Share
ပုဂံခေတ်ကုန်ဆုံးပြီးနောက်တွင် အစုစုကွဲပြားနေသည့်
မြန်မာနိုင်ငံအထက်ပိုင်းဒေသကို စုစည်းသိမ်းသွင်းကာ အုပ်ချုပ်သည့်
မင်းတစ်ပါးပေါ်ထွန်းလာသည်။ ထိုသူမှာ ရှမ်းညီနောင်သုံးဦးမှဆင်းသက်လာသည့်
အင်းဝမြို့တည်သတိုးမင်းဖျား ဆိုသူဖြစ်သည်။ ဒုတိယ နန်းတက်သည့်
မင်းကြီးစွာစော်ကဲ လက်ထက်မှစကာ အောက်အရပ် ရာမညမှ မွန်ပဒေသရာဇ်များ
မညီညွှတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။ ထိုမှအစပြုကာ
အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက်
နန်းတက်သည့် ဆင်ဖြူရှင် ၊ ဘုရင်မင်းခေါင်
တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။
ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း
တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက်
နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင်
လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် ရှမ်းစော်ဘွားများအင်အားကြီးလာသည်။
နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ
လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့် ရှမ်းစော်ဘွား
မိုးညှင်းစလုံ၊၄င်း၏သား သိုဟန်ဘွားတို့က အင်းဝကို
တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။ ထိုနောက်သိုဟန်ဘွား နန်းတက်သည်
။သိုဟန်ဘွားလုပ်ကြံခံရပြီးနောက် နန်းတက်သည့် အုန်းဘောင်ခုံမှိုင်းနှင့်
မိုးဗြဲနရပတိ တို့လက်ထက်များတွင် ဟံသာဝတီကို သိမ်းပိုက်လိုက်သည့် တောင်ငူမှ
တပင်ရွှေထီးနှင့် စစ်ပြိုင်ရန်ကြိုးပမ်းသော်လည်း
မအောင်မြင်ခဲ့ပေ။ထိုနောက်နန်းတက်သည့် နရပတိစည်သူ လက်ထက်တွင် ဘုရင့်နောင်၏
လက်သို့ ကျရောက်ရတော့သည်။
Share
Showing posts with label သမိုင်းမှတ်တမ်း. Show all posts

Friday, August 17, 2012
သမိုင်းထဲက ပုဂံပြည်....။
ညချစ်သူ | 12:34 AM | သမိုင်းမှတ်တမ်း
Share
ရွှေလသာ ၀ါဝါ၀င်း ဘုရား ရေချိုးဆင်း၊ ( ၄၄ ၆၄ ၄၄ သိန်းကျော် )
လှည်းဝင် ရိုးသံ တညံညံ ပုဂံ ဘုရားပေါင်း၊ ( ၄၄၄ ၆၇ ၃၃ သန်းကျော် )
ရွှေ ဆည်းလည်းသံ တညံညံ ပုဂံ အိမ်ခြေပေါင်း၊ ( ၄၃ ၄၆၇ ၃၃ သန်းကျော် )
သာသနာ ထွန်းကားခဲ့ရာ တချိန်က ပုဂံေ၇ွှမြို့တော်ကြီးမှာ စေတီ အဆူပေါင်း ၄ သန်းကျော် ရှိခဲ့ဖူးတယ်၊ ဒီထဲကမှ ရာသီဥတု ဒဏ်ကြောင့် ကာလ ကြာတဲ့အခါ အနီးရှိ ဧရာဝတီ မြစ်ထဲကို အဆူပေါင်း ၄ သိန်းကျော် ပျက်စီးခြဲ့ပီ လို့ သမိုင်းတွေက ဆိုပြန်တယ်၊
နောက်တဆက်တည်း ဗဟုဿုတ အနေနဲ့တော့ ပုဂံ မှာ အိမ်ခြေပေါင်း ၄ သန်းကျော် ရှိခဲ့ဖူးတယ် ဆိုတော့ တော်တော် စည်ကား သိုက်မြိုက်နေမှာကို တွေးပြီး လွမ်းမိပြန်တယ် ။
တချိန်က ဘာသာ သာသနာ လူမှု့ရေး စီးပွားရေး ပညာရေး လောကီ လောကုတ္တရာ ဘက်စုံ ထွန်းကားခဲ့ရာ ပုဂံ ဆိုတာက ယနေ့ အချိန်မှာ ဘယ်လိုမှ မယုံနိုင်စရာဖြစ်နေပါပြီ။
သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သက်ရှိ သက်မဲ့ အရာဝတ္ထုအားလုံး ဟာ ပျက်စီးရခြင်းမှာ အဆုံးသတ်ကြရတယ်၊ဆိုတာလို တကယ်တော့ အထက်ပါ စာရင်းဟာ ပုဂံနေပြည်တော်ကို ၄ ကြိမ်မြောက် တည်ထောင်သူ သေလဉ်ကြောင်မင်း လက်ထက်ထိ သာသနာထွန်းကားခဲ့ရာ ခေတ်အဆက်ဆက်ကို ပေါင်းပြီး ရေတွက်ဟန် တူပါတယ်၊
သာသနာအစစ်အမှန် ထွန်းကားခဲ့သော ခေတ်သည်ကား အနော်ရထာ အုပ်စိုးသော အချိန်ဖြစ်ပေသည်၊ ထိုစဉ်အခါ အရည်းကြီး တို့ သောင်းကျန်းနေချိန် ပုဂံနှင့်ဝေးရာ သထုံ နေပြည်တော်၌ မနော်ဟရီ အမည်ရှိသော မနုဟာ မင်းအုပ်ချုပ်နေချိန်ဝယ် သထုံပြည်၏ တောရွာ တရွာ၌ သီတင်းသုံးနေသော သီလဗုဒ္ဓိ မည်သော ရဟန္တာ မထေရ်ကြီးသည် နောင်အခါ ပုဂံပြည်၌ သာသနာ ထွန်းကားလတံ့သည်ကို မြင်တော်မူသောကြောင့် တာဝတိသာ နတ်ပြည်သို့ တက်ကာ သိကြားမင်းအား သာသနာပြုရန် နတ်သားတပါးကို လူ့ပြည်သို့ သက်ဆင်းကာ ပဋိသန္ဓေ ယူပါရန် တောင်ခံလေ၏၊
နတ်သားသည် နတ်ပြည်မှ စုတေ၍ ပုဏ္ဏေးမ တယောက်ဝမ်းကြာတိုက်၌ ၀င်စားကာ နောင်သောအခါ အရဟန္တ ရှင်အရဟံ ဟူသော အမည်ဖြင့် ပိဋကတ်သုံးပုံဆောင် ရဟန္တာမထေရ် ဟူ၍ ကျော်စောထင်ရှားလေ၏၊

Labels:
သမိုင်းမှတ်တမ်း
Subscribe to:
Posts (Atom)