page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, August 17, 2012

“ချစ်ခြင်းမေတ္တာ ၏ သဘော ”

ညချစ်သူ | 1:41 AM |
ညချစ်သူ | 1:41 AM |




Best Blogger Tips
Share

“ချစ်ခြင်းမေတ္တာ”

တစ်ခါတုန်းက ပင်လယ်ထဲမှာ ကျွန်းတစ်ကျွန်း ရှိတယ်။ အဲဒီကျွန်းမှာ ခံစားမှုတွေ အကုန်လုံး
 နေထိုင်ကြသတဲ့။ ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်မှု၊ ကြွေကွဲမှု၊ အမြော်အမြင်ရှိမှု၊ ချမ်းသာမှု၊ ဆင်းရဲမှု စသည်ဖြင့်ပေါ့လေ။... တစ်နေ့မှာ အဲဒီကျွန်းကြီး ပင်လယ်အောက်မြုပ်တော့မယ်လို့လည်း သတင်း
ကြားရော အားလုံးက ကျွန်းကနေခွာဖို့ ပြင်ကြဆင်ကြတာပေါ့လေ။


အဲဒီအထဲမှာ ခံစားမှုတစ်ခုဖြစ်တဲ့ ချစ်ခြင်းမေတ္တာကတော့ နောက်ဆုံး ကျွန်းကြီး ပင်လယ်ရေအောက် မမြုပ်ခင်အထိတော့ ကျွန်းကို တွယ်တာနေသေးတာပေါ့လေ။နောက်ဆုံး ကျွန်းတစ်ခုလုံး မြုပ်ကာနီးတော့မှ 

အကူအညီတောင်းဖို့ ချစ်ခြင်းမေတ္တာက လိုက်ရှာသတဲ့။ အဲဒီအချိန်မှာ ချမ်းသာမှုက လှေကြီးအကြီးကြီးနဲ့ သူ့အနားက ဖြတ်သွားတယ်။

“ချမ်းသာကြွယ်ဝမှုရယ် ငါ့ကို နင်နဲ့အတူ ခေါ်သွားပါလား” ဆိုပြီး ချစ်ခြင်းမေတ္တာက အကူအညီတောင်းတော့ “မဖြစ်ဘူးဟ။ ငါ့လှေထဲမှာ ရွှေတွေငွေတွေအပြည့်နဲ့ နင့်အတွက် နေရာ မရှိဘူး” လို့ ပြောပြီး ထွက်သွား

သတဲ့။

ဒါနဲ့ အဲဒီအချိန်မှာ လှပတဲ့ လှေတစ်စီးနဲ့ ထွက်သွားတဲ့ မာန်မာနကို မြင်လိုက်တော့ “မာန်မာနရယ်၊ ငါကို ကယ်ပါဦးဟာ” လို့ အကူအညီတောင်းတော့ “မကယ်နိုင်ဘူး ချစ်ခြင်းမေတ္တာရေ၊ နင့်တစ်ကိုယ်လုံးက စိုရွှဲနေတော့ ငါ့လှေ အလှပျက်သွားမှာပေါ့” လို့ ဆိုပြီး ထွက်သွားပြန်တယ်။



အဲဒီအချိန်မှာပဲ ကြေကွဲမှုက လှေတစ်စီးနဲ့ ရောက်လာတော့ “ကြေကွဲမှုရယ်၊ ငါ နင်နဲ့ လိုက်ခဲ့ပါရစေ” လို့ ဆိုပြီး အကူအညီတောင်းတော့ “အို ချစ်ခြင်းမေတ္တာရယ်၊ ငါ့မှာလေ ကြေကွဲရလွန်းလို့ တစ်ယောက်တည်းပဲ သွားပါရစေ” လို့ ပြန်ဖြေသတဲ့။



အဲဒီအချိန်မှာပဲ ပျော်ရွှင်မှုရဲ့ လှေက ဖြတ်သွားတော့ ချစ်ခြင်းမေတ္တာ လှမ်းအော်ပြီး အကူအညီတောင်းတယ်။ ဒါပေမယ့် ပျော်ရွှင်မှုဟာ ပျော်ပျော်ကြီးထွက်သွားတာမို့ ချစ်ခြင်းမေတ္တာရဲ့ အကူအညီတောင်းသံကိုတောင် မကြားလိုက်ဘူး။

ဒီလိုနဲ့ ရုတ်တရက် “ချစ်ခြင်းမေတ္တာ လာခဲ့။ ငါ မင်းကို ကူညီမယ်” လို့ ပြောလိုက်တဲ့ အသံကြားလို့ ကြည့်လိုက်တော့ သက်ကြီးရွယ်အို ဖြစ်နေတာ တွေ့လိုက်ရတယ်။
သူ့ကို အကူအညီပေးတယ်ဆိုတော့ ချစ်ခြင်းမေတ္တာခမျာ အပျော်တွေလွန်ပြီး သက်ကြီးရွယ်အိုရဲ့ နာမည်ကိုတောင် မေးကြည့်ဖို့ မေ့နေသတဲ့။
သူတို့ ကမ်းကိုရောက်တော့ သက်ကြီးရွယ်အိုက ချစ်ခြင်းမေတ္တာကို ချပြီး သူ့ခရီးသူ ဆက်သွားတယ်။

သူ့အပေါ်မှာ သက်ကြီးရွယ်အိုရဲ့ ကျေးဇူးက ကြီးမားလွန်းတာကြောင့် ချစ်ခြင်းမေတ္တာက သူ့ကို ကူညီတဲ့သူဟာ ဘယ်သူလဲလို့ အမြော်အမြင်ကို မေးကြည့်တယ်။

“သူ့နာမည်က အချိန်ကာလ ပေါ့” လို့ အမြော်အမြင်က ပြန်ဖြေတယ်။
“အချိန်ကာလ၊ ဟုတ်လား” လို့ ချစ်ခြင်းမေတ္တာက ပြန်မေးတယ်။
“အချိန်ကာလက ဘာဖြစ်လို့ ငါ့ကို ကူညီခဲ့တာလဲဟင်” လို့ ချစ်ခြင်းမေတ္တာက မေးလိုက်တော့ အမြော်အမြင်က ပြုံးပြုံးကြီးနဲ့ ပညာရှိဆန်ဆန် ပြန်ဖြေတယ်။
“ဘာဖြစ်လို့လဲဆိုတော့ အချိန်ကာလ တစ်ခုတည်းကသာ ချစ်ခြင်းမေတ္တာရဲ့ ကြီးမြတ်မှုကို နားလည်နိုင်စွမ်းရှိလို့ပေါ့ကွယ်”


“အချစ် ဆိုသည်မှာ”

ဒီဇာတ်လမ်းလေးကတော့ ဗီယက်နမ်မှာ စစ်တိုက်သွားပြီး ဆန်ဖရန်စစ်စကို ကို ပြန်လာတဲ့ စစ်သားလေးတစ်ယောက်အကြောင်းပါ။အဲဒီ စစ်သားလေးဟာ တစ်နေ့မှာ ဆန်ဖရန်စစ်စကိုကနေ 

သူ့မိဘတွေဆီကို ဖုန်းလှမ်းဆက်တယ်။

“ဖေဖေနဲ့ မေမေ။ သား အိမ်ပြန်လာတော့မယ်။ ဒါပေမယ့် မေမေတို့ကို သားတစ်ခုတော့ မေတ္တာ ရပ်ခံချင်တယ်။ သား အိမ်ပြန်လာတဲ့အခါမှာ သားရဲ့ သူငယ်ချင်းတစ်ယောက်ကိုလည်း ခေါ်လာချင်တယ်”
“ခေါ်ခဲ့ပေါ့ကွယ်။ မေမေတို့ကလည်း သား သူငယ်ချင်းကို တွေ့ချင်တာပေါ့” လို့ မိဘတွေက ပြန်ဖြေတယ်။

“ဒါပေမယ့် မေမေတို့သိဖို့လိုတာကိုတော့ သားပြောပြပါရစေ။ တိုက်ပွဲမှာ သူက ဒဏ်ရာ ပြင်းပြင်းထန်ထန်

ရထားတယ်။ မြေမြုပ်မိုင်းနင်းမိပြီး သူ့မှ ခြေတစ်ဘက်၊ လက်တစ်ဘက် ပြတ်သွားရှာတယ်။ သူ့မှာတခြားသွား
စရာလည်း နေရာမရှိလို့ သားတို့နဲ့အတူနေဖို့ ခေါ်လာချင်တာပါ”  “ကြားရတာ စိတ်မကောင်းလိုက်တာ 
သားရယ်။ သူနေထိုင်ဖို့ တစ်နေရာရာရအောင် မေမေတို့ ရှာပေးရမှာပေါ့” “မဟုတ်ဘူး ဖေဖေနဲ့မေမေ၊
 သားက သူ့ကို သားတို့မိသားစုနဲ့အတူ နေစေချင်တာ”

“ဒီမှာသား။ သားပြောနေတဲ့စကားကိုရော သား နားလည်ရဲ့လား။ အဲလို ဒုက္ခိတ တစ်ယောက်ကို အိမ်မှာ ထားမယ်ဆိုရင် အဖေတို့အတွက် ၀န်ထုပ်ဝန်ပိုးကြီးတစ်ခုလို ဖြစ်နေမှာပေါ့။ ဖေဖေတို့ဘ၀နဲ့ ဖေဖေတို့ 

 အေးအေးချမ်းချမ်း နေထိုင်နေတဲ့အချိန်မှာ ဒီလို ဒုက္ခိတမျိုး ဖေဖေတို့ဘ၀ထဲ ၀င်လာလို့ ဘယ်ဖြစ်နိုင်မလဲ။ ငါ့သားသာ ပြန်လာပါတော့ကွာ။ သားသူငယ်ချင်းအကြောင်း မေ့ထားလိုက်ပါ။သူ့ဘာသာသူ နေစရာတစ်ခုခု
 ရှာပါလိမ့်မယ်”

အဲဒီအချိန်မှာပဲ သားဖြစ်သူက ဖုန်းချသွားတယ်။ အဲဒီအချိန်ကစပြီး မိဘတွေလည်း သူတို့သားအကြောင်း ဘာမှ မကြားရတော့ဘူး။ ဒါပေမယ့် ရက်အနည်းငယ် ကြာပြီးတဲ့အခါမှာ ဆန်ဖရန်စစ်စကို ရဲစခန်းက သူတို့အိမ်ကို ဖုန်းဝင်လာတယ်။ သူတို့သားဖြစ်သူ အဆောက်အဦ အမြင့်ကြီးပေါ်က ပြုတ်ကျလို့ ဆုံးသွားပြီလို့ သူတို့ဆီ အကြောင်းကြားလာတာ။ အဲဒီသေဆုံးမှုဟာ သူ့ဘာသာသူ အဆုံးစီရင်တာလို့ ရဲဘက်က ယူဆထားကြတယ်။

သားဆုံးပြီဆိုလို့ သောကတွေ ဝေနေတဲ့ မိဘနှစ်ယောက်ဟာ ဆန်ဖရန်စစ်စကို ကို လေယာဉ်နဲ့ သွားကြ

တယ်။ ဟိုရောက်တော့ သေဆုံးသူဟာ သူတို့သား ဟုတ်မဟုတ် စစ်ဆေးကြည့်ပေးဖို့ မိဘနှစ်ပါးကို ရင်ခွဲရုံ
ဆီ ခေါ်သွားတယ်။ သူတို့ ကြည့်လိုက်တော့ သူတို့သားလေးဖြစ်နေတယ်ဆိုတာကို သိလိုက်ရတယ်။

ဒါပေမယ့် သူတို့နှစ်ယောက်ဟာ ထိတ်လန့်တကြားနဲ့ သူတို့ သိမထားတာကိုလည်း မျက်ဝါးထင်ထင် 

 တွေ့လိုက်ရတယ်။ သေဆုံးနေတဲ့ သူတို့သားမှာ ခြေတစ်ဘက်နဲ့ လက်တစ်ဘက်ပဲ ရှိနေတယ် ဆိုတာကိုလေ။

(ဒီဇာတ်လမ်းလေးထဲက မိဘတွေဆိုတာလည်း ခင်ဗျားတို့ကျွန်တော်တို့လို အများစုထဲကပါပဲ။ များသောအားဖြင့် ကြည့်ကောင်းတဲ့သူမျိုးတွေနဲ့ဆို ကျွန်တော်တို့အနေနဲ့ ချစ်လွယ်၊ ခင်လွယ်၊ ပျော်ပါးလွယ်ကြတယ်။ ဒါပေမယ့် ကိုယ့်နေထိုင်မှုကို အဆင်မပြေမယ့်သူမျိုးတို့၊ ကိုယ့်ကို အနှောင့်အယှက်တစ်ခုလို ဖြစ်စေမယ့်သူမျိုးတို့ဆို ကျွန်တော်တို့တွေက သဘောမကျတတ်ကြတာ များတယ်။ နာမကျန်းဖြစ်နေတဲ့သူတွေ၊ မလှမပ လူတွေ၊ ပညာမတတ်တဲ့သူမျိုးတွေဆို ကျွန်တော်တို့တွေက ဝေးဝေးက ရှောင်ချင်ကြတာများတယ်။ လူတိုင်းလားဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို အဲလိုမျိုး မဆက်မယ့်သူတစ်ယောက် ရှိနေတာကိုက ကျေးဇူးတင်ဖို့ ကောင်းလှပါပြီ။ ကျွန်တော်တို့ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေ ဖြစ်နေ အဲဒါတွေကို ဘေးချိတ်ပြီး ထာဝရ မိသားစုဘ၀ထဲမှာ အကြွင်းမဲ့ ချစ်ခြင်းမေတ္တာနဲ့ ကြိုဆိုနေတဲ့တစ်ယောက်ယောက် ရှိနေတာဟာ မင်္ဂလာ မဟုတ်လား
  

ချစ်ခြင်းမေတ္တာ......ဆိုတာအရေးကြီးတဲ့အရာတစ်ခုပါ
မထိတွေ့မကိုင်တွယ်နိုင်ပေမယ့်အင်အားကြီးမားတဲ့ခံစားမှုတစ်ခုလည်းဖြစ်ပါတယ်။
အဲဒီချစ်ခြင်းမေတ္တာတစ်ခုတည်းနဲ့ပဲဘ၀တွေကိုကောင်းမွန်အောင်တည်ဆောက်ပြုပြင်
ပြောင်းလဲပစ်လိုက်နိုင်တယ်အဲဒီလိုပဲဘ၀တွေကိုပျက်ဆီးကြေပျက်သွားစေနိုင်ပါသေးတယ်။
အဲဒီမှာ"ချစ်ခြင်း"နဲ့မေတ္တာတရားကိုထပ်ခွဲရမယ်ဆိုရင်"ချစ်ခြင်း"ကပိုမိုအားပြင်းပြီး
"မေတ္တာတရား"ကအေးမြပါတယ်"မေတ္တာ"နဲ့"ချစ်ခြင်း"ပေါင်စပ်ထားတဲ့ခံစားမှုက
အေးမြဖြူစင်ပြီးခိုင်မြဲမှုရှိတယ်လို့လည်းထင်ပါတယ်။ဘာလို့လည်းဆိုတော့အဲဒီ
"ချစ်ခြင်းမေတ္တာ"ရဲ့နောက်မှာခွင့်လွတ်ခြင်းသည်းခံခြင်းစွန့်လွှတ်နိုင်ခြင်းအတ္တကို
ဖယ်ခွာနိုင်ခြင်းဆိုတာတွေကပ်ပါလာလို့ပါပဲ။
ချစ်ခြင်းကိုဘယ်လိုခံစားချက်ဘယ်လိုခံယူချက်တွေနဲ့ဘယ်လိုပဲအဓပ္မာယ်ဖွင့်ဖွင့်ချစ်ခြင်း
တရားကတော့လူသားတွေကြားထဲမှာပုံစံအမျိုးမျိုးနဲ့နေရာယူနေဆဲပါ။ 

အစဉ်လေးစားခင်မင်စွာဖြင့်
ညချစ်သူ
  Share