Share
မြန်မာနိုင်ငံရဲ့မြေပြန့်ဒေသ(၁၀)ခုမှာ နေထိုင်သူအချို့ကို
ဆိုးလ်အမျိုးသားတက္ကသိုလ်ဆေးရုံမှ ဆမလက်မှတ်ရ မြန်မာနိုင်ငံသား ဆရာဝန်တွေ
ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးစစ်ဆေးမှုအရ သွေးတိုး၊ဆီးချိုရောဂါ အများဆုံး
ဖြစ်ပွားနေတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။ သွေးတိုးရောဂါဟာ အချိန်အခါ၊
အရပ်ဒေသ၊ ဆင်းရဲချမ်းသာ လူတန်းစားမရွေး ဖြစ်ပွားနိုင်ပြီး အထူးသဖြင့်
အငန်နဲ့အဆီ များများစားတတ်သူ၊ အရက်၊ ဆေးလိပ်၊ ဘီယာများများ သုံးစွဲတတ်သူ၊
စိတ်ဖိစီးမှုများသူတို့အပြင် ဆီးချို၊လည်ပင်းအကျိတ်၊ ကျောက်ကပ်ရောဂါ
အစရှိတဲ့ ကိုယ်တွင်းရောဂါ တစ်ခုခုကြောင့်လည်း အဖြစ်များတယ်လို့ သိရပါတယ်။
ဆိုးလ်အမျိုးသားတက္ကသိုလ် ဆေးရုံမှ ဆမလက်မှတ်ရ မြန်မာနိုင်ငံသား ဆရာဝန်တွေဟာ
ဟင်္သာတ၊ မုံရွာ၊ ပြင်ဦးလွင်၊ မော်လမြိုင်၊ ပြည်၊ ပခုက္ကူ၊ ပဲခူး၊ မန္တလေး၊
ပုသိမ်နဲ့ မကွေးမြို့တို့မှာ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ခဲ့ရာ
လာရောက်ပြသသူတွေရဲ့ (၆၀)ရာခိုင်နှုန်းမှာ သွေးတိုးနဲ့ဆီးချိုရောဂါကို
တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သွေးတိုးနဲ့ ဆီးချိုရောဂါဟာ
Share
Showing posts with label ကျန်းမာရေး. Show all posts

Sunday, September 7, 2014
မြေပြန့်ဒေသ(၁၀)ခုမှာ စစ်ဆေးမှုအရ သွေးတိုး၊ဆီးချိုရောဂါ အများဆုံး ဖြစ်ပွားနေ
ZOLZOL | 12:44 PM | ကျန်းမာရေး | သတင်း Be the first to comment!
Labels:
ကျန်းမာရေး,
သတင်း
လက်ဆေးခြင်းဖြင့် မွေးကင်းစ ကလေးငယ် သေဆုံးမှုကို လျှော့ချနိုင်
ZOLZOL | 12:43 PM | ကျန်းမာရေး | သတင်း Be the first to comment!
Share
ကလေးမွေးဖွား ပေးသူတွေနဲ့ မိခင်တွေအနေနဲ့ ကလေးကို မကိုင်တွယ်မီ လက်ဆေးခြင်းဖြင့် မွေးကင်းစကလေးသူငယ် သေဆုံးမှုကို (၄၁)ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဆေးပညာဆိုင်ရာ အရာရှိများထံကနေ သိရပါတယ်။ နှစ်စဉ်မြန်မာနိုင်ငံမှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အဆုတ်ရောင် ရောဂါတွေကြောင့် ကလေးသူငယ်ပေါင်း (၄)သောင်းကျော်ဟာ အသက်(၅)နှစ် မပြည့်မီမှာ သေဆုံးနေကြရတယ်လို့ သိရပါတယ်။ အသက်သေဆုံးမှုအထိ ဖြစ်ပွားနိုင်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါဟာ Vibrio Cholera လို့ခေါ်တဲ့ ဝမ်းရောဂါပိုး ကူးစက်ခံရမှုကြောင့် ဖြစ်ပွားရတာဖြစ်ပြီး မသန့်ရှင်းတဲ့ အစားအသောက်၊ သောက်သုံးရေ၊ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်း စတာတွေကြောင့် အဓိကဖြစ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပါက ရေနဲ့ဓါတ်ဆားဓါတ်

ဖုန်းကို အရက်ပြန်နဲ့ သန့်ရှင်းပေးဖို့ လိုအပ်
ZOLZOL | 12:39 PM | ကျန်းမာရေး | သတင်း Be the first to comment!
Share
လူကို ရောဂါဖြစ်စေနိုင်တဲ့ ဗက်တီးရီးယားပိုးတွေဟာ လက်ကိုင်ဖုန်းတွေမှာ တွယ်ကပ်နိုင်တဲ့အတွက် ဖုန်းကို အယ်လ်ကိုဟော (အရက်ပြန်)နဲ့ သန့်စင်ပေးဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဆိုင်ရာ သုတေသန စာတမ်းတွေကနေ လေ့လာ သိရှိရပါတယ်။ လက်ကိုင်ဖုန်းတွေမှာ ဗက်တီးရီးယားပိုး ပါဝင်မှုဟာ ရေအိမ်ထဲက ရေဆွဲခလုတ်မှာရှိတဲ့ ဗက်တီးရီးယားပိုး ပမာဏထက် (၁၈)ဆပိုများတယ်လို့လည်း သိရပါတယ်။ ကိုလီဖောင်းလို့ခေါ်တဲ့ မစင်မှာပါဝင်လေ့ရှိတဲ့ ပိုးအပါအ၀င် ဗက်တီးရီးယားပိုးတွေဟာ လက်ကိုင်ဖုန်း အသုံးပြုသူတွေရဲ့ အစာအိမ် လမ်းကြောင်းဆိုင်ရာ ဝေဒနာ ပေးနိုင်လောက်အောင် လုံလောက်မှု ရှိတယ်လို့ သိရပါတယ်။ လက်ကိုင်ဖုန်းမှာရှိနေတဲ့ ဗက်တီးရီးယားပိုး ပမာဏဟာ များပြားနေတဲ့အတွက်ကြောင့် ဖုန်းကိုပိုးသန့်စင်ပေးဖို့ လိုအပ်တာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်း ကိုင်ဆောင်သူတွေ အနေနဲ့လည်း ဖုန်းကို ပိုးသန့်စင်ပေးဖို့ လိုအပ်တဲ့အပြင် မိမိတို့ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုကိုလည်း အလေးထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဒါမှသာ မသန့်ရှင်းတဲ့ လက်နဲ့

Wednesday, May 7, 2014
ကျန်းမာရေး သော့ချက်များ နှင့် ကျမ္မာရေးနည်းလမ်းကောင်းများ ******************************************
candle lay | 11:34 AM | ကျန်းမာရေး Be the first to comment!
Share
·သော့(၁) WATER
==========
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။
...
သော့(၂) SLEEP
=========
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။
သော့(၃) APPETITE
===========
အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။
ေ

ကျန်းမာရေး
Thursday, March 27, 2014
ကြွက်နို့နှင့် ပတ်သက်၍ သိသင့်သည်များ
ညချစ်သူ | 1:52 PM | ကျန်းမာရေး Be the first to comment!
Share
ကြွက်နို့နှင့် ပတ်သက်၍ သိသင့်သည်များ ကြွက်နို့ဆိုတာဟာ အရေပြားပေါ်မှာ ထွက်ပေါ်လာတတ်တဲ့ အဖုငယ်ဖြစ်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါပါ။ သေးငယ်တဲ့အဖု ထွက်ပေါ်တာ ဒါမှမဟုတ် အဖုကြီးထွက်တာ၊ မိမိကို စိတ်အနှောင့်အယှက်ဖြစ်စေတာနဲ့ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ကြွက်နို့နဲ့ ပတ်သက်ပြီး သိသင့်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဘာကြောင့် ကြွက်နို့ ပေါ်ပေါက်ရပါသလဲ။ ကြွက်နို့ဟာ HPV ခေါ်တဲ့ Human Papilloma Virus ကြောင့် ဖြစ်ရတာပါ။ HPV အမျိုးအစားပေါင်း ၈၀ ကျော်ကြောင့် ကြွက်နို့ အမျိုးအစားပေါင်း မျိုးစုံကို မျက်နှာ၊ လက်၊ ဒူးခေါင်း၊ ခြေထောက်၊ လိင်အင်္ဂါနဲ့ လည်ချောင်း အစရှိတာလိုမျိုး နေရာအနှံ့မှာ ဖြစ်ပေါ်တတ်ပါတယ်။ သင့်ထံကို ဗိုင်းရပ်စ်ပိုး တစ်ခါ ဝင်ရောက်ဖူးရင် သင့်မှာ အမြဲတမ်း ကြွက်နို့ မပေါ်ပေါက်နေပေမယ့် အဲဒီဗိုင်းရပ်စ်က တစ်သက်လုံး သင့်ခန္ဓာကိုယ်ထဲမှာ ရှိနေတတ်ပါတယ်။ ကြွက်နို့က ဘယ်လို ကူးစက်နိုင်ပါသလဲ။

ကန်စွန်းရွက်ကြော်ကို စားမယ်ဆိုရင်
ညချစ်သူ | 1:18 PM | ကျန်းမာရေး Be the first to comment!
Share
(၁) အဆိပ်ပြေစေပါတယ်
(၂) ဝမ်းမှန်မှန် သွားစေပါတယ်
(၃) အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်
(၄) ကိုယ်အလေးချိန် လျော့ကျစေပါတယ်
(၅) သွေးဖိအားကို ထိန်းပေးပါတယ်
Share
(၁) အဆိပ်ပြေစေပါတယ်
(၂) ဝမ်းမှန်မှန် သွားစေပါတယ်
(၃) အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်
(၄) ကိုယ်အလေးချိန် လျော့ကျစေပါတယ်
(၅) သွေးဖိအားကို ထိန်းပေးပါတယ်
Share
Labels:
ကျန်းမာရေး
Thursday, August 23, 2012
သင်၏ အိပ်စက်မှုစနစ်ကို ဖျက်ဆီးနေသော အိပ်ရာဝင်ချိန် အလေ့အထများ
ညချစ်သူ | 4:37 AM | ကျန်းမာရေး
Share

လူတိုင်းဟာ ကိုယ့်အိပ်စက်မှုပုံစံကို အလေးထားသင့်ပါတယ်။ အိပ်ရေးဝဝ အိပ်စက် အနားယူပေးမှသာ နောက်တစ်နေ့မှာ လန်းဆန်းမှုအပြည့်၊ အားအင်အပြည့်နဲ့ ကျန်းကျန်းမာမာ အလုပ် လုပ်နိုင်မှာ ဖြစ်ပါတယ်။
အိပ်ရာထဲသို့ စာအုပ်များ ယူသွားခြင်း
အိပ်ရာမဝင်ခင် စာဖတ်တာက လူအများစုအတွက် အလေ့အထ တစ်ရပ်လို ဖြစ်နေပါတယ်။ ပြဿနာကတော့ ဒီအလေ့အထကို ခန္ဓာကိုယ်က စွဲမြဲနေပြီး အခန်းနှစ်ခန်းလောက်မှ ဖတ်လို့မပြီးရင် အိပ်လို့ မပျော်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အိပ်ရာထဲကို စာအုပ်တွေ အများကြီး သယ်မပြီး ဖတ်တာမျိုး မလုပ်သင့်ပါဘူး။ အိပ်ရာဟာ အိပ်စက်ဖို့ပဲ ကန့်သတ်ထားသင့်ပါတယ်။
Facebook အသုံးပြုလွန်းခြင်း
ကွန်ပျူတာစကရင်ရဲ့ အလင်းရောင်ဟာ သင့်ဦးနှောက်ကို နိုးကြားအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာထဲမှာ သင်လုပ်ရမယ့် အလုပ်တွေကို ရေးမှတ်နေရင်လည်း စိုးရိမ်ပူပန်မှုတွေဖြစ်ပြီး စိတ်အေးလက်အေး အိပ်ပျော်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ညဥ့်နက်တဲ့အထိ ကွန်ပျူတာသုံးတာကို ရှောင်ပါ။ ကွန်ပျူတာကို ပိတ်ပြီး ခန္ဓာကိုယ် အကြောပြေလျော့အောင် အချိန်ပေးကာ နားပါ။

Tuesday, August 21, 2012
သင် တစ်ယောက်တည်း ရှိနေချိန် heart attack ရခဲ့သော် (သို့ ) နှလုံးအဆုတ် အသက်ကယ်နည်း CPR
ညချစ်သူ | 12:08 AM | ကျန်းမာရေး
Share
ညနေ ၆း၁၅ လောက်မှာ သင်ဟာအိမ်ကိုတစ်ယောက်တည်းပြန်လာ
နေတယ်
ဆိုကြပါစို့ ။ အလုပ်မှာကလည်း စိတ်လှုပ်ရှားပင်ပန်းခဲ့ တဲ့ နေ့ ဆိုပါတော့။
သင်ဟာ တကယ်မောပန်း စိတ်ပျက်နေတဲ့အချိန်ပါပဲ။ ဒီချိန်မှာရုတ်တရက်
ရင်ခေါင်းထဲက ပြင်းထန်တင်းကြပ်နာကျင်မှုမျိုး သင်ခံစားလိုက်ရပါတယ်။အထဲက
လက်နဲ့ ဆွဲဆုပ်ညှစ်ထားသလိုမျိုး၊ ရင်ဘတ်ပေါ် လူတစ်ယောက်တက်
ထိုင်ထားသလိုမျိုး ခံစားရပြီး အရမ်းပြင်းထန်လို့ ချွေးသီး
ချွေးပေါက်တွေတောင် ကျလာပါတယ်။ ဒီနာကျင်မှုဟာ လက်မောင်းတွေ၊ မေးရိုးတွေအထိ
ထုံကျင်ပျံ့ နှံ့ သွားပါတယ်။ ဒီတော့ သင် ကြားဖူးထားလို့ သိလိုက်ရတာက
ဒါဟာနှလုံးသွေးကြောပိတ်ပြီး နှလုံးက အောက်စီဂျင် မရတဲ့ရောဂါ ( Ischaemic
Heart Disease ) ရဲ့ နှလုံးရုတ်တရက်ထဖောက်ခြင်း ( Heart Attack) ဆိုတာပါပဲ။
ကံဆိုးစွာပဲ သင်နဲ့ အနီးဆုံးဆေးရုံဆေးခန်းဟာ ၅မိုင်လောက် ဝေးပါတယ်။
ဒီချိန်မှာ နောက် တစ်မိနစ်လောက်တောင် သင်အသက်ဆက် ရှင်နိုင်ပါတော့မလားလို
့ထင်ရလောက်အောင် ဝေဒနာကလဲ ဆိုးဝါးလာပါတယ်။ ဒါဆို သင်ဘာလုပ်မလဲ........?
သင်အရင်တုန်းက Cardiopulmonary Resuscitation, CPR လို့ ခေါ်တဲ့ အရေးပေါ်နှလုံးအဆုတ် အသက်ကယ်နည်းကို သင်ခဲ့ရဖူးမှာပါ။ လူနာကို ရင်ဘတ်ပေါ်ကနေ လက်နဲ့နှလုံးကို ၃ ချက်နှိုးလိုက်၊ လူနာကိုနှာ ခေါင်းပိတ်ပြီး ပါးစပ်ကနေ ၁ ချက် လေမှုတ်သွင်းပေးလိုက် စည်းချက် ကျကျလုပ်ရတာဆိုတာ သင်သိပါတယ်။ အခုသင့်ကို ဒီလိုလုပ်ပေးဖို့ လိုလာပြီဆိုတာ သင်သိလိုက်ပါပြီ။ ဒါပေမယ့် အနားမှာ လူတစ်ယောက်မှ မရှိတဲ့နေရာကို သင်ရောက်နေတယ်ဆိုရင် သူများကို ဘယ်လိုလုပ်ခိုင်းမလဲ။ ဒီအတွက် လူတိုင်းကိုယ့်ကိုယ်ကို လုပ်လို့ ရတဲ့ CPR အသက်ကယ်နည်းကို တင်ပြပေးချင်ပါတယ်။
Share
ညနေ ၆း၁၅ လောက်မှာ သင်ဟာအိမ်ကိုတစ်ယောက်တည်းပြန်လာ
သင်အရင်တုန်းက Cardiopulmonary Resuscitation, CPR လို့ ခေါ်တဲ့ အရေးပေါ်နှလုံးအဆုတ် အသက်ကယ်နည်းကို သင်ခဲ့ရဖူးမှာပါ။ လူနာကို ရင်ဘတ်ပေါ်ကနေ လက်နဲ့နှလုံးကို ၃ ချက်နှိုးလိုက်၊ လူနာကိုနှာ ခေါင်းပိတ်ပြီး ပါးစပ်ကနေ ၁ ချက် လေမှုတ်သွင်းပေးလိုက် စည်းချက် ကျကျလုပ်ရတာဆိုတာ သင်သိပါတယ်။ အခုသင့်ကို ဒီလိုလုပ်ပေးဖို့ လိုလာပြီဆိုတာ သင်သိလိုက်ပါပြီ။ ဒါပေမယ့် အနားမှာ လူတစ်ယောက်မှ မရှိတဲ့နေရာကို သင်ရောက်နေတယ်ဆိုရင် သူများကို ဘယ်လိုလုပ်ခိုင်းမလဲ။ ဒီအတွက် လူတိုင်းကိုယ့်ကိုယ်ကို လုပ်လို့ ရတဲ့ CPR အသက်ကယ်နည်းကို တင်ပြပေးချင်ပါတယ်။
Share
Labels:
ကျန်းမာရေး
Tuesday, August 7, 2012
ကျန်းမာရေးအသိလွဲနေမှုများ (ကျန်းမာရေးအသိအမြင်)
ညချစ်သူ | 12:38 AM | ကျန်းမာရေး Be the first to comment!
Share
ကျန်းမာရေးနဲ့ပက်သက်လို့
အများလက်ခံသိရှိထားတဲ့ အချက်နဲ့ တကယ့်အဖြစ်မှန်တို့ဟာ ကွဲလွဲနေတတ်ပါတယ်။
အောက်ဖော်ပြပါ အမေး၊ အဖြေများကို ကြည့်လိုက်ရင် အထင်နဲ့ အမြင်
ကွဲပြားခြားနားနေတာကို သိရှိနားလည် သွားနိုင်ပါတယ်။
လက်ဆစ်တွေကို ချိုးဖန်များရင် အဆစ်အမြစ်ရောင်ရောဂါ ဖြစ်တတ်တယ်။
မဟုတ်ပါဘူး။ လက်ဆစ်တွေကို ချိုးလိုက်တဲ့အခါ ဂျွတ်ခနဲ၊ ဗျစ်ကနဲ မြည်သွားတာက အရိုးများအကြားမှာ ပိတ်မိနေတဲ့ ဓာတ်ငွေ့တွေ ထွက်သွားလို့ အသံမြည်ရခြင်းသာ ဖြစ်ပါတယ်။ အရိုးကြားက အခိုးအငွေ့တွေ ထွက်သွားလို့ ပေါ့ပါးတောင် သွားပါသေးတယ်။
ဆံပင်၊ အမွှေးအမှင်တွေကို မကြာခဏ ရိတ်ပေးရင် ဆံပင်၊ အမွှေးအမှင်တွေ သန်လာတတ်ပါတယ်။
မဟုတ်ပါဘူး။ ကတ်ကျေးနဲ့ဆံပင်တွေကို ဖြတ်ချလိုက်သလိုပါပဲ။ ဆံပင်နဲ့ အမွှေးအမှင်တွေကို ရိတ်ပေးနေတာဟာ ငုတ်စကလေးတွေ တိုသွားရုံသက်သက်ပဲ ဖြစ်စေပါတယ်။

Friday, July 27, 2012
အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ
ညချစ်သူ | 12:40 AM | ကျန်းမာရေး | ဗဟုသုတ Be the first to comment!
Share

လူအပါအ၀င် သတ္တ၀ါအားလုံးအတွက် မရှိမဖြစ်လိုအပ်သော မရှောင်လွှဲနိုင်သော အလုပ်သုံးခုမှာ စားခြင်း၊ အိပ်ခြင်းနှင့် မေထုန်မှီဝဲခြင်းတို့ ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အခြေခံလိုအပ်ချက်များဟူ၍လည်း သိပ္ပံပညာရှင်များနှင့် လူမှုရေးပညာရှင်များက ပြောဆိုကြသည်။
ထိုမရှောင်လွှဲနိုင်သော အလုပ် ၃-ခုအနက် စားခြင်းမှာ တခါတရံ ထိန်းသိမ်း၍ရ၏။ မေထုန်မှီဝဲခြင်းမှာလည်း ရှောင်လွှဲ၍ရ၏။ အိပ်ခြင်းကိုမူ မည်သူမျှ အကြာကြီး ရှောင်၍မရပေ။
လူတို့သည် အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်ဖြစ်နိုင်၏။ အိပ်မရဖြစ်နိုင်၏။ ထိုအခါ အိပ်မရသော် အိပ်ဆေးများ သုံးလာကြသည်။
အမေရိကန်နိုင်ငံ၌ တနှစ်လျှင် အိပ်ဆေးတန်ချိန် ၆၀၀-ကျော်မျှ ရောင်းချရ၏။ အမေရိကန်လူမျိုး သန်း ၅၀-ကျော်သည် အိပ်ဆေးမစားရပါက အိပ်၍မရဟု သိရသည်။ အိပ်ပျော်စေရန် သုံးသော ဆေးများမှာ ကမ္ဘာပေါ်တွင် လူသုံးအများဆုံးဆေးများ ဖြစ်ပါသည်။
အောက်ပါလုပ်ဆောင်ချက်များသည် အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ ဖြစ်ပါသည်။
(၁) အိပ်ရာမ၀င်မီ ရေချိုးခြင်း။
အိပ်ရာမ၀င်မီ ရေချိုးခြင်းမှာ လူကို လန်းဆန်း၍ သန့်စင်စေသလို အိပ်ရာဝင်သောအခါ၌ အိပ်ပျော်စေ၏။ ပူအိုက်သောရာသီတွင် ရိုးရိုးရေကို ချိုး၍, ချမ်းအေးသောရာသီတွင် ရေနွေးဖြင့်စပ်၍ ချိုးပါက အရေပြားသို့ သွေးအရောက်များပြီး အိပ်ပျော်စေနိုင်ပါသည်။
(၂) အိပ်ရာမ၀င်မီ တူရိယာဂီတ နားထောင်ခြင်း။
အိပ်ရာမ၀င်မီ ငြိမ့်ညောင်းသာယာသော ဂီတသံများ နားထောင်ခြင်း၊ ပျော်ရွှင်ဖွယ်၊ စိတ်ငြိမ်းချမ်းဖွယ် ရုပ်ရှင်၊ တယ်လီဗေးရှင်းဇာတ်လမ်းများ ကြည့်ရှုခြင်းမှာ စိတ်ကို လန်းဆန်း၍ လူကို အိပ်ပျော်စေပါသည်။
(၃) စာဖတ်ခြင်း။
အိပ်ရာမ၀င်မီ မိမိစွဲမက်သော ၀တ္ထုစာအုပ်များကို ဖတ်၍ အိပ်ပါက အိပ်၍ပျော်စေပါသည်။
(၄) စိတ်လျော့ခြင်း။
မအိပ်မီ စိတ်လျော့ခြင်း၊ တရားထိုင်ခြင်း၊ အနင်းအနှိပ် ခံခြင်းများသည်လည်း အိပ်၍ပျော်စေပါသည်။
(၅) နွားနို့ပူပူသောက်ခြင်း။
အိပ်ရာမ၀င်မီ နွားနို့(သို့) အိုဗာတင်း၊ မိုင်လို စသည်တို့ကို ခပ်ပူပူ ခပ်နွေးနွေး တခွက်သောက်ပါက အိပ်ပျော်စေသည်။ ဗိုက်လည်းပြည့်၊ သွေးလည်ပတ်မှုနှင့်လည်းညီ၊ အာဟာရလည်းရသဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပေသည်။
(၆) ကခုန်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း။
အိပ်ရာမ၀င်မီ နာရီဝက်၊ တနာရီခန့် ကခုန်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် လူ၏ကြွက်သားများကို ပျော့ပျောင်းစေပြီး သွေးလည်ပတ်မှုကို ကောင်းစေသည်။ ကိုယ်ခန္ဓာမှ အညစ်အကြေးများကိုလည်း ထွက်စေသည်။ ထိုသို့ပြုလုပ်ပြီးနောက် ရေချိုးပြီး အိပ်ရာဝင်ပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါသည်။
ဒေါက်တာမောင်မောင်ညို (အံပဖွယ်သုတစာစောင်)
Posted by: mingala at 21.2.11
Labels: ကျန်းမာရေး
Shared from http://www.mawluu.com/2011/02/blog-post_9307.html Share
by Health Articles on Thursday, July 26, 2012 at 9:35am ·

ဗဟုသုတ
ပိန်သွယ်စေမည့် အလွယ်နည်းများ
ညချစ်သူ | 12:36 AM | ကျန်းမာရေး Be the first to comment!
Share

ကိုယ်အလေးချိန် လျော့ကျဖို့ မနည်း ကြိုးစားနေပေမယ့် သင်မှန်းထားသလောက် ဝိတ်မလျော့လာဘဲ ဖြစ်နေသလား။ ဝိတ်လျော့ချင် သူတွေ အတွက် သတင်းကောင်း ရှိပါတယ်။ သုတေသန ပညာရှင်တွေရဲ့ လေ့လာချက်အရ အစားအသောက် လျှော့စရာ မလိုဘဲ ပေါင်ချိန်များစွာ လျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်းတွေ များစွာ ရှိပါတယ်။
(၁) အိပ်စက်ခြင်းဖြင့် အဆီများ ချေဖျက်ပါ
ဝိတ်လျော့ဖို့ကို အိပ်ရမယ်ဆိုလို့ မယုံနိုင် ဖြစ်နေပါသလား။ ဟုတ်ပါတယ်။ အိပ်စက်တာက တကယ်ကို လွယ်ကူပြီး တကယ်ကို ထိရောက်တဲ့နည်းပါ။ လေ့လာချက်အရ တစ်ညကို အိပ်ချိန်ခုနစ် နာရီခွဲ ရှိသူတွေဟာ အိပ်ချိန်ငါးနာရီခွဲသာ ရှိသူတွေထက်စာရင် စားတဲ့ အစာပမာဏ တူညီကြတာတောင်မှ ခန္ဓာကိုယ်အဆီ လျော့ကျမှုဟာ အံ့သြသင့်စရာ ကောင်းလောက်အောင်ကို ၅၅ ရာခိုင်နှုန်း အထက် လျော့ကျပြီး ဗိုက်ဆာမှုလည်း လျော့နည်းနေတာ တွေ့ရပါတယ်။

Tuesday, July 24, 2012
ရေသောက်သုံးမှု နည်းသည့် ပြဿနာမှာ သွေးချို ၊ ဆီးချို ရောဂါ ဖြစ်ပွားမှုနှင့် ဆက်စပ်လျက်ရှိ
ညချစ်သူ | 11:33 PM | ကျန်းမာရေး Be the first to comment!
Share
ပြင်သစ်
အမျိုးသား သုတေသန တက္ကသိုလ်မှ ပြုလုပ်ခဲ့တဲ့ လေ့လာမှု အသစ်တစ်ခု အရ နေ့စဉ်
ရေ(၂)ခွက်ထက် နည်းပြီး သောက်သုံးတဲ့ သူတွေဟာ သွေးတွင်းသကြားဓာတ်
မြင့်မားဖို့ အလားအလာ ပိုမိုမြင့်မား နိုင်တယ်လို့ သိရပါသည်။ ေ
သွးတွင်းသကြား ဓာတ်ဟာေ သွးချို ၊ ဆီးချိုရောဂါ ဖြစ်ပွားလောက်အောင်
မမြင့်မားပေမယ့် သာမန်ထက် သွေးတွင်း သကြားဓာတ် ပိုမို မြင့်မားတဲ့သူေ တွ ၊
သွေးချို ၊ ဆီးချိုရောဂါအကြို ဖြစ်ပွားနေသူတွေ ဖြစ်ပါသည်။
ယခုပြုလုပ်တဲ့ လေ့လာမှု အသစ်အရ ရေလီတာဝက်သာ သောက်သုံးတဲ့ အရွယ်ရောက်ပြီး သူတွေဟာ သွေးချို ၊ ဆီးချိုရောဂါ အကြို ဖြစ်ပွားတဲ့ အဆင့် မှာ သွေးတွင်းသကြားဓာတ် ပိုမိုမြင့်မား လာကြောင်း သိရပါသည်။ ဒါ့ပေမယ့်လည်း ပုံမှန်ရေ သောက်သုံးသူ တွေဟာ သွေးတွင်း သကြားဓာတ်
မြင့်မားမှု အန္တရာယ်ကို လျှော့ချနိုင်မှု ရှိ ၊ မရှိ ဆိုတာကိုတော့ ဆက်လက် လေ့လာလျက် ရှိပါသည်။ အဆိုပါ လေ့လာချက် အသစ်ကို စတင် လေ့လာချိန်က သွေး တွင်း သကြားဓာတ် ပုံမှန်ရှိတဲ့ အသက်(၃၀)နဲ့ (၆၅)နှစ်ကြား အရွယ်ရှိ ပြင်သစ်လူမျိုး(သုံးထောင့်ခြောက်ရာတစ်ဆယ့်ငါး)ဦးကို လေ့လာမှုတွေ လုပ်ခဲ့ တာ ဖြစ်ပါသည်။ လေ့လာမှုမှာ ပါဝင်သူတွေ အနက် (၁၉)ရာခိုင်နှုန်းဟာ တစ်နေ့ ရေလီတာဝက်ထက် နည်းပြီး သောက်သုံး သူတွေဖြစ်ပြီး ကျန်(၈၉)ရာခို င်နှုန်းကတော့ ရေတစ်လီတာ နဲ့အထက် သောက်သုံးသူတွေ ဖြစ်ပါသည်။

Saturday, July 21, 2012
ဆေးဖက်ဝင်သော သစ်သီးဝလံများဧ။် အခွံများ
ညချစ်သူ | 2:05 AM | ကျန်းမာရေး | ဗဟုသုတ Be the first to comment!
Share
ငှက်ပျောသီးအခွံကို
စားခြင်းအားဖြင့်တော့ လူကို တက်ကြွရွှင်လန်းစေပါတယ်။ နောက်ပြီး
မျက်စိအားကောင်းစေသလို မျက်စိတိမ်စွရောဂါများ အတွက်လည်း အလွန်ကောင်းပါတယ်။
ဘယ်လိုစားရမလဲ ဆိုရင်တော့ သုတေသီတွေမှ အကြံပေးပြောကြားချက်အရ ငှက်ပျောသီးအခွံကို ရေနွေးနဲ့ ၁ဝ မိနစ်လောက်ပြုတ် လိုက်ပါ။ ပြီးရင် သစ်သီးဖျော်စက်ထဲမှာ ထည့်ဖျော်ပြီး ဖျော်ရည်အဖြစ်လဲ စားသောက်နိုင်တယ်လို့ဆိုပါတယ်။
ကြက်သွန်ဖြူ အခွံမှာ ကွဲပြားတဲ့ antioxidant ၆ မျိုးပါဝင် ပါတယ်။ နောက်ပြီး အိုမင်းရင့်ရော်ခြင်းနှင့် နှလုံးရောဂါများကိုလည်း ကာကွယ်နိုင်တယ်လို့ ဒေါက်တာ Glenville က ရှင်းပြပါတယ်။
Share
![]() |

Saturday, July 7, 2012
ငှက်ဖျားရောဂါအကြောင်း သိကောင်းစရာ
ZOLZOL | 3:39 AM | ကျန်းမာရေး Be the first to comment!
Share
ငှက်ဖျား
ရောဂါသည် ကျွန်တော်တို့ မြန်မာ နိုင်ငံအပါအဝင်၊ ကမ္ဘာ့နိုင်ငံ များတွင်
ကြီးမားစွာ ဒုက္ခ ပေးလျက် ရှိသည်။ ငှက်ဖျား ရောဂါ ကြောင့် မသေ သင့်သော
သူများ သေဆုံး ခဲ့ကြ ရပါသည်။ နှစ်စဉ် နှစ်တိုင်း၊ တစ်ကမ္ဘာလုံးရှိ
ပြည်သူများကို ခြိမ်းခြောက်လျက် ရှိပါသည်။ ငှက်ဖျားရောဂါအတွက်
နောက်ဆုံးပေါ်ခေတ်မီဆေးဝါးများ ပေါ်လာ သော်လည်း သေဆုံးခြင်း၊
အားအင်ချိနဲ့ခြင်း များ ဖြစ်ပေါ်လျက်ရှိပါသည်။ အဘယ် ကြောင့်ဆိုသော်၊
ကာကွယ်နည်းများကို လိုက်နာဆောင်ရွက်မှုအားနည်းခြင်း
နှင့် ထိရောက်စွာကုသမှုမရှိခြင်းကြောင့် ဖြစ်ပါ သည်။ ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်း များတွင် ပြည်သူတစ်ရပ်လုံးပါဝင်မှုနည်း ခြင်း ကြောင့် လည်း ဖြစ်ပါသည်။
ခြင်းဖြစ်ပါသည်။ ထိုခြင်မ သည် နေဝင်ချိန်မှ နံနက်မိုးသောက် အရုဏ်တက်အတွင်း (အထူးသဖြင့် ည အချိန်)၌ လူကို ကိုက်လေ့ရှိပါသည်။
(၂) ငှက်ဖျားရောဂါကိုဖြစ်စေ သော ရောဂါပိုးများ
အဓိအားဖြင့် ၄ မျိုးရှိပါသည်။ ၄င်း တို့မှာ ပလက်စမိုးဒီယမ် (ဖယ်စီပရမ်၊ မလေးရီရေး၊ အိုဗေးနှင့် ဗိုင်းဗတ်)တို့ဖြစ် ပါသည်။ ပလက်စမိုးဒီယမ် ဖယ်စီပရမ် သည် အဖြစ်အများဆုံးနှင့် အပြင်းအထန် ဆုံး အမျိုးအစားဖြစ်ပါသည်။ သေဆုံးမှု လည်း အများဆုံးဖြစ်ပါသည်။
Share
ငှက်ဖျားရောဂါအကြောင်း သိကောင်းစရာ
(၁) ငှက်ဖျားဖြစ်စေသောအကြောင်း အရင်း
ငှက်ဖျားရောဂါသည်
စိမ့်ရေ၊ စမ်း ရေသောက်ခြင်း၊ ငှက်ပျောသီး၊ ကျွဲကောသီးစား၍မဟုတ်ပါ။
အဓိကအားဖြင့် ခြင် ကိုက်ခြင်းကြောင့် ကူးစက်တတ်သော ရောဂါဖြစ်ပါသည်။
ငှက်ဖျားရောဂါပိုး သယ်ဆောင်လာသော အနော်ဖီလီခြင်မ ကိုက်ခြင်းကြောင့် လူနာမှ
အခြားသူထံ ရောဂါကူးစက်ခြင်းဖြစ်ပါသည်။ ထိုခြင်မ သည် နေဝင်ချိန်မှ နံနက်မိုးသောက် အရုဏ်တက်အတွင်း (အထူးသဖြင့် ည အချိန်)၌ လူကို ကိုက်လေ့ရှိပါသည်။
(၂) ငှက်ဖျားရောဂါကိုဖြစ်စေ သော ရောဂါပိုးများ
အဓိအားဖြင့် ၄ မျိုးရှိပါသည်။ ၄င်း တို့မှာ ပလက်စမိုးဒီယမ် (ဖယ်စီပရမ်၊ မလေးရီရေး၊ အိုဗေးနှင့် ဗိုင်းဗတ်)တို့ဖြစ် ပါသည်။ ပလက်စမိုးဒီယမ် ဖယ်စီပရမ် သည် အဖြစ်အများဆုံးနှင့် အပြင်းအထန် ဆုံး အမျိုးအစားဖြစ်ပါသည်။ သေဆုံးမှု လည်း အများဆုံးဖြစ်ပါသည်။
Labels:
ကျန်းမာရေး
Wednesday, July 4, 2012
စိတ်ကျရောဂါကို လျော့ပါးစေမည့် စားသောက်မှုပုံစံ
ZOLZOL | 12:02 AM | ကျန်းမာရေး Be the first to comment!
Share

လူအများစုဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို အကြောင်း အမျိုးမျိုးကြောင့် ကြုံတွေ့ နေရတတ်ပါတယ်။ တစ်ခါတလေ နာကျင်မှုနဲ့အတူ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေပါ ကြုံရတတ်ပါတယ်။ စိတ်ကျရောဂါတွေကို လျော့ပါးစေဖို့ အစားအစာ တချို့ဟာ တိုက်ရိုက်ပတ်သက်မှု ရှိတယ်လို့ လေ့လာမှုတွေအရ တွေ့ရှိခဲ့ကြပါတယ်။ သဘာဝ အာဟာရတွေဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ်၊ အသားဓာတ်၊ ဖက်တီးအက်စစ်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ် စတာတွေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဟော်မုန်းတွေကို ထွက်စေပြီး စိတ်ကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေပါတယ်။ တချို့ အစားအစာတွေကြောင့် စိတ်လှုပ်ရှားမှု၊ ရင်တုန်မှုနဲ့ ဖိစီးမှုကို ဖြစ်စေတတ်ပါတယ်။ အထူးသဖြင့် အရက်၊ ကဖင်းနဲ့ အချိုလွန်ကဲတဲ့ အစာတွေကြောင့်ပါ။ တချို့အစားအစာတွေဟာ သင့်ဦးနှောက်ဆီကနေ အာရုံကြောစနစ်ကို ကောင်းမွန်တဲ့ ခံစားမှုတွေ ပေးစွမ်းနိုင်ပြီး ပျော်ရွှင်တဲ့ စိတ်ခံစားမှုတွေကို ရရှိစေနိုင်ပါတယ်။
ဗီတာမင် စီ နဲ့ အီး
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ဗီတာမင် စီ နဲ့ အီး ဟာ စိတ်ကျရောဂါအတွက် အကောင်းဆုံး အကျိုးရလဒ်ကို ပေးနိုင်ပါတယ်။ ချယ်ရီသီးမှာဆိုရင် စိတ်ကျခြင်းကို တားဆီးနိုင်တဲ့ Anthocyanine ပါဝင်ပါတယ်။ ထောပတ်သီးနဲ့ ငှက်ပျောသီးတို့ကလည်း စိတ်ခံစားမှုကို ကောင်းစေတဲ့ Serotonin ကို ထုတ်လွှတ်ပေးပါတယ်။ တခြားဖြည့်စွက်မှု အနေနဲ့ ပန်းဂေါ်ဖီစိမ်း၊ မှို၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ကန်စွန်းဥ၊ အစိမ်းရင့်ရောင်အရွက်၊ ဆလတ်ရွက်၊ ဟင်းနုနယ်ရွက် စတာတွေကို စားပါ။

Tuesday, July 3, 2012
နှလုံးရောဂါထခြင်း အန္တရာယ်ကို ၉ဝရာခိုင်နှုန်း နီးပါး လျှော့ချ နိုင်မည့် နည်းလမ်းများ
ZOLZOL | 2:24 AM | ကျန်းမာရေး 1 Comment so far
Share

နှလုံးရောဂါထခြင်း အန္တရာယ်ကို ၉ဝရာခိုင်နှုန်း နီးပါး လျှော့ချ နိုင်မည့် နည်းလမ်းများ
လုပ်ငန်းခွင် ဖိစီးမှုရှိကာ အလုပ်မြဲမှ မြဲပါ့မလားဆိုပြီး စိတ်ပူပင် သောကများ နေရတာဟာ အမျိုးသမီး တစ်ယောက်ရဲ့ နှလုံးကျန်းမာ ရေးကို ထိခိုက်စေ နိုင်ကြောင်း ချီကာဂိုမှာ ကျင်းပခဲ့တဲ့ အမေရိကန် နှလုံး ကျန်းမာရေး အသင်းအဖွဲ့ အစည်းအဝေးက ဆိုပါတယ်။ လုပ်ငန်းခွင်နဲ့ ဆက်စပ်ပြီး ခံစားနေရတဲ့ နာတာရှည် စိတ်ဖိစီးမှု များနေတဲ့ အမျိုးသမီးတွေကို ၁ဝနှစ်ကြာ လေ့လာမှုအရ သူတို့ဟာ တခြား အမျိုးသမီးတွေထက် နှလုံးရောဂါထနိုင်ခြေ ( Heart Attack) ဖြစ်နှုန်း ၈၈ ရာခိုင်နှုန်း ပိုများကြောင်း သိရ ပါတယ်။ ဒါ့အပြင် ပင်ပန်းလွန်းတဲ့ အလုပ် လုပ်ရသူ အမျိုးသမီးတွေ ဟာလည်း တခြား အမျိုးသမီးတွေထက် နှလုံးသွေးကြော ရောဂါဖြစ်နိုင်ခြေ ၄ဝ ရာခိုင်နှုန်း ပိုများ ပါတယ်။ ဒါကြောင့် အလုပ် လုပ်နေရသူ အမျိုးသမီး တွေအနေနဲ့ နှလုံးရောဂါထခြင်း မဖြစ်အောင် ၉ဝ ရာခိုင်နှုန်း နီးပါး ကာကွယ် ပေးနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

ဆေးဖက်ဝင် ဒိန်ချဉ်အကြောင်း သိကောင်းစရာများ
ZOLZOL | 1:49 AM | ကျန်းမာရေး 1 Comment so far
Share

လူသားများဧ။် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်တွင် သဘာဝအားဖြင့် ကပ်ပါးပိုးအဖြစ်ရှိသော ဘက်တီးရီးယားပိုးများသည်၊ လူ့ ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ ဆဲ(လ်)အရေအတွက်ထက်ပင်ပိုမိုများပြားပါသည်။
အဆိုပါဘက်တီးရီးယားပိုးများသည် လူသားတို့ ဧ။် ကျန်းမာရေးအတွက် ပြန်လှန်အကျိုးပြုပေးနေသော လူသားများအတွက် မရှိမဖြစ်မိတ်ဆွေကောင်းဘက်တီးရီးယားပိုးများပင်ဖြစ်သည်။
၎င်းတို့ သည် ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့်လည်းကောင်း၊ မဆင်မခြင်စားသောက်တတ်သော အလေ့အကျင့်ကြောင့်လည်းကောင်း၊ပဋိဇီဝပိုးသတ်ဆေးများ သောက်သုံးသောကြောင့်လည်းကောင်း သေကျေပျက်စီးသွားတတ်ကြပါသည်။
ဒိန်ချဉ်တွင် အဆိုပါ လူ့ အကျိုးပြုဘက်တီးရီးယားပိုးများသန်းထောင်နှင့်ချီ၍ပါဝင်ရာ၊ တချို့ သောဆရာဝန်များက ပဋိဇီဝဆေးများသုံးစွဲခြင်းကြောင့် ပျက်စီးသွားသော မိတ်ဆွေကောင်း ဘက်တီးရီးယားပိုးများ ပြန်လည်ရှင်သန်ပွားများစေရန်အတွက် ဒိန်ချဉ်ကိုစားသုံးရန် ညွှန်ကြားတတ်ပေသည်။
သုတေသနပညာရှင်များဧ။် ရာနှင့်ချီ၍ပြုလုပ်လေ့လာခဲ့သော စမ်းသက်ချက်များအရ ဒိန်ချဉ်သည် ခန္ဓာကိုယ်ဧ။်ကိုယ်ခံစွမ်းအား
(Immunity) ကိုတိုးမြှင့်စေနိုင်သည်။
အူလမ်းကြောင်းဧ။် ကျန်းမာရေးကိုကောင်းစေနိုင်သည်။
Lactose Intolerance (ခေါ်) နို့ သကြားဓာတ်မတည့်ခြင်းအား ပျောက်ကင်းစေနိုင်သည်။
ဗီတာမင်မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်၊ အထူးအားဖြင့် ကယ်(လ်)စီယမ်နှင့် ပရိုတိန်းဓာတ်စသော အာပာာရဓာတ်များ အများအ
ပြား ပါဝင်သဖြင့်၊ သွားနှင့်အရိုးကိုလည်း ခိုင်မာစေသည်။
အသားအရေကိုလည်း ကြည်လင်ဝင်းပစေသည်။
ထို့ ပြင် ဒိန်ချဉ်သည် အမျိုးသားကျားပောာ်မုန်း ထွက်မှုကိုအားပေးသဖြင့်၊ အသက်(၆၀)ကျော်အမျိုးသားများတွင်ပင် သားသမီးရတ
နာထွန်းကားစေနိုင်ပါသည်။
အမျိုးသမီးများဧ။် မိန်းမကိုယ်တွင်း၌သဘာဝအလျောက် အက်ဆစ်ဓာတ်ဖြစ်နေစေရန် အက်စစ်ဒိုဖေးလပ်(စ်) (Acidophilus) (ခေါ်)
ကောင်းသည့် ဘက်တီးရီးယားများကညီမျှအောင်ထိန်းချုပ်ပေးထားပါသည်။
ထို့ ကြောင့် ကူးစက်ရောဂါပိုးများဝင်ရောက်ခြင်းမရှိအောင် ကာကွယ်ပေးပါသည်။
၎င်းဓာတ်မျိုးကို ဒိန်ချဉ်တွင်တွေ့ ရှိရ၍၊ အမျိုးသမီးများနေ့ စဉ် ဒိန်ချဉ်တစ်ဖန်ခွက်သောက်ခြင်းဖြင့်၊ မိန်းမကိုယ်တွင်းမှတစ်ဆင့်
ကူးဆက်ပိုးဝင်ရောက်ခြင်းကို ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ ရှိရကြောင်းပါ......
မူရင်း။ ။ Health Digest
Posted by စိမ့်စမ်းရေ on Tuesday, January 10, 2012
categories: ကျန်းမာရေး saintsanyae.blogspot Share

ပျားရည် အစွမ်းအံမခန်း
ZOLZOL | 1:44 AM | ကျန်းမာရေး Be the first to comment!
Share

ရေးသားသူ အမျိုးကောင်းသား သည် ဖေဖော်ဝါရီလ 2, 2012 တွင် 10:13pm အချိန်၌ရေးသားခဲ့သည်။
စာပေးမယ် ဘလော့ ပို့(စ်)ကြည့်မယ်
ကျွန်တော် သူငယ်ချင်းတို့ကို ပျားရည်နဲ့ပက်သက်တဲ့ ကျန်းမာရေး ကောင်းကျိုးလေးတွေ တင်ပြချင်ပါတယ်
01
၁ ။ Natures's Energy Booster
အရသာ ကောင်းလွန်းတယ်ဆိုတဲ့ အပြင်ပျားရည်ရဲ့ကောင်းကျိုးတွေအများကြီး ရှိပါသေးတယ် ။ သဘာဝ ကစီဓါတ် ပင်ရင်း ( Natural source of carbohydrate) ဖြစ်ပြီး လူတွေရဲ့ ခန္ဓာကိုယ် ကို ခွန်အားနဲ့ စွမ်း အင်တွေကို ပေးစေပါတယ် ။ ဒါကြောင့် ပျားရည်ကို စွမ်းဆောင်ရည်မြင့်မားစေဖို့ အကူပစ္စည်း (Booster) အဖြစ်အပြင် ကြွက်သားများညောင်းညာခြင်း ၊ မောပမ်းနွမ်းနယ်ခြင်းတွေကိုလည်း လျော့နည်းစေပါတယ် ။ သဘာဝ သကြားအချိုအရသာဟာ လေ့ကျင့်ခန်းပြုလုပ်ခြင်းောကာင့် ဖြစ်ပေါ်လာတဲ့ မောပန်းခြင်းတွေကို ကာကွယ်ပေးနိုင် ပါတယ် ။ ပျားရည်ထဲမှာပါတဲ့ ဂလူးကို့စ်ကို ခန္ဓာကိုယ်က လျှင်မြန်စွာ စုပ်ယူပြီး စွမ်းအင်ကိုတိုး တက်စေပါတယ် ။ အဲဒီအချိန်မှာ fructose ကိုတော့ ဖြေးညှင်းစွာ စုပ်ယူပြီ့း energy ကို ပုံမှန်ပဲပေးစေ ပါတယ် ။ သွေးတွင်း သကြားဓါတ်ကိုလည်း တခြားသကြားဓါတ် များနှင့်ယှဉ်လျှင်ထိမ်း ညှိပေးနိုင်ပါတယ် ။ ဒါကြောင့် ပျားရည်ရဲ့ကျန်းမာရေးကောင်းကျိုးတွေကိုသိစေဖိုပအတွက်
- သင်အလုပ်သွားခါနီးတိုင်းပျားရည်တစ်ဇွန်းခန့် သောက်သုံးသွားနိုင်ပါတယ် ။
- မနက်ပိုင်းတွေမှာ မကြည်မလင်နိုးထတတ်ပြီး စွမ်းအားမပြည့်သလိုခံစားနေရရင် ပျားရည် ကို သောက် သုံး ကြည့်နိုင်ပါတယ် ။
- သင့်ကလေးငယ်တွေဟာ ပင်ပင်ပန်းပန်းဆော့ကစားပြီး ကျောင်းသွားဖို့ ငြင်းဆန်နေပါသလား ။ ပျားရည်နဲ့ sandwiches ကိုပြင်ဆင်ပေးလိုက်ပါ ။ ဒါဆို တစ်နေ့လုံး စွမ်းအားပြည့်ပြီး လန်းဆန်းတက်ကြွနေပါလိမ့်မယ် ။
Share
ပျားရည် အစွမ်းအံမခန်း
by Health Articles on Sunday, July 1, 2012 at 10:06am ·

Friday, June 29, 2012
လေဖြတ်ဝေဒနာအကြောင်း သိကောင်းစရာ
ညချစ်သူ | 6:07 PM | ကျန်းမာရေး Be the first to comment!
Share
အသက်(၈၀)ရှိ အဘိုးအိုက အသက်(၃၃)နှစ်ရှိ လေဖြတ်ထားသူကို ဆေးခန်းသို့ လာပို့ပါသည်။ ထိုအခါက
ဆရာမက...မောင်လေး ဘာအလုပ်လုပ်ပါသလဲ၊
Taxi မောင်းတယ်၊
ရေ ဘယ်အချိန်ချိုးလဲ ?
ရေ တနေ့ ၃-ကြိမ်လောက်ချိုးတယ်၊ ညဘက် ကားမောင်းပြန်လာရင်လည်း ထပ်ချိုးတယ်။
ရေချိုးတိုင်း ခေါင်းက အမြဲရေလောင်းချိုးတယ်။ သမံတလင်းပေါ် အိပ်တယ်။
လေပန်ကာ ခံတယ်။ ကျွန်တော်က ချွေးထွက်သိပ်လွန်တော့ အအေးကြိုက်တယ်။
ရေစိုရေလဲ လုံချည်ကို ခြုံထားတတ်တယ်။ ခင်းအိပ်တတ်တယ်။ ရေဆို ဆေးသောက်တာကအစ
ရေခဲရေနဲ့မဟုတ်ရင် မသောက်တတ်ဘူး။
ဘယ်လိုအစားအစာမျိုးကို ပိုစားလေ့ရှိသလဲ?
ကျွန်တော်က ဝက်သားကြိုက်တယ်၊ ဘဲကင်လည်း ကြိုက်တယ်။ အုန်းနို့ခေါက်ဆွဲဆို
မနက်တိုင်း စားတယ်။ ကားသမားဆိုတော့ အပြင်မှာ ကြုံရင်ကြုံသလို ပလာတာ၊
အီကြာကွေး၊ စမူဆာ အပြန်ပြန်ကြော်ပြီးသားဆီနဲ့ကြော်ထားတဲ့ ဆီကြော်မုန့်တွေ
မကြာခဏ စားသောက်ပါတယ်။
ဆေးလိပ်သောက်တယ်။ အရက်လည်း အနည်းအကျဉ်းသောက်တယ်။
Share
Labels:
ကျန်းမာရေး
Saturday, June 16, 2012
ဦးနှောက်ကို ပျက်စီးစေသော အကြောင်း (၁၀) ချက်
ညချစ်သူ | 1:43 AM | ကျန်းမာရေး Be the first to comment!
Share
(၁) မနက်စာ မစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားတတ်ပိုနည်းတတ်ပါတယ်။ အဲ့ဒါရဲ့အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အဟာရ မရတော့ဘဲ ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။
(၂) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထပ်ပိုစားသောက်ခြင်း အားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါကျစေပါတယ် ။
(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါကိုပါ) ဖြစ်စေနိုင်ပါတယ်။
Share
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားတတ်ပိုနည်းတတ်ပါတယ်။ အဲ့ဒါရဲ့အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အဟာရ မရတော့ဘဲ ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။
(၂) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထပ်ပိုစားသောက်ခြင်
(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတေ
Labels:
ကျန်းမာရေး
Subscribe to:
Posts (Atom)