page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, May 4, 2012

ဘီးဂိတ်စ်နဲ့ စားပွဲထိုး

ZOLZOL | 1:42 AM |
ZOLZOL | 1:42 AM |




Best Blogger Tips
Share
တစ်နေ့သောအခါ ဘီးဂိတ်စ်ဟာ စားသောက်ဆိုင် တစ်ဆိုင်ကို သွားရောက်ခဲ့တယ်။ စားသောက်ပြီးနောက် စားပွဲထိုးကို ၅ဒေါ်လာ ဘောက်ဆူးပေးတယ်။ အဲ့ဒီဘောက်ဆူးရပြီး စားပွဲထိုးရဲ့ မျက်နှာ အမူအရာ တမူထူးခြားသွားခဲ့တယ်။ ဒါကို ဘီးဂိတ်စ်က ရိပ်မိပြီး

"ဘာဖြစ်လို့လဲ" လို့ မေးလိုက်ပါတယ်။


စားပွဲထိုးက



" ကျနော် အံ့သြနေလို့ပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီစားပွဲမှာပဲဗျ၊ ခင်ဗျားသားက ကျနော့်ကို ဒေါ်လာ ၅၀၀ ဘောက်ဆူး အနေနဲ့ ပေးသွားခဲ့ပါတယ်။ ဒါပေမယ့် သူ့အဖေဖြစ်တဲ့ ခင်ဗျားက ၊ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ ခင်ဗျားက ကျနော့်ကို ၅ ဒေါ်လာပဲ ဘောက်ဆူးအနေနဲ့ ပေးတာကြောင့်ပါ။ "လို့ ပြောတော့,,,,,,,,,,,,,,

ဘီးဂိတ်စ်က ပြုံးပြီး "အေး ငါ့သားက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးရဲ့သား ဆိုတာ မှန်တယ်၊ ဒါပေမယ့် ငါကတော့ သူ့လို မဟုတ်ဘူး သစ်ခုတ်သမားရဲ့ သားပါ" လို့ အဓိပ္ပာယ်ရှိသော စကားလုံးများဖြင့် စားပွဲထိုးကို ပြန်ပြောသွားခဲ့တယ်။
Share

3 comments:

ကိုရင် said...

ဖတ်ဘူးတယ်ဗျ..နောက်တစ်ခေါက် ထပ်ဖတ်သွားတယ်..
အခုလိုမျိုး အဓိပ္ပါယ်ရှိတာတွေ ဆက်လက် မျှဝေနိုင်ပါစေ

ချစ်စံအိမ် said...

ဘီးဂိတ်ကိုတော့အမြဲလေးစားတယ်
အခုထိအိမ်အိုလေးနဲ့ကားအစုတ်လေးနဲ့ပဲနေတယ်။။

mstint said...

ငွေရှာရသူက ငွေသုံးသူထက် ငွေတန်ဘိုးကို ပိုနားလည်တော့
သုံးတဲ့အခါမှာလည်း ပိုပြီး ချွေတာ သေချာ စေ့စပ်တာပေါ့ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်