“အောင်မြင်ခြင်း”
သင့်အတွက်ပြီးမြောက်မှုနဲ့လည်း မဆိုင်ဘူး
အောင်မြင်ခြင်းဆိုတာသူတပါးတို့အတွက်
သင်ဘာတွေလုပ်ဆောင်ပေးသလဲ ဆိုတာပါပဲ။
အယ်နီသောမတ်(စ်)
*မည်သည့် ကြီးကျယ်သောအောင်မြင်မှုမဆို စိတ်အားထက်သန်ခြင်း မရှိဘဲ မဖြစ်မြောက်နိုင်ပါ။
လူတို့၏ သတ်မှတ်ချက် အတိုင်းအတာအရ အောင်မြင်သောသူ၊ ရှုံးနိမ့်သောသူ၊ များအဖြစ် လောကဇာတ်ခုံပေါ်တွင် အလှည့်ကျ နေရာပေးနေရပေသည်။ ဘဝတစ်ကွေ့၏ အလှည့်အပြောင်း၊ အချိန်နှင့် အခြေအနေ၊ ကြိုးစားမှု အနေအထား များနှင့် ပြောင်းလဲခြင်းကသာ မပြောင်းလဲသော နိယာမတစ်ခု အရ အောင်မြင်မှုမှ ရှုံးနိမ့်မှု၊ ရှုံးနိမ့်မှု မှ အောင်မြင်မှု အဖြစ် အပြောင်းအလဲများကို အမြဲ ကြုံဆုံ နေရပေမည်။ အစဉ်သဖြင့် အောင်မြင်မှု မရှိနိုင်သလို ကျရှုံးခြင်းလည်း အစဉ် မရှိနိုင်ပေ။ ရှုံးနိမ့်မှုမှ အောင်မြင်မှု သို့ တက်လှမ်းရသည့်အခါ ဖြစ်ပေါ်လာသည့် ခံစားချက်သည် ပျော်ရွှင်ဖွယ် ခံစားချက်ဖြစ်မည်မှာ မလွဲဧကန်ပင်.။
လူ့ ဘ၀ ဟာ ပန်းခင်းတဲ့လမ်း မဟုတ်တဲ့ အတွက် ကျွန်တော်တို့တွေ ဘယ်လောက်ပဲ အကောင်းဆုံး မျှော်လင့်ချက်တွေ
ထားပြီး ဘယ်လောက်ပဲ ရုန်းကန်လှုပ်ရှား နေပါစေ တနေ့ နေ့  တချိန်ချိန်မှာ မျှော်လင့်မထားတဲ့ ဆုံးရှူံးမှုတွေ၊ စိန်ခေါ်မှု တွေကို မလွဲမသွေ
ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ဆုံးရှူံးမှု ပမာဏ ပေါ်မူတည်ပြီး စိတ်ဓာတ်ကျဆင်းရတာတွေ၊
မိမိကိုယ် မိမိ ယုံကြည်ချက် နည်းသွားတာတွေ ဖြစ်တတ်သလို.. တချို့  ဆိုရင် မိမိ အသက်ကိုပင်
အဆုံးစီရင် သွားတဲ့အထိ အရှူံးပေးသွားတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။
တချိန်တည်းမှာပဲ....စိန်ခေါ်မှု
တွေ ကို အလှဲထိုးပြီး၊ ရှူံးနိမ့်ခြင်းတွေ ကို အောင်မြင်ခြင်း အဖြစ်သို့ ပြောင်းလဲ
နိုင်ခဲ့တဲ့ သူတွေ ရဲ့  အကြောင်းတွေကို ကျွန်တော်ဖတ်လိုက်ရတဲ့ အခါ... စာဖတ်သူများအတွက် အထူးသဖြင့် အကောင်အထည်
မဖော်နိုင်သေးတဲ့ အိပ်မက်တွေ ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေမယ့်သူများအတွက် ဒီအကြောင်းအရာ တွေ ကို ဝေမျှပေးချင်စိတ်တွေပေါ်လာလို့ 
အောင်မြင်သွားသူတွေ အများကြီးထဲက တချို့ ရဲ့ အကြောင်းကို ကောက်နှုတ်တင်ပြလိုက်ရပါတယ်။
![]() |
ဟင်နရီဖိုဒ့် နှင့် သူ တီထွင် ထုတ်လုပ်ခဲ့သည့် ဖိုဒ့်ကားတစ်စီး |
သိပ္မံပညာရှင်
အိုင်းစတိုင်း ဟာ အသက် ၄နှစ် အထိအောင် စကားမပြောတတ်ခဲ့၊ အသက် ရနှစ် တိုင်အောင် စာမဖတ်တတ်ခဲ့တဲ့
အတွက် ကျောင်းမှ ဆရာ၊ ဆရာမ များက ဒီကလေးဟာ ဥာဏ်ရည်ချို
့တဲ့ တဲ့ ကလေးဖြစ်ပြီး၊ အတန်းဖော်တွေနဲ့  မ၀င်ဆန့် တဲ့ အပြင် ရူးကြောင်ကြောင် အိပ်မက်ဆန်ဆန် အကြောင်း ကို ပဲ
ပြောနေ တတ်တာမို့ ၊ Zurich Polytechnic
School
ကျောင်းက သူ့ ကို ကျောင်းသားအဖြစ် လက်ခံဖို့  ငြင်းဆိုခြင်း ခံခဲ့ရဖူးတယ်။ The University of
Bern ကလဲ
အိုင်းစတိုင်းရဲ့  အတွေးအခေါ်တွေဟာ ကျိုးကြောင်း ဆီလျော် မှုမရှိဘူးလို့  ယူဆပြီး
ပါရဂူဘွဲ့  ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ အခုတော့ လဲ အိုင်းစတိုင်းရဲ့ နိယာမတွေ ကို
ကမ္ဘာက ယုံယုံကြည်ကြည်ကျင့်သုံးနေကြရပါပြီ။
နိုင်ငံရေးလောက တော.သမ္မတဖြစ်ဖို
့ နှစ်ပေါင်း ၃၀ကျော် ကြိုးစားခဲ့ရတဲ့ အမေရိကန်သမ္မတလင်ကွန်း အကြောင်းကို ပြောရမှာဖြစ်ပါတယ်။ လင်ကွန်း ဟာ အသက် ၁၅ နှစ်မှာ မှ အေ၊ဘီ၊စီ၊ဒီ စသင်ခဲ့ရတယ်။ ကျောင်းမနေနိုင်တဲ့
အတွက် ကိုယ့်ဘာသာ စာပေ လေ့လာခဲ့ရတယ်၊ အိမ်မှာ စာဖတ်စရာ လျှပ်စစ်မီး မရှိတဲ့ အတွက်
မီးလင်းဖို (ဒါမှမဟုတ်) ဓာတ်တိုင်အောက်မှာ သွားပြီး
စာဖတ်ခဲ့ရတဲ့ အထိ ဆင်းရဲတွင်းနက်ခဲ့ပါတယ်။ ရှေ့ နေပေါက်စ ဘ၀မှာ ရုံးခန်းငှားခ
မပေးနိုင်တဲ့ အတွက် လခ လာတောင်းသူကို အနွေးထည် အကျီ ကို ချွတ်ပြီး ပေးခဲ့ရတယ်။ သူရဲ့ ကြိုးစားအားထုက်မှုတွေကြောင့် အမေရိကန် သမ္မတ ဖြစ်လာတာပါ ။
ကဲ… အခက်အခဲတွေ နဲ့  ကြုံရတိုင်း အားမလျော့ဘူးဆိုရင် ...
ငြင်းဆိုခြင်းခံရတိုင်း ကိုယ့်ကို အသုံးမကျဘူးဆိုပြီး ဝေဖန်မှုတွေကို မတုန်လှုပ်ခဲ့ဘူးဆိုရင်.....
ကိုယ့်ကိုကိုယ်ယုံကြည်မှု အပြည့်အ၀နဲ့  ဇွဲရှိရှိကြိုးစားမယ်ဆိုရင်......
အဆုံးသတ်မှာ အောင်မြင်နိုင်တယ်ဆိုတဲ့ အကြောင်း လက်တွေ့  ပြသူ တွေက ပြသွားခဲ့ပြီ။
စိန်ခေါ်မှုတွေ ဟာ အသွင်သ ဏ္ဍာန် အမျိုးမျိုးနဲ့  ကျွန်တော်တို့ ကို အလှဲထိုးဖို့  စောင့်နေပါတယ်။ တချို့  စိန်ခေါ်မှု တွေ ကို တချက်တည်းနဲ့  အလှဲထိုးလို့  ရနိုင်ပေမယ့် အင်အားကြီးတဲ့ စိန်ခေါ်မှုတွေ ကိုတော့ ကျွန်တော်တို့  ခဏခဏ ပြန်ထိုးဖို့ လိုပါမယ်၊ စိတ်ရှည်ရှည်နဲ့  အားနည်းချက်တွေ ကို ပြန်သုံးသပ်ဖို့ လိုချင်လိုမယ်၊ အရေးကြီးဆုံးက ယုံကြည်ချက်တွေ မပျက်ပြားဖို့  ပါပဲ။

ရှုံးနိမ့်မှုတွေကနေ အောင်မြင်ခြင်းဆီအရောက်လှမ်းခဲ့ကြတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေအကြောင်း
ပြောပြီးပြီဆိုတော့ အခုတော့ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းနဲ့ ဆိုင်တဲ့ ပုံပြင်လေးလည်း ပြောပြချင်ပါသေးတယ် ။
"အောင်မြင်ခြင်း"
နဲ့ "ရှုံးနိမ့်ခြင်း" လို့ခေါ်တဲ့ လူနှစ်ယောက်က ထူးဆန်းတဲ့
ကျောက်တုံးလေးတွေ စုဆောင်းဖို့ တောအုပ်တစ်နေရာကို ရောက်လာခဲ့တယ်။
နှစ်ဦးသား ကျောက်တုံးတွေ စိတ်ကြိုက်ကောက်ယူပြီး နေရပ်ပြန်ဖို့
စီစဉ်ခဲ့ကြတယ်။ အပြန်လမ်းမှာ "အောင်မြင်ခြင်း" ရဲ့အိတ်ထဲမှာ
ကျောက်တုံးတစ်တုံးပဲပါပြီး "ရှုံးနိမ့်ခြင်း" ရဲ့အိတ်ထဲမှာ သဏ္ဍာန်မတူတဲ့
ကျောက်တုံးတွေ အပြည့်ပါခဲ့တယ်။ ဒါကို "ရှုံးနိမ့်ခြင်း" က အံ့သြပြီး
"ခင်ဗျား ဘာဖြစ်လို့ ကျောက်တုံးတစ်တုံးပဲ ကောက်ခဲ့တာလဲ!" လို့
"အောင်မြင်ခြင်း" ကို မေးလိုက်တယ်။
"တစ်တုံးဆို လုံလောက်ပြီ" အောင်မြင်ခြင်းက ပြန်ဖြေပါတယ်။
နှစ်ဦးသား ရယ်ရယ်မောမော၊ ပြောပြောဆိုဆိုနဲ့ ပြန်လာခဲ့ကြတယ်။ ဒါပေမယ့် သိပ်မကြာဘူး လမ်းထက်ဝက်မှာ "ရှုံးနိမ့်ခြင်း" က လေးလံတဲ့ကျောပိုးအိတ်ကို မသယ်နိုင်ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျောက်တုံးတစ်ချို့ကို နှမြောသတနဲ့ သူလွင့်ပစ်ခဲ့ရတယ်။ ဆက်လျှောက်ရင်း လျှောက်ရင်း "အောင်မြင်ခြင်း" ကိုအမီ သူမလိုက်နိုင်ခဲ့ပြန်ဘူး။ အမီလိုက်နိုင်ဖို့ အိတ်ထဲက ကျောက်တုံးတစ်ချို့ကို သူလွင့်ပစ်ရပြန်တယ်။ ကျောက်တုံးတစ်တုံးသာ လွယ်ပိုးထားတဲ့ "အောင်မြင်ခြင်း"က မမောမပန်းဘဲ ရှေ့မှာဦးဆောင်ပြီး သွားနိုင်ခဲ့တယ်။ "ရှုံးနိမ့်ခြင်း" က ကျောက်တုံးတွေ တစ်တုံးပြီးတစ်တုံး လွင့်ပစ်ခဲ့ရလည်း ချွေးတစ်လုံးလုံးနဲ့ မောပန်းနေဆဲဖြစ်တယ်။ အိမ်ပြန်ရောက်ချိန်မှာ "ရှုံးနိမ့်ခြင်း" ရဲ့ အိတ်ထဲမှာ ကျောက်တုံးတွေ ဘယ်လောက်မှ ကျန်မနေခဲ့တော့ဘူး။
အနှစ် (၅ဝ) ကုန်လွန်ပြီးနောက် တစ်ရက်မှာ "အောင်မြင်ခြင်း" နဲ့ "ရှုံးနိမ့်ခြင်း" တို့ လူချင်းဆုံကြတယ်။ အဲဒီအချိန်မှာ အိုမင်းရင့်ရော်နေတဲ့ "ရှုံးနိမ့်ခြင်း" ကို "အောင်မြင်ခြင်း" မမှတ်မိခဲ့ဘူး။ တစ်ချိန်က သန်မာဖြတ်လတ်မှုတွေကို "ရှုံးနိမ့်ခြင်း"ဆီမှာ မတွေ့ခဲ့ရတော့ဘူး။ "အောင်မြင်ခြင်း" ကတော့ လွန်ခဲ့တဲ့အနှစ်(၅ဝ)ကအတိုင်း သွက်လက်ပြီး သူ့မျက်နှာပေါ်မှာ မိမိကိုယ်ကိုယ်ယုံကြည်တဲ့အပြုံးတွေ ပိုတောက်ပနေခဲ့တယ်။ အချိန်အတော်ကြာ ခွဲခွါခဲ့ကြတဲ့သူငယ်ချင်းနှစ်ဦး ရှေးဟောင်းနှောင်းဖြစ် ပြောဆိုကြရင်း "အောင်မြင်ခြင်း"အောင်မြင်လာခဲ့ရတဲ့အကြောင်းကို "ရှုံးနိမ့်ခြင်း" က မေးခဲ့တယ်။
"ငါ့အိတ်ထဲမှာ ကျောက်တုံးတစ်တုံးပဲ ရှိခဲ့လို့" လို့ "အောင်မြင်ခြင်း" ပြန်ဖြေပါတယ်။
တကယ်တော့အိတ်ထဲမှာ ကျောက်တုံးတစ်တုံးပဲ ထည့်ပြီး အမြဲလွယ်ပိုးထားဖို့ရာလွယ်ကူတဲ့အလုပ် မဟုတ်ခဲ့ဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့ကျောက်ခဲကျောက်တုံးတွေ အများကြီးရှိတဲ့ထဲကနေ ကျောက်တုံးတစ်တုံးကိုပဲရွေးနိုင်ဖို့ရာ သတ္တိတွေရှိရသလို ခိုင်မာတဲ့ဆုံးဖြတ်ချက်လည်း ရှိရတယ်။လူ့ဘဝလမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့ကျောက်တုံးထက် လူတွေကိုဆွဲဆောင်နိုင်တဲ့အရာဝတ္ထုတွေ အများအပြားရှိခဲ့တယ်။ ဥပမာ- ငွေကြေး၊ဂုဏ်ပကာသန၊ ရာထူးအာဏာ၊ နာမည်ကောင်း၊ အိမ်၊ ကား.. စတာတွေဖြစ်ပြီးတစ်ခုခုကို လက်လွတ်နိုင်ဖို့ သတ္တိ၊ ဆုံးဖြတ်ချက်တွေ ရှိရပါတယ်။
တစ်ချို့က ဘာကိုမှ လက်မလွတ်ချင်ကြဘဲ ကိုယ့်အိတ်ထဲ အကုန်သိမ်းကြုံးထည့်ပြီး နောက်ဆုံးမှာ "ရှုံးနိမ့်ခြင်း"လိုမသယ်နိုင်၊ ရှေ့ဆက်မသွားနိုင် ဖြစ်ကြရတယ်။ တစ်ချို့ကတော့ "အောင်မြင်ခြင်း"လို့ အရာရာကို လက်လွတ်ပြီး ကိုယ်အလိုအပ်ဆုံးတစ်ခုကို အိတ်ထဲအမြဲထည့်လွယ်နိုင်ခဲ့ကြပါတယ်။

ဒါကြောင့်သူငယ်ချင်းတို့ လည်း ရှုံးနိမ့်မှုတွေထဲကနေ အောင်မြင်မှုကို ရှာဖွေနိုင်ပါစေဗျာ ။တစ်ခုတော့ ပြောချင်သေးတယ် ကိုယ်က ရှုံးနိမ့်မှုကနေ အောင်မြင်သောသူဖြစ်စေချင်ပေမဲ့ တစ်ခါတစ်လေမှာ အောင်မြင်တဲ့ ဘ၀ကနေ ရှုံးနိမ့်မှု ဆီလည်း ဦးတည်နိုင်ပါတယ် ။ဒါကြောင့် သူငယ်ချင်းတို့ လည်း အောင်မြင်မှု့ပန်းကို ဆက်လက်ရှာဖွေကာ ကိုယ်ရဲ့ အတွေးအိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါစေ ။အောင်မြင်ခြင်းလမ်းမကို လှမ်းတက်နိုင်ပါစေလို့ 
ဆန္ဒမွန်ဖြင့်
ညချစ်သူ
No comments:
Post a Comment