သမင်ထီးတစ်ကောင်ဟာ ရေဆာလို့စမ်းချောင်းကလေး တစ်ခုဆီလာခဲ့တယ်. . .
ရေသောက်ပြီးတဲ့အခါ သူ့အရိပ်ကို ရေပြင်မှာ သတိပြုမိတယ်.
ရှည်ပြီး ထူးခြားစွာလှပနေတဲ့ သူ့ ဦးချိုတွေကြောင့် ဂုဏ်ယူနေမိတယ်.. .
ဒါပေမယ့် သေးသွယ်ပြီး မလှပတဲ့ သူ့ခြေထောက်တွေကြောင့် အလွန်စိတ်ပျက်သွားလေရဲ့. . .
အဲသလိုဖြစ်နေဆဲမှာ ခြင်္သေ့တစ်ကောင်ဟာ ဘွားခနဲပေါ်လာပြီး သူ့ကို လိုက်တာပေါ့. . . . .
သမင်ဟာ သူ့ရဲ့မလှပဘူးလို့ ထင်နေတဲ့ သူ့ခြေထောက်တွေနဲ့ အမြန်ဆုံးထွက်ပြေးနိုင်ခဲ့ပါတယ်. . . . .
ဒါပေမယ့် သမင်ဟာ ကွင်းပြင်ထဲမှာ အန္တာရယ်ကလွတ်အောင် ပြေးနိုင်ပေမယ့် တောထဲရောက်
တဲ့အခါ သူ့ဦးချိုဟာ သစ်ကိုင်းနဲ့ ငြိသွားတယ် . . . သူ ဆက်မပြေးနိုင်တော့ဘူး . .
ဒီလိုနဲ့ ခြင်္သေ့ဟာ သူ့ကို မိသွားပါလေရော. . . သူမသေခင်လေးမှာ သူနောင်တရသွားတာက . . .
" အင်း ငါ့ခြေထောက်ကို စိတ်ပျက်ခဲ့မိတယ်. . . . သူအသုံးဝင်မှန်းခုမှငါသိတယ်. . .
ငါအထင်ကြီးခဲ့တဲ့ ဦးချိုကြောင့် ငါဟာ ခြင်္သေ့စာဖြစ်ရတာပါလား . . . "
လို့နောင်တတွေရသွားခဲ့ပါတယ်.. .
ဒီပုံပြင်လေးကို ဖတ်ပြီး ဆက်တွေးကြည့်ရအောင် ......................
တစ်ခါတစ်လေမှာ လူတွေဟာ ကိုယ်အလေးထားသင့်တဲ့ကိစ္စတွေကိုတော့ အလေးမထားမိဘဲ
အခြားအလှအပ ၊ ဂုဏ် ၊ မာန်မာန တွေ နဲ့ မယောင်ရာ ဆီလူးတတ်ကြပါတယ် ။
ကိုယ်အထင်ကြီးခဲ့တဲ့ အရာတွေက တစ်နေ့ မှာ ဘာမှ အသုံးမ၀င်မှန်း သိလာခဲ့တဲ့တစ်နေ့  မှာတော့
အချိန်တွေ မနှောင်းနေဖို့ ပဲ အရေးကြီးတာပါ ။နောင်တဆိုတာ နောင် မှ တ တဲ့ အရာမျိုးပါ ။
တန်ဘိုးရှိတဲ့ အရာတွေ တန်ဘိုး ထားရမယ့် အရာတွေကို ပြန်လည်သတိရမိတဲ့အချိန်မှာတော့
မလိုအပ်တဲ့ မာနတရားတွေ၊ ဘ၀င်တွေ ပယ်ပြီး၊ တန်ဖိုးထားသင့်တဲ့ အရှိတရား သတိတရားလေးတွေ
ထားနိုင်ဖို့ ပဲ လိုအပ်ပါတယ် ။မိတ်ဆွေတွေမှာလည်း ဒီအတိုင်းပါပဲ ဘယ်သူဟာ ကိုယ်အပေါ်မှာ
မိတ်ဆွေ ကောင်းလဲ ဆိုတာ ခွဲခြားဆင်ခြင်တတ်ဖို့ လိုအပ်ပါတယ် ။