page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, September 17, 2012

သိနားလည်တဲ့ အချစ်

ညချစ်သူ | 4:41 AM |
ညချစ်သူ | 4:41 AM |




Best Blogger Tips
Share











မှန်ကန်တဲ့  အချစ်စစ်ဖြစ်ပြီး တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုတွေ တည်ဆောက်နိုင်ပြီပြီးဆိုရင်တော့ 

ကိုယ်ကကောသူအပေါ်ဘယ်လောက် နားလည်ပေးနိုင်သလဲ သူကကော ကိုယ်အပေါ်ဘယ်လောက်

နားလည်မှုရှိနိုင်သလဲဆိုတဲ့ အပြန်အလှန် နားလည်မှု ရအောင် ယူတတ်ဖို့ ကလည်း အရေးကြီးလာ

ပြန်တယ် ။နားလည်မှုဆိုတာ ချစ်သူတို့ ကြားမှာ အရေးကြီးဆုံးပေါင်းကူးတံတား ကြိုးတစ်ချောင်း လို့ 


ကျွန်တော် နားလည်ထားတယ် ။





ငါ သူ့ ကို နားလည်ပါတယ် ပြောပြော အချို့ သောဒဏ်ရာနဲ့ ခံစားချက်ဝေဒနာတွေဟာ
ကိုယ် မသိလိုက်တဲ့အချိန်အတွင်း တစ်ဖက်သားရဲ့  နှလုံးသားမှာ ခိုအောင်းသွားတတ်ပါတယ် ။
ဒါကြောင့် ဒါလေးတွေကို သတိမူပြီး လက်တွဲဖော်နဲ့ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်စေဖို့  အောက်ပါ

အချက်လေးတွေနဲ့  နားလည်မှု ဆိုတဲ့ သံယောဇဉ် ကြိုးတစ်ချောင်းကို  ခိုင်မြဲအောင် ချည်နှောင်


လိုက်ရအောင်လားဗျာ။





( ၁ ) ရင်ဖွင့်ပါ။

ဒါမှ တစ်ယောက်ရဲ့စိတ် တစ်ယောက် သေချာသိမှာပါ။  ဘယ်လောက်နားလည်နေပါစေ  ပြောမှ

သိမယ်လို့တော့ထင်ပါတယ်။ ဒါဟာ ရည်ရှည်တည်တံ့ဖို့အတွက် လိုအပ်ချက်ပါ။ နားလည်မှ မျက်ရိပ်

မျက်ကဲလေးသိမယ်။ အချိတ်အဆက်လေးမိမယ်။ တနေ့တာအကြောင်းကို ပြန်ပြောမယ်။ ကိုယ့်အတွေး

်လေးတွေ ထုတ်ဖော်ပြောပြမယ်။ အရာအားလုံးကို စိတ်ထဲမှာပဲ သိမ်းထားရင် သိမ်းထားတဲ့သူလဲ မောမယ်။

သူဘာစဉ်းစားတယ် သူ့ရင်ထဲမှာ ဘာတွေဖြစ်နေတာလဲ ဆိုပြီး လိုက်အကဲခတ် ရတဲ့သူလဲ မောလာမယ်။

မိန်းကလေးတွေဆို တောင်တွေးမြောက်တွေးတာ ပိုဆိုးတယ်။ ဒါကြောင့် ဘာမှမဟုတ်တဲ့ ကိစ္စလေးကို

စကားစမြည်ပြောသလို ပြောလိုက်တာဟာ ဘာမှမဖြစ်သွားပေမဲ့။ ဘာမှမဟုတ်တဲ့ ကိစ္စလေးကြောင့်

ပြဿနာကြီးဖြစ်သွားနိုင်တယ်။ဒါကြောင့် တစ်ဦးနှင့်တစ်ဦး အချင်းချင်း သိနားလည်ဖို့  ရင်ဖွင့်ပါ ။






( ၂ ) လေးစားပါ။

အကျွမ်းတ၀င် ရင်းနှီးနေပါစေ။ အခြေခံလေးစားမှုဆိုတာ လိုအပ်လွန်းပါတယ်။ အထူးသဖြင့် သူ့ဖက်ကိုယ့်

ဖက် သူငယ်ချင်း မိတ်ဆွေ ဆွေမျိုးတွေရဲ့ ရှေ့မှာ အပြန်အလှန်  လေးစားရမယ်။ နေရာပေးရမယ်။  ဒီလို

အခြေခံလေးစားမှုလေးရှိမှ နှစ်ဦးနှစ်ယောက်လုံးအတွက် ညီမျှခြင်းဖြစ်နေမှာပါ။





( ၃ ) မကျေနပ်ချက်တွေ ပြောနိုင်ခွင့်ရှိရမယ်။ ရန်ဖြစ်သင့်သလောက်ဖြစ်ရမယ်။

နှစ်ယောက်ဆိုတော့ စိတ်က နှစ်ခုပေါ့  အမြဲတမ်း တိုက်ဆိုင်မှုနဲ့ နားလည်မှုဆိုတာ မရှိနိုင်ပါဘူး။ မတူညီ

နိုင်ပါဘူး။ ဒါပေမဲ့ ညှိုနှိုင်းနိုင်ပါတယ်။ ရန်ဖြစ်တဲ့အချိန်လေးမှာ ဘာမှမပြောပဲ စိတ်အလိုမကျ ပုံစံနေနေတာ

ထက်စာရင် ဘယ်ဟာကတော့ ဘယ်လို၊ ဟိုဟာကတော့ ဒီလို ဘာ၊ညာ တွေ အားလုံးအားလုံးကို ပြောလိုက်

ရင် အဲဒီ ရန်ဖြစ်တဲ့အချိန်လေးမှာ အားလုံးကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်ဆိုလိုချင် တာကတော့

ရန်ဖြစ်တဲ့အချိန်မှာ ပြောချင်တာလေးတွေ ပြောတဲ့နေရာမှာ တစ်ဖက်သားကို ထိခိုက်နာကျင်သွားစေမဲ့

စကားမပါဖို့တော့ လိုမယ်။ နောက်ထပ် ဖြည့်ပြောရရင် စကားလုံး ရိုင်းရိုင်းတွေကိုလဲ မသုံးဖို့လိုမယ်နော်….။





( ၄ ) တောင်းပန်တတ်ရမယ်။

ဘာကြောင့်ပဲ ရန်ဖြစ်ပါစေ စပြီး တောင်းပန်တဲ့သူရှိနေရပါတယ်။ ဒါကြောင့် သူ့ ဖက်က မှားမှား ကိုယ့်ဖက်

က မှားမှား အပြန်အလှန် သိနားလည်စွာဖြင့် ညှိနှိုင်းတိုင်ပင်ကာ အပြန်အလှန် တောင်းပန်နိုင်ရပါမည်  ဒါမှ

အမြန်ဆုံးပြန်အဆင်ပြေနိုင်မှ မလွဲသေချာပါတယ်။



အချစ်ဆိုတာ လူနှစ်ယောက်ရဲ့ နှလုံးသား တစ်ထပ်တည်းကျတဲ့အချိန်ပါ။ လူတိုင်းမှာ အချစ်ရှိတယ်။


ကင်းကွာလို့မရပါဘူး။ ထိုကြောင့် အချစ်ဆိုတဲ့  သစ်ပင်လေး တစ်ပင်ကို ကိုယ်တိုင်က မလိုအပ်တဲ့

ပေါင်းမြတ်တွေ နုတ်ပေးမယ်။ လိုအပ်တဲ့ မြေသြဇာကျွေးမယ် ရေမှန်မှန်လောင်းပေးမယ်ဆိုရင်တော့

ဒီအချစ် သစ်ပင်လေးက တဖြေးဖြေး ရှင်သန် ကြီးထားနိုင်မှာ ဖြစ်ပါတယ် ။အချစ်ဆိုတာ သေချာတာ

တစ်ခုကတော့ အချစ်ရှုံးလို့  လူဖြစ်ရှုံးရတဲ့ လူတွေ ရှိသလို အချစ်ခံလို့ အပြန်အလှန် အစစ်အမှန်တွေနဲ့

အတူပျော်ရွှင်ဖွယ်ကောင်းသောဘ၀နဲ့ ဖြတ်သန်းကုန်လွန်စေတဲ့လူဖြစ်ခြင်းနှင့် တစ်ယောက်ကိုတစ်ယောက်

နားလည်မှုအပေါင်း သရဖူ ဆောင်းနိုင်ပါစေလို့  ဆုတောင်းရင်း ..........။



သိနားလည်တဲ့ အချစ်

ယုံကြည်မှုနဲ့   လမ်းခင်းထားတဲ့

အချစ်တံတား  တစ်စင်းကနေ

သံယောဇဉ်ကြိုးတွေ ခိုင်မြဲလာဖို့ 

အပြန်အလှန် ရင်ဖွင့်မှုတွေရယ်

ညီမျှတဲ့ လေးစားချစ်ခင်မှုတွေရယ်

ညှိနှိုင်းတိုင်ပင်တတ်တဲ့  စိတ်တွေရယ်

မှားမှားမှန်မှန် တောင်းပန်နိုင်ကြမယ့်

အချစ်စိတ် ချိုချိုလေးတွေကနေ

သိနားလည်မှုတွေ ပေါင်းစပ်လို့ 

ဘ၀ဆိုတဲ့ အချစ်အိမ်လေး

ခိုင်မြဲလာဖို့  အချစ်သစ်ပင်လေးကို

ရှင်သန်ကြီးထွားလာအောင် စိုက်ပျိုးနိုင်ကြပါစေသော် ။


အားပေးကြတဲ့သူငယ်ချင်းအားလုံး ပျော်စရာကောင်းတဲ့

အချစ်အိမ်ကလေးကိုတည်ဆောက်နိုင်ကြပါစေလို့ 

ဆုမွန်ခြွေလျှက် .............................................။

                                                                                                        ညချစ်သူ


ဆက်ရန်

အချစ်တွေနဲ့ ပြည့်နေတဲ့ ဘ၀အိမ်လေး

စောင့်မျှော်အားပေးကြပါဦးနော် ။















Share