page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, July 3, 2012

** ချစ်လား?? မချစ်ဘူးလား?? **

ညချစ်သူ | 11:58 PM |
ညချစ်သူ | 11:58 PM |




Best Blogger Tips
Share
** ချစ်လား?? မချစ်ဘူးလား?? **



**ဒီမေးခွန်းလေးက လူတိုင်းသိချင်နေကြတဲ့ သိချင်ခဲ့ကြတဲ့ မေးခွန်းလေးနော်.. **

**ဟုတ်တယ်ဟုတ် ?? **

**တစ်စုံတစ်ယောက်ကို ချစ်ရေးမဆိုခင်မှာဖြစ်ဖြစ်၊ အဖြေမပေးခင်မှာဖြစ်ဖြစ်၊ 
လမ်းမခွဲခင်မှာဖြစ်ဖြစ် ကိုယ့်ကိုယ်ကို သေချာမေးဖို့လိုတဲ့ သေချာတဲ့အဖြေကို 
ရရှိဖို့လိုအပ်တဲ့ အရေးကြီးတဲ့ မေးခွန်းလေးတစ်ခုပေါ့။ **


**ဒီလောက်အရေးပါတဲ့ မေးခွန်းလေးကို သေချာဖြေနိုင်ဖို့ အောက်ကအချက်လေးတွေက
 သူငယ်ချင်းတို့ကို ကူညီပေးလိမ့်မယ်နော်။**




၁။ သူနဲ့ အမြဲတွေ့နေရတာတောင်မှ အမြဲတွေ့ချင်နေတုန်းပဲလား ?



၂။ မနက်အိပ်ယာကနိုးတိုင်း ညအိပ်ယာဝင်ခါနီးတိုင်းမှာ သူ့အကြောင်းပဲ တွေးနေမိလား ?



၃။ အရေးကြီးတာတစ်ခုခုကို လုပ်မယ်လို့ ဆုံးဖြတ်ခါနီးတိုင်း သူ့အပေါ်တစ်ခုခု 

     သက်ရောက်မှု ရှိ / မရှိကို စဉ်းစားမိတတ်လား?


၎။ အတူတူစားသောက်တိုင်းမှာ သူ့ကိုပဲ ဦးစားပေးနေမိတာမျိုး၊ 

    သူဗိုက်မ၀မှာစိုးလို့ လျှော့စားတာမျိုးရှိလား ?


၅။ သူနဲနဲနေမကောင်းဖြစ်ရင်တောင် အရမ်းစိုးရိမ်နေမိလား ?



၆။ သူ့ကြောင့် နာကျင်ရရင်တောင် အပြစ်မမြင်ဘဲ သူ့အစား

     အကြောင်းပြချက်တွေရှာပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်နေမိလား ?


၇။ သူဟာ သင့်အတွက်၊ သင့်ဘ၀အတွက် အရေးကြီးဆုံးလို့ ခံစားနေမိလား ?



၈။ သူမရှိတဲ့ဘ၀တစ်ခုကို စိတ်ကူးလိုက်တာနဲ့တင် ကြောက်နေတတ်လား ?



၉။ သူပျော်ရင်လိုက်ပျော်နေမိပြီး သူစိတ်ညစ်ဝမ်းနည်းတဲ့အခါ 

    သင်ပါထပ်တူထပ်မျှခံစားရတတ်လား ?


၁၀။ သူ့ကို ကြည့်လိုက်တာနဲ့ သူ့ကိုချစ်နေမိပြီလို့ ခံစားနေမိလား ?



၁၁။ မှန်ထဲမှာ ကိုယ့်မျက်လုံးကိုယ်ကြည့်ပြီး သူ့ကိုချစ်လားလို့ ကိုယ့်ကိုယ်

       ကိုမေးကြည့်တဲ့အခါ   ရှက်ရွှံ့ကြည်နူးမှုတွေခံစားနေရလား ?


၁၂။ ကိုယ့်ရဲ့ ပျော်ရွှင်မှု ၀မ်းနည်းမှုတွေဟာ သူ့အပေါ်အများဆုံးမူတည်နေလား ?



၁၃။ သူနဲ့အတူရှိနေရင် သူ့အကြောင်းစဉ်းစားမိရင်ကို အလိုလိုပျော်လာလား ?




အပေါ်က မေးခွန်းလေးတွေရဲ့အဖြေတွေက “Yes” ပဲဆိုရင်တော့ သေချာပါတယ်.. 

 သင်သူ့ကို ချစ်မိနေပြီ။ သင့်နှလုံးသားတံခါးကို ဖွင့်ထားလိုက်တော့နော်..။ :)



Myanmar Sky Link 

Share

No comments: