page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, September 7, 2014

ဖုန်းကို အရက်ပြန်နဲ့ သန့်ရှင်းပေးဖို့ လိုအပ်

ZOLZOL | 12:39 PM | |
ZOLZOL | 12:39 PM |


|




Best Blogger Tips
Share

လူကို ရောဂါဖြစ်စေနိုင်တဲ့ ဗက်တီးရီးယားပိုးတွေဟာ လက်ကိုင်ဖုန်းတွေမှာ တွယ်ကပ်နိုင်တဲ့အတွက် ဖုန်းကို အယ်လ်ကိုဟော (အရက်ပြန်)နဲ့ သန့်စင်ပေးဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဆိုင်ရာ သုတေသန စာတမ်းတွေကနေ လေ့လာ သိရှိရပါတယ်။ လက်ကိုင်ဖုန်းတွေမှာ ဗက်တီးရီးယားပိုး ပါဝင်မှုဟာ ရေအိမ်ထဲက ရေဆွဲခလုတ်မှာရှိတဲ့ ဗက်တီးရီးယားပိုး ပမာဏထက် (၁၈)ဆပိုများတယ်လို့လည်း သိရပါတယ်။ ကိုလီဖောင်းလို့ခေါ်တဲ့ မစင်မှာပါဝင်လေ့ရှိတဲ့ ပိုးအပါအ၀င် ဗက်တီးရီးယားပိုးတွေဟာ လက်ကိုင်ဖုန်း အသုံးပြုသူတွေရဲ့ အစာအိမ် လမ်းကြောင်းဆိုင်ရာ ဝေဒနာ ပေးနိုင်လောက်အောင် လုံလောက်မှု ရှိတယ်လို့ သိရပါတယ်။ လက်ကိုင်ဖုန်းမှာရှိနေတဲ့ ဗက်တီးရီးယားပိုး ပမာဏဟာ များပြားနေတဲ့အတွက်ကြောင့် ဖုန်းကိုပိုးသန့်စင်ပေးဖို့ လိုအပ်တာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်း ကိုင်ဆောင်သူတွေ အနေနဲ့လည်း ဖုန်းကို ပိုးသန့်စင်ပေးဖို့ လိုအပ်တဲ့အပြင် မိမိတို့ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုကိုလည်း အလေးထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဒါမှသာ မသန့်ရှင်းတဲ့ လက်နဲ့
ဖုန်းကိုင်ဆောင်မှုမှ ဖြစ်ပေါ်လာမယ့် ရောဂါတွေကို ကြိုတင် ကာကွယ်နိုင်မှာဖြစ်ပြီး ဖုန်းမှာ ဗက်တီးရီးယားပိုး ပါဝင်မှုကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှု ပြုလုပ်ဖို့ လိုအပ်တာနဲ့ ပတ်သက်ကာ ရန်ကုန်မြို့ရှိ အီလက်ထရောနစ် အရောင်းဆိုင်တစ်ခုမှ Training Manager ဦးကျော်ဝင်းထွန်းက အခုလို သုံးသပ် ပြောကြားပါတယ်။ ဖုန်းသုံးစွဲသူတွေအနေနဲ့ ကျန်းမာရေး မထိခိုက်အောင် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့လိုအပ်တဲ့အပြင် မိုဘိုင်းဖုန်းမှ ဖြာထွက်ရောင်ခြည်ဟာ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေတဲ့အတွက်ကြောင့် အရေးတကြီးဖုန်းပြောဖို့ မလိုအပ်ပါက မက်စ်ဆေ့ပေးပို့ပြီး စကားပြောတဲ့စနစ်ကိုသာ အဓိက အသုံးပြုကြဖို့နဲ့ ဖုန်းကို လက်နဲ့ကိုင်မပြောဘဲ နားကြပ်တပ်ပြောခြင်း ကဲ့သို့ Hands-Free နည်းကိုသာ အသုံးပြုကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုပြောကြားထားပါတယ်။ လေ့လာမှုတွေအရ မိုဘိုင်းဖုန်းသုံးတဲ့ကလေးတွေမှာ မှတ်ဉာဏ်ထိခိုက်ခြင်း၊ အာရုံစူးစိုက်မှုကျဆင်းခြင်း၊ သင်ကြားမှုစွမ်းရည်ကျခြင်း၊ အိပ်စက်မှုမှာပြဿနာရှိခြင်း စတာတွေ ကြုံရနိုင်တဲ့အတွက် (၁၆)နှစ်အောက် ကလေးများ မလိုအပ်ဘဲ မိုဘိုင်းဖုန်း မသုံးစွဲကြဖို့ အမေရိကန် ကျန်းမာရေးဌာနက တိုက်တွန်းထားတယ်လို့ သိရကြောင်း သတင်းရရှိပါသည်။ Share

No comments: