page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, September 11, 2012

ဘ၀ခရီးလမ်းကို လျှောက်လှမ်းကြရာဝယ်

ညချစ်သူ | 1:38 AM |
ညချစ်သူ | 1:38 AM |




Best Blogger Tips
Share



ဘ၀ဆိုတာ ဘနဲ့ဝ ပေါင်းစပ်ထားတယ်ဆိုပေမဲ့ တကယ်တမ်း လျှောက်လှမ်းရတဲ့ ခရီးလမ်းမှာတော့

ခယောင်းလမ်းကို ဖြတ်သန်းရတာ ရှိသလို ဆူးခင်းလမ်းကိုလည်း ဖြတ်ကျော်ချင် ဖြတ်ကျော်ရနိုင်ပေမည်။

ထိုအတူ သာယာချမ်းမြေ့တဲ့ လမ်းကလေးမှာလည်း လျှောက်လှမ်းရတာလည်း ရှိနေနိုင်ပါတယ် ။မွေးဖွားခြင်း

ကနေ အစပြုခဲ့တဲ့ ဘ၀ခရီးလမ်းဟာ သေဆုံးခြင်းမှတ်တိုင်ရောက်မှ အဆုံးသက်ကြရပေလိမ့်မယ် ။


ဘ၀ခရီးလမ်းကို လျှောက်လှမ်းမယ့်လူတိုင်းသည် လှိုင်းပင်လယ်နဲ့ တူတဲ့ ဘ၀ ၊ နုညံ့သိမ်းမွေ့ တဲ့ ပန်းနဲ့တူတဲ့

ဘ၀ ၊ အိုအေစစ်ကလေးလို အရာရာမှာ ပြည့်စုံနေတဲ့ ဘ၀ ၊ ကန္ဒရလို ပူပြင်းခြောက်သွေ့ တဲ့ ဘ၀ ၊စသည့်ဖြင့်

ဘ၀ခရီးလမ်းအမျိုးမျိုးကို လျှောက်လှမ်းရမယ် ထင်ပါတယ် ။ဘ၀မုန်တိုင်း အဖုံဖုံကြားမှာ လူးကာလွင့်ကာ


လျှောက်လှမ်းနေသမျှကာလပက်လုံး အောင်မြင်မှု လေပြေကိုရဖို့  လှိုင်းဝဲဂယက်ကြားမှာ  အောင်မြင်စွာ

ကျော်ဖြတ်နိုင်ရမည့်ဟူသော  စိတ်ဓာတ်ဆိုတဲ့ လျှော်တက်တစ်ခု ရှိနေဖို့ လိုအပ်ပါတယ် ။




ကျွန်တော်ကတော့ ဘ၀ဆိုတာကို  ရေမြေတောတောင် လျှိုမြောင်တွေကြားက ဖြတ်သန်း

စီးဆင်းနေတဲ့  မြစ်တစ်ခုထဲက ရေအလျင်လို  တစ်တောဝင်တစ်တောထွက် တောင်နရံတွေ ကာဆီး

နေပေမဲ့ ကွဲကာကောက်ကာဖြင့် အလိုက်သင့်စီးဆင်းနေပုံပမာ ဘ၀ခရီးလမ်းကိုလည်း ဘယ်လောက်ပင်

ခက်ခဲကြမ်းတမ်းပါစေ အောင်မြင်စွာဖြတ်သန်းနိုင်ဖို့ က တစ်ခါတစ်လေ ခက်ခက်ခဲခဲဖြတ်သန်းရတာ ရှိသလို

တစ်ခါတစ်လေတော့ ဘ၀ရေစီးထဲမှာ အလိုက်သင့် ဖြတ်သန်းနိုင်ဖို့  လိုအပ်ပါတယ် ။


ထိုအပြင်  ဘ၀ခရီးလမ်းကို ဖြတ်သန်းတဲ့အခါမှာ မိတ်ဆွေအဖော်မွန်ကောင်းရှိနေဖို့ လည်း လိုအပ်

မယ်ထင်ပါတယ် ။မိတ်ဆွေကောင်းလိုချင်ရင် ကိုယ်ကအရင် မိတ်ဆွေကောင်းဖြစ်ဖို့ လည်း လိုမယ်ထင်ပါတယ်။

ဘ၀ခရီးလမ်းက ရှည်လျားတယ် ထွေပြားတယ် ဒုက္ခအခက်အခဲအမျိုးမျိုးကလည်း အသင့်စောင့်ကြိုနေတယ် ။

အခက်အခဲတွေကို ဖြတ်သန်းဖို့  ခံနိုင်ရည်အင်အား ရှိဖို့ လိုအပ်သလို  တစ်ခါတစ်လေမှာ မိတ်ဆွေကောင်းတွေရဲ့ 

ဖေးမကူညီကာ  လက်လှမ်းကူညီမှုတွေကနေ အားအင်တွေ ဖြစ်ပေါ်စေပြီး ဘ၀ခရီးလမ်းကို ငါအောင်မြင်စွာ ဖြတ်


ကျော်နိုင်ရမယ်ဆိုတဲ့ ထက်သန်တဲ့ ခံယူချက် စိတ်ဓာတ်ကိုလည်း  ရစေနိုင်တာမို့  ဘ၀ဆိုတဲ့ ခရီးလမ်းကို  မိတ်ဆွေ


ကောင်းတွေနဲ့  အောင်မြင်စွာဖြတ်သန်းလျှောက်လှမ်းချင်မိပါတယ် ။


သူငယ်ချင်းအားလုံးလဲ မိတ်ဆွေအဖော်မွန်ကောင်းများစွာဖြင့် ဘ၀ခရီးလမ်းကို သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်း

နိုင်ပါစေလို့ ဆန္ဒပြုရင်း

                                                                                 အစဉ်လေးစားခင်မင်လျှက်က  

                                                                                            ညချစ်သူ


ဘ၀ဆိုတာ

ခယောင်းလမ်းကိုဖြတ်

ဆူးခင်းလမ်းကို ကျော်

နိမ့်တုံမြင့်လှည့်ဖြင့်

မာယာပရိယာယ် အစုံစုံ

မုန်တိုင်း အဖုံဖုံကြားက

လှိုင်းပင်လယ် ၀ဲဂယက်ကြားမှာ

အလိုက်သင့်ဖြတ်သန်းနေတဲ့

ဗေဒါပင်လေးလို

လောကဓံကို အံတုလို့ 

ဖြတ်သန်းလိုက်ချင်ပါဘိ ။


မှတ်ချက် ။      ။

ကဗျာရေးချင်စိတ်ကြောင့်သာ ရေးလိုက်မိတာပါ ။ကဗျာကမရေးတတ်လို့ အမှားရှိရင် 

နားလည်ပေးကြပါဦးနော် ။

အားပေးနေကြတဲ့ သူငယ်ချင်းအားလုံးလည်း ကျန်းမာရွှင်လန်းစွာဖြင့်

 လောကအကျိုးကို တစ်ထောင့်တစ်နေရာကနေ

ပါဝင်အားဖြည့် ကူညီနိုင်ကြပါစေသော် ။









Share