tag:blogger.com,1999:blog-1914800307719447622024-03-06T11:22:34.179+06:30ကဏ္ဍစုံ ပြခန်းအင်တာနက်သည် ကျွန်ုပ်တို့၏ ဗဟုသုတရတနာသိုက်ကြီးနှင့်တူ၏။ လိုချင်သောအရာကိုသာ ယူကြပါကုန်။ZOLZOLhttp://www.blogger.com/profile/02807254584178452918noreply@blogger.comBlogger9125tag:blogger.com,1999:blog-191480030771944762.post-58570441749585562482014-09-07T13:07:00.001+06:302015-02-28T13:38:48.929+06:30တိုင်းပြည်တည်ငြိမ်ပြီး အေးအေးချမ်းချမ်းရှိကာ ပြည်သူတွေကလဲ သဘောကျသည်ဆိုပါက မည်သူပဲတက်တက် တက်စေချင်ကြောင်း သမ္မတဦးသိန်းစိန် ဆွစ်ဇာလန်တွင် ပြောကြား
ရန်ကုန်၊
တိုင်းပြည်
တည်ငြိမ်ပြီး အေးအေးချမ်းချမ်း ရှိကာ ပြည်သူတွေကလဲ သဘော ကျသည်ဆိုပါက
မည်သူပဲ (သမ္မတ အဖြစ်) တက်တက် မိမိအနေဖြင့် တက်စေချင်ကြောင်း၊ မိမိ၏ ဆန္ဒ
အမှန်မှာ အနားယူလိုခြင်းသာဖြစ် ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က
ဥရောပသုံးနိုင်ငံခရီး ဒုတိယ မြောက်ခရီးစဉ်အဖြစ် ဆွစ်ဇာလန် နိုင်ငံ
ဘန်းမြို့သို့ရောက်ရှိစဉ် ပြော ကြားလိုက်သည်။
ဆွစ်ဇာလန်နိုင်ငံ၊
ဘန်းမြို့တော် ရှိ Bellevue Palace ဟိုတယ်တွင် ဆွစ်ဇာလန် သတင်းဌာန NNZ News
နှင့်တွေ့ဆုံစဉ် နောက်သက် တမ်းတွင် သမ္မတဝင်အရွေးခံဦးမည် လားဟု
အင်န်ဇက်ဇက်သတင်းထောက် ၏ အမေးကို နိုင်ငံတော်သမ္မတက အထက်ပါအတိုင်း
ပြန်လည်ဖြေဆို ခဲ့ခြင်းဖြစ်သည်။
''ဒီမေးခွန်းကို တော်တော်များ
များဖြေဆိုခဲ့ရပါတယ်။ ကျွန်တော် သဘောထားအရဆိုရင် ကျွန်တော်
အငြိမ်းစားယူချင်ပါတယ်။ နားချင် ပါတယ်။ သို့သော်လဲပဲ တိုင်းပြည်ရဲ့
အခြေအနေ၊ ပြည်သူလူထုတွေရဲ့ ဆန္ဒကို ကြည့်ရပါဦးမယ်။ ဘာဖြစ် လို့လဲဆိုရင်
တိုင်းပြည်ရဲ့တာဝန်ကို ဒီကနေ့ ကျွန်တော်တာဝန်ယူထားရ လို့ဖြစ်ပါတယ်။
တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး အေးအေးချမ်းချမ်းဖြစ် မယ်။ ပြည်သူတွေကလဲ
သဘောကျ တယ်ဆိုရင် ဘယ်သူပဲတက်တက် ကျွန်တော်ကတော့ တက်စေချင်ပါ တယ်။
ကျွန်တော်ကတော့ နားချင် ပါတယ်။ သို့သော်လဲပဲ တစ်ဖက်က တိုင်းပြည်ရဲ့
အခြေအနေကို ပြန် ကြည့်ရဦး မှာဖြစ်ပါတယ်''ဟု နိုင်ငံ တော်သမ္မတက
ဖြေကြားခဲ့သည်။
သမ္မတဦးသိန်းစိန်က သူ့အနေ ဖြင့်
ငြိမ်းချမ်းရေးရရှိရေးအတွက် အ ပစ်အခတ်ရပ်စဲအပြီးတွင် Political Dialogue
များလုပ်သွားမည်ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဦး
တည်ဆောင်ရွက်သွားမည်ဟုလည်း သတင်းဌာနကိုပြောကြားသည်။
မြန်မာ-တရုတ်ဆက်ဆံရေး နှင့်ပတ်သက်သော မေးခွန်းကို ဖြေ ကြားရာတွင်လည်း
အနောက်နိုင်ငံ များနှင့်ကူးလူးဆက်ဆံမှုများ ရှိနေ သည်ကို
တရုတ်နိုင်ငံအနေဖြင့် မကြိုက်တာမရှိကြောင်း ဖြေကြား သည်။
ZOLZOLhttp://www.blogger.com/profile/02807254584178452918noreply@blogger.com0tag:blogger.com,1999:blog-191480030771944762.post-52701253560515670002014-09-07T13:00:00.003+06:302015-02-28T13:39:01.265+06:30ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ပြိုင်ပွဲ မြန်မာဗိုလ်စွဲ လက်ရွေးစင်အဆင့်တွင် ရှစ်နှစ်အတွင်း ပထမဆုံးဆုဖလားပြန်လည်ရရှိခြင်းဖြစ်
By
ဗိုလ်ဗိုလ်ဝင်း
မြန်မာအသင်း
ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သော ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား
ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်ကို ၃−၂ ဂိုးဖြင့် အနိုင်ရရှိပြီး
ဆုဖလားနှင့်အတူ မြန်မာအသင်းသားများ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − အီးပီအေ)
ဖိလစ်ပိုင်ငြိမ်းချမ်းရေး ဖလား (PFF Peace Cup 2014) ဗိုလ်လုပွဲတွင်
မြန်မာ့လက်ရွေး စင်ဘောလုံးအသင်းက အိမ်ရှင် ဖိလစ်ပိုင် လက်ရွေးစင်အသင်းကို
၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ ၂၀၀၆ ခုနှစ်နောက်ပိုင်း လက်ရွေးစင် အဆင့်တွင်
ပထမဆုံးဆုဖလား အဖြစ် ပြန်လည်ရယူနိုင်ခဲ့သည်။
စက်တင်ဘာ ၆ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသည့်
ဗိုလ်လုပွဲ၌ မြန်မာ အသင်းသည် အရပ်အမောင်းနှင့် ကြံ့ခိုင်မှု ပိုကောင်းသည့်
ဖိလစ်ပိုင်အသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး အချိန်ပိုတွင်
စိုးမင်းဦး၏ သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်း ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သော
ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်ကို ၃−၂
ဂိုးဖြင့် အနိုင်ရရှိပြီး မြန်မာအသင်းသားများ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ −
အီးပီအေ)
မြန်မာအသင်းအတွက် ဦး ဆောင်ဂိုးကို ပွဲချိန် ၈ မိနစ်တွင် ကျော်ကိုကိုက
အဝေးမှ လှပစွာသွင်းယူ ပေးခဲ့ပြီး ပထမပိုင်းတွင် ဦး ဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်း တွင် ဖိလစ်ပိုင်အသင်းက ပြန် လည်ဖိအားပေးကာ ပွဲချိန် ၅၀
မိနစ်နှင့် ၆၉ မိနစ်(ပင်နယ်တီ)တို့တွင် ချေပဂိုးနှင့် ဦးဆောင်ဂိုးပြန်လည်
ရယူခဲ့သည်။
မြန်မာအသင်းအတွက် အ ဖိုးတန်ချေပဂိုးကို ပွဲချိန် ၉၀ မိနစ် တွင်
ကျော်ဇေယျာဝင်းအစား ၀င်လာသော မင်းမင်းသူက ခေါင်းတိုက် သွင်းယူကာ
အချိန်ပိုအထိ ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။ အချိန်ပို ပထမပိုင်း ၁၀ မိနစ်တွင်
မြန်မာအသင်း ချန်ပီယံဖြစ်စေမည့် အနိုင်ဂိုးကို လူစားဝင်ကစားသမား
စိုးမင်းဦးက သွင်းယူခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲဝင်အသင်းလေးသင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဖိလစ်ပိုင်
ငြိမ်းချမ်းရေးဖလားပြိုင်ပွဲ ပြီးခဲ့ သည့် နှစ်ကြိမ် ဆက်တိုက်တွင်
အိမ်ရှင်ဖိလစ်ပိုင်အသင်းက ဗိုလ် စွဲထားပြီး ယခုနှစ်ပြိုင်ပွဲ၌ မြန်မာ
အသင်းအနေဖြင့် ပထမဆုံးအ ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး
ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း သည် ဖိလစ်ပိုင်အသင်းကို ပြီးခဲ့ သည့် ၂၀၁၂
ဆူဇူကီးဖလားအုပ် စုအဆင့်တွင် တွေ့ဆုံစဉ်က (၀-၂) ဂိုး ၂၀၁၃ နှစ်ဆန်းပိုင်းက
ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့ သည့် ခြေစမ်းပွဲစဉ်၌ (၀-၁) ဂိုးဖြင့်
ရှုံးနိမ့်ထားခဲ့ရာ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ပြိုင်ပွဲတွင်
ပြန်လည်အနိုင်ယူကာ ရှုံးကြွေးဆပ်နိုင်ခဲ့သည်။
မြန်မာအသင်း ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သော
ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်ကို ၃−၂
ဂိုးဖြင့် အနိုင်ရရှိပြီး မြန်မာအသင်းသားများ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ −
အီးပီအေ)
မြန်မာ့လက်ရွေးစင် ဘော လုံးအသင်းအနေဖြင့် ၂၀၀၆ မာ ဒေးကားဖလား
ပြိုင်ပွဲ၌ ဗိုလ်စွဲ ပြီးနောက် ရှစ်နှစ်အကြာ
နိုင်ငံတကာပြိုင်ပွဲဆုဖလားတစ်ခုအား ပြန်လည်ရယူနိုင်ခဲ့သည်။ ထို့အပြင်
ယခုဆုဖလားသည် ၂၀၁၄နှစ်ဆန်းပိုင်းက မြန် မာအသင်းကို စတင်ကိုင်တွယ်ခဲ့သည့်
နည်းပြချုပ် အေဗရာမိုဗစ်ရယူပေးသော ပထမဆုံး ဆုဖလားအဖြစ်လည်း
မှတ်တမ်းဝင်ခဲ့သည်။
ဖိလစ်ပိုင်နည်းပြက ပွဲမတိုင်ခင် မြန်မာအသင်းနည်းပြ အေဗရာမိုဗစ်မှာ
စင်ကာပူကိုင်တွယ်ခဲ့စဉ်က ၂၀၁၂
ဆူဇူကီးဖလားအကြိုဗိုလ်လုပွဲရှုံးကြွေးပြန်ဆပ်ရန်
စိတ်ဓာတ်မြှင့်တင်မှုဖြစ်စေသည်ဟုဆိုခဲ့သည်။
မြန်မာ−ဖိလစ်ပိုင် ဘောလုံးပွဲကို လက်ဖက်ရည်ဆိုင်တွင် ကြည့်ရှုနေသော ပရိသတ်များ (ဓာတ်ပုံ − နစ်ကီ)
သို့သော် ပွဲတွင် မြန်မာကစားသမားများက ခြေမသာသော်လည်း နိုင်လိုစိတ် ပိုပြင်းပြခဲ့သည်ကို တွေ့ရသည်။
ဗိုလ်လုပွဲမတိုင်မီ ယှဉ်ပြိုင် ကစားခဲ့သည့် တတိယ နေရာလုပွဲတွင်
ပါလက်စတိုင်းအသင်းက တရုတ်(တိုင်ပေ) အသင်းကို(၇-၃) ဂိုးဖြင့်
အနိုင်ရရှိခဲ့သည်။
7daydaily.com
ZOLZOLhttp://www.blogger.com/profile/02807254584178452918noreply@blogger.com0tag:blogger.com,1999:blog-191480030771944762.post-90726430867969248762014-09-07T12:57:00.003+06:302015-02-28T13:39:12.054+06:30မုတ်သုံလေတစ်ကျော့ပြန် အားကောင်းလာ၍ လေပြင်းနှင့် မိုးကြီးမှုအန္တရာယ် သတိပြုရန်လို
By
အောင်သစ်လွင်
On
Sun, 2014-09-07 11:54
Location
ရန်ကုန်
Issue No.
No.494 Sunday, September 7, 2014
ဘင်္ဂလားပင်လယ်အော်
တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် မုန်တိုင်းငယ် အဆင့်သို့
ရောက်လာနိုင်ပြီး မုတ်သုံလေတစ်ကျော့ပြန် အား ကောင်းလာနေကြောင်း မိုးလေဝ
သပညာရှင် ဒေါက်တာထွန်းလွင် က သတိပေးထားသည်။
‘‘ဘင်္ဂလားပင်လယ်အော်ထဲ မှာ မုတ်သုံလေတွေ အားပြန်ပျိုး ပြီး
လေတိုက်နှုန်းတွေ တိုးလာနိုင် ပါတယ်။ မုန်တိုင်းအန္တရာယ်မရှိ ပေမယ့်
လေပြင်းနဲ့ ရေလှိုင်း အန္တရာယ်ရှိနိုင်ပါတယ်။ ဒီရက် ပိုင်းတွေမှာ
လေပြင်းအန္တရာယ် ရော မိုးကြီးမယ့် အန္တရာယ်ပါ သတိပြုဖို့ လိုပါတယ်’’ဟု ဒေါက်
တာထွန်းလွင်က ပြောသည်။
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် စက်တင်ဘာ ၄ ရက်မှ စတင်ကာ လေဖိအား
နည်းရပ်ဝန်းစတင်ဖြစ်ပေါ်လာ ခြင်းဖြစ်ပြီး တဖြည်းဖြည်း အား ကောင်းလာနေကြောင်း
မိုး/ဇလ ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
မုတ်သုံလေ အာပြန်ကောင်း လာခြင်းနှင့် ပတ်သက်၍ ၎င်းက‘‘မိုးသက်လေပြင်းရော
လှိုင်းကြီး မယ့် သတိပေးချက်ရော ထုတ်ထားတယ်။ နောက်ပြီး နေရာကွက် ပြီး
မိုးကြီးမယ့် ဒေသတွေကို သတင်းထုတ်ထားလို့ သက်ဆိုင် ရာဒေသတွေ ရေလွှမ်းမယ့်
အန္တရာယ် သတိထားဖို့ လိုပါတယ်’’ ဟု ပြောသည်။
မိုး/ဇလဌာနက ရေဘေး အန္တရာယ်ကျရောက်ခဲ့သည့် ပဲခူး တိုင်းဒေသကြီး၊
တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်၍
မိုးကြီးနိုင်ကြောင်း သတိပေးထား သည်။ အဆိုပါ ဒေသရှိ မြေနိမ့် ဒေသများ
ရေလွှမ်းမည့်အန္တရာယ် ရှိနေသေးကြောင်း နိုင်ငံတကာ မိုးလေ၀သဌာနများ၏ ခန့်မှန်း
ချက်များကို ကိုးကား၍ ဒေါက် တာထွန်းလွင်က သတိပေးသည်။
စက်တင်ဘာလဆန်းမှ စတင်ကာ ဘင်္ဂလားပင်လယ် အော်၊ ကပ္ပလီပင်လယ်နှင့်
တောင်တရုတ်ပင်လယ်တို့တွင် မုန်တိုင်းများဖြစ်ပေါ်လေ့ရှိပြီး ယင်း
မုန်တိုင်းများ၏ အရှိန်ကြောင့် လေပြင်းအန္တရာယ်နှင့် မိုးကြီးမည့်
အန္တရာယ်များ ရင်ဆိုင်ရနိုင် ကြောင်း ဒေါက်တာထွန်းလွင်က ဆိုထားသည်။
ပြီးခဲ့သည့်လက မုတ်သုံ လေဆက်တိုက်ကောင်းခဲ့ပြီး မိုး သည်းထန်စွာ
ရွာခဲ့သောကြောင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည် နယ်တို့တွင်
ရေဘေးအန္တရာယ် အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရသည်။ သြဂုတ်လကုန်ခန့်ကလည်း နေ
ရာကွက်၍ မိုးသည်းထန်စွာ ရွာခဲ့ သောကြောင့် ကချင်ပြည်နယ်၊
ဖားကန့်မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့အနီးပတ်ဝန်း
ကျင်ဒေသများနှင့် မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့တို့တွင်
လက်ရှိအချိန်အထိ ရေဘေး အန္တရာယ် ရင်ဆိုင်နေရဆဲ ဖြစ် သည်။
ZOLZOLhttp://www.blogger.com/profile/02807254584178452918noreply@blogger.com0tag:blogger.com,1999:blog-191480030771944762.post-1188019802298210312014-09-07T12:56:00.001+06:302015-02-28T13:39:22.350+06:30ဆွစ်ဇာလန်က မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ ၁၆၄ သန်း ကူညီမည်
ဓာတ်ပုံ − အီးပီအေ
ဆွစ်ဇာလန်နိုင်ငံကမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအ တွက် ၂၀၁၃ မှ ၂၀၁၇
ခုနှစ်အထိ ငါးနှစ်စီမံကိန်းဖြင့် အမေရိကန် ဒေါ်လာ ၁၆၄ သန်းအကူအညီ ပေးရေး
သဘောတူညီလိုက် ကြောင်း သတင်းရရှိသည်။
ထို့အပြင် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ရေးအတွက် နိုင်ငံ
ခြားရေးဝန်ကြီးဌာနအရာရှိများ ကြား ဒုဝန်ကြီးအဆင့်ပုံမှန်ဆက် ဆံဆွေးနွေးသည့်
ယန္တရားထူ ထောင်ရေးကိုလည်း နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံရာတွင် သဘောတူညီမှု
ရခဲ့ကြောင်း သမ္မတဦးသိန်းစိန်နှင့် ဥရောပခရီး စဉ်အတွင်း အတူလိုက်ပါသွားသူ
ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က အီးမေးလ်မှတစ်ဆင့် ဖြေကြားသည်။
‘‘ဆွစ်ဇာလန်မှာ ပုဂံနဲ့ ပျူ ခေတ်ရှေးဟောင်းယဉ်ကျေးမှု
ဆိုင်ရာပြပွဲကျင်းပနိုင်ရေးနဲ့ ရန် ကုန်မြို့တော်က
ရှေးဟောင်းအဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ရေးလည်း
ဆွေးနွေးခဲ့တယ်’’ဟု ၎င်းက ဖြေကြားသည်။
မြန်မာ-ဆွစ်ဇာလန်နှစ်နိုင်ငံ သမ္မတတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ တွင်
နိုင်ငံ့ဝန်ထမ်းများစွမ်းဆောင် ရည်မြှင့်တင်ရေး၊ ဒေသန္တရအုပ် ချုပ်ရေး
အဖွဲ့အစည်းများ စွမ်း ဆောင်ရည် မြှင့်တင်ရေး၊ ငြိမ်း ချမ်းရေး တည်ဆောက်မှု၊
လူ့အ ခွင့်အရေးမြှင့်တင်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကိစ္စရပ်များ
နှင့် လွတ်လပ်ပြီး တရားမျှတ သော ရွေးကောက်ပွဲဆိုင်ရာကိစ္စ ရပ်များ၊
ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးတို့ကို
ဆွေးနွေးခဲ့ကြောင်း သိရသည်။ သမ္မတ ဦးသိန်းစိန်သည် ဆွစ်ဇာလန်နိုင်ငံတွင်
ဖက်ဒရယ်ကောင်စီ၊ ဆွစ်ဇာလန်သမ္မတ တို့နှင့် တွေ့ဆုံပြီးနောက် စက် တင်ဘာ ၆
ရက်တွင် ဆွစ်ဇာလန် နိုင်ငံ၏ နေရောင်ခြည်စွမ်းအင်နှင့်
မွေးမြူရေးလုပ်ငန်းများသို့ သွား ရောက်လေ့လာမည်ဖြစ်သည်။
ဆွစ်ဇာလန် နိုင်ငံသည် မြန်မာနိုင်ငံ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ
ဖွံ့ဖြိုးတိုး တက်ရေးအတွက် ကန်ဒေါ်လာ ၁၅ သန်းကို ၂၀၁၃-၁၄ ခုနှစ်အတွက်
ပံ့ပိုးကူညီခဲ့ပြီးယခုကန်ဒေါ်လာ ၁၆၄ သန်းတန် ငါးနှစ်စီမံကိန်းဖြင့်
ဖွံ့ဖြိုးတိုးတက်မှုအကူအညီတွင် အသက်မွေးဝမ်းကျောင်းအပြင် ကျေးလက်ဒေသနှင့်
မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့ပါဝင်ကြောင်း သိရသည်။
သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ ၇ ရက်တွင်
နယ်သာလန်နိုင်ငံသို့ထွက်ခွာမည်ဖြစ်ပြီး ဥရောပခရီးစဉ်ကို စက်တင်ဘာ ၉ ရက်တွင်
အဆုံးသတ်မည်ဖြစ်သည်။
by အေးသူစံ
7daydaily
ZOLZOLhttp://www.blogger.com/profile/02807254584178452918noreply@blogger.com0tag:blogger.com,1999:blog-191480030771944762.post-21418693557048541772014-09-07T12:44:00.003+06:302015-02-28T13:39:41.898+06:30မြေပြန့်ဒေသ(၁၀)ခုမှာ စစ်ဆေးမှုအရ သွေးတိုး၊ဆီးချိုရောဂါ အများဆုံး ဖြစ်ပွားနေ မြန်မာနိုင်ငံရဲ့မြေပြန့်ဒေသ(၁၀)ခုမှာ နေထိုင်သူအချို့ကို
ဆိုးလ်အမျိုးသားတက္ကသိုလ်ဆေးရုံမှ ဆမလက်မှတ်ရ မြန်မာနိုင်ငံသား ဆရာဝန်တွေ
ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးစစ်ဆေးမှုအရ သွေးတိုး၊ဆီးချိုရောဂါ အများဆုံး
ဖြစ်ပွားနေတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။ သွေးတိုးရောဂါဟာ အချိန်အခါ၊
အရပ်ဒေသ၊ ဆင်းရဲချမ်းသာ လူတန်းစားမရွေး ဖြစ်ပွားနိုင်ပြီး အထူးသဖြင့်
အငန်နဲ့အဆီ များများစားတတ်သူ၊ အရက်၊ ဆေးလိပ်၊ ဘီယာများများ သုံးစွဲတတ်သူ၊
စိတ်ဖိစီးမှုများသူတို့အပြင် ဆီးချို၊လည်ပင်းအကျိတ်၊ ကျောက်ကပ်ရောဂါ
အစရှိတဲ့ ကိုယ်တွင်းရောဂါ တစ်ခုခုကြောင့်လည်း အဖြစ်များတယ်လို့ သိရပါတယ်။
ဆိုးလ်အမျိုးသားတက္ကသိုလ် ဆေးရုံမှ ဆမလက်မှတ်ရ မြန်မာနိုင်ငံသား ဆရာဝန်တွေဟာ
ဟင်္သာတ၊ မုံရွာ၊ ပြင်ဦးလွင်၊ မော်လမြိုင်၊ ပြည်၊ ပခုက္ကူ၊ ပဲခူး၊ မန္တလေး၊
ပုသိမ်နဲ့ မကွေးမြို့တို့မှာ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ခဲ့ရာ
လာရောက်ပြသသူတွေရဲ့ (၆၀)ရာခိုင်နှုန်းမှာ သွေးတိုးနဲ့ဆီးချိုရောဂါကို
တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သွေးတိုးနဲ့ ဆီးချိုရောဂါဟာ
သက်ကြီးပိုင်းတွေမှာ
အဖြစ်များပေမယ့် ယခုနောက်ပိုင်း လူလတ်ပိုင်းတွေမှာပါ
တွေ့ရှိလာရတယ်လို့ ဆိုးလ်အမျိုးသားတက္ကသိုလ် ဆေးရုံမှ ဆေးပညာဆိုင်ရာ အရာရှိ
ဒေါက်တာမြတ်နိုးက အခုလို ပြောပါတယ်။ သွေးတိုးနဲ့ဆီးချိုရောဂါ ခံစားနေရသူ
အချို့ဟာ ၎င်းတို့မှာ ရောဂါရှိမှန်းလည်း မသိဘဲ ကြိုတင်ကာကွယ်ဖို့ကိုလည်း
အသိပညာဗဟုသုတ နည်းပါးကြတယ်လို့ ဒေါက်တာမြတ်နိုးက သုံးသပ်ပြောကြားပါတယ်။
သွေးတိုးရောဂါ မဖြစ်ပွားအောင် ကာကွယ် လုပ်ဆောင်သင့်တာတွေနဲ့ ပတ်သက်ပြီး
ဒေါက်တာမြတ်နိုးက အခုလို အကြံပြုပြောကြားပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ
အသက်(၃၅)နှစ်မှ(၆၄)နှစ်အတွင်း လူ(၁၀)ဦးမှာ ဆီးချိုကြောင့် တစ်ဦး
သေဆုံးနေပြီး ကမ္ဘာ့လူဦးရေကို မိနစ်စာတွက်ထုံးအရ တစ်မိနစ်မှာ တစ်ဦးနှုန်း
သေဆုံးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ထားတယ်လို့
သိရကြောင်း သတင်းရရှိပါသည်။ZOLZOLhttp://www.blogger.com/profile/02807254584178452918noreply@blogger.com0tag:blogger.com,1999:blog-191480030771944762.post-54439382994874542972014-09-07T12:43:00.001+06:302015-02-28T13:39:53.706+06:30လက်ဆေးခြင်းဖြင့် မွေးကင်းစ ကလေးငယ် သေဆုံးမှုကို လျှော့ချနိုင်
ကလေးမွေးဖွား ပေးသူတွေနဲ့ မိခင်တွေအနေနဲ့ ကလေးကို မကိုင်တွယ်မီ
လက်ဆေးခြင်းဖြင့် မွေးကင်းစကလေးသူငယ် သေဆုံးမှုကို (၄၁)ရာခိုင်နှုန်းအထိ
လျှော့ချနိုင်တယ်လို့ ဆေးပညာဆိုင်ရာ အရာရှိများထံကနေ သိရပါတယ်။
နှစ်စဉ်မြန်မာနိုင်ငံမှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အဆုတ်ရောင်
ရောဂါတွေကြောင့် ကလေးသူငယ်ပေါင်း (၄)သောင်းကျော်ဟာ အသက်(၅)နှစ် မပြည့်မီမှာ
သေဆုံးနေကြရတယ်လို့ သိရပါတယ်။ အသက်သေဆုံးမှုအထိ ဖြစ်ပွားနိုင်တဲ့
ဝမ်းပျက်ဝမ်းလျှော ရောဂါဟာ Vibrio Cholera လို့ခေါ်တဲ့ ဝမ်းရောဂါပိုး
ကူးစက်ခံရမှုကြောင့် ဖြစ်ပွားရတာဖြစ်ပြီး မသန့်ရှင်းတဲ့ အစားအသောက်၊
သောက်သုံးရေ၊ တစ်ကိုယ်ရေ
သန့်ရှင်းမှု အားနည်းခြင်း စတာတွေကြောင့် အဓိကဖြစ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပါက ရေနဲ့ဓါတ်ဆားဓါတ်
ဆုံးရှုံးခန်းခြောက်ကာ
အသက်သေဆုံးတဲ့အထိ အန္တရာယ်ပေးနိုင်တဲ့ အတွက်ကြောင့် ကလေးသူငယ် အရွယ်တွေအတွက်
မပေါ့ဆသင့်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ငါးနှစ်အောက် ကလေးများ
သေဆုံးရခြင်း အကြောင်းရင်းတွေထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါက
ထိပ်တန်းကရှိနေပြီး ဝမ်းပျက်ဝမ်းလျှောရောဂါကို လက်ဆေးခြင်း အလေ့အထနဲ့
ကာကွယ်တားဆီးလို့ ရတယ်လို့ သိရပါတယ်။ လက်ဆေးခြင်းဖြင့်
ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နိုင်ကြောင်းကိုလည်း ဆိုလ်းအမျိုးသား
တက္ကသိုလ် ဆေးရုံမှ ဆေးပညာဆိုင်ရာ အရာရှိ ဒေါက်တာမြတ်နိုးက အခုလို
ပြောပါတယ်။ကမ္ဘာကြီးမှာ နှစ်စဉ်နှစ်တိုင်း လူပေါင်း တစ်သိန်းကျော်ဟာ
ဝမ်းရောဂါနဲ့ သေဆုံးနေကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့
ထုတ်ပြန်ချက်တွေအရ သိရှိရပါသည်။
ZOLZOLhttp://www.blogger.com/profile/02807254584178452918noreply@blogger.com0tag:blogger.com,1999:blog-191480030771944762.post-90444246956184060242014-09-07T12:42:00.000+06:302015-02-28T13:40:05.784+06:30အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု နှစ်ပတ်လည် ထိပ်သီး အစည်းအဝေး ကျင်းပမည်မြန်မာနိုင်ငံ ဒေသတွင်းနဲ့ နိုင်ငံတကာ ကုမ္ပဏီ အဖွဲ့အစည်းတွေက
ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေ၊ အစိုးရအရာရှိတွေနဲ့ ဒေသတွင်း ခေါင်းဆောင်တွေ
ပါဝင်ဆွေးနွေးမယ့် အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု နှစ်ပတ်လည်
ထိပ်သီး အစည်းအဝေးကို နေပြည်တော်မှာ နိုဝင်ဘာလ (၁၁)ရက်ကနေ (၁၃)ရက်အထိ
ကျင်းပမယ်လို့ သိရပါတယ်။ နှစ်ရက်ကြာ ကျင်းပမယ့် ဒီအစည်းအဝေးမှာ အာဆီယံ
ထိပ်သီးခေါင်းဆောင်တွေ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးတွေ၊ အဓိက
စီးပွားရေး လုပ်ငန်း အသီးသီးက ခေါင်းဆောင်တွေက အာဆီယံနဲ့ အနာဂတ်၊
စီးပွားရေးတိုးတက်မှု၊ ပြောင်းလဲလာတဲ့ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ
အမျိုးသမီးတွေရဲ့ ပါဝင်မှု၊ အာဆီယံ စားသုံးသူတွေနဲ့
စီးပွားရေးတိုးတက်မှုအပေါ်
အကျိုးသက်ရောက်မှုတို့ကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒါအပြင်
(ASEAN Business & Investment Summit (ABIS) အစည်းအဝေးအနေနဲ့
(၂၀၁၅)မှာ ၀င်ရောက်လာမယ့် အခန်းကဏ္ဍ အသစ် တစ်ခုအတွက် ကြုံတွေ့ရမယ့်
စိန်ခေါ်မှုတွေကို ဦးစားပေးပြီး အာဆီယံတွင်း နေထိုင်တဲ့
ပြည်သူသန်း(၆၀၀)ကျော်ရဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး
မျှော်မှန်းချက်တွေကို အဓိကထား ဆွေးနွေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ABIS
2014 နဲ့အတူ ABAC က နှစ်စဉ် လုပ်ငန်းစီမံအုပ်ချုပ်မှု
ထူးချွန်ကောင်းမွန်ခြင်း ဆန်းသစ်တီထွင်ခြင်း၊ အာဆီယံဒေသကြီး တစ်ခုလုံးမှာ
ပျံ့နှံ့စွာ လုပ်ကိုင်နိုင်ခြင်း၊ အသေးစားနဲ့ အလတ်စား
စီးပွားရေးလုပ်ငန်းများ၊ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်နဲ့ အမျိုးသမီး
ခေါင်းဆောင်ဆုတွေ ပေးအပ်ချီးမြှင့်မှာ ဖြစ်တယ်လို့ သိရကြောင်း
သတင်းရရှိပါသည်။
ZOLZOLhttp://www.blogger.com/profile/02807254584178452918noreply@blogger.com0tag:blogger.com,1999:blog-191480030771944762.post-13939219945624689502014-09-07T12:39:00.001+06:302015-02-28T13:40:16.818+06:30ဖုန်းကို အရက်ပြန်နဲ့ သန့်ရှင်းပေးဖို့ လိုအပ်
လူကို ရောဂါဖြစ်စေနိုင်တဲ့ ဗက်တီးရီးယားပိုးတွေဟာ လက်ကိုင်ဖုန်းတွေမှာ
တွယ်ကပ်နိုင်တဲ့အတွက် ဖုန်းကို အယ်လ်ကိုဟော (အရက်ပြန်)နဲ့ သန့်စင်ပေးဖို့
လိုအပ်တယ်လို့ ကျန်းမာရေးဆိုင်ရာ သုတေသန စာတမ်းတွေကနေ လေ့လာ သိရှိရပါတယ်။
လက်ကိုင်ဖုန်းတွေမှာ ဗက်တီးရီးယားပိုး ပါဝင်မှုဟာ ရေအိမ်ထဲက
ရေဆွဲခလုတ်မှာရှိတဲ့ ဗက်တီးရီးယားပိုး ပမာဏထက် (၁၈)ဆပိုများတယ်လို့လည်း
သိရပါတယ်။ ကိုလီဖောင်းလို့ခေါ်တဲ့ မစင်မှာပါဝင်လေ့ရှိတဲ့ ပိုးအပါအ၀င်
ဗက်တီးရီးယားပိုးတွေဟာ လက်ကိုင်ဖုန်း အသုံးပြုသူတွေရဲ့ အစာအိမ်
လမ်းကြောင်းဆိုင်ရာ ဝေဒနာ ပေးနိုင်လောက်အောင် လုံလောက်မှု ရှိတယ်လို့
သိရပါတယ်။ လက်ကိုင်ဖုန်းမှာရှိနေတဲ့ ဗက်တီးရီးယားပိုး ပမာဏဟာ
များပြားနေတဲ့အတွက်ကြောင့် ဖုန်းကိုပိုးသန့်စင်ပေးဖို့ လိုအပ်တာ ဖြစ်ပါတယ်။
လက်ကိုင်ဖုန်း ကိုင်ဆောင်သူတွေ အနေနဲ့လည်း ဖုန်းကို ပိုးသန့်စင်ပေးဖို့
လိုအပ်တဲ့အပြင် မိမိတို့ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုကိုလည်း အလေးထားဖို့
လိုအပ်တယ်လို့ ပြောပါတယ်။ ဒါမှသာ မသန့်ရှင်းတဲ့ လက်နဲ့
ဖုန်းကိုင်ဆောင်မှုမှ
ဖြစ်ပေါ်လာမယ့် ရောဂါတွေကို ကြိုတင် ကာကွယ်နိုင်မှာဖြစ်ပြီး ဖုန်းမှာ
ဗက်တီးရီးယားပိုး ပါဝင်မှုကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှု ပြုလုပ်ဖို့
လိုအပ်တာနဲ့ ပတ်သက်ကာ ရန်ကုန်မြို့ရှိ အီလက်ထရောနစ် အရောင်းဆိုင်တစ်ခုမှ
Training Manager ဦးကျော်ဝင်းထွန်းက အခုလို သုံးသပ် ပြောကြားပါတယ်။
ဖုန်းသုံးစွဲသူတွေအနေနဲ့ ကျန်းမာရေး မထိခိုက်အောင် ကြိုတင်ကာကွယ်မှုတွေ
ပြုလုပ်ဖို့လိုအပ်တဲ့အပြင် မိုဘိုင်းဖုန်းမှ ဖြာထွက်ရောင်ခြည်ဟာ ကင်ဆာရောဂါ
ဖြစ်ပွားနိုင်ခြေကို မြင့်မားစေတဲ့အတွက်ကြောင့် အရေးတကြီးဖုန်းပြောဖို့
မလိုအပ်ပါက မက်စ်ဆေ့ပေးပို့ပြီး စကားပြောတဲ့စနစ်ကိုသာ အဓိက
အသုံးပြုကြဖို့နဲ့ ဖုန်းကို လက်နဲ့ကိုင်မပြောဘဲ နားကြပ်တပ်ပြောခြင်း
ကဲ့သို့ Hands-Free နည်းကိုသာ အသုံးပြုကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က
အကြံပြုပြောကြားထားပါတယ်။ လေ့လာမှုတွေအရ မိုဘိုင်းဖုန်းသုံးတဲ့ကလေးတွေမှာ
မှတ်ဉာဏ်ထိခိုက်ခြင်း၊ အာရုံစူးစိုက်မှုကျဆင်းခြင်း၊
သင်ကြားမှုစွမ်းရည်ကျခြင်း၊ အိပ်စက်မှုမှာပြဿနာရှိခြင်း စတာတွေ
ကြုံရနိုင်တဲ့အတွက် (၁၆)နှစ်အောက် ကလေးများ မလိုအပ်ဘဲ မိုဘိုင်းဖုန်း
မသုံးစွဲကြဖို့ အမေရိကန် ကျန်းမာရေးဌာနက တိုက်တွန်းထားတယ်လို့ သိရကြောင်း
သတင်းရရှိပါသည်။ZOLZOLhttp://www.blogger.com/profile/02807254584178452918noreply@blogger.com0tag:blogger.com,1999:blog-191480030771944762.post-36090997725267362372012-12-04T10:36:00.000+06:302015-02-28T14:20:39.731+06:30မြေဈေးကောင်းလာတဲ့ ဘုရားသုံးဆူမြို့ နဲ့ တပ်စည်းရိုးမှာ နေထိုင်သူများမြေဈေးကောင်းလာတဲ့ ဘုရားသုံးဆူမြို့ နဲ့ တပ်စည်းရိုးမှာ နေထိုင်သူများ
Monday, December 03, 2012
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ ခမရ (၂၈၄) ရဲ့ တပ်ခြံစည်းရိုး အပြင်ဘက်မှာ ဆက်လက် နေထိုင်ခွင့်ပြုဖို့ အိမ်ထောင်စု ၇၇ စုဟာ အရှေ့တောင်တိုင်း စစ်ဌာန
ချုပ် တိုင်းမှူးဆီကို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အသနားခံစာ တင်ပြထားပါတယ်။
သူတို့ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ဒီတပ်စည်းရိုး အပြင်ဘက် အမှတ် (၂) ရပ်ကွက်၊ (၃) ရပ်ကွက်၊ ရတနာသိင်္ခလမ်း၊ ဥဒေါင်းကန် ပတ်ဝန်းကျင်မှာ နေလာကြသူတွေပါ။ စစ်တပ်ကို အပြင်စည်းကနေ အကာအကွယ်ပေးဖို့ စွန့်စားပြီး နေလာခဲ့သလို တပ်က အကူအညီ လိုရင်လည်း အချိန်မရွေး ကူညီပေးခဲ့ကြသူတွေလို့ အသနားခံစာမှာ ဖေါ်ပြထားပါတယ်။
လက်ရှိ တပ်ရင်းမှူးက ဇူလိုင်လ ၇ ရက်နေ့တုန်းက အစည်းအဝေးခေါ်ပြီး တလအတွင်း လက်ရှိနေရာက ပြောင်းရွှေ့ပေးဖို့ ညွှန်ကြားခဲ့ပါသေးတယ်။ ဒါပေမယ့် ငိုယိုတောင်းပန်ကြလို့ နိုဝင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးဖို့ သဘောတူလိုက်ရတယ်လို့ ပြောင်းရွှေ့ရမယ့်သူတွေက ပြောပြပါတယ်။
ငွေကြေး တတ်နိုင်သူတချို့ကတော့ ပြောင်းသွားကြပါပြီ။ ငွေမရှိသူ အများစုကတော့ ခုထိ မပြောင်းနိုင်ကြသေးပါဘူး။
“နေရာချပေးတာလည်း မရှိဘူး။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကိုယ်ပြောင်းရမယ်။ အိမ်ယာကွက် တကွက်က အနည်းဆုံး (ထိုင်းဘတ်) ငါးသောင်း အထက် ရှိတယ်။ ဘယ်လိုလုပ် ပြောင်းနိုင်မှာလဲ” လို့ ဝန်ထမ်းဟောင်း အမျိုးသမီးတဦးက ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်ကဆို ဘုရားသုံးဆူဒေသဟာ အခုလို အခြေအနေ မဟုတ်ပါဘူး။ အဲဒီတုန်းက ဒေသတွင်း လှုပ်ရှားနေတဲ့ မွန်ပြည်သစ်ပါတီက ယခင်စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပေမယ့် ကရင်အမျိုးသား အစည်းအရုံး KNU ကတော့ အပစ်အခတ် မရပ်စဲသေးပါဘူး။ ဒါ့ပြင် DKBA ကလည်း ဒီဒေသမှာ လှုပ်ရှားကြပါတယ်။
ဘုရားသုံးဆူဟာ နယ်စပ် ဖြစ်တာနဲ့အညီ ရာဘစိတ်ကြွဆေးတွေ ထိုင်းနိုင်ငံကို ပို့ဖို့ လမ်းကြောင်းတခု ဖြစ်နေပါတယ်။ ဒါ့ပြင် လောင်းကစားဝိုင်း၊ ဇိမ်ခန်းတွေလည်း ပေါ၊ အဖွဲ့အစည်း ဝေခွဲရခက်တဲ့ လက်နက်ကိုင်တွေကလည်း မြို့တွင်းမှာ ဥဒဟို သွားလာလှုပ်ရှား။
ဒီလိုအခြေအနေကြောင့် တပ်စည်းရိုး အပြင်ဘက်မှာ အကာအကွယ် ရဖို့ ဆိုပြီး ယခင်တပ်ရင်းမှူးတွေက ဝန်ထမ်းဟောင်း၊ စစ်မှုထမ်းဟောင်း မိသားစုတွေကို နေခွင့်ပြုလာခဲ့ပါတယ်။
ခုတော့ ဒီဒေသမှာ လှုပ်ရှားတဲ့ လက်နက်ကိုင်တွေ အားလုံးဟာ အပစ်အခတ် ရပ်စဲထားကြပြီ။ အရင်ကလိုလည်း ကြောက်စရာ မလိုတော့။ ဂျပန်ခေတ်က ဖောက်လုပ်ခဲ့တဲ့ သေမင်းတမန် ရထားလမ်းကိုလည်း ပြန်ဖောက်တော့မယ်။ ဒီတော့ ဘုရားသုံးဆူက မြေကွက်တွေဟာ ဈေးကောင်းနေပြီ။
ဒေသတွင်း ပေါ်ပေါက်လာမယ့် ထားဝယ်ရေနက်ဆိပ်ကမ်း၊ ကုလားဂုတ် ရေနက်ဆိပ်ကမ်း နဲ့ စီးပွားရေးဇုန်များကြောင့်လည်း မြေဈေးက ကောင်းနေတာပါ။
တပ်အာဏာပိုင်တွေအတွက်တော့ ဘုရားပြီးသွားပါပြီ။ ဒီတော့ တပ်စည်းရိုး အပြင်က ငြမ်းတွေကိုလည်း မလိုအပ်လို့ ဖျက်လိုက်တယ်လို့ပဲ ဆိုကြပါစို့။ ။
The Irrawaddy (Burmese Version)
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၏ ကျက်သရေဆောင် ဥဒေါင်းကန် (ဓာတ်ပုံ - မင်းသိုက်)နိုးနိုးhttp://www.blogger.com/profile/07779237755771696960noreply@blogger.com