page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, September 4, 2014

ဟာသပဒေသာ

ZOLZOL | 11:27 AM |
ZOLZOL | 11:27 AM |




Best Blogger Tips
Share

ညီမျှသလိုပဲ
 ။။။။။။။။။။။။

အသက်၄၀ခန့်ရှိသောလူပျိုသိုးကြီးသည် မိဘများအား အိမ်ထောင်ပြုချင်ကြောင်း
ဖွင့်ဟပြောသည်။ထိုအခါမိဘဖြစ်သူတို့က ရိုးအသော သားအကြာင်းသိသဖြင့်
ဒါဆိုမေမေတို့ကမင်းနဲ့ရှေ့သွားနောက်လိုက်ညီမဲ့ အသက်၃၀ကျော်မိန်းခလေး
တစ်ယောက်ရှာပေးမယ်နော်။ ထိုအခါလူပျိုသိုးကြီးက မျက်နှာငယ်လေးဖြင့်…
မေမေတို့စကားလည်းနားထောင်ပြီးသားဖြစ်အောင် သားလိုချင်တာလည်းဖြစ်
အောင် အသက်၁၆နှစ်အရွယ် နှစ်ယောက်ယူလို့မရဘူးလားမေမေ…....


မှတ်သားလောက်တယ်

သူငယ်ချင်း မင်း.....ဘယ်မြို့ကမယ် ၊ ဘယ်တိုင်းကမယ် ၊ မယ်ဗမာ ၊ မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား


အေး...ကြားဖူးတယ်။ ဘာဖြစ်လို့လဲ

ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့ နာမည်မေးလိုက်တော့
သူဘာမယ်ဆိုတာ ပြောပြတယ်ကွ။ မင်း..သိမှာ မဟုတ်ပါဘူး။

ဟုတ်လားကွ...." ဘာမယ်တဲ့တုန်း "

" ပါးကျိုးမယ် " တဲ့


ပင်ပန်းလို့
စိတ်ရောဂါဝေဒနာရှင်တစ်ယောက်က ဆရာဝန်ကိုပြောသည်။
"ဆရာ ကျွန်တော်အခုနေတဲ့အခန်းမှာ မနေချင်တော့ဘူး အခန်းပြောင်းနေလို့ရမလား"
"ဘာဖြစ်လို့လဲကွ"
"အခုကျွန်တော်နဲ့အတူတူနေတဲ့အခန်းဖော်က တစ်ချိန်လုံး
ငါးထိုင်မျှားနေတယ်၊ ငါးမျှားတံလဲမပါဘဲနဲ့ ဆရာရယ် ဘယ်လိုလုပ် ငါးမိတော့မှာလဲ"
"သူ့ဟာသူမျှားနေတာပဲကွ မင်းကဘာဖြစ်လို့လဲ"
"သူ့ဟာသူမျှားတာပဲဆိုပြီး ဒီတိုင်းထိုင်ကြည့်နေလို့ဘယ်ကောင်းမလဲ'' ဆိုပြီး
''သူငါးမမိမချင်း ကျွန်တော်ကလှေထိုင်လှော်ပေးနေရတာ ပင်ပန်းလို့"။
ခဏချေး
ကုန်သည်တစ်ဦးသည် လူပြတ်လှသော တောလမ်းခရီးတစ်ခုကိုဖြတ်သွားစဉ်
လူစိမ်းနှစ်ဦး ရုတ်တရက်ရောက်လာပြီး-
''ဗျို့ ... ဆရာကြီး၊ ကျွန်တော်တို့နှစ်ယောက်ကို
ငါးမူးစေ့ တစ်စေ့လောက်ချေးစမ်းပါ''
''ဘာ ... ဘာကိစ္စရှိလို့လဲ၊ ဘာဖြစ်လို့လဲဗျ''
''အော် ... ဒီလိုဗျ၊ ကျုပ်တို့နှစ်ယောက် ခင်ဗျားဆီကဓါးပြတိုက်ရင်
ဘယ်သူကငွေထုပ်ကိုယူပြီး ဘယ်သူကဆွဲကြိုးနဲ့ လက်ပတ်နာရီယူရမယ်ဆိုတာ
ခေါင်းပန်းလှန်ချင်လို့ပါ''။

ချိုသာစွာပြောပါ
လေယာဉ်တစ်စီး စက်ချို့ယွင်းနေတော့ ခရီးသည်တွေ အားလုံး စိုးရိမ်ပူပန်နေကြပြီ ။
အားလုံးက ဘုရားတလို့။ အဲဒါကို Pilot က လေယာဉ်မယ်အား
ခရီးသည်တွေကို အားပေးစကားပြောဖို့ လွှတ်လိုက်တဲ့ အခါ၊ လေယာဉ်မယ်က ချိုချဉ်ဗန်းလေး
ကိုင်လို့ အပြင်ထွက်သွားပြီး-
" ကဲ ခရီးသည်များရှင် မသေခင်လေး အချိုတည်း ကြရအောင် " တဲ့။

၃x၃= ?
ဆရာဝန်က စိတ္တဇဝေဒနာသည်တွေကို ဦးနှောက်စွမ်းရည် တိုးတက်မှု ရှိမရှိ စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့တယ်။
တစ်ယောက်စီခေါ်ပြီး မေးခွန်းတစ်ခုမေးလိုက်တယ်။ မေးခွန်းက ၃ နဲ့ ၃ မြှောက်ရင်ဘယ်လောက်လဲတဲ့။
ပထမတစ်ယောက်ကိုမေးတော၊့ အဖြေ " ၃၄ "ရတယ်လို့ဖြေတယ်။ ဒါနဲ့ဆရာဝန်လည်းခေါင်းရမ်းပြီးသွားခိုင်းလိုက်တယ်။
နောက်ဒုတိယတစ်ယောက်ကိုလည်း ဒီမေးခွန်းပဲဆက်မေးတယ်။ သူကတော့ " ကြာသပတေး ရပါတယ်ဆရာ'' တဲ့။
ဒါနဲ့ပဲ တတိယတစ်ယောက်ထပ်ခေါ်ပြီးမေးပြန်တယ်။
ဆရာဝန်။ ။ ၃ နဲ့ ၃ မြှောက်ရင်ဘယ်လောက်ရလဲ။
လူနာ။ ။ ၉ ရပါတယ်ဆရာ။
အဲဒီမှာဆရာဝန်က ၀မ်းသာသွားတယ်။ တိုးတက်လာပြီပေါ့၊ ဒါနဲ့ဆရာဝန်က ဆက်မေးလိုက်တယ်၊ မင်းဘယ်လိုရတာလဲလို့။
အဲဒီမှာလူနာက ပြန်ဖြေလိုက်တာကတော့-
'' ဆရာ... ကျွန်တော်ပထမလူရတဲ့ `၃၄´ ထဲက ဒုတိယလူရတဲ့ `ကြာသပတေး´ကို နှုတ်လိုက်တာပါ '' တဲ့။

သက်သေပြမလို့..

စုတ်ပြတ်နုံချာလှသော အ၀တ်အစားများ ၀တ်ဆင်ထားသူတစ်ဦးသည် လမ်းသွားလမ်းလာများထံမှ
တောင်းရမ်းလျှက်ရှိသည်။

ထိုနေရာသို့ သားနားသပ်ရပ်စွာ ၀တ်ဆင်ထားသော လူတစ်ဦးလမ်းလျှောက်လာရာ.....

“အကိုကြီးရယ်.. ကျွန်တော့်မှာစားစရာမရှိလို့ စေတနာရှိသလောက်လေး မစပါခင်ဗျာ”

“မပေးးနိုင်ပါဘူး။ မင်းကို ငွေပေးလိုက်ရင် မင်းဖဲရိုက်လို့ ကုန်သွားမှာပေါ့”

“ကျွန်တော်လောင်းကစား မလုပ်ပါဘူး”

“အရက်သောက်ပစ်မှာပေါ့”

“အရက်လည်းမသောက်တတ်ပါဘူး”

“ဒါဆို မင်းမကောင်းတဲ့မိန်းမတွေဆီ သွားမှာပေါ့”

“ကျွန်တော် အပျော်အပါးလည်း မလိုက်ပါဘူး”

“ok ဒါဆို မင်းကို ငွေ(၅၀၀၀)ပေးမယ်။ မင်းငါ့အိမ်ခဏလိုက်ခဲ့။ အပျော်အပါး အသောက်အစားနဲ့ လောင်းကစား
မလုပ်တဲ့ ယောင်္ကျားတွေ ဘယ်လိုဘ၀ရောက်နေတယ်ဆိုတာ ငါ့မိန်းမကိုပြရမယ်”
 လက်ဖြန့်လို့မဖြစ်ဘူး….

ပထမဆုံးကလေးအား မွေးဖွားရက်နီးကပ်လာသဖြင့် ဂျော်နီအမည်ရှိ ဖခင်တစ်ဦးက
ဗေဒင်ဆရာထံသွားမေးလေသည်။

ဂျော်နီ။         ။ မွေးလာမယ့်ကလေးရဲ့ ဇာတာကိုသိချင်လို့ပါ။

ဗေဒင်ဆရာ။           ။ ယောက်ျားလေးမွေးမယ်၊ လက်သီးဆုပ်ပြီးမွေးလာရင် သူခိုးဖြစ်မယ်။
လက်ဖြန့်ပြီးမွေးလာရင် ပညာရှိဖြစ်မယ်။

ဂျော်နီ။            ။ ဟုတ်ကဲ့ ဟုပြောပြီးပြန်လာသည်။

ရက်အနည်းငယ်အတွင်း ဇနီးဖြစ်သူကသားဦးမွေးသဖြင့် သူနာပြုဆရာမက ကလေးငယ်ကိုပွေ့ချီပြီး
အပြင်ဘက်ထုတ်လာရာ-

သူနာပြု။      ။ ကဲ..အဖေဖြစ်သူ ကလေးကြည့်လို့ရပြီ။

အလျင်အမြန် ကလေးငယ်ကိုကြည့်လိုက်ရာ လက်သီးဆုပ်လျက် အနေအထားတွေ့ရသဖြင့်-

ဂျော်နီ။            ။ သား…လက်ဖြန့်လိုက်

သားငယ်။            ။ လက်ဖြန့်လို့မဖြစ်ဘူး….သားလက်ထဲမှာ ဆရာမလက်စွပ်ရှိတယ်..

....ကဲ့
မူလအတိုင်း


အသက်တော်တော်ကြီးနေပြီဖြစ်တဲ့ အပျိုကြီးတစ်ယောက်ရှိပါတယ်။

 တနေ့မှာတော့ သူမက သုဘရာဇာဆီမှာအခေါင်းသွားအပ်ပါတယ်။

သေရင်အဆင်သင့် ဖြစ်အောင်လို့ပါ။

သူမက သုဘရာဇာကို ပြောပါတယ် "ကျွန်မကဒီနေ့အထိအပျိုစင်တစ်ယောက်ဖြစ်ပါတယ်၊

ဒါကြောင့်ကျမသေတဲ့အခါ  အားလုံးသိအောင် အခေါင်းဘေးမှာ အပျိုစင်ဖြစ်ကြောင်း
ရေးပေးပါ"လို့ပြောပြီး အခေါင်းအပ်သွားခဲ့ပါတယ်။

မကြာခင်မှာပဲ သူမသေသွားပါတယ်။

သုဘရာဇာကတော့ ဘယ်လိုရေးပေးရမလဲဆိုတာကို စဉ်းစားလို့မရတဲအဆုံး ဒီလိုရေးပေးလိုက်ပါတယ်

" မူလအတိုင်းအသုံးမပြုပဲပြန်ပို့လိုက်သည်"
မကြောက်ပါနဲ့ 
တိရိစ္ဆာန်ရုံတစ်ခုမှာပေါ့........၀က်ဝံကသေသွားတော့အစားထိုးဖို့မရှိဘူးဖြစ်နေတယ်
ဒါနဲ့ နေ့စားတစ်ယောက်ငှားပြီးတော့ဝက်ဝံသားရေခြုံ ခိုင်းပြီး ၀က်ဝံအတုလုပ်ခိုင်းတာပေါ့.....

တစ်ရက်ငါးရာပေးပြီးတော့ အဲတစ်ရက်ကျတော့ ဧည့်သည်များတုန်းမှာ leader က၀က်ဝံလေးရေ
လူများတုန်း နောက်ကျွမ်းထိုးပြလိုက်ပါဆိုတော့
ဝက်ဝံကကျွမ်းထိုးတာလွန်ပြီး ကျားခြံထဲရောက်သွားရော သူက၀က်ဝံဟန်ဆောင်ထားတဲ့လူဆိုတော့
ကြောက်တာပေါ့ တုန်နေတာပဲ...

ကျားကလဲလာနေပြီ ကျားကသူ့ကိုခြေထောက်ကနေစနမ်းကြည့်တယ်...

ဟန်ဆောင်ထားတဲ့သူကလဲ သူ့ကိုကျားကကိုက်တော့မယ်ထင်တာပေါ့ ကြောက်လွန်းလို့တုန်နေပြီ..
ကျားက သူ့နားရွက်နားကိုလာနမ်းတယ်

ပြီးတော့ သူ့ကိုတိုးတိုးလေးစကားပြောသွားတယ်....

" မကြောက်ပါနဲ့ကွာ ငါလဲမင်းလို တစ်ရက်ငါးရာစားပဲကွ.... "
 

တစ်ချက်ရယ်မောခြင်းဖြင့်.....တစ်ရက်အသက် ပိုရှည်မှာ မစိုးရိမ်ကြပါနဲ့နော်...
အားရပါရ ရယ်ပလိုက်သိလား....။
  Share

No comments: