page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, October 2, 2012

စစ်မှန်တဲ့ အပြုံးလေးဖြင့် ပြုံးပြနိုင်ပါစေ

ညချစ်သူ | 2:29 AM |
ညချစ်သူ | 2:29 AM |




Best Blogger Tips
Share



ကျွန်တော်တို့ နေ့ စဉ်ဖြတ်သန်းနေတဲ့ ဘ၀ခရီးလမ်းမှာ တစ်ယောက်နဲ့ တစ်ယောက်
သိတဲ့လူတွေ ရှိသလို မသိတဲ့လူတွေနဲ့ လည်း ဆက်ဆံနေကြရမယ်လို့ ထင်ပါတယ် ။
ဒီလိုဆက်ဆံနေကြတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦး သိတဲ့လူအချင်းချင်းသော်လည်းကောင်း
မသိတဲ့လူအချင်းချင်းသော်လည်းကောင်း  လူနှစ်ဦးအကြား အရိုးသား အပွင့်လင်းဆုံး
ပေါင်းကူးဆက်သွယ်တဲ့အခါမှာ အပြုံးလေးတွေနဲ့ ပဲ  ဖလှယ်ကြလိမ့်မယ်လို့ ထင်ပါတယ် ။
ပြုံးပြတယ်ဆိုတာ လူတစ်ဦး နှင့် တစ်ဦး မိတ်ဆွေဖြစ်မှုဧ။် သက်သေလက္ခဏာ တစ်ရပ်ပင်
မဟုတ်လား  ။အပြုံးမှာ မေတ္တာဓာတ်တွေ၊ ချစ်ခင်လေးစားမှုတွေ၊ ရင်းနှီးပွင့်လင်းမှုတွေ
ခိုအောင်းကပ်ငြိနေတယ်လို့  ကျွန်တော်ကတော့ ထင်မြင်ယူဆမိပါတယ် ။


ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲမှာ လူတစ်ဦးနဲ့ တစ်ဦး မသိကြပေမဲ့ နေ စဉ်
မြင်တွေ့ နေရတဲ့ အချိန်မှာ အသုံးပြုဖို့ ပေါ့  ရန်သူဖြစ်ရင်တော့ ကျေအေးသွားစေနိုင်
ပါတယ်တဲ့ အဲ့ဒီ နည်းလမ်းလေးကတော့ .............
ပထမ သူနဲ့ကိုယ် မသိလည်း သူ့ကိုပြုံး ပြလိုက် ပါတဲ့ ။။
ဒုတိယ တစ်ခါ လမ်းမှာ ထပ်တွေ့  ကြတယ်ဆိုလည်း ထပ်မံ ကိုယ်ကပဲ ပြုံးပြလိုက် ပါတဲ့လေ။
တတိယ တစ်ခါမှာ သူကပါ ကိုယ့်ကိုပြန်ပြုံးလာပါလိမ့်မယ်တဲ့။

အပြုံး-ဆိုတာ ရန်သူကိုတောင် အောင်နိုင်စေတဲ့ လက်နက်ကောင်းတခုပါ။
ဒါပေမယ့် စိတ်မထားတတ်ဘဲနဲ့တော့ ဟန်လုပ်ပြီး မပြုံးဖို့တော့ လိုပါတယ်။
စိတ်ထဲမှာကိုက ကြည်လင်ရှင်းသန့်နေရမယ်။ မြင်မြင်သမျှ ထိစပ်ဆက်နွယ်နေ
တဲ့သူမှန်သမျှကိုလည်း အကောင်းမြင်စိတ်ထားရမယ်။မိမိကြည့်မရတဲ့သူ ဖြစ်နေ
ရင်တောင်မှ မေတ္တာစိတ်ကလေး ဝင်နိုင်အောင် ကြိုးစားပြီး စိတ်မွေးရတယ်။
ဒီလိုစိတ်ထဲမှာ ပြတ်သားကြည်လင်စွာ ရှိပြီးမှ ပြုံးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။

အပြုံးတစ်ချက် ပြုံးပြဖို. ဘာမျှ မကုန်ကျနိုင်ပါဘူးနော် ။ သို.သော် အပြုံးတစ်ချက် သည်
ကြီးမားသော အကျိုးဆက်ကို ဖြစ်ပေါ်နိုင်စေပါတယ် ။ အပြုံးကို ရသူသည် ပိုမို အင်အား
ပြည့်ဝ သလို အပြုံးကို ပေးရသူအတွက်လည်း ဘာမှလျော့ပါး သွားခြင်းမရှိနိုင်ပါဘူး ။ တစ်
ချက်ပြုံးပြဖို.တစ်ခဏသာ ကြာပါသည် ။ အပြုံးလက်ခံ ရသူဧ။် စိတ်နှလုံးထဲတွင် ထာဝရ
တည် သွားနိုင်ပါတယ်  ။မျက်နှာကလေး အစဉ်ပြုံးရွှင်နေတဲ့သူက လူချစ် လူခင်ပေါရုံသာ
မကပါဘူး ကူညီစောင်မ,ချင် တဲ့သူတွေလည်း အလိုလိုရှိနေတတ်ပါတယ်။ ဒါ အပြုံးရဲ့ 
စွမ်းအား တန်ခိုးသတ္တိတွေပေါ့ ။

အပြုံးဆိုတာကို သရုပ်ခွဲကြည့်မယ်ဆိုရင်......................................။
တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ပြုံးပြတတ်ကြတယ်..။ ပြီးတော့ အပြုံးကို
အပြုံးနဲ့သာတုံ့ပြန်တတ်ကြတယ်။ နှစ်သက်လို့ပြုံးကြတယ်၊ နာကျင်လို့ပြုံးကြတယ်၊
နာကျည်းလို့ပြုံးကြတယ်၊ ဒေါသနဲ့ပြုံးကြတယ်။ အပြုံးပေါင်းများစွာ ရှိပါသေးတယ် ။
လှပသော အပြုံး …….
ကြည်လင်သော အပြုံး …….
နှစ်လိုသော အပြုံး…………
အေးမြသော အပြုံး………..
တည်ငြိမ်သော အပြုံး…….
ကျေနပ်သော အပြုံး…..
ရက်စက်သော အပြုံး ……….
ဟန်ဆောင်သော အပြုံး ……..
လှောင် ပြုံး………
မချိပြုံး ……..
မဲ့ ပြုံး……….
စသည့်ဖြစ်လည်း အပြုံးပေါင်းများစွာလည်း  ကျန်ရှိပါသေးတယ် ။
အပြုံးသည် အခြားသူအတွက် မပေးကမ်းသမျှ ဘယ်သူ.အတွက်မှ တန်ဖိုးမရှိ
သော အရာဖြစ်ပါသည် ။ တချို.သူများသည် သင့်ကို အပြုံးဖြင့် ကြိုဆိုနုတ်ဆက်ဖို.
သိပ်ပြီး ပင်ပန်းနေနိုင်ပါသည် ။ သင့် အပြုံးဖြင့် သူ.ကို စတင်ကြိုလိုက်ပါ ။
သူတပါးအတွက် မပြုံးနိုင်သူလောက် အပြုံးရဖို. လိုအပ်နေသူ တစ်ဦးတစ်ယောက်မျှ
မရှိနိုင်ပါ ။ကဲ ဒီနေ့ ဒီအချိန်ကစပြီး ဟန်ဆောင်မှုအကင်းဆုံး အပြုံး၊ အစစ်အမှန်ဆုံး
အပြုံးတွေနဲ့ လောကကြီးကို ထိတွေ့ဆက်ဆံကြရအောင်လားဗျာ ။




Share