page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, March 27, 2014

"ဘ၀အတွက် သိကောင်းစရာ(၁)"

ညချစ်သူ | 1:50 PM |
ညချစ်သူ | 1:50 PM |




Best Blogger Tips
Share


(၁) ဒဏ်ရာတစ်မျိုးကို ဝမ်းနည်းခြင်းလို့ ခေါ်သတဲ့....
မျက်တောင်က မျက်ရည်ဥရဲ့အလေးဒဏ်ကို မခံနိုင်တော့ဘဲ သာသာလေးထိလိုက်ရုံနဲ့တင် ကြွေကျသွားတဲ့ ဝမ်းနည်းခြင်းမျိုး...

(၂) ရင်ထဲကအချစ်ကို သူကြားအောင် ထုတ်ဖော်ကြေညာပါ။ မနက်ဖြန်နဲ့မတော်တဆ ဘယ်အရာက အရင်ရောက်လာမယ်ဆိုတာကို သင်ဘယ်တော့မှ မသိနိုင်လို့ပါ။

(၃) လူဆိုးစစ်စစ်တွေက ကြောက်ဖို့မကောင်းပါဘူး... လူကောင်းအတုတွေသာ ကြောက်ဖို့ကောင်းပါတယ်။

(၄) အလုပ်များတယ်ဆိုတာလည်း ပျော်ရွှင်ခြင်းတစ်မျိုးပါပဲ....
ကျွန်တော်တို့ကို နာကျင်တဲ့ခံစားချက်ခံစားဖို့ အချိန်မပေးလို့ဖြစ်တယ်။
ရုန်းကန်တယ်ဆိုတာလည်း ပျော်ရွှင်ခြင်းတစ်မျိုးပါပဲ...
ကျွန်တော်တို့ကို တကယ့်လက်တွေ့ဘဝ ခံစားစေလို့ဖြစ်တယ်။
ပင်ပန်းနွမ်းနယ်တယ်ဆိုတာလည်း ပျော်ရွှင်ခြင်းတစ်မျိုးပါပဲ..
ကျွန်တော်တို့ကို ဆန်ကုန်မြေလေးအဖြစ် မခံစားစေလို့ဖြစ်တယ်။


(၅) သက်ပြင်းချတာက အချိန်ကို ဖြုန်းတီးတဲ့အရာဖြစ်တယ်။
ငိုယိုတာက အင်အားကို သုံးဖြုန်းတဲ့ အပြုအမှုဖြစ်တယ်။

(၆) ပျော်ရွှင်ခြင်းဆိုတာ ခံစားဖို့ဖြစ်တယ်။ နှိုင်းယှဉ်ဖို့ မဟုတ်ဘူး။
ဘဝဆိုတာ လှုပ်ရှားရုန်းကန်ဖို့ဖြစ်တယ်။ အမှတ်စတေးထားဖို့ မဟုတ်ဘူး။
ချစ်ခြင်းမေတ္တာဆိုတာ ပြုစုပျိုးထောင်ဖို့ဖြစ်တယ်။ စမ်းသပ်ဖို့ မဟုတ်ဘူး။
ချစ်သူဆိုတာ ချစ်ခင်ယုယဖို့ဖြစ်တယ်။ နာကျင်ထိခိုက်ဖို့ မဟုတ်ဘူး။
ငွေကြေးဆိုတာ ပေးကမ်းစွန့်ကျဲဖို့ဖြစ်တယ်။ တိုင်းတာဖို့ မဟုတ်ဘူး။
အလိမ်အညာဆိုတာ ဖျက်ဆီးဖို့ဖြစ်တယ်။ တန်ဆာဆင်ဖို့ မဟုတ်ဘူး။
ယုံကြည်မှုဆိုတာ တည်ဆောက်ဖို့ဖြစ်တယ်။ စိန်ခေါ်ဖို့ မဟုတ်ဘူး။

(၇) အချစ်ဦး---------------- ကမ္ဘာပေါ်မှာ အလှဆုံးအရာ
အုံပုန်းချစ် ------------------ ကမ္ဘာပေါ်မှာ ပုန်းလျှိုးကွယ်လျှိုးဆုံးအရာ
ချစ်ကျွမ်းဝင် --------------- ကမ္ဘာပေါ်မှာ ကမောက်ကမဆုံးအရာ
အရူးအမူးချစ်--------------- ကမ္ဘာပေါ်မှာ အထုံထိုင်းဆုံးအရာ
တဖက်သတ်အချစ်---------- ကမ္ဘာပေါ်မှာ အဝေးကွာဆုံးအရာ
အသဲကွဲအချစ် -------------- ကမ္ဘာပေါ်မှာ အနာကျင်ဆုံးအရာ
အချစ်ဆိုတာ သံသရာလည်သလိုပါပဲ... လှပခြင်းကနေ နာကျင်ခြင်းဆီကိုသွားတယ်။ နောက်တော့ နာကျင်ခြင်းကနေ လွတ်မြောက်ခြင်းကိုသွားတယ်။ နောက်ဆုံးမှာ ထာဝရ အဆုံးမရှိခြင်းဆီကို သွားတယ်။

(၈) ဘဝမှာ အခွင့်အရေးရလို့ ဒီလူ(၁ဝ)မျိုးနဲ့ကြုံခဲ့ရင် လက်မလွတ်ပါနဲ့....
(i) သင့်ကို သွန်သင်ဆုံးမပြီး လမ်းညွှန်ပေးသူ
(ii) သင့်ကို တပျစ်တောက်တောက် ရေရွတ်သူ
(iii) သင့်နဲ့ မျှဝေခံစားသူ
(iv) သင့်ကို အားပေးဖေးမသူ
(v) သင့် တတ်မြောက်သိကျွမ်းတဲ့အရာကို အသိအမှတ်ပြုသူ
(vi) သင် စံနမူနာယူထိုက်တဲ့သူ
(vii) သင့်အပေါ် ကတိတည်တဲ့သူ
(viii) သင့်ကို ယုံကြည်တဲ့သူ
(ix) သင့်စိတ်ဆိုးတာကို ခံနိုင်တဲ့သူ
(x) သင့်အတွက် ပေးဆပ်ရဲသူ

(၉)
(i) ဖြေရှင်းချက် ----
အမြဲတမ်း အပိုတွေဖြစ်တယ်။
သင့်ကိုနားလည်တဲ့သူဆိုရင် ဖြေရှင်းချက်တွေ မလိုပါဘူး။
သင့်ကိုနားမလည်သူဆိုရင် ဖြေရှင်းချက်တွေ ပိုလို့တောင် မလိုပါဘူး။

(ii) လျစ်လျူရှု ----
တစ်ခါတလေမှာ လျစ်လျူရှုတာက ရက်စက်တာမဟုတ်ဘူး။
မနာကျင်ဖို့ ကာကွယ်တဲ့ ကိရိယာတစ်ခုသာဖြစ်တယ်။

(iii) သင် ဝမ်းနည်းတာကိုကြည့်ပြီး ပျော်တဲ့သူက ရန်သူတဲ့...
သင်ပျော်တာကိုကြည့်ပြီး ပျော်တဲ့သူက သူငယ်ချင်းတဲ့...
သူ ဝမ်းနည်းတာကိုကြည့်ပြီး လိုက်ဝမ်းနည်းတဲ့သူက သင့်ရင်ခွင်အနက်ရှိုင်းဆုံးမှာ ထားသင့်တဲ့သူဖြစ်တယ်။

(၁ဝ) အထီးကျန်ခြင်းဆိုတာ မွေးရာပါအရာ မဟုတ်ပါဘူး။
အထီးကျန်ခြင်းဆိုတာ လူတစ်ယောက်ကို သင် ချစ်မိသွားတဲ့အချိန်က စတာဖြစ်တယ်။
credit to မိသားစု မေတ္တာ
Share

No comments: