page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, August 7, 2014

ဘ၀မှာ ဘယ်လိုပျော်ရွှင်အောင် နေရမလဲ

ZOLZOL | 11:21 AM |
ZOLZOL | 11:21 AM |




Best Blogger Tips
Share


ဘ၀မှာပျော်ရွှင်အောင်ဘယ်လိုနေရမလဲတဲ့။  အမြဲတမ်းတော့မဟုတ်ပါဘူး။ ဟိုတနေ့က သူငယ်ချင်းတစ်ယောက်အိမ်ကို  သွားလည်တယ်။ အိမ်ကလည်း အကောင်းစား ။ ကားတွေကလည်းအကောင်းစား။ ကလေး ၂ ယောက်ကလည်း အရွယ်ရောက်နေပြီ။  ကြည့်၇တာတော့ အားလုံးအဆင်ပြေနေတဲ့ပုံပါပဲ။ သူကလည်း သူ့ရုံးမှာလူကြီး တစ်ယောက်ဖြစ်နေလောက်ပါပြီ။ သူတို့အိမ်မှာ၂ရက်လောက်လည်း နေပြီးရော သူတို့မိသားစုက ပျော်ရွှင်တဲ့ မိသားစု မဟုတ်ဘူးဆိုတာ သိလာခဲ့တယ်။  သူတို့ကြားမှာ တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုတာတွေ မရှိသလို ကလေးတွေရဲ့အမူအရာကလည်းေ ပြောင်းလဲနေတာကိုတွေ့ရတယ်။ ဒီလစ်ဟာမှုကို သူတို့ရှာထားတဲ့ စည်းစိမ်တွေ အလုပ်အောင်မြင်မှုတွေ ဘာတွေနဲ့မှ ဖြည့်စွက်လို့မရပါဘူး။
အဲဒီတော့ ဘာဖြစ်လို့အဲဒီလိုဖြစ်ရလဲဆိုတာ ကိုယ့်ကိုကိုယ်ပြန်မေးရမယ်။ ကိုယ့်ဘ၀ကို လိုလေးသေးမရှိပြီးပြည့်စုံအောင် လုပ်မလား မပြည့်စုံသေးတာတွေကို ဖြည့်ဆည်းဖို့လုပ်မလား။ အောက်ကစာလေးတွေကတော့ ဖတ်ထားဖူးတဲ့
စာအုပ်လေးတွေ မဂ္ဂဇင်းတွေထဲကစာလေးတွေပါ။
ကိုယ့်အတွက်အစီစဉ်တစ်ခုဆွဲပါ
ကိုယ့်ဘ၀ကြီး စိတ်ချမ်းသာပျော်ရွှင်စေမယ့် ပန်းတိုင်ကိုရောက်ရှိဖို့တိကျတဲ့ အစီစဉ်တစ်ခုဆွဲရမယ်၊ တခါတလေမှာ ရည်မှန်းချက်ကိုဖြည့်ဆည်းဖို့တင် မဟုတ်ဘူး ပန်းတိုင်ကိုရောက်ရှိဖို့လည်း ကြိုးစားအားထုတ်ရမယ်။ ကိုယ်ကြိုးစားလေ အောင်မြင်လေပဲ။ ကိုယ်က အဲဒီရည်မှန်းချက်ကို တန်ဖိုးမထားဘူးဆိုရင်တော့ ကြိုးစားအားထုတ်ရကျိုးနပ်မှာမဟုတ်ဘူး။
အကောင်းမြင်တတ်မြင်တတ်တဲ့ ပတ်ဝန်းကျင်မှာနေထိုင်ပါ
ကိုယ့်ပတ်ဝန်းကျင်က လူတွေက ကိုယ့်အတွက် မကောင်းရင် ကိုယ့်ကိုပျော်ရွှင်အောင်လုပ်ဖို့ခက်ခဲသွားပြီ။ အဲဒီတော့ အကောင်းမြင်တတ်တဲ့သူတွေ ကိုယ့်ပန်းတိုင်ကိုရောက်ရှိဖို့ စိတ်ဝင်တစားကူညီပေးမယ့် အသိုင်းအ၀ိုင်းတွေကိုပဲရွေးချယ်လိုက်ပါ။
ကိုယ့်ကိုကိုယ်ပြုစုစောင့်ရှောက်ပါ
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်အတွက် ကိုယ်ပေးဆပ်ရမယ်။ ကိုယ့်အတွက်အချိန်ယူပြီး ချီးမွမ်းစကားပြောတာဖြစ်ဖြစ် နေ့လည်စာကောင်းကောင်းစားတာဖြစ်ဖြစ် တစ်ယောက်တည်းနေတာပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်ပြုစုပေးခြင်းဟာ ဘ၀အတွက် ပျော်ရွှင်စေတဲ့နည်းလမ်းတွေပါပဲ။
ပျော်ရွှင်မှုရဲ့ အကြီးမားဆုံးသောလျှိုဝှက်ချက်ဟာ ကျန်းမာရေးကောင်းခြင်းပါ
ကိုယ့်ကျန်းမာရေးကိုစောင့်ရှောက်ခြင်းဟာလည်း စိတ်ပျော်ရွှင်စေမယ့် နည်းလမ်းထဲကတစ်ခုပါပဲ။ အ၀လွန်ခြင်း အာဟာရဖြစ်တဲ့အစားအစာတွေ မစားသောက်ခြင်းတွေဟာ စိတ်မကျန်းမာစေတဲ့ အချက်တွေပဲ။ လေ့ကျင့်ခန်းလုပ်ခြင်း ယောဂကျင့်ခြင်း လမ်းလျှောက်ခြင်း ပြေးခြင်းစတဲ့ ကာယလေ့ကျင့်ခန်းတွေဟာ စိတ်ပျော်ရွှင်စေတဲ့နည်းလမ်းတွေပါပဲ။
Ref : ihealthcareupdate.com
Trend Myanmar
Share

No comments: