page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, September 7, 2014

မြေပြန့်ဒေသ(၁၀)ခုမှာ စစ်ဆေးမှုအရ သွေးတိုး၊ဆီးချိုရောဂါ အများဆုံး ဖြစ်ပွားနေ

ZOLZOL | 12:44 PM | |
ZOLZOL | 12:44 PM |


|




Best Blogger Tips
Share
မြန်မာနိုင်ငံရဲ့မြေပြန့်ဒေသ(၁၀)ခုမှာ နေထိုင်သူအချို့ကို ဆိုးလ်အမျိုးသားတက္ကသိုလ်ဆေးရုံမှ ဆမလက်မှတ်ရ မြန်မာနိုင်ငံသား ဆရာဝန်တွေ ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးစစ်ဆေးမှုအရ သွေးတိုး၊ဆီးချိုရောဂါ အများဆုံး ဖြစ်ပွားနေတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။ သွေးတိုးရောဂါဟာ အချိန်အခါ၊ အရပ်ဒေသ၊ ဆင်းရဲချမ်းသာ လူတန်းစားမရွေး ဖြစ်ပွားနိုင်ပြီး အထူးသဖြင့် အငန်နဲ့အဆီ များများစားတတ်သူ၊ အရက်၊ ဆေးလိပ်၊ ဘီယာများများ သုံးစွဲတတ်သူ၊ စိတ်ဖိစီးမှုများသူတို့အပြင် ဆီးချို၊လည်ပင်းအကျိတ်၊ ကျောက်ကပ်ရောဂါ အစရှိတဲ့ ကိုယ်တွင်းရောဂါ တစ်ခုခုကြောင့်လည်း အဖြစ်များတယ်လို့ သိရပါတယ်။ ဆိုးလ်အမျိုးသားတက္ကသိုလ် ဆေးရုံမှ ဆမလက်မှတ်ရ မြန်မာနိုင်ငံသား ဆရာဝန်တွေဟာ ဟင်္သာတ၊ မုံရွာ၊ ပြင်ဦးလွင်၊ မော်လမြိုင်၊ ပြည်၊ ပခုက္ကူ၊ ပဲခူး၊ မန္တလေး၊ ပုသိမ်နဲ့ မကွေးမြို့တို့မှာ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ခဲ့ရာ လာရောက်ပြသသူတွေရဲ့ (၆၀)ရာခိုင်နှုန်းမှာ သွေးတိုးနဲ့ဆီးချိုရောဂါကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သွေးတိုးနဲ့ ဆီးချိုရောဂါဟာ
သက်ကြီးပိုင်းတွေမှာ အဖြစ်များပေမယ့် ယခုနောက်ပိုင်း လူလတ်ပိုင်းတွေမှာပါ တွေ့ရှိလာရတယ်လို့ ဆိုးလ်အမျိုးသားတက္ကသိုလ် ဆေးရုံမှ ဆေးပညာဆိုင်ရာ အရာရှိ ဒေါက်တာမြတ်နိုးက အခုလို ပြောပါတယ်။ သွေးတိုးနဲ့ဆီးချိုရောဂါ ခံစားနေရသူ အချို့ဟာ ၎င်းတို့မှာ ရောဂါရှိမှန်းလည်း မသိဘဲ ကြိုတင်ကာကွယ်ဖို့ကိုလည်း အသိပညာဗဟုသုတ နည်းပါးကြတယ်လို့ ဒေါက်တာမြတ်နိုးက သုံးသပ်ပြောကြားပါတယ်။ သွေးတိုးရောဂါ မဖြစ်ပွားအောင် ကာကွယ် လုပ်ဆောင်သင့်တာတွေနဲ့ ပတ်သက်ပြီး ဒေါက်တာမြတ်နိုးက အခုလို အကြံပြုပြောကြားပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ အသက်(၃၅)နှစ်မှ(၆၄)နှစ်အတွင်း လူ(၁၀)ဦးမှာ ဆီးချိုကြောင့် တစ်ဦး သေဆုံးနေပြီး ကမ္ဘာ့လူဦးရေကို မိနစ်စာတွက်ထုံးအရ တစ်မိနစ်မှာ တစ်ဦးနှုန်း သေဆုံးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ထားတယ်လို့ သိရကြောင်း သတင်းရရှိပါသည်။ Share

No comments: