Share
လူအများစုဟာ
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို အကြောင်း အမျိုးမျိုးကြောင့်
ကြုံတွေ့ နေရတတ်ပါတယ်။ တစ်ခါတလေ နာကျင်မှုနဲ့အတူ ဆိုးရွားတဲ့ ကျန်းမာရေး
ပြဿနာတွေပါ ကြုံရတတ်ပါတယ်။ စိတ်ကျရောဂါတွေကို လျော့ပါးစေဖို့ အစားအစာ
တချို့ဟာ တိုက်ရိုက်ပတ်သက်မှု ရှိတယ်လို့ လေ့လာမှုတွေအရ တွေ့ရှိခဲ့ကြပါတယ်။
သဘာဝ အာဟာရတွေဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ်၊ အသားဓာတ်၊ ဖက်တီးအက်စစ်၊ သတ္တုဓာတ်၊
အမိုင်နိုအက်စစ် စတာတွေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဟော်မုန်းတွေကို
ထွက်စေပြီး စိတ်ကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေပါတယ်။ တချို့
အစားအစာတွေကြောင့် စိတ်လှုပ်ရှားမှု၊ ရင်တုန်မှုနဲ့ ဖိစီးမှုကို
ဖြစ်စေတတ်ပါတယ်။ အထူးသဖြင့် အရက်၊ ကဖင်းနဲ့ အချိုလွန်ကဲတဲ့
အစာတွေကြောင့်ပါ။ တချို့အစားအစာတွေဟာ သင့်ဦးနှောက်ဆီကနေ အာရုံကြောစနစ်ကို
ကောင်းမွန်တဲ့ ခံစားမှုတွေ ပေးစွမ်းနိုင်ပြီး ပျော်ရွှင်တဲ့
စိတ်ခံစားမှုတွေကို ရရှိစေနိုင်ပါတယ်။
ဗီတာမင် စီ နဲ့ အီး
သစ်သီးနဲ့
ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ဗီတာမင် စီ နဲ့ အီး ဟာ စိတ်ကျရောဂါအတွက်
အကောင်းဆုံး အကျိုးရလဒ်ကို ပေးနိုင်ပါတယ်။ ချယ်ရီသီးမှာဆိုရင်
စိတ်ကျခြင်းကို တားဆီးနိုင်တဲ့ Anthocyanine ပါဝင်ပါတယ်။ ထောပတ်သီးနဲ့
ငှက်ပျောသီးတို့ကလည်း စိတ်ခံစားမှုကို ကောင်းစေတဲ့ Serotonin ကို
ထုတ်လွှတ်ပေးပါတယ်။ တခြားဖြည့်စွက်မှု အနေနဲ့ ပန်းဂေါ်ဖီစိမ်း၊ မှို၊
မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ကန်စွန်းဥ၊ အစိမ်းရင့်ရောင်အရွက်၊ ဆလတ်ရွက်၊
ဟင်းနုနယ်ရွက် စတာတွေကို စားပါ။
အသားဓာတ်
ကြက်ရင်ပုံသားနဲ့
ကြက်ဆင်သားတွေမှာ ကောင်းမွန်တဲ့ အသားဓာတ်နဲ့ ဗီတာမင် B3 တွေပါဝင်ပြီး
ကောင်းမွန်စွာ အိပ်ပျော်စေကာ စိတ်ဓာတ်ကျခြင်းကို ဖြစ်စေတဲ့
ဟော်မုန်းတွေကို ချေဖျက်ပေးနိုင်ပါတယ်။
အနက်ရောင် ချောကလက်
အနက်ရောင်
ချောကလက်ဟာ ဦးနှောက်တွင်း ဆီရိုတိုနင်နဲ့ အန်ဒေါ်ဖင်းဟော်မုန်းလို့ခေါ်တဲ့
စိတ်ခံစားမှုကို ကောင်းစေတဲ့ ဟော်မုန်းတွေကို ထွက်ရှိစေပါတယ်။
တခြားစိတ်ဝင်စားမှု ကောင်းစေတာက ချောကလက်ဟာ ချစ်ကျွမ်းဝင်စိတ်ကို
ဖြစ်ပေါ်စေတဲ့ ဟော်မုန်း တစ်မျိုးဖြစ်တဲ့ Phenylethylamine ကိုလည်း
ထွက်ရှိစေတာကြောင့် စိတ်ကျဝေဒနာကို ထိန်းချုပ် ပေးနိုင်ပါတယ်။
Green Tea
လက်ဖက်စိမ်း
လက်ဖက်ရည်ဟာ အင်တီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာပါဝင်ပြီး သဘာဝ အာဟာရ
တစ်မျိုးဖြစ်ကာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာနဲ့ တွေးခေါ်
မြော်မြင်နိုင်စွမ်းတွေကို ကောင်းမွန်နေစေပါတယ်။ အဆီနည်း အစားအစာ အဆီနည်း
ချိစ်၊ ဒိန်ချဉ်၊ နို့တွေမှာ ဗီတာမင် ဒီ၊ ကယ်လ်စီယမ်နဲ့
ပရိုတင်းတွေပါဝင်ပြီး စိတ်ကျဝေဒနာကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဦးနှောက်ရဲ့
လုပ်ငန်းဆောင်တာကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ပြီး
တွေးခေါ်မြော်မြင်မှုကို ကောင်းစေနိုင်ပါတယ်။ ပြည့်ဝဆီ ငါးတွေကနေ ရရှိတဲ့
အဆီမျိုးဟာ အာရုံကြောစနစ်ကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။
သွေးလည်ပတ်မှု ကောင်းစေတဲ့အပြင် နှလုံးရောဂါကိုပါ တိုက်ထုတ်နိုင်ပြီး
ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်ကောင်းမွန်စေတဲ့ အစွမ်းသတ္တိတွေ
ရှိပါတယ်။ ပင်လယ်ငါးကြီးတွေမှာ ပါဝင်တဲ့အဆီမှာ အိုမီဂါ - ၃ နဲ့
ဗီတာမင်အေတို့ ပါဝင်ပြီး နာတာရှည် စိတ်ကျဝေဒနာရှင်တွေကို ကုသရာမှာ
အသုံးဝင်ပါတယ်။ အစေ့အဆန် ငါးမစားတဲ့သူတွေ စားသင့်ပြီး အိုမီဂါ ၃ နဲ့ ၆
ပါဝင်ပါတယ်။ အစေ့အဆန်တွေမှာ ဗီတာမင်စီ ပါဝင်ပြီး အပြုသဘောဆောင်တဲ့
အတွေးအခေါ်တွေကို ရရှိစေနိုင်ပါတယ်။ နေကြာစေ့၊ မြေပဲဆန်၊ သီဟိုဠ်စေ့၊
ဗာဒံသီးစေ့၊ ဖရုံစေ့ စတာတွေမှာ ဗီတာမင် B1 ပါဝင်ပြီး သရေစာအဖြစ် စားပေးပါ။
ကောက်နှံသွေးတွင်း သကြားဓာတ် အဆင့်ကို ကျစေပြီး ဆီးချိုသွေးချိုသမားတွေ
အဓိကထား စားသင့်တဲ့ ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ အစားအစာဖြစ်တဲ့ ဂျုံ၊
ခရက်ကာနဲ့ ပေါင်မုန့်ညိုတွေဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို
ကောင်းမွန်စေတဲ့အပြင် စိတ်ခံစားမှုအာရုံကို ကောင်းမွန်စေတဲ့ Serotonin
ကိုလည်း ထွက်စေတာကြောင့် စားသုံးပေးသင့်ပါတယ်။
သဲသဲ
Ref: Good Health
Source: http://news.yatanarpon.com.mm/news/news-59201
Share
No comments:
Post a Comment