Share
တစ်နေ့သောအခါ ဘီးဂိတ်စ်ဟာ စားသောက်ဆိုင် တစ်ဆိုင်ကို သွားရောက်ခဲ့တယ်။
စားသောက်ပြီးနောက် စားပွဲထိုးကို ၅ဒေါ်လာ ဘောက်ဆူးပေးတယ်။
အဲ့ဒီဘောက်ဆူးရပြီး စားပွဲထိုးရဲ့ မျက်နှာ အမူအရာ တမူထူးခြားသွားခဲ့တယ်။
ဒါကို ဘီးဂိတ်စ်က ရိပ်မိပြီး
"ဘာဖြစ်လို့လဲ" လို့ မေးလိုက်ပါတယ်။
စားပွဲထိုးက
" ကျနော် အံ့သြနေလို့ပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီစားပွဲမှာပဲဗျ၊
ခင်ဗျားသားက ကျနော့်ကို ဒေါ်လာ ၅၀၀ ဘောက်ဆူး အနေနဲ့ ပေးသွားခဲ့ပါတယ်။
ဒါပေမယ့် သူ့အဖေဖြစ်တဲ့ ခင်ဗျားက ၊ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့
ခင်ဗျားက ကျနော့်ကို ၅ ဒေါ်လာပဲ ဘောက်ဆူးအနေနဲ့ ပေးတာကြောင့်ပါ။ "လို့
ပြောတော့,,,,,,,,,,,,,,
ဘီးဂိတ်စ်က ပြုံးပြီး "အေး ငါ့သားက
ကမ္ဘာပေါ်မှာ အချမ်းသာဆုံးရဲ့သား ဆိုတာ မှန်တယ်၊ ဒါပေမယ့် ငါကတော့ သူ့လို
မဟုတ်ဘူး သစ်ခုတ်သမားရဲ့ သားပါ" လို့ အဓိပ္ပာယ်ရှိသော စကားလုံးများဖြင့်
စားပွဲထိုးကို ပြန်ပြောသွားခဲ့တယ်။
Share
3 comments:
ဖတ်ဘူးတယ်ဗျ..နောက်တစ်ခေါက် ထပ်ဖတ်သွားတယ်..
အခုလိုမျိုး အဓိပ္ပါယ်ရှိတာတွေ ဆက်လက် မျှဝေနိုင်ပါစေ
ဘီးဂိတ်ကိုတော့အမြဲလေးစားတယ်
အခုထိအိမ်အိုလေးနဲ့ကားအစုတ်လေးနဲ့ပဲနေတယ်။။
ငွေရှာရသူက ငွေသုံးသူထက် ငွေတန်ဘိုးကို ပိုနားလည်တော့
သုံးတဲ့အခါမှာလည်း ပိုပြီး ချွေတာ သေချာ စေ့စပ်တာပေါ့ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment