page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, June 8, 2012

ညွှန်ပြစေလို . . .

နိုးနိုး | 7:01 PM |
နိုးနိုး | 7:01 PM |




Best Blogger Tips
Share
ညွှန်ပြစေလို ... ကျွန်ုပ်ဘ၀၏ အဓိက ရည်ရွယ်ချက်ကိုရရှိနိုင်သည့် အရည်အချင်း ကျွန်ုပ်တွင်ရှိသည်ကို ကျွန်ုပ်သိသည် ၊ ထို့ကြောင့် ရည်မှန်းချက် ရရှိအောင် ကျွန်ုပ်တစ်စိုက်မတ်မတ် မရမနေကြိုးစားမည် ၊ ယနေ့မှစပြီး အကောင်ထည်ဖော်မည်ကိုလည်း ကျွန်ုပ်ကတိပြုသည်၊ ပြင်းပြထက်သန်သော ကျွန်ုပ်၏ဆန္ဒသည် တဖြည်းဖြည်း သက်ဝင်အကောင်ထည်ဖြစ်လာပြီး နောက်ဆုံးတွင် ရည်မှန်းသည့် အတိုင်း ပြီးမြောက်အောင်မြင်မည်ကို ကျွန်ုပ် ယုံကြည်သည် ၊ ထို့ကြောင့် ကျွန်ုပ်ဖြစ်လိုသည့် ဆန္ဒကို စိတ်ထဲတွင် ထင်ရှားစွာ မြင်လာအောင် နေ့စဉ် နာရီဝက်ခန့် ကျွန်ုပ်အာရုံ စူးစိုက်ပြီး စောင့်ကြည့်သည် ၊ ကျွန်ုပ်၏ စိတ်ထဲတွင်ထပ်တလဲလဲ ထင်မြင်နေသော လိုအင်ဆန္ဒသည် ပေါက်မြောက်နိုင်မည့် လက်တွေ့နည်းလမ်းများအား ညွှန်ပြလေ့ရှိသည်ကို မိမိကိုယ်ကို တိုက်တွန်း နိုးဆော်ခြင်း သဘောတရားအရ ကွန်ုပ် နားလည်ထားသည် ၊ ထို့ကြောင့် မိမိကိုယ်ကို ယုံကြည်အားကိုးစိတ် ရှိအောင် နေ့စဉ်ကျွန်ုပ် ကြိုးစားလေ့ကျင့်မည် ၊ ကျွန်ုပ် အဓိက ရည်မှန်းချက် အတိကျကို စာရွက်ပေါ်တွင် ရှင်းလင်းစွာ ရေးသားပြီဖြစ်သည် ၊ ယင်းသို့ရည်ရွယ်ချက် ပေါက်မြောက်ရရှိမည်ဟု ယုံကြည်သည့်စိတ် ပြည့်စုံလုံလောက်စွာရှိသည်အထိ ကြိုးစားမည် ၊ ကြွယ်ဝချမ်းသာမှု (သို့မဟုတ်) ဘ၀ အဆင့်အတန်းတစ်ခုကို မှန်ကန်မျှတသော နည်းလမ်းဖြင့်သာ ရေရှည်ထိန်းသိမ်းနိုင်သည်ကို ကျွန်ုပ်ကောင်းစွာနားလည်ထားသည် ၊
ထို့ကြောင့် သူတပါး အကျိုးယုတ်မည့် အလုပ်ကို ကျွန်ုပ်မလုပ် အလုပ်တွင် လိုအပ်သည့်စွမ်းအားများကိုလည်း ရရှိနိုင်သည် ၊ ကိုယ့်အကျိုးအောင်ရန် သူတပါး အကျိုးကို ဆောင်မည်၊ သူတပါးအပေါ် အဖျတ်သဘောဆောင်သော စိတ်ထားရှိနေလျှင် အောင်မြင်မှုမရနိုင်သည်ကို ကျွန်ုပ်သဘောပေါက်သောကြောင့် လူသားများအပေါ် မေတ္တာစိတ်ထားခြင်းဖြင့် မုန်းတီးမှု မနာလိုမှု ငြူစူမှု တစ်ကိုယ် ကောင်းဆန်းမှု နှင့် အပြစ်ချည်မြင်နေမှု စသည့် အပျက်စိတ်များကို ကျွန်ုပ်ဖယ်ရှားပစ်မည် ၊ သူတပါးနှင့် မိမိကိုယ်ကို ယုံကြည်ခြင်းဖြင့် မိမိကို သူတပါး ယုံကြည်အောင် ဖန်တီးမည် ။ ။ မှတ်ချက် ၊ ၊ ကိုယ်တိုင်ရေး မဟုတ်ပါ နှစ်သက်၍ သိမ်းထားမိတာပါ ရေးသူကိုမသိ၍ သိသောသူများရှိရင်လည်း ပြောပြကြပါ ။ ။ Share

No comments: