page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, September 15, 2012

အချစ်

ညချစ်သူ | 6:05 AM |
ညချစ်သူ | 6:05 AM |




Best Blogger Tips
Share

အချစ်


ကျွန်တော်တို့ရဲ့ဘဝထဲမှာ နာကျင်မှု နဲ့ လေးလံတဲ့ဝန်တွေကို ပထုတ်ပေးတဲ့ စကားလုံး
တစ်လုံးရှိပါတယ်။ အဲဒီစကားလုံးက " အချစ် " လို့ အမည်တွင်တယ်။


လူတိုင်းမှာ အချစ်ဆိုတာ တစ်ချိန်မဟုတ် တစ်ချိန်ချိန်တော့ ပေါက်ဖွားလာတတ်ကြပါတယ်။
ဒါပေမယ့် အချစ်အပေါ်ထားရှိတဲ့ ခံယူချက်တွေကတော့ အမျိုးမျိုး ကွဲပြားခြားနားကြပါတယ်။
အချစ်ကိုဖန်တီးလို့ ရနိုင်သော်လည်း  ရေရှည်တည်မြဲဖို့ တည်ဆောက်ရန်မှာမလွယ်ကူပေ။
တကယ်တော့ အချစ်စစ်ဆိုတာ ကိုယ်တိုင်ဖန်တီးတည်ဆောက်စရာ လိုမယ်မထင်ပါဘူး ။
အချစ်စစ်ဆိုတာ ကျွန်တော်တို့ ရင်ထဲမှာ သူအလိုလို ပေါက်ဖွားရှင်သန်လာတဲ့ နွယ်ပင်လေး
တစ်ပင်မျှသာ ဖြစ်ပါတယ် ။

အချစ်ဟူသည် ကိုယ်ကပေးသလောက်ပြန်ရချင်မှရတတ်ပေသည်၊ တစ်ခါတစ်ရံမှာတော့
မျှော်လင့်ထားသည်ထက် ပိုမိုခံစားရရှိတတ်သလို၊ တစ်ခါတစ်ရံမှာလည်းထင်ထားသည်နှင့်
တစ်ခြားစီဖြစ်အောင် လွဲချော်မှုများကဖြစ်တတ်ပေသည်။ ပြန်ပေးသလောက်ပြန်ရမည်ဟု
ပုံသေသတ်မှတ်၍မရနိုင်ပေ။ သို့သော်လူတိုင်းသည် ထိုမျှော်လင့်ချက်၊ ယုံကြည်ချက်တို့
ဖြင့်သာမျှော်လင့်ရင်း အသက်ဆက် ရှင်သန်နေကြပေသည်။

အချစ်မှာ တိကျတဲ့အဓိပ္ပာယ် သတ်မှတ်ချက်မရှိခဲ့ပါဘူး။ လူတွေကသာ  ပုံသဏ္ဍာန်အမျိုးမျိုး
သတ်မှတ်နေကြတာပါ ။တကယ်တော့ အချစ်ဆိုတာ လက်ထဲဆုပ်ကိုင်ထားတဲ့ သဲပွင့်လေး
များလို တင်းတင်းဆုပ်ကိုင်လေ လျှောကျလေလည်း ဖြစ်တတ်ပါတယ် ။အချစ်ဆိုတာ ကော်
ဖီတစ်ခွက်သောက်ရသလိုပဲ  ခါးတယ် ၊ချိုတယ် ၊ဖန်တယ် ၊ဆိုတဲ့ အရသာ အမျိုးမျိုးကိုလည်း
ပေးစွမ်းနိုင်ပါတယ် ။ထိုအပြင် အချစ်ဟူသည် ကောင်းကင်မှာ ရွေ့ လျားနေသော တိမ်တိုက်
များနှင့်လည်း အလားသဏ္ဍာန်တူပါတယ် ။ကြယ်လင်နေတဲ့ မိုးသားကောင်းကင်ကြီးမှာ တိမ်
တိုက်တွေ အလွယ်တကူ ပေါ်ထွန်းလာနိုင်သလို တစ်ခါတစ်ရံမှာတော့  မိုးသက်လေပြင်းများ
ကြောင့်လည်း တစ်ခဏတာ အတွင်း လွင့်မျော့ပျောက်ကွယ်သွားတတ်နိုင်ပေသည်။အချစ်
ကြောင့် တွေဝေခြင်း ၊ ထိခိုက်နာကျင်ခြင်း ၊ တွေ ခံစားရနိုင်သလို ပျှော်ရွှင်ချမ်းမြေ့မှုတွေ
ကိုလည်း ခံစားရနိုင်ပါတယ် ။ဒါကြောင့် အချစ်ဆိုတာ အချို ၊ အခါး ၊ ရသစုံတယ် ။အတွေး
အမြင်ပေါင်းမှ တည်ဆောက်လို့ ရတယ် ။ခက်ခဲပေမဲ့လည်း ပေါင်းနိုင်သူမှသာ ပျှော်ရွှင်စရာ
ကောင်းတဲ့ အချစ်စစ်ပြည့်ဝတဲ့ ဘ၀အိမ်ကို တည်ဆောက်နိုင်မယ် ။


အချစ်

အချစ်ဆိုတာ
ပုံပြင်တစ်ပုဒ်လား
မသိခြင်းတွေ
ညီမျှခြင်းချလို့ 
ရသအစုံစုံကိုလည်း
ပေးစွမ်းနိုင်တယ်
ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ 
တည်ရှိနေပေမယ့်
ဖန်ခါးချိုတဲ့
ကော်ဖီအလား
သောက်လေတိုင်းမှာ
ငက်မပြေဘူး
တိမ်တိုက်လိုလဲ
မျော့လွင့်နိုင်တယ်
သဲပွင့်လိုလည်း
အရာမထင်နိုင်
ဘယ်အရာမှ
မတည်မြဲနိုင်တဲ့
ဘ၀လမ်းမှာ
အချစ်အိမ်လေး
တည်ဆောက်ပါရစေ။

ဆက်ရန်
အချစ်  နှင့်  ယုံကြည်မှု

သူငယ်ချင်းအားလုံးကိုလေးစားခင်မင်စွာဖြင့်
ညချစ်သူ
နောက်နေ့ မှ ( အချစ် နှင့် ယုံကြည်မှု ) ကို ဆက်လက်တင်ပေးတော့မယ်နော် ။
အားပေးကြတဲ့သူငယ်ချင်းအားလုံး ပျှော်စရာကောင်းတဲ့ အချစ်အိမ်ကလေးကို တည်ဆောက်
နိုင်ကြပါလို့  ဆုမွန်ခြွေလျှက် .............................................။

 



 

Share