page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, September 7, 2014

အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု နှစ်ပတ်လည် ထိပ်သီး အစည်းအဝေး ကျင်းပမည်

ZOLZOL | 12:42 PM |
ZOLZOL | 12:42 PM |




Best Blogger Tips
Share
မြန်မာနိုင်ငံ ဒေသတွင်းနဲ့ နိုင်ငံတကာ ကုမ္ပဏီ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေ၊ အစိုးရအရာရှိတွေနဲ့ ဒေသတွင်း ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးမယ့် အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု နှစ်ပတ်လည် ထိပ်သီး အစည်းအဝေးကို နေပြည်တော်မှာ နိုဝင်ဘာလ (၁၁)ရက်ကနေ (၁၃)ရက်အထိ ကျင်းပမယ်လို့ သိရပါတယ်။ နှစ်ရက်ကြာ ကျင်းပမယ့် ဒီအစည်းအဝေးမှာ အာဆီယံ ထိပ်သီးခေါင်းဆောင်တွေ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးတွေ၊ အဓိက စီးပွားရေး လုပ်ငန်း အသီးသီးက ခေါင်းဆောင်တွေက အာဆီယံနဲ့ အနာဂတ်၊ စီးပွားရေးတိုးတက်မှု၊ ပြောင်းလဲလာတဲ့ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု၊ အာဆီယံ စားသုံးသူတွေနဲ့
စီးပွားရေးတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှုတို့ကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒါအပြင် (ASEAN Business & Investment Summit (ABIS) အစည်းအဝေးအနေနဲ့ (၂၀၁၅)မှာ ၀င်ရောက်လာမယ့် အခန်းကဏ္ဍ အသစ် တစ်ခုအတွက် ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ဦးစားပေးပြီး အာဆီယံတွင်း နေထိုင်တဲ့ ပြည်သူသန်း(၆၀၀)ကျော်ရဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး မျှော်မှန်းချက်တွေကို အဓိကထား ဆွေးနွေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ABIS 2014 နဲ့အတူ ABAC က နှစ်စဉ် လုပ်ငန်းစီမံအုပ်ချုပ်မှု ထူးချွန်ကောင်းမွန်ခြင်း ဆန်းသစ်တီထွင်ခြင်း၊ အာဆီယံဒေသကြီး တစ်ခုလုံးမှာ ပျံ့နှံ့စွာ လုပ်ကိုင်နိုင်ခြင်း၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်နဲ့ အမျိုးသမီး ခေါင်းဆောင်ဆုတွေ ပေးအပ်ချီးမြှင့်မှာ ဖြစ်တယ်လို့ သိရကြောင်း သတင်းရရှိပါသည်။ Share

No comments: