သည့် ကြီးကျယ်သောအောင်မြင်မှုမဆို စိတ်အားထက်သန်ခြင်း မရှိဘဲ မဖြစ်မြောက်နိုင်ပါ။

လူတို့၏ သတ်မှတ်ချက် အတိုင်းအတာအရ အောင်မြင်သောသူ၊ ရှုံးနိမ့်သောသူ၊ များအဖြစ် လောကဇာတ်ခုံပေါ်တွင် အလှည့်ကျ နေရာပေးနေရပေသည်။ ဘဝတစ်ကွေ့၏ အလှည့်အပြောင်း၊ အချိန်နှင့် အခြေအနေ၊ ကြိုးစားမှု အနေအထား များနှင့် ပြောင်းလဲခြင်းကသာ မပြောင်းလဲသော နိယာမတစ်ခု အရ အောင်မြင်မှုမှ ရှုံးနိမ့်မှု၊ ရှုံးနိမ့်မှု မှ အောင်မြင်မှု အဖြစ် အပြောင်းအလဲများကို အမြဲ ကြုံဆုံ နေရပေမည်။ အစဉ်သဖြင့် အောင်မြင်မှု မရှိနိုင်သလို ကျရှုံးခြင်းလည်း အစဉ် မရှိနိုင်ပေ။ ရှုံးနိမ့်မှုမှ အောင်မြင်မှု သို့ တက်လှမ်းရသည့်အခါ ဖြစ်ပေါ်လာသည့် ခံစားချက်သည် ပျော်ရွှင်ဖွယ် ခံစားချက်ဖြစ်မည်မှာ မလွဲဧကန်ပင်.။


လူ့ ဘ၀ ဟာ ပန်းခင်းတဲ့လမ်း မဟုတ်တဲ့ အတွက် ကျွန်တော်တို့တွေ ဘယ်လောက်ပဲ အကောင်းဆုံး မျှော်လင့်ချက်တွေ ထားပြီး  ဘယ်လောက်ပဲ ရုန်းကန်လှုပ်ရှား နေပါစေ တနေ့ နေ့  တချိန်ချိန်မှာ မျှော်လင့်မထားတဲ့ ဆုံးရှူံးမှုတွေ၊ စိန်ခေါ်မှု တွေကို မလွဲမသွေ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ဆုံးရှူံးမှု ပမာဏ ပေါ်မူတည်ပြီး စိတ်ာတ်ကျဆင်းရတာတွေ၊ မိမိကိုယ် မိမိ ယုံကြည်ချက် နည်းသွားတာတွေ ဖြစ်တတ်သလို.. တချို့  ဆိုရင် မိမိ အသက်ကိုပင် အဆုံးစီရင် သွားတဲ့အထိ အရှူံးပေးသွားတဲ့ သာကတွေ ရှိခဲ့ဖူးပါတယ်။
Share

Saturday, June 9, 2012

သွေးချင်းတို့ရဲ့ ဇာတိမာန်

နိုးနိုး | 2:55 PM | Be the first to comment!
နိုးနိုး | 2:55 PM |




Best Blogger Tips
Share
“သွေးချင်းတို့ရဲ့ ဇာတိမာန်” ဒို့ရေကိုသောက် သူခြိမ်းခြောက်၏။
 ဒို့ဆန်ကိုစား သူစော်ကား၏။ ဒို့မြေကိုလှန် သူမာန်တက်၏။
 ဒို့အရိပ်ကိုခို လူကိုမျို၏။ ဖော်ရွှေပွင့်လင်း၊ ညီညွတ်ခြင်းနှင့်
 စေတနာထား၊ မာန်မပွားလည်း ဒင်းတို့မတန်၊ ခြေစုံကန်၏။
ညီနောင်သားချင်း၊ သွေးနှင့်ရင်းသည့် အထိကရုဏ်း၊ နှလုံးသားထိ
ပူဆွေးလောင်မြိုက်၊ အသည်းခိုက်နာ ငါတို့အမျက်၊ ရင်ထဲဝှက်သို
တားဆီးလိုလည်း....... ညီနောင်အရေး၊ ဒို့အရေးမို့ ၀ံသာနုမာန်၊ လှိုက်လှိုက်လျှံတက် စော်ကားရန်စ၊ မြူမှုန်မျှလည်း ငါတို့မခံ၊ နယ်ချဲ့ရန်ကို
 စုပေါင်းကာကွယ်၊ အမြစ်တွယ်သည့် တိုင်းရင်းသားစိတ်၊ ရင်ဝယ်ဖိတ်လျှက်
နယ်ချဲ့မှန်လျှင် တော်လှန်မည်။ ။

 မောင်ပါလ ၉.၆.၂၀၁၂ Share

ကျွန်တော်တို့အားလုံး ကိုယ်နဲ့ မဆိုင်သလို မနေကြပါနဲ့

ညချစ်သူ | 1:55 PM | 2 Comments so far
ညချစ်သူ | 1:55 PM |




Best Blogger Tips
Share
ပြည်ထောင်စု သားချင်းညီအကိုများခင်ဗျာ။
ပြည်ထောင်စုတိုင်းရင်းသားများစုဝေးရာ ကျွန်တော်တို့ ပြည်ထောင်စုကြီး
တွင် ပါဝင်ပါတယ်ပြောနေတဲ့ ဘင်္ဂလီ ရိုဟင်ဂျာ လူမျိုးများသည် ကျွန်တော်
တို့ ပြည်ထောင်စု သားချင်းညီအကိုများဖြစ်သော ရခိုင်တိုင်းရင်းသားများအပေါ်တွင် နိုင်ထက်စီးနင်း ကာ ဗိုလ်ကျစိုးမိုးနေကြ
ပါသည်။ထိုအပြင် နိုင်ငံ၏အချုပ်အခြာ အာဏာအပေါ်တွင်လည်း မထိမဲ့မြင်
ပြုလုပ်နေကြတာကို အခုရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အေ၇းအခင်းတွေ
က ဖော်ပြနေပါတယ် ။
Share