page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, August 13, 2013

*** ချမ်းမြေ့ငြိမ်းချမ်းမှုနဲ. ချစ်ခြင်းမေတ္တာတရား ***

ညချစ်သူ | 9:45 AM |
ညချစ်သူ | 9:45 AM |




Best Blogger Tips
Share




ဘ၀ရဲ့ နံနက်ခင်းမှာ အာဟာရအဖြစ်သင်ကော်ဖီတစ်ခွက်ကို
 တောင့်တ နေပါသလား ?ကျွန်တော်ကတော့ သင့်အတွက်
 ကော်ဖီတစ်ခွက်ဖျော်ထားပါတယ် ။ အဲဒီကော်ဖီကို
“ ချစ်ခြင်းမေတ္တာ ” သို့မဟုတ် love လို့ နာမည်ပေးထားတယ် ။


အဲဒီကော်ဖီထဲမှာ ပါဝင်ပစ္စည်း ၃ မျိုးထည့်ထားတယ် ။



၁ ။ ခင်မင်ရင်းနှီးမှု ( Friendship )

၂ ။ ငြိမ်းချမ်းမှု ( Peace )


၃ ။ ကြီးမားခိုင်ခံ့သော ချစ်ခြင်းတရားအရှိန်အ၀ါ ( Passion ) 


တို့ပါဝင်တယ် ။

ဘ၀မှာ ခင်မင်ရင်းနှီးခွင့်ရတဲ့ မိတ်ဆွေတိုင်းကို အဲဒီကော်ဖီခွက်

ကလေးကို နံနက်ခင်းတိုင်း ကျွန်တော်ဖျော်ပေးထားတယ် ။
သင်တို့ရော သင်တို့ ရဲ့ မိတ်ဆွေသူငယ်ချင်းတွေအားလုံးကို အဲဒီကော်ဖီလေးတစ်ခွက်လောက်ဖျော်တိုက်ကြည့်ပါ ။


“ ချမ်းမြေ့ ငြိမ်းချမ်းမှုနဲ့အတူ ချစ်ခြင်းတရား ”

 တွေကို သင်ပြန်ခံစားရမှာပါ ။

 http://bluenavyblog.blogspot.com/2012/08/blog-post_4555.html

Share