page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, September 9, 2013

*** မြန်မြန်လေး ခုန်ထွက်နိုင်ဖို့ ***

candle lay | 9:02 AM |
candle lay | 9:02 AM |




Best Blogger Tips
Share




သူငယ်ချင်း တယောက်ဆီက ပုံပြင်ကောင်းလေး
ရခဲ့ပါတယ်။Chaw Kalyar ကို ကျေးဇူးတင်ပါတယ်။
ဒီပုံပြင်လေးဟာ အေးစက်စက်ဖြစ်နေတဲ့ အသိ
ဥာဏ် နဲ့ လေးတွဲ့ နေတဲ့ ခြေလှမ်းတွေ ကို သတိပြု
မိစေပါတယ်။ ကျနော့ ကိုယ် ကျနော် လှုပ်နိုးနိုင်တဲ့
အခြင်းအရာ တခုအဖြစ် ရက်ပေါင်းများစွာ သုံးသပ်
အုံးမှာပါ။


ပုံပြင်ကလေးက ဒီလိုပါ …
လူတွေနဲ့ ဖားတွေဟာ ပါတ်ဝန်းကျင် နဲ့ လိုက်လျောညီထွေ
ဖြစ်အောင်ထိမ်းညှိနေထိုင် တတ်ကြတဲ့ သတ္တဝါ တွေဖြစ်ပါတယ်။

စမ်းသပ်မှု့ တခုမှာ ဖားတကောင် ကို ရေထည့်ထားတဲ့ အိုးထဲကို ထည့်လိုက်ပါတယ်။ အဲဒီနောက်ဲဒီအိုးကို မီးဖိုပေါ်တင်ပြီး အပူပေးတယ်။
အိုးထဲက ရေရဲ့ အပူချိန်မြင့်တက်လာပါတယ်။ ဖားဟာ သူ့ခန္ဓာကိုယ်ရဲ့ အပူချိန်
ကို မြင့်တက်လာတဲ့ အပူချိန်နဲ့ အဆင်ပြေအောင် ထိမ်းညှိနိုင်မှု့ ကြောင့် အစမှာ
ဘာမှ မဖြစ်ဘဲ နေနိင်တာကို တွှေ့ရပါတယ်။
ဒီလိုနဲ့ ဖားဟာ မြင့်တက်လာတဲ့ အပူချိန်နဲ့ လိုက်လျောညီထွေအောင်နေရင်း
နောက်ဆုံး ရေဆူမှတ်ရောက်ကာနီးမှာတော့ လုံးဝ ထိမ်းညှိနိုင်စွမ်းကုန်ပြီး
အိုးထဲကနေ ခုန်ထွက်ဖို့ ကြိုးစားပါတော့တယ်။
ဒါပေမဲ့ ဖားဟာ အိုးထဲကနေ ခုန်မထွက်နိုင်တော့ပါဘူး ။
ဘာဖြစ်လို့လဲ ဆိုတော့ သူ့မှာရှိသမျှ အားအင် နဲ့ စွမ်းရည်တွေကို အပူချိန်ထိမ်းညှိ
စဉ်က အစွမ်းကုန်သုံးလိုက်လို့ပါ။ သူဟာ အလွန်အင်အား နဲသွားပါပြီ ။
မကြာခင်မှာဘဲ ဖားဟာ သေဆုံး ရပါတော့တယ်… တဲ့

ပုံပြင်ရဲ့ ဒီနေရာ အရောက်မှာ ရုတ်တရက်အားဖြင့် သနားတတ်သူပီပီ စိတ်ထဲမှာ ဖားလေးကို သနားမိတာရယ် ။ စမ်းသပ်တဲ့ သူတွေ ကို ဒီအထိ စမ်းရမလားလို့ မကျေနပ်မိတာရယ် ။ဒီ နှစ်ခုဘဲ ဖြစ်မိသေးတာပါ။ နောက်ထပ်
ဆက်ဖတ်မှ အရေးကြီးတဲ့ သတိပေးချက်တခု ဟာ ခေါင်းထဲမှာ ဆူညံစွာ ဖြစ်ပေါ်
လာတော့တာပါ။ဆက်ဖတ် လိုက်တော့…

ဖားဟာ ဘာ့ကြောင့်သေဆုံးရပါသလဲ…?
လူများစုကတော့ ဆူပွက်နေတဲ့ ရေနွေးကြောင့်လို့ ပြောကြပါလိမ့်မယ်
( စမ်းသပ်သူတွေကြောင့် လဲ ပြောချင်ပြောကြမယ်ပေါ့)
တကယ်တမ်း ဖားဘက်ကနေ အသေအချာ စဉ်းစားရင် ဘယ်အချိန်မှာ
အိုးထဲကနေ ခုန်ထွက်သင့်သလဲဆိုတာ ကို မဆုံးဖြတ်နိုင်တဲ့ ဖားရဲ့ အားနည်းချက်
ကြောင့်ပါ … …တဲ့။ ။
ပုံပြင် အဆုံးသပ် တဲ့ နေရာ ရောက် မှ ကျနော့ အတွေးက
အစပြုလာပါတယ်။
" သြော်… တူလိုက်တာ တထပ်ထဲပါလား" … ပေါ့။

ကျနော်တို့ တတွေ ရဲ့
ပျိုရွှယ်တဲ့ အချိန်တွေ…
ကျန်းမာတဲ့အချိန်တွေ…
ကျင့်စွမ်းနိုင်သေးတဲ့ အခြေအနေတွေ… နဲ့
သာသနာ ဆိုတဲ့ အခွင့်အရေးကောင်းတွေ… ဟာ
ပုံပြင်ထဲက ဖားလေးရဲ့ အပူထမ်းညှိနိုင်မှု့ စွမ်းရည်နဲ့တူနေပါတယ်။

ဖားလေး ဟာ အိုးထဲမှာ သူ့ရှိတဲ့ အစွမ်းတွေ
နဲ့ ထိမ်းညှိပြီး(အသိဥာဏ်နဲစွာ) နေ နေရင်း သူ့အင်အားတွေကိ
သူဖြုန်းတီးနေတာဟာလဲ
ကျနော်တို့တတွေမှာ
အချိန်, အရွယ်, နဲ့ အခွင့်အရေး,တွေကို
အတ္တ အရောင်တင်လုပ်ငန်း မှာ အသုံးချနေကြ
တာနဲ့ တူနေပါတယ်။

ဘယ်အထိတူလဲ ဆိုတော့
အစွမ်းကုန်လို့ ခုန်မထွက်နိုင်တဲ့ ဖားရဲ့ အခြေ
အနေဟာ
ငါ့ဒုက္ခ ငါ့သောက ငါ့ဂတိ အစရှိတဲ့ ဒုက္ခတွေဟာ
ငါရှိလို့ငါ့ဒုက္ခ တွေရှိတာဆိုပြီး
ငါဆိုတဲ့ အတ္တကနေရုန်းထွက် ဖို့ သတိရတဲ့ အချိန်မှာ
ကိုယ်မွေးခဲ့တဲ့ အတ္တအပူကတက်လာ
ရုန်းထွက်ဖို့ အခွင့်အရေးကောင်းတွေကမရှိ ဆိုရင်
ဖားလေးရဲ့ အဖြစ်ဆိုးနဲ့ကွက်တိ ကိုတူနေမှာပါ ။

ဒီဖားကလေးက ကောင်းကောင်းကိုညွှန်ပြလိုက်ပါပြီ။
ကျနော်တို့မှာ ရှိတဲ့ အခြေအနေကောင်းတွေနဲ့
အတ္တ ကနေမြန်မြန် ခုန်ထွက်ကြပါ
မှားယွင်းစွာ ဖြင့် အတ္တအရောင်တင် လုပ်ငန်းတွေမှာ
အသုံးချနေကြရင်ဖြင့်… …… သူ့လိုဘဲ……ပေါ့ …

"ရန်သူဝိုင်းထား
ထိုယောင်္ကျားကား
လမ်းပေါက်သာလျှက်
ပြေးမထွက်
လမ်းတွက်တာဝန် …မဟုတ်ချေ " … တဲ့…upw

Credit to original uploader
Share

No comments: