Share
ကိုယ်အလေးချိန်
လျော့ကျဖို့ မနည်း ကြိုးစားနေပေမယ့် သင်မှန်းထားသလောက် ဝိတ်မလျော့လာဘဲ
ဖြစ်နေသလား။ ဝိတ်လျော့ချင် သူတွေ အတွက် သတင်းကောင်း ရှိပါတယ်။ သုတေသန
ပညာရှင်တွေရဲ့ လေ့လာချက်အရ အစားအသောက် လျှော့စရာ မလိုဘဲ
ပေါင်ချိန်များစွာ လျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်းတွေ များစွာ ရှိပါတယ်။
(၁) အိပ်စက်ခြင်းဖြင့် အဆီများ ချေဖျက်ပါ
ဝိတ်လျော့ဖို့ကို
အိပ်ရမယ်ဆိုလို့ မယုံနိုင် ဖြစ်နေပါသလား။ ဟုတ်ပါတယ်။ အိပ်စက်တာက တကယ်ကို
လွယ်ကူပြီး တကယ်ကို ထိရောက်တဲ့နည်းပါ။ လေ့လာချက်အရ တစ်ညကို
အိပ်ချိန်ခုနစ် နာရီခွဲ ရှိသူတွေဟာ အိပ်ချိန်ငါးနာရီခွဲသာ
ရှိသူတွေထက်စာရင် စားတဲ့ အစာပမာဏ တူညီကြတာတောင်မှ ခန္ဓာကိုယ်အဆီ
လျော့ကျမှုဟာ အံ့သြသင့်စရာ ကောင်းလောက်အောင်ကို ၅၅ ရာခိုင်နှုန်း အထက်
လျော့ကျပြီး ဗိုက်ဆာမှုလည်း လျော့နည်းနေတာ တွေ့ရပါတယ်။
အိပ်စက်ခြင်း လျှို့ဝှက်ချက်
ပုံမှန်
အိပ်ချိန်ဖြစ်တဲ့ အိပ်ချိန်ခုနစ် နာရီမှ ရှစ်နာရီထက် နည်းသူတွေမှာ
အဆီလောင်ကျွမ်းမှု နှေးစေပြီး အစာစားချင်စိတ် များစေနိုင်တဲ့
ဟော်မုန်းဂရီလင် (ghrelin) များစွာ ထွက်ရှိနေပါတယ်။
အပေါင်းအသင်း များလေ အိပ်ပျော်လေ
ညဘက်
အိပ်မပျော် ဖြစ်နေပါလား။ ဒါဆို သူငယ်ချင်းမိတ်ဆွေ များအောင် လုပ်ပါ။
အပေါင်းအသင်း များသူတွေဟာ နည်းသူတွေထက် စာရင် ညဘက်ပိုပြီး အိပ်ရေးဝတာကို
တွေ့ရပါတယ်။
(၂) နို့သောက်ခြင်းဖြင့် ငါးပေါင်လျှော့ပါ
မကြာသေးခင်ကမှ
ပြုလုပ်ထားတဲ့ သုတေသနပြုချက်အရ အဆီနည်း ဒါမှမဟုတ် အဆီမပါတဲ့ နို့
တစ်နေ့ကို နှစ်ခွက်၊ သုံးခွက် နေ့စဉ် သောက်ပြီး ကယ်လ်စီယမ်ဓာတ် ၅၈၀
မီလီဂရမ်နဲ့ ဗီတာမင် ဒီ 400 IU နေ့စဉ်ရရှိနေသူတွေဟာ နို့နဲ့ နို့ထွက်ပစ္စည်း
မစားသလောက် ရှိသူတွေနဲ့ ယှဉ်ရင် နှစ်နှစ်အကြာမှာ ငါးပေါင်နဲ့ အထက်
ကိုယ်အလေးချိန် လျော့သွားတာကို တွေ့ရပါတယ်။
နို့သောက်ခြင်း လျှို့ဝှက်ချက်
လေ့လာချက်အရ
ကယ်လ်စီယမ်ဓာတ်ဟာ ခန္ဓာကိုယ်ကနေ အဆီတွေ စွန့်ထုတ်ရာမှာ ကူညီပေးပြီး
ဗီတာမင်ဒီ ကတော့ ခန္ဓာကိုယ်ဇီဝ ရုပ်ဖြစ်ပျက်မှုကို နှေးစေပြီး
အဆီတွေထွက်ရှိစေတဲ့ ဟော်မုန်းတွေ မထွက်အောင် ကာကွယ်ပေးပါတယ်။
လေ့ကျင့်ခန်း လုပ်ရာမှာလည်း ကောင်းစေတယ်
အလေးမတဲ့
လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ အဆီမပါတဲ့ နို့သောက်သူဟာ နို့မသောက်သူထက်
စာရင် အဆီပိုလျော့တာကို တွေ့ရပါတယ်။ နို့မှာပါတဲ့ ကယ်လ်စီယမ်၊
ဗီတာမင်ဒီနဲ့ ပရိုတင်း ဓာတ်တွေဟာ ကြွက်သားဆဲလ် ကြီးထွားဖို့
ကူညီပေးတာကြောင့် အဆီကို လောင်ကျွမ်းစေပါတယ်။
(၃) မီးပိတ်ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချပါ
ညဘက်မှာ
တစ်ရေးနိုး လာတတ်ပါသလား။ မီးအလင်းရောင် ထွက်စေတဲ့ အရာမှန်သမျှ
ပိတ်ထားပါ။ ညအိပ်မီး၊ တီဗီ စသဖြင့်ပေါ့။ လေ့လာချက် တစ်ခုအရ မီးအလင်းရောင်
မှိန်မှိန်မှာ အိပ်တဲ့ တိရစ္ဆာန်တွေဟာ လုံးဝအမှောင်ထဲမှာ အိပ်တဲ့
တိရစ္ဆာန်တွေထက် စာရင် ရှစ်ပတ်အကြာမှာ ကိုယ်အလေးချိန် ၅၀ ရာခိုင်နှုန်းပို
တိုးလာတာကို တွေ့ရပါတယ်။ သုတေသန ပညာရှင်တွေက လူတွေမှာလည်း ဒီအတိုင်း
ဖြစ်မယ်လို့ ယုံကြည်ထားကြပါတယ်။
အမှောင်၏ လျှို့ဝှက်ချက်
အလင်းရောင်နဲ့ အိပ်ပါက ခန္ဓာကိုယ်တွင်းရှိ ဇီဝနာရီက ပုံမှန်မဟုတ်တာကြောင့် နိုးတဲ့အခါ ဗိုက်ပိုဆာစေနိုင်ပါတယ်။
ကင်ဆာဖြစ်နိုင်ချေလည်း လျော့စေတယ်
ညဘက်
အိပ်နေစဉ် အလင်းရောင် ခံယူတာက ပုံမှန်ဆဲလ်ကွဲထွက်မှုကို
အနှောင့်အယှက်ပေးသလို ကင်ဆာရောဂါ ဖြစ်နိုင်ချေများ စေတဲ့ Gene ကိုလည်း
လှုံ့ဆော်ပေးပါတယ်။
(၄) ရေနွေးကြမ်းသောက်ခြင်းဖြင့် အဆီစုပ်ယူမှုကို ကာကွယ်ပါ
သင်စားတဲ့အစာကို
မလျှော့ဘဲ အဆီ လျော့ချင်ပါသလား။ နောက်တစ်ခါ အစာစားရင် ရေနွေးကြမ်း
တွဲသောက်ပေးပါ။ လေ့လာချက် တစ်ခုအရ လက်ဖက်ခြောက်အမှုန့်တွေ ထည့်ထားတဲ့
အဆီများတဲ့ အစာကို ကျွေးထားတဲ့ တိရစ္ဆာန်တွေဟာ လက်ဖက်ခြောက်မှုန့် မပါတဲ့
အဆီများတဲ့ အစာတွေ ကျွေးထားတဲ့ တိရစ္ဆာန်တွေထက် စာရင် ကိုယ်အလေးချိန်
လျော့ကျပြီး အန္တရာယ်ရှိ ဖက်တီးအက်စစ်တွေ လျော့နည်းတာကို တွေ့ရပါတယ်။
လူတွေမှာလည်း ဒီအတိုင်းပဲလို့ ယုံကြည်ထားကြပါတယ်။
ရေနွေးကြမ်း၏ လျှို့ဝှက်ချက်
လက်ဖက်ခြောက်မှာ
အစာခြေ လမ်းကြောင်းအတွင်း အဆီစုပ်ယူမှုကို တားဆီးပေးတဲ့ Polyphenol
Anti oxidant တွေ များစွာ ပါရှိပါတယ်။ ဇီဝရုပ်ဖြစ်ပျက်မှုကိုလည်း
မြန်စေတယ် လက်ဖက်စိမ်း အနှစ်ကို ဆေးအဖြစ် လုပ်ထားတဲ့ ၃၀၀ မီလီဂရမ်
ပမာဏရှိတဲ့ ဆေးတောင့်ကို နေ့စဉ်သောက်ပါက အစာစားပြီး နှစ်နာရီအကြာမှာ အဆီ
၃၃ ရာခိုင်နှုန်း ပိုလျော့တာကို တွေ့ရပါတယ်။
(၅) နံနက်စာစားခြင်းဖြင့် အစာစားချင်စိတ် လျှော့ချပါ
ကွေကာအုတ်
ဖြစ်ဖြစ်၊ ဝေဖာမုန့် ဖြစ်ဖြစ်ကို မနက်စာအဖြစ် စားပေးပါက ထိုတစ်နေ့တာမှာ
အဝစာတွေကို စားချင်စိတ် လျော့နည်းမှာပါ။ လေ့လာချက် တစ်ခုအရ မနက်စာ
မစားတဲ့သူတွေကို ကယ်လိုရီများတဲ့ ပီဇာမုန့်လို အစာရဲ့ ဓာတ်ပုံကိုပြပြီး
သူတို့ရဲ့ ဦးနှောက်ကို Scan လုပ်ကြည့်တဲ့အခါ သူတို့မှာ စားချင်စိတ်
ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ မနက်စာ စားသူတွေကို ဒီအစာ ဓာတ်ပုံပဲ
ပြကြည့်တဲ့ အခါမှာတော့ ဦးနှောက်မှာ ဘာအပြောင်းအလဲမှ ဖြစ်ပေါ်တာကို
မတွေ့ရပါဘူး။ ဒါကြောင့် မနက်စာ စားပါက တစ်နေ့တာလုံးမှာ အဝစာစားချင်စိတ်
လျော့နည်းနေမှာပါ။
နံနက်စာ၏ လျှို့ဝှက်ချက်
နေ့တစ်နေ့ရဲ့
ပထမဆုံး အစာဖြစ်တဲ့ မနက်စာကို မစားဘဲ ကျော်သွားကြ သူတွေဟာ
ကယ်လိုရီများတဲ့ အစာတွေကို မြင်တဲ့အခါ ပိုပြီး စိတ်လှုပ်ရှားအောင်
ဦးနှောက်က လှုံ့ဆော်ပေးနေပါတယ်။
နည်းနည်းလုပ်၊ များများလျော့
လေ့လာချက်
တစ်ခုအရ ကိုယ်အလေးချိန် ကျဖို့အတွက် ဘဝနေထိုင်မှုပုံစံကို
အနည်းငယ်ပြောင်းတာ (ဥပမာ- အစာစားနေစဉ် TV ပိတ်ထားတာ၊ တစ်ခါစား နည်းနည်းသာ
စားတာနဲ့ အထက် ဖော်ပြပါ နည်းတွေ ပြုလုပ်တာ) ဟာ အစာ နင်းကန် လျော့စား
သူတွေထက် စာရင် သုံးလအကြာမှာ ကိုယ်အလေးချိန် သိသာစွာ ပိုလျော့ကျတာကို
တွေ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သေးငယ်တဲ့ ပြောင်းလဲမှုဟာ ကြီးမားတဲ့
ပြောင်းလဲမှု ထက်စာရင် ပြောင်းရ ပိုလွယ်တာကြောင့်ပါ။
ဒေါက်တာနုမြတ်
By Good Health Originally posted 25/10/2011 15:19PM
Share
No comments:
Post a Comment