page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, September 7, 2014

လက်ဆေးခြင်းဖြင့် မွေးကင်းစ ကလေးငယ် သေဆုံးမှုကို လျှော့ချနိုင်

ZOLZOL | 12:43 PM | |
ZOLZOL | 12:43 PM |


|




Best Blogger Tips
Share

ကလေးမွေးဖွား ပေးသူတွေနဲ့ မိခင်တွေအနေနဲ့ ကလေးကို မကိုင်တွယ်မီ လက်ဆေးခြင်းဖြင့် မွေးကင်းစကလေးသူငယ် သေဆုံးမှုကို (၄၁)ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဆေးပညာဆိုင်ရာ အရာရှိများထံကနေ သိရပါတယ်။ နှစ်စဉ်မြန်မာနိုင်ငံမှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အဆုတ်ရောင် ရောဂါတွေကြောင့် ကလေးသူငယ်ပေါင်း (၄)သောင်းကျော်ဟာ အသက်(၅)နှစ် မပြည့်မီမှာ သေဆုံးနေကြရတယ်လို့ သိရပါတယ်။ အသက်သေဆုံးမှုအထိ ဖြစ်ပွားနိုင်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါဟာ Vibrio Cholera လို့ခေါ်တဲ့ ဝမ်းရောဂါပိုး ကူးစက်ခံရမှုကြောင့် ဖြစ်ပွားရတာဖြစ်ပြီး မသန့်ရှင်းတဲ့ အစားအသောက်၊ သောက်သုံးရေ၊ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်း စတာတွေကြောင့် အဓိကဖြစ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပါက ရေနဲ့ဓါတ်ဆားဓါတ်
ဆုံးရှုံးခန်းခြောက်ကာ အသက်သေဆုံးတဲ့အထိ အန္တရာယ်ပေးနိုင်တဲ့ အတွက်ကြောင့် ကလေးသူငယ် အရွယ်တွေအတွက် မပေါ့ဆသင့်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ငါးနှစ်အောက် ကလေးများ သေဆုံးရခြင်း အကြောင်းရင်းတွေထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါက ထိပ်တန်းကရှိနေပြီး ဝမ်းပျက်ဝမ်းလျှောရောဂါကို လက်ဆေးခြင်း အလေ့အထနဲ့ ကာကွယ်တားဆီးလို့ ရတယ်လို့ သိရပါတယ်။ လက်ဆေးခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နိုင်ကြောင်းကိုလည်း ဆိုလ်းအမျိုးသား တက္ကသိုလ် ဆေးရုံမှ ဆေးပညာဆိုင်ရာ အရာရှိ ဒေါက်တာမြတ်နိုးက အခုလို ပြောပါတယ်။ကမ္ဘာကြီးမှာ နှစ်စဉ်နှစ်တိုင်း လူပေါင်း တစ်သိန်းကျော်ဟာ ဝမ်းရောဂါနဲ့ သေဆုံးနေကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ ထုတ်ပြန်ချက်တွေအရ သိရှိရပါသည်။ Share

No comments: