page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, October 6, 2012

ဘ၀အမောတွေပြေစေဖို့  ဟာသလေးတွေ ဖတ်ကြစို့ 

ညချစ်သူ | 2:41 AM |
ညချစ်သူ | 2:41 AM |




Best Blogger Tips
Share



ကျွန်တော်သူငယ်ချင်းများအားလုံး  ကျန်းမာရွှင်လန်းနိုင်ကြပါစေ ခင်ဗျာ ။
ဘ၀အမောတွေကို တခဏတာဖြေဖျောက်နိုင်စေဖို့  ဟာသလေးတွေ
ဖတ်ပြီး စိတ်ပျော်ရွှင် ကြည်နူးနိုင် ကြပါစေသော် ။

ယုန်ဖမ်းခြင်း

နိုင်ငံအတွင်းမှ ပြစ်မှုကာကွယ်သောထိပ်သီးအဖွဲ့ ကို ရွေးချယ်ရန်ကြိုးစားကြသော
အခါ သမ္မတက နောက်ဆုံးအဖွဲ့ အစည်း ( ၃ ) ခု ဖြစ်သော စီအိုင်အေ ၊ အက်(ဖ)
ဘီအိုင် နှင့် ချီကာဂို ရဲဌာနတို့ ကို စတင်ကာ ရွေးချယ်လိုက်သည် ။

ကျန်ရှိနေသော ပြိုင်ဘက်သုံးဦးကို တောထဲသို့  လွှတ်လိုက်သော ယုန်အားဖမ်းဆီး
ရန် စမ်းသပ်တာဝန်ပေးလိုက်သည်။

စီအိုင်အေတို့ တောထဲဝင်သွားကြသည် ။တိရစ္ဆာန်သတင်းထောက်လှမ်းရေးသမားများ
ကို သူတို့ နေရာအနှံ့  ချထားလိုက်ကြသည် ။သစ်ပင်နွယ်ပင်စသည်တို့ ကိုလည်း  မျက်
မြင်သက်သေအဖြစ် မေးကြသည် ။ ၃ လ ကြမျှ အသည်းအသန်စစ်ဆေးပြီးသောအခါ
ယုန်မရှိကြောင်း သူတို့ သုံးသပ်ချက်ချလိုက်ကြသည် ။

အက်( ဖ )ဘီအိုင်တို့ တောထဲဝင်သွားကြသည် ။နှစ်ပက်ကြာပြီး ဘာမှမဖမ်းမိသောအခါ
သူတို့ တောကိုမီးရှို့ ပစ်လိုက်ပြီး ယုန်အပါအ၀င်တောထဲမှ တိရစ္ဆာန်အားလုံးကို သတ်ပစ်
လိုက်ကြသည် ။သူတို့ တောင်းပန်ခြင်းလည်းမပြု ။ယုန်သည်ထိုသို့ ဖြစ်ထိုက်သည် ။

ချီကာဂိုရဲများတောထဲဝင်သွားကြသည် ။နှစ်နာရီခန့် ကြာသောအခါ ဆိုးဝါးစွာရိုက်နှက်
ခံထားရသော ၀က်ဝံတစ်ကောင်နှင့်အတူ သူတို့ ပြန်ထွက်လာကြသည် ။ဝက်ဝံက ဒီလို
အော်ဟစ်နေသည် ။
'' ဟုတ်ကဲ့ ခင်ဗျာ ။ဟုတ်ကဲ့ ။ကျွန်တော်က ယုန်ပါခင်ဗျာ ''



တစ်နေ့ ( ၁၀ )မိုင်နှုန်းဖြင့် ( ၃၀ )

ကိုယ်အလေးချိန်အလွန်တိုးနေသော အမျိုးသမီးတစ်ယောက်သည် ဆရာဝန်ထံသို့  သွား
ပြီး အကြံဥာဏ်တောင်းလေသည် ။ဆရာဝန်က သူမကို တစ်နေ့ လျှင် ( ၁၀ ) မိုင်နှုန်းဖြင့်
ရက် ( ၃၀ ) ပြေးရန် အကြံပေးလေသည် ။ထိုသို့ ပြေးလျှင် သူမပေါင် ( ၂၀ ) ကျသွားနိုင်
ကြောင်း သူက ကတိပေးပါတယ် ။

အမျိုးသမီးက ဆရာဝန်အကြံပေးသည့်အတိုင်း လိုက်နာသည် ။ရက် ( ၃၀ ) ကြာသောအခါ
သူမကိုယ်အလေးချိန်ပေါင် ၂၀ တိတိ လျှော့ကျသွားသည်ကို တွေ့ ရသဖြင့် ကျေနပ်သွားသည် ။
ဆရာဝန်ထံသို့  ထိုကဲ့သို့ ထိရောက်သော အကြံဥာဏ်ပေးသဖြင့် ကျေးဇူးတင်စကားပြောသည် ။

သို့ သော်လည်း စကားဆုံးသောအခါ သူမက နောက်ဆုံးမေးခွန်းတစ်ခုကို မေးလိုက်လေသည် ။
'' ဆရာ ကျွန်မအခု မိုင် ( ၃၀၀ ) တောင်လျှောက်ပြေးထားတာဆိုတော့ အိမ်ကို ဘယ်လိုပြန်ရမလဲ ''


ခင်ဗျားအတွက်ငိုရတာပါ

လူကောင်သေးသော လူတစ်ယောက်သည် အရက်ဘားခန်းထဲတွင် ထိုင်နေပြီး သူ၏ အရက်ခွက်ကို
ကြောင်ငေးလျက်ကြည့်နေသည် ။နာရီဝက်ခန့် သူမလှုပ်မရှက်နေသောအခါ လူကောင်ကြီးမားပြီး
ပြသနာရှာတတ်သော ထရပ်ကားဒရိုင်ဘာက သူဘေးသို့ လျှောက်လာပြီးသူ၏အရက်ခွက်ကိုကောက်
ယူပြီး အကုန်မော့သောက်လိုက်သည် ။လူကောင်သေးသေးက စတင်ငိုတော့လေသည် ။

ထရပ်ကားဒရိုင်ဘာက သူကို လှည့်ပြီး ပြောလေသည်။
'' ငါမင်းကိုနောက်ပြောင်နေတာပါကွာ ။မင်းကိုငါ အရက်တစ်ခွက် ပြန်ဝယ်ပေးပါ့မယ့် ။လူတစ်ယောက်
ငိုတာကို ငါမကြည့်ရက်ပါဘူး ''
'' အို အဲ့ဒါကြောင့် မဟုတ်ပါဘူး '' ထိုလူကပြန်ပြောသည် ။ '' ဒီနေ့ ကတော့ ကျွန်တော်ရဲ့ ဘ၀မှာ အဆိုး
ဆုံးနေ့ ပဲဗျာ ။ပထမ ကျွန်တော်အအိပ်လွန်သွားပြီး အလွန်အရေးကြီးတဲ့ အစည်းအဝေးပွဲ အတွက် နောက်
ကျသွားတယ် ။ကျွန်တော်ရဲ့ သဌေးကဒေါသဖြစ်ပြီး ကျွန်တော်ကို အလုပ်ဖြုက်ပစ်လိုက်တယ် ။ကျွန်တော်အ
ဆောက်အဦးက ထွက်ပြီး ကျွန်တော်ရဲ့ ကားဆီကိုလာတော့ ကျွန်တော်ရဲ့ ကား အခိုးခံရတာကို တွေ့ တယ် ။
ရဲက သူတို့ ဘာမှ မလုပ်ပေးနိုင်ဘူး ပြောတယ် ။အဲ့ဒီနောက် ကျွန်တော်အငှားကားစီးပြီး အိမ်ပြန်ရတယ် ။
ကျွန်တော်အငှားကားယာဉ်မောင်းကို ပိုက်ဆံပေးပြီး အငှားကား ထွက်သွားတဲ့အခါ ကျွန်တော်ရဲ့ ပိုက်ဆံအိတ်
အငှားကားထဲမှာ ပါသွားတာကို တွေ့ ရတယ် ။ကျွန်တော်အိမ်ထဲဝင်တော့ ကျွန်တော်မိန်းမကို အိပ်ရာပေါ်မှာ
မာလီနဲ့ အတူတွေ့ ရတယ် ။

ထိုလူက တစ်ကယ်ကို ရှိုက်ကြီးတငင်ငိုကြွေးနေသည် ။ '' ကျွန်တော်စိတ်ညစ်ညစ်နဲ့ အိမ်က ထွက်လာပြီး ဒီ
အရက်ဘားကိုလာတာပါ ။အခု ကျွန်တော်ဘ၀ကို အဆုံးစီရင်ဖို့ အတွက် ကျွန်တော်စဉ်းစားနေတုန်း ခင်ဗျား
ရောက်လာပြီး ကျွန်တော်အဆိပ်တွေကို သောက်ပစ်လိုက်တော့ ''

အစဉ်လေးစားခင်မင်စွာဖြင့်
ညချစ်သူ


Share