page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Showing posts with label အတွေးရသစာစု. Show all posts
Showing posts with label အတွေးရသစာစု. Show all posts

Thursday, August 7, 2014

ဘ၀မှာ ဘယ်လိုပျော်ရွှင်အောင် နေရမလဲ

ZOLZOL | 11:21 AM | Be the first to comment!
ZOLZOL | 11:21 AM |




Best Blogger Tips
Share


ဘ၀မှာပျော်ရွှင်အောင်ဘယ်လိုနေရမလဲတဲ့။  အမြဲတမ်းတော့မဟုတ်ပါဘူး။ ဟိုတနေ့က သူငယ်ချင်းတစ်ယောက်အိမ်ကို  သွားလည်တယ်။ အိမ်ကလည်း အကောင်းစား ။ ကားတွေကလည်းအကောင်းစား။ ကလေး ၂ ယောက်ကလည်း အရွယ်ရောက်နေပြီ။  ကြည့်၇တာတော့ အားလုံးအဆင်ပြေနေတဲ့ပုံပါပဲ။ သူကလည်း သူ့ရုံးမှာလူကြီး တစ်ယောက်ဖြစ်နေလောက်ပါပြီ။ သူတို့အိမ်မှာ၂ရက်လောက်လည်း နေပြီးရော သူတို့မိသားစုက ပျော်ရွှင်တဲ့ မိသားစု မဟုတ်ဘူးဆိုတာ သိလာခဲ့တယ်။  သူတို့ကြားမှာ တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုတာတွေ မရှိသလို ကလေးတွေရဲ့အမူအရာကလည်းေ ပြောင်းလဲနေတာကိုတွေ့ရတယ်။ ဒီလစ်ဟာမှုကို သူတို့ရှာထားတဲ့ စည်းစိမ်တွေ အလုပ်အောင်မြင်မှုတွေ ဘာတွေနဲ့မှ ဖြည့်စွက်လို့မရပါဘူး။
အဲဒီတော့ ဘာဖြစ်လို့အဲဒီလိုဖြစ်ရလဲဆိုတာ ကိုယ့်ကိုကိုယ်ပြန်မေးရမယ်။ ကိုယ့်ဘ၀ကို လိုလေးသေးမရှိပြီးပြည့်စုံအောင် လုပ်မလား မပြည့်စုံသေးတာတွေကို ဖြည့်ဆည်းဖို့လုပ်မလား။ အောက်ကစာလေးတွေကတော့ ဖတ်ထားဖူးတဲ့
Share

သူ ကိုယ့်ကို ဘ၀တစ်သက်စာ လက်တွဲဖို့ ဆုံးဖြတ်ထား၊ မထား ဒီအချက်လေးတွေက ဖော်ထုတ်ပေးနိုင်

ZOLZOL | 11:19 AM | Be the first to comment!
ZOLZOL | 11:19 AM |




Best Blogger Tips
Share


ကိုယ့်ချစ်သူနဲ့အတူရှိတဲ့အချိန် သူ့ရဲ့ပြုမူပုံ၊ ပြောဆိုပုံတွေကို ကြည့်ပြီး သူကိုယ့်ကို တစ်ဘ၀စာ လက်တွဲသွားဖို့ စဉ်းစားထားသလား၊ မထားဘူးလားဆိုတာ သုံးသပ်နိုင်ပါတယ်။ ဘယ်လိုအချက်ကလေးတွေက သူကိုယ့်ကိုတကယ်ရည်ရွယ် ထား၊ မထား သိသာစေသလဲဆိုတော့
၁။သူ့ရှေ့ရေးအကြောင်း ပြောတိုင်း ကိုယ်အမြဲပါဝင်နေတတ်တယ်။
နောက်လေး၊ ငါးနှစ်ကျရင် ကိုယ်တို့ ဘာတွေလုပ်မယ်။ ခရီးတွေသွားမယ် စသဖြင့် သူလုပ်မယ့်အကြောင်းအရာတိုင်းမှာ ကိုယ်ဟာ အမြဲပါဝင်နေမယ်။ သူစဉ်းစားတဲ့ သူ့ရှေ့ရေးမှာလည်း ကိုယ်ဟာ သူ့ရဲ့လက်တွဲဖော်အဖြစ် အမြဲပြောဆိုနေမယ်ဆိုရင် ဒါဟာ သူ သင့်ကိုတကယ်လက်တွဲဖို့ ဆုံးဖြတ်ထားလို့ပါ။
၂။သင်နဲ့အတူ အိမ်အလုပ်ကလေးတွေ ကူလုပ်ပေးတတ်တယ်။
အားတဲ့အချိန် သင်နဲ့အတူလာပြီး အခန်းရှင်းတာမျိုး၊ ဟင်းချက်၊ ထမင်းချက်တာမျိုးတွေတောင် လာကူညီပေးနေတယ်ဆိုရင်လည်း သူဟာ သင့်နဲ့အတူ ရေရှည်သွားဖို့ စဉ်းစားထားလို့ပါ။

Share

အိမ်ထောင်ရေးဖောက်ပြန်ခြင်း(တွေးစရာလေးပါ) (တက္ကသိုလ်ဘုန်းနိုင်)

ZOLZOL | 11:00 AM | Be the first to comment!
ZOLZOL | 11:00 AM |




Best Blogger Tips
Share

အမျိုးသား - ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကို
ရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လို လုပ်ရမလဲ။
အတိုင်ပင်ခံ - ဒီမိန်းကလေးဟာ သင့်ဘ၀အတွက် နောက်ဆုံး ချစ်နိုင်တဲ့
မိန်းကလေးဆိုတာ သင်သေချာလား။
အမျိုးသား - ဟုတ်ပါတယ်။
အတိုင်ပင်ခံ - ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။
အမျိုးသား - ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။
ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာ ကျမလား။
အတိုင်ပင်ခံ - အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခု
မင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။
အမျိုးသား - ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။
အတိုင်ပင်ခံ - ဒါဆို သူက ပေးဆပ်မှုနဲ့ ပျော်ရွှင်နေတယ်။
အမျိုးသား - ကွာရှင်းပြီး တခြားမိန်းကလေးကို လက်ထက်လိုက်ရင်
သူနာကျင်ခံစားရလိမ့်မယ်။
အတိုင်ပင်ခံ - အိမ်ထောင်အရပြောရရင် မင်းကို ချစ်နေတဲ့ အချစ်ကို သူမ
ပိုင်ဆိုင်နေမယ်။ ဒါပေမဲ့ ဒီအိမ်ထောင် မှာ မင်းက သူ့ကို ချစ်တဲ့ အချစ် မင်းမှာ

Share

Thursday, March 27, 2014

"ဘ၀အတွက် သိကောင်းစရာ(၁)"

ညချစ်သူ | 1:50 PM | Be the first to comment!
ညချစ်သူ | 1:50 PM |




Best Blogger Tips
Share


(၁) ဒဏ်ရာတစ်မျိုးကို ဝမ်းနည်းခြင်းလို့ ခေါ်သတဲ့....
မျက်တောင်က မျက်ရည်ဥရဲ့အလေးဒဏ်ကို မခံနိုင်တော့ဘဲ သာသာလေးထိလိုက်ရုံနဲ့တင် ကြွေကျသွားတဲ့ ဝမ်းနည်းခြင်းမျိုး...

(၂) ရင်ထဲကအချစ်ကို သူကြားအောင် ထုတ်ဖော်ကြေညာပါ။ မနက်ဖြန်နဲ့မတော်တဆ ဘယ်အရာက အရင်ရောက်လာမယ်ဆိုတာကို သင်ဘယ်တော့မှ မသိနိုင်လို့ပါ။

(၃) လူဆိုးစစ်စစ်တွေက ကြောက်ဖို့မကောင်းပါဘူး... လူကောင်းအတုတွေသာ ကြောက်ဖို့ကောင်းပါတယ်။

(၄) အလုပ်များတယ်ဆိုတာလည်း ပျော်ရွှင်ခြင်းတစ်မျိုးပါပဲ....
ကျွန်တော်တို့ကို နာကျင်တဲ့ခံစားချက်ခံစားဖို့ အချိန်မပေးလို့ဖြစ်တယ်။
ရုန်းကန်တယ်ဆိုတာလည်း ပျော်ရွှင်ခြင်းတစ်မျိုးပါပဲ...
ကျွန်တော်တို့ကို တကယ့်လက်တွေ့ဘဝ ခံစားစေလို့ဖြစ်တယ်။
ပင်ပန်းနွမ်းနယ်တယ်ဆိုတာလည်း ပျော်ရွှင်ခြင်းတစ်မျိုးပါပဲ..
ကျွန်တော်တို့ကို ဆန်ကုန်မြေလေးအဖြစ် မခံစားစေလို့ဖြစ်တယ်။


Share

Monday, September 9, 2013

*** မြန်မြန်လေး ခုန်ထွက်နိုင်ဖို့ ***

candle lay | 9:02 AM | Be the first to comment!
candle lay | 9:02 AM |




Best Blogger Tips
Share




သူငယ်ချင်း တယောက်ဆီက ပုံပြင်ကောင်းလေး
ရခဲ့ပါတယ်။Chaw Kalyar ကို ကျေးဇူးတင်ပါတယ်။
ဒီပုံပြင်လေးဟာ အေးစက်စက်ဖြစ်နေတဲ့ အသိ
ဥာဏ် နဲ့ လေးတွဲ့ နေတဲ့ ခြေလှမ်းတွေ ကို သတိပြု
မိစေပါတယ်။ ကျနော့ ကိုယ် ကျနော် လှုပ်နိုးနိုင်တဲ့
အခြင်းအရာ တခုအဖြစ် ရက်ပေါင်းများစွာ သုံးသပ်
အုံးမှာပါ။


Share

ပဲ့တင်သံ

candle lay | 8:54 AM | Be the first to comment!
candle lay | 8:54 AM |




Best Blogger Tips
Share


တစ်ခါက ဖခင်ဖြစ်သူက တောင်ကြားတစ်ခုထဲကို ဘာစကားတစ်ခွန်းမှ မပြောပဲခေါ်သွားခဲ့ပါတယ် ။

သားဖြစ်သူကလည်း ဖခင်က ဘာမှ မပြောတော့ ဖခင်နောက်ကနေ တိတ်တိတ်လေးလိုက်လာခဲ့ပါတယ် ။

လမ်းမှာ ကျောက်ခဲတွေ အရမ်းများတဲ့အတွက် တောင်ကြားခလယ်ခေါင်လောက် အရောက်မှာ သားဖြစ်သူက ကျောက်ခဲတစ်ခဲနဲ့ တိုက်မိပြီး နာကြင်စွာနဲ့ အားလို အော်လိုက်ပါတယ် ။

Share

Tuesday, August 13, 2013

*** ချမ်းမြေ့ငြိမ်းချမ်းမှုနဲ. ချစ်ခြင်းမေတ္တာတရား ***

ညချစ်သူ | 9:45 AM |
ညချစ်သူ | 9:45 AM |




Best Blogger Tips
Share




ဘ၀ရဲ့ နံနက်ခင်းမှာ အာဟာရအဖြစ်သင်ကော်ဖီတစ်ခွက်ကို
 တောင့်တ နေပါသလား ?ကျွန်တော်ကတော့ သင့်အတွက်
 ကော်ဖီတစ်ခွက်ဖျော်ထားပါတယ် ။ အဲဒီကော်ဖီကို
“ ချစ်ခြင်းမေတ္တာ ” သို့မဟုတ် love လို့ နာမည်ပေးထားတယ် ။


အဲဒီကော်ဖီထဲမှာ ပါဝင်ပစ္စည်း ၃ မျိုးထည့်ထားတယ် ။



Share

“ဘ၀ရဲ့..အပိုင်းအစလေးများ”

ညချစ်သူ | 9:06 AM |
ညချစ်သူ | 9:06 AM |




Best Blogger Tips
Share

လူ့ဘ၀မှာ လူသားရယ်လို့ဖြစ်လာခဲ့ရင် ဖြစ်လာသမျှအကောင်းအဆိုးကို ခံနေရရုံသက်သက်ပဲလားလို့ ထင်ခဲ့မိ တယ်။ ဘ၀ကပေးတဲ့ တာဝန်တွေ၊ ၀တ္တရားတွေ၊ စိတ်ညစ်မှု၊ စိတ်ပင်ပန်းမှုတွေကို ခါးစီးခံရတယ် ဆိုရင်….တရားသဘောအရ ၀ဋ်ကြွေး ဆိုပေမယ့်..အဲ့ဒီဝဋ်ကြွေးတွေဟာ မသေမချင်းဆပ်ရတော့မှာ လားလို့…. ဒဏ်ရာတွေနဲ့သာ ပြည့်လို့နေခဲ့တယ်၊ နှလုံးသားထဲမှာ ဒဏ်ရာတွေပဲရှိနေခဲ့တယ်၊ တခါတရံ လူတွေနဲ့ အဝေးဆုံးနေရာကို ပြေးထွက်ချင်မိတယ်၊ ရင်ထဲမှာ အမြဲတမ်းမွန်းကြပ်မှုတွေပဲ ရှိခဲ့ ပေမယ့် တခါတရံ ကိုယ်တစ်ယောက်တည်းပဲ ကံဆိုးနေသလားလို့ တွေးနေခဲ့မိတယ်။ သံယောဇဉ်အမျိုးမျိုး ရဲ့ နှိပ်စက်မှုကို ခံရတယ်၊ ခံနိုင်ရည်မရှိတော့ပါဘူး…ဒီအသက်အရွယ်မှာတောင် ဒီလောက်ခံစားနေခဲ့ ရရင်..နောင်ဆိုတာရော ရှိဦးမှာလား… တွေးနေရင်း..စိတ်ပင်ပန်းရတာအမှန်ပါပဲ၊ နောက်ဆုံးတော့ ဒီအခက် အခဲက လွတ်မြောက်နိုင်မယ့်ဆုလာဘ်ကတော့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ပါပဲ…။

Share

Tuesday, October 2, 2012

စစ်မှန်တဲ့ အပြုံးလေးဖြင့် ပြုံးပြနိုင်ပါစေ

ညချစ်သူ | 2:29 AM |
ညချစ်သူ | 2:29 AM |




Best Blogger Tips
Share



ကျွန်တော်တို့ နေ့ စဉ်ဖြတ်သန်းနေတဲ့ ဘ၀ခရီးလမ်းမှာ တစ်ယောက်နဲ့ တစ်ယောက်
သိတဲ့လူတွေ ရှိသလို မသိတဲ့လူတွေနဲ့ လည်း ဆက်ဆံနေကြရမယ်လို့ ထင်ပါတယ် ။
ဒီလိုဆက်ဆံနေကြတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦး သိတဲ့လူအချင်းချင်းသော်လည်းကောင်း
မသိတဲ့လူအချင်းချင်းသော်လည်းကောင်း  လူနှစ်ဦးအကြား အရိုးသား အပွင့်လင်းဆုံး
ပေါင်းကူးဆက်သွယ်တဲ့အခါမှာ အပြုံးလေးတွေနဲ့ ပဲ  ဖလှယ်ကြလိမ့်မယ်လို့ ထင်ပါတယ် ။
ပြုံးပြတယ်ဆိုတာ လူတစ်ဦး နှင့် တစ်ဦး မိတ်ဆွေဖြစ်မှုဧ။် သက်သေလက္ခဏာ တစ်ရပ်ပင်
မဟုတ်လား  ။အပြုံးမှာ မေတ္တာဓာတ်တွေ၊ ချစ်ခင်လေးစားမှုတွေ၊ ရင်းနှီးပွင့်လင်းမှုတွေ
ခိုအောင်းကပ်ငြိနေတယ်လို့  ကျွန်တော်ကတော့ ထင်မြင်ယူဆမိပါတယ် ။

Share

Saturday, September 22, 2012

ခိုင်မြဲသော တွဲလက်များ

ညချစ်သူ | 1:49 AM |
ညချစ်သူ | 1:49 AM |




Best Blogger Tips
Share




ကိုယ်နဲ့စိတ်တူကိုယ်တူ လက်တွဲဖော်ကိုရှာရတာ အရမ်းခက်ပါတယ်။
တစ်ခါတစ်လေမှာ ရတာမလို၊ လိုတာမရ အချစ်ဘဝမျိုးလည်းကြုံရ
တတ်ပါတယ် ။ ချစ်သူတွေဖြစ်လာပြီဆိုရင်အချင်းချင်းပဋိပက္ခဖြစ်လို့
စိတ်ညစ်ရတာတွေတော့ရှိကောင်းရှိမှာပါ။ချစ်ခြင်းမေတ္တာအခြေခံပြီး
ဘ၀လက်တွဲဖော် တွေမှာ တစ်ဦးနှင့်တစ်ဦး ဘ၀ရပ်တည် ရှင်သန်နေ
သမျှ ကာလတလျှောက်အကောင်းအဆိုးအတူ ရင်ဆိုင်မှုများအတွက်
ရွေးချယ်ကြတာဖြစ်ပါတယ်။တွဲလက်များထာဝရ အေးချမ်းတည်မြဲ နေ
စေဖို့  သတိပြုစရာအနည်းငယ်မျှ  ဆင်ခြင်မိရုံလေးမျှနဲ့   ဘ၀မှာ
အကျေနပ်ဆုံး သူများဖြစ်ခွင့်ရကြမယ်လို့ မျှော်လင့်ပါတယ် ။


လက်တွဲဖော်မှန်ပါစေ


Share

Wednesday, September 19, 2012

အချစ်တွေနဲ့ ပြည့်နေတဲ့ ဘ၀အိမ်လေး

ညချစ်သူ | 4:15 AM |
ညချစ်သူ | 4:15 AM |




Best Blogger Tips
Share





ဘ၀မှာ အချစ်ထက် အရေးကြီးတာတွေ အများကြီးရှိတယ်ဆိုတာ  သိပေမယ့် အချစ်နဲ့

တွေ့တဲ့အခါ နှလုံးသားရဲ့စေခိုင်းရာကို ကျွန်တော်တို့  လုပ်ဆောင်မိခဲ့ကြတယ် .......။

လေးနက်တဲ့ အချစ်က တဘ၀စာ အတွက် ရည်ရွယ်တယ်မဟုတ်လား...ချစ်ခြင်းမေတ္တာ


Share

Monday, September 17, 2012

သိနားလည်တဲ့ အချစ်

ညချစ်သူ | 4:41 AM |
ညချစ်သူ | 4:41 AM |




Best Blogger Tips
Share











မှန်ကန်တဲ့  အချစ်စစ်ဖြစ်ပြီး တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုတွေ တည်ဆောက်နိုင်ပြီပြီးဆိုရင်တော့ 

ကိုယ်ကကောသူအပေါ်ဘယ်လောက် နားလည်ပေးနိုင်သလဲ သူကကော ကိုယ်အပေါ်ဘယ်လောက်

နားလည်မှုရှိနိုင်သလဲဆိုတဲ့ အပြန်အလှန် နားလည်မှု ရအောင် ယူတတ်ဖို့ ကလည်း အရေးကြီးလာ

ပြန်တယ် ။နားလည်မှုဆိုတာ ချစ်သူတို့ ကြားမှာ အရေးကြီးဆုံးပေါင်းကူးတံတား ကြိုးတစ်ချောင်း လို့ 


Share

Sunday, September 16, 2012

အချစ် နှင့် ယုံကြည်မှု

ညချစ်သူ | 2:56 AM |
ညချစ်သူ | 2:56 AM |




Best Blogger Tips
Share




အဆက်

အချစ် နှင့် ယုံကြည်မှု



တကယ်တော့ လောကမှာ အချစ်ရှိရုံ ချစ်နေရုံနဲ့ မပြီးသေးဘဲ တစ်ဦးနှင့်တစ်ဦး  အချင်းချင်း
ယုံကြည်မှုရှိဖို့ကလည်း လိုအပ်ပါတယ် ။အပြန်အလှန်ယုံကြည်မူ့ မရှိဘူးဆိုရင် ဘာမှ လုပ်လို့
အဆင်မပြေနိုင်ပါဘူး။ဒီလိုယုံကြည်မူ့ရှိဖို့ ဆိုတာ ကလည်း မိမိကိုယ်တိုင် တည်ဆောက်ယူမှသာ
ရနို်င်ပေမည် ။တစ်စုံတစ်ယောက်ကနေ “ ငွေကြေး“နဲ့ဖြစ်စေ “အခွင့်အရေး”နဲ့ဖြစ်စေ“အာဏာ“နဲ့
ဖြစ်စေ ယုံကြည်ခိုင်းလို့ မရနိုင်ပြန်ပါဘူး။ရတယ်ဆိုရင်လဲ “ အတု“ဘဲဖြစ်မှာ သေချာပါတယ်။
ယုံကြည်မှုရှိဖို့  ဘာတွေ လိုအပ်သလဲ ဆွေးနွေးကြည့်ရအောင်လားဗျာ ။

Share

Saturday, September 15, 2012

အချစ်

ညချစ်သူ | 6:05 AM |
ညချစ်သူ | 6:05 AM |




Best Blogger Tips
Share

အချစ်


ကျွန်တော်တို့ရဲ့ဘဝထဲမှာ နာကျင်မှု နဲ့ လေးလံတဲ့ဝန်တွေကို ပထုတ်ပေးတဲ့ စကားလုံး
တစ်လုံးရှိပါတယ်။ အဲဒီစကားလုံးက " အချစ် " လို့ အမည်တွင်တယ်။


Share

Tuesday, September 11, 2012

ဘ၀ခရီးလမ်းကို လျှောက်လှမ်းကြရာဝယ်

ညချစ်သူ | 1:38 AM |
ညချစ်သူ | 1:38 AM |




Best Blogger Tips
Share



ဘ၀ဆိုတာ ဘနဲ့ဝ ပေါင်းစပ်ထားတယ်ဆိုပေမဲ့ တကယ်တမ်း လျှောက်လှမ်းရတဲ့ ခရီးလမ်းမှာတော့

ခယောင်းလမ်းကို ဖြတ်သန်းရတာ ရှိသလို ဆူးခင်းလမ်းကိုလည်း ဖြတ်ကျော်ချင် ဖြတ်ကျော်ရနိုင်ပေမည်။

ထိုအတူ သာယာချမ်းမြေ့တဲ့ လမ်းကလေးမှာလည်း လျှောက်လှမ်းရတာလည်း ရှိနေနိုင်ပါတယ် ။မွေးဖွားခြင်း

ကနေ အစပြုခဲ့တဲ့ ဘ၀ခရီးလမ်းဟာ သေဆုံးခြင်းမှတ်တိုင်ရောက်မှ အဆုံးသက်ကြရပေလိမ့်မယ် ။


ဘ၀ခရီးလမ်းကို လျှောက်လှမ်းမယ့်လူတိုင်းသည် လှိုင်းပင်လယ်နဲ့ တူတဲ့ ဘ၀ ၊ နုညံ့သိမ်းမွေ့ တဲ့ ပန်းနဲ့တူတဲ့

ဘ၀ ၊ အိုအေစစ်ကလေးလို အရာရာမှာ ပြည့်စုံနေတဲ့ ဘ၀ ၊ ကန္ဒရလို ပူပြင်းခြောက်သွေ့ တဲ့ ဘ၀ ၊စသည့်ဖြင့်

ဘ၀ခရီးလမ်းအမျိုးမျိုးကို လျှောက်လှမ်းရမယ် ထင်ပါတယ် ။ဘ၀မုန်တိုင်း အဖုံဖုံကြားမှာ လူးကာလွင့်ကာ


လျှောက်လှမ်းနေသမျှကာလပက်လုံး အောင်မြင်မှု လေပြေကိုရဖို့  လှိုင်းဝဲဂယက်ကြားမှာ  အောင်မြင်စွာ

ကျော်ဖြတ်နိုင်ရမည့်ဟူသော  စိတ်ဓာတ်ဆိုတဲ့ လျှော်တက်တစ်ခု ရှိနေဖို့ လိုအပ်ပါတယ် ။
Share

Wednesday, August 29, 2012

ဦးချိုကြောင့် ဒုက္ခတွေ့

ညချစ်သူ | 2:11 AM |
ညချစ်သူ | 2:11 AM |




Best Blogger Tips
Share



သမင်ထီးတစ်ကောင်ဟာ ရေဆာလို့စမ်းချောင်းကလေး တစ်ခုဆီလာခဲ့တယ်. . .

 ရေသောက်ပြီးတဲ့အခါ သူ့အရိပ်ကို ရေပြင်မှာ  သတိပြုမိတယ်.  

ရှည်ပြီး ထူးခြားစွာလှပနေတဲ့ သူ့ ဦးချိုတွေကြောင့် ဂုဏ်ယူနေမိတယ်.. . 

ဒါပေမယ့် သေးသွယ်ပြီး မလှပတဲ့ သူ့ခြေထောက်တွေကြောင့် အလွန်စိတ်ပျက်သွားလေရဲ့. . .  

အဲသလိုဖြစ်နေဆဲမှာ ခြင်္သေ့တစ်ကောင်ဟာ ဘွားခနဲပေါ်လာပြီး သူ့ကို  လိုက်တာပေါ့. . . . . 
Share

Monday, August 27, 2012

@@@ သူငယ်ချင်း @@@

ZOLZOL | 3:14 AM |
ZOLZOL | 3:14 AM |




Best Blogger Tips
Share
စကားလုံးလေးက သုံးလုံးတည်းပါပဲ ဒါပေမယ့် သူ့ရဲ့ အနက်ကတော့ကျယ်ပြန့်လွန်းတယ်ထင်ပါတယ် ။
သူငယ်ချင်းအချို့ က မထင်မှတ်တဲ့နေရာမှာ မထင်မှတ်ပဲ ကောက်တွေ့ ခဲ့ကြတယ် ။ သူငယ်ချင်းရဲ့ 
သူငယ်ချင်းအချို့ ဟာ မထင်မှတ်ပဲ ကိုယ်သူငယ်ချင်း ဖြစ်လာကြတယ်။ လူချင်းမမြင်ဖူးပဲ ဖုန်းနဲ့ 
အင်တာနက်နဲ့ ဆက်သွယ်တဲ့ သူငယ်ချင်းတွေလည်းရှိတယ် ။လူချင်း မြင်ဖူးပြီး အရမ်းကောင်းတဲ့
သူငယ်ချင်းတွေဖြစ်ခဲ့ကြတာလည်း ရှိတယ် ။ အိမ်မှားဝင်ပြီး ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ရှိသလို
မတော်တဆ တိုက်မိပြီး ခင်ခဲ့ကြတဲ့ သူငယ်ချင်းတေါလည်း ရှိတယ် ။

ငယ်ငယ်တုန်းက ကျောင်းတုန်းက အတူသွား ၊အတူစားခဲ့ကြတဲ့ သူငယ်ချင်းတွေက ကျောင်းပြီးတော့
ရေကြည်ရာ မြတ်နုရာကို ရှာကြရင်း တကွဲတပြားဆီ ဖြစ်ပြီး အဆက်အသွယ်က နည်းသထပ်နည်း
လာခဲ့တယ် ။
Share

Friday, August 24, 2012

ပုလင်းတစ်လုံးကို ဖြန့်ကျက်တွေးမိသော အတွေးစလေးများ

ညချစ်သူ | 2:54 AM |
ညချစ်သူ | 2:54 AM |




Best Blogger Tips
Share



သူငယ်ချင်းအားလုံးပဲ မဂ်လာပါဗျာ ။ကျွန်တော်လည်းစာမရေးရတာကြာပြီဆိုတော့ ဒီနေ့ တော့ နေလည်က အားတုန်း အခွေကြည့်မိတာလေးကို ဖြန့် ကျက်တွေးမိတာလေးတွေ ရေးချင်လာလို့  ရေးလိုက်ပါတယ် ။
သူငယ်ချင်းအားလုံးပဲ အားပေးကြပါဦးခင်ဗျာ ။

နေလည်က ကြည့်မိတဲ့ဇာတ်ကားလေးကို သူငယ်ချင်းတို့ လည်း ကြည့်ဖူးကြလိမ့်မယ်ထင်ပါတယ် ။
ဇာတ်ကားလေးနာမည်က The Gods Must Be Crazy 1 ဆိုတဲ့ကားလေးပါ အဲ့မှာပါတဲဇာတ်ဆောင်ကတော့
အများသိတဲ့ အာဖရိကသားကြီးပေါ့ ။အဲ့ဇာတ်ကားမှာ အာဖရိက က လူမျိုးစုတွေ နဲ့ တိုးတက်နေတဲ့ ကမ္ဘာ
က လူတွေအကြောင်းကို ယှဉ်တွဲဖော်ပြထားတာကို တွေ့ မြင်နိုင်မှာပါ ။
Share

Friday, August 17, 2012

“ချစ်ခြင်းမေတ္တာ ၏ သဘော ”

ညချစ်သူ | 1:41 AM |
ညချစ်သူ | 1:41 AM |




Best Blogger Tips
Share

“ချစ်ခြင်းမေတ္တာ”

တစ်ခါတုန်းက ပင်လယ်ထဲမှာ ကျွန်းတစ်ကျွန်း ရှိတယ်။ အဲဒီကျွန်းမှာ ခံစားမှုတွေ အကုန်လုံး
 နေထိုင်ကြသတဲ့။ ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်မှု၊ ကြွေကွဲမှု၊ အမြော်အမြင်ရှိမှု၊ ချမ်းသာမှု၊ ဆင်းရဲမှု စသည်ဖြင့်ပေါ့လေ။... တစ်နေ့မှာ အဲဒီကျွန်းကြီး ပင်လယ်အောက်မြုပ်တော့မယ်လို့လည်း သတင်း
ကြားရော အားလုံးက ကျွန်းကနေခွာဖို့ ပြင်ကြဆင်ကြတာပေါ့လေ။


အဲဒီအထဲမှာ ခံစားမှုတစ်ခုဖြစ်တဲ့ ချစ်ခြင်းမေတ္တာကတော့ နောက်ဆုံး ကျွန်းကြီး ပင်လယ်ရေအောက် မမြုပ်ခင်အထိတော့ ကျွန်းကို တွယ်တာနေသေးတာပေါ့လေ။နောက်ဆုံး ကျွန်းတစ်ခုလုံး မြုပ်ကာနီးတော့မှ 

အကူအညီတောင်းဖို့ ချစ်ခြင်းမေတ္တာက လိုက်ရှာသတဲ့။ အဲဒီအချိန်မှာ ချမ်းသာမှုက လှေကြီးအကြီးကြီးနဲ့ သူ့အနားက ဖြတ်သွားတယ်။

“ချမ်းသာကြွယ်ဝမှုရယ် ငါ့ကို နင်နဲ့အတူ ခေါ်သွားပါလား” ဆိုပြီး ချစ်ခြင်းမေတ္တာက အကူအညီတောင်းတော့ “မဖြစ်ဘူးဟ။ ငါ့လှေထဲမှာ ရွှေတွေငွေတွေအပြည့်နဲ့ နင့်အတွက် နေရာ မရှိဘူး” လို့ ပြောပြီး ထွက်သွား

သတဲ့။

ဒါနဲ့ အဲဒီအချိန်မှာ လှပတဲ့ လှေတစ်စီးနဲ့ ထွက်သွားတဲ့ မာန်မာနကို မြင်လိုက်တော့ “မာန်မာနရယ်၊ ငါကို ကယ်ပါဦးဟာ” လို့ အကူအညီတောင်းတော့ “မကယ်နိုင်ဘူး ချစ်ခြင်းမေတ္တာရေ၊ နင့်တစ်ကိုယ်လုံးက စိုရွှဲနေတော့ ငါ့လှေ အလှပျက်သွားမှာပေါ့” လို့ ဆိုပြီး ထွက်သွားပြန်တယ်။



အဲဒီအချိန်မှာပဲ ကြေကွဲမှုက လှေတစ်စီးနဲ့ ရောက်လာတော့ “ကြေကွဲမှုရယ်၊ ငါ နင်နဲ့ လိုက်ခဲ့ပါရစေ” လို့ ဆိုပြီး အကူအညီတောင်းတော့ “အို ချစ်ခြင်းမေတ္တာရယ်၊ ငါ့မှာလေ ကြေကွဲရလွန်းလို့ တစ်ယောက်တည်းပဲ သွားပါရစေ” လို့ ပြန်ဖြေသတဲ့။

Share

Thursday, August 16, 2012

ဘ၀လမ်းက အိမ်မက်များ

ညချစ်သူ | 2:11 AM |
ညချစ်သူ | 2:11 AM |




Best Blogger Tips
Share
လောကမှာ လူတိုင်းလူတိုင်းက နေစဉ်လမ်းတစ်ခုမဟုတ်တစ်ခုတော့ လျှောက်နေကြရမည်ဖြစ်ပေသည်။
လူလောက ကမ္ဘာကြီးမှာ လူ့ အသိုက်အ၀န်း လူ့ အဖွဲ့ အစည်းတွေမှာ ကျင်လည်နေသမျှ ကာလပက်လုံး
ဘ၀ဆိုတဲ့ လမ်းကို  ကိုယ်လမ်းကိုယ်ဖောက်ကာ လျှောက်လှမ်းကြရပေမည်။ဘ၀ဆိုတဲ့လမ်းက မွေးဖွားခြင်း
နဲ့ အစပြုပြီး သေဆုံးခြင်းနဲ့ အဆုံးသတ်ကြရပေလိမ့်မယ်။

လူတွေအကုန်လုံးက မတူညီနဲ့ ဘ၀လမ်းတွေကို လျှောက်လှမ်းနေကြပေမဲ့ နောက်ဆုံးမှာတော့ သေဆုံးခြင်း
ဆိုတဲ့ ဘ၀လမ်းမှာတော့ အဆုံးသတ်ခြင်းတူညီကြပေလိမ့်မယ်။နောက်ဆုံး သေဆုံခြင်းမတိုင်ခင်မှာ ကိုယ်
လျှောက်လှမ်းရမည့် ဘ၀လမ်းကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ခဲ့ကြပါ့မလား ။ဘာတွေကိုကော ထားခဲ့
နိုင်ကြသလဲ ။ဘ၀မှာ ဘယ်နှစ်ခါလောက် လမ်းလျှောက်ရင်း လမ်းပျောက်ဖူးကြသလဲ ။လျှောက်နေရင်း ခဏ
ခဏလည်း ချော်လဲဖူးကြမှာပေါ့ ။ဒါပေမဲ့ ကိုယ်လျှောက်ရမယ့်လမ်းကိုတော့ အားတင်းကာ မယိုင်မလဲ
လျှောက်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ် ။

ဘ၀ခရီးအစ ...........အမိဝမ်းမှ မွေးဖွားခဲ့တာခြင်းကစပြီး ဘ၀ခရီးလမ်းကို စတင်လျှောက်လှမ်းခဲ့ကြတယ် ။
ငယ်စဉ်ကလေးဘ၀ မသိနားမလည်တာများလို့  ဘ၀ကို  သိပ်ပြီးနားမလည်ခဲ့ကြဘူး ။နည်းနည်းသိလာတဲ့
အရွယ်မှာတော့ ချမ်းသာသူကလည်း ချမ်းသာတဲ့အလျှောက် ဆင်းရဲသူကလည်း ဆင်းရဲတဲ့အလျှောက် ဘဝ
ခရီးလမ်းကို လျှောက်လှမ်းရတာ ကွာလာတယ်။ကလေးအရွယ် မှာလည်း သူ့အသိဉာဏ်၊ သူကျင် လည်
ရသော ပတ်ဝန်းကျင်နှင့် သူ အားကျသော လူပုဂ္ဂိုလ်ပေါ် မူတည်၍ ဖြစ်ချင်သော ဘ၀တို့ ရှိ ကြသည်။
Share