page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, September 9, 2013

ပဲ့တင်သံ

candle lay | 8:54 AM |
candle lay | 8:54 AM |




Best Blogger Tips
Share


တစ်ခါက ဖခင်ဖြစ်သူက တောင်ကြားတစ်ခုထဲကို ဘာစကားတစ်ခွန်းမှ မပြောပဲခေါ်သွားခဲ့ပါတယ် ။

သားဖြစ်သူကလည်း ဖခင်က ဘာမှ မပြောတော့ ဖခင်နောက်ကနေ တိတ်တိတ်လေးလိုက်လာခဲ့ပါတယ် ။

လမ်းမှာ ကျောက်ခဲတွေ အရမ်းများတဲ့အတွက် တောင်ကြားခလယ်ခေါင်လောက် အရောက်မှာ သားဖြစ်သူက ကျောက်ခဲတစ်ခဲနဲ့ တိုက်မိပြီး နာကြင်စွာနဲ့ အားလို အော်လိုက်ပါတယ် ။

အဲလိုအော်လိုက်တဲ့အသံက တောင်တွေနဲ့ ရိုက်ခတ်ပြီး အား ဆိုတဲ့ ပဲ့တင်သံကို သားဖြစ်သူထပ်မံကြားလိုက်တဲ့အတွက် ဘယ်သူများ သူလို အော်သလဲဆိုပြီး အံသြသွားပါတယ် ။

အဲလို ပဲ့တင်သံကို တစ်ခါမှ မကြားဖူးတဲ့အတွက် အသံဘယ်ကလာလဲဆိုတာ သိချင်တဲ့အတွက် စူးစမ်းလိုစိတ်နဲ့ မင်းဘယ်မှာလဲ လိုအော်မေးကြည့်လိုက်တော့ ပဲ့တင်သံ မင်းဘယ်မှာလဲ ဆိုတဲ့ အသံကို သူပြန်ပြီး ကြားရပါတယ် ။

နောက် ငါ့ကိုပြောပြပါ လို တောင်းပန်လိုက်တော့ ငါ့ကိုပြောပြပါ ဆိုတဲ့အသံကိုပဲ သူပြန်ပြီးကြားရပါတယ် ။

ဖခင်ကတော့ သူ့သား ဘာတွေ ဆက်ပြီး လုပ်မယ်ဆိုတာကို အသာလေး စောင့်ပြီး ကြည့်နေပါတယ်။

သားဖြစ်သူက သူအော်တဲ့ အသံနဲ့ တူတဲ့ အသံကိုပဲကြားရတဲ့အတွက် စိတ်တိုလာပြီး ငါစိတ်တိုလာပြီနော် လိုအော်လိုက်တဲ့အခါ ငါစိတ်တိုလာပြီနော် ဆိုတဲ့ ပဲ့တင်သံကို ပြန်ပြီးကြားရပါတယ် ။

အဲဒါနဲ့ သားဖြစ်သူက နားမလည်တာနဲ့ ဖခင်ဖြစ်သူကို ဘယ်လိုဖြစ်တာလဲ လို မေးလိုက်ပါတယ် ။

အဲဒီတော့ ဖခင်ဖြစ်သူက မင်းက လူတော်တစ်ယောက်ပဲ လိုအော်ကြည့်ခိုင်းလိုက်ပါတယ် ။

သားဖြစ်သူက မင်းက လူတော်တစ်ယောက်ပဲလို အော်လိုက်တဲ့အခါ တောင်ကြားထဲကနေ မင်းက လူတော်တစ်ယောက်ပဲလို ပြန်ပြီး အော်လိုက်တဲ့ အသံမျိုးကို သူပြန်ပြီးကြားရပါတယ် ။

ဒါပေမယ့် သားဖြစ်သူကတော့ ဘာလို အဲလို အသံတွေကြားနေရလဲဆိုတာကို နားမလည်သေးပါဘူး ။

အဲဒီတော့ ဖခင်ဖြစ်သူက သားကိုရှင်းပြပါတယ် ။ အဲဒီ အသံကို ပဲ့တင်သံလို ခေါ်တယ် ။

လူဘ၀မှာလဲ အဲဒီလို ပဲ့တင်သံလိုပါပဲ ကိုယ်က သူတစ်ပါးဆီက မေတ္တာတရား လိုချင်ရင် ကိုယ်ကလည်း သူကို မေတ္တာတရား ပေးမှ ကိုယ်တိုင်လည်း ရရှိနိုင်မှာပါ ။

ကိုယ်လိုချင်တဲ့အရာကို သူတစ်ပါးကို ပေးမှာ သူတစ်ပါးဆီက ကိုယ်လိုချင်တဲ့ အရာကို ရရှိနိုင်တဲ့ အကြောင်းကို ရှင်းပြပေးလိုက်ပါတယ် ။

အဲဒီတော့မှ သားဖြစ်သူကနားလည် သဘောပေါက်သွားပါတယ် ။

အဲဒါကြောင့် ဘ၀မှာ ကျွန်တော်တို စိတ်ချမ်းသာပျော်ရွှင်စွာနဲ့နေထိုင်နိုင်မလားဆိုတာ သူတစ်ပါးကိုလဲ စိတ်ချမ်းသာပျော်ရွှင်အာင် ကိုယ်ထားခဲ့ပါသလား ဆိုတဲ့ အပေါ်မှာလဲ မူတည်နေနိုင်ပါတယ် ။

>>>Scrapmrho Ho<<<
Credit - ->စာပေရိပ်မွန် စာအုပ်စင်

Share

No comments: