page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, May 23, 2012

စိတ်ဖိစီးမှုအမျိုးမျိုးနှင့် သက်သာရာ နည်းလမ်းများ

ZOLZOL | 12:18 AM |
ZOLZOL | 12:18 AM |




Best Blogger Tips
Share

စိတ်ဖိစီးမှုအမျိုးမျိုးနှင့် သက်သာရာ နည်းလမ်းများ

ခုနောက် ပိုင်း ပိုပြီး စိတ်ဖိစီးမှု ခံနေ ရတယ်လို့ ကိုယ့်ကိုယ် ကိုယ် ထင်နေ မိပါသလား။ ဒါဟာ သင် တစ်ယောက် တည်း မဟုတ် ပါဘူး။ အမေရိကန် စိတ် ပညာအသင်းရဲ့အဆိုအရ လူသားအားလုံးရဲ့ တစ် ဝက်လောက်နီးပါးဟာ လွန်ခဲ့တဲ့ ငါးနှစ်ကစပြီး စိတ် ဖိစီးမှု အဆမတန် ပိုများလာတယ်လို့ သိရပါတယ်။ သုံးပုံတစ်ပုံလောက်ဆိုရင် အလွန်အမင်းစိတ်ဖိစီးမှု ဒဏ်ကို ခံနေရပါတယ်။ စိတ်ဖိစီးမှု ဖြစ်စရာတွေ ပိုများလာသလို စိတ်ဖိစီးမှု ပြေပျောက်စေနိုင်တဲ့နည်း လမ်းတွေလည်း ရှာဖွေတွေ့ရှိထားတာကြောင့် တော် သေးတယ်လို့ပဲ ပြောရမှာပေါ့။ အောက်ပါတို့ကတော့ စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေနဲ့ သက်သာရာသက်သာကြောင်းတွေပဲဖြစ်ပါတယ်။



၁. တာဝန်ကြီးခြင်းကြောင့် စိတ်ဖိစီးခြင်း
သက်သာရာနည်းလမ်း - ပုံဆွဲပါ
နာမကျန်းဖြစ်နေသူကို ပြုစုစောင့်ရှောက်ရခြင်း၊ အိမ်သားတွေနာမကျန်းဖြစ်ခြင်း စတဲ့ စိတ်ဖိစီးမှုများ လွန်းပြီး တာဝန်ယူရမှုများလွန်းတဲ့ အခြေအနေနဲ့ ရင် ဆိုင်ရပါက ပန်းချီဆွဲနေပါ။ ဒါမှမဟုတ် ပုံဆွဲနေပါ။ ပုံဆွဲတာ၊ ပန်းချီဆွဲတာကဲ့သို့ အနုပညာ ဖန်တီးရတဲ့ အလုပ်တွေဟာ စိတ်ဖိစီးမှုကိုပြေပျောက်စေပါတယ်။
လျှို့ဝှက်ချက်
ပန်းချီစုတ်တံနဲ့ ဆွဲလိုက်တဲ့ စုတ်ချက်တစ် ချက်ချင်းစီက စိုးရိမ်ပူပန်မှု သက်သာစေနိုင်တဲ့ ဒိုပါမင်းဟော်မုန်းထွက်ရှိမှု ပမာဏများစေပါတယ်။ ဒါ့အပြင် အာရုံစိုက်နေရတာကြောင့်လည်း မကောင်း တဲ့ အတွေးတွေ၊ စိတ်ဖိစီးမှုများစေနိုင်တဲ့ အတွေး တွေ မတွေးမိတော့ပါဘူး။


၂. အလုပ်ကြောင့် စိတ်ဖိစီးမှုများခြင်း
သက်သာရာနည်းလမ်း - တစ်ရေးအိပ်ပါ
အလုပ်တွေ အရမ်းရှုပ်ပြီး ဘာလုပ်လို့ ဘာကိုင်ရ မှန်းမသိအောင် စိတ်ဖိစီးလာပါက ခဏလောက် တစ်ရေးအိပ်လိုက်ပါ။ မိနစ် ၃၀ ကြာ ခဏတာ မှေး စက်ခြင်းက သင့်ကို ပိုပြီးအားအင်ပြည့်ဖြိုးစေသလို အာရုံစူးစိုက်မှုအား ပိုကောင်းစေပြီး အလုပ်ပိုတွင် ကျယ်စေနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကို သက် သာစေကာ သင်လုပ်နေတဲ့အလုပ်မှာလည်း ပိုပြီး ပျော်မွေ့စေပါတယ်။
လျှို့ဝှက်ချက်
သင်အလုပ်လုပ်တဲ့အခါ သင့်ဦးနှောက်ထဲ အကြောင်းအရာသစ်လေးတွေ တိုးပြီး မှတ်နေရပါ တယ်။ အလုပ်လုပ်ရတာများလို့ မှတ်ရတာများလာတဲ့ အခါ ဦးနှောက်ထဲမဆံ့တော့ဘဲ နွမ်းနယ်ခြင်း၊ ပန်းလျခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့ ဖြစ်လာတတ်ပါ တယ်။ ခဏတာ အိပ်စက်ခြင်းက မှတ်သားရတဲ့အချက် အလက်သစ်တွေအားလုံးကို မှတ်Óဏ်ထဲ ပြောင်း ထည့်လိုက်တာကြောင့် နိုးလာတဲ့အခါ ဦးနှောက် ကြည်လင်ပြီး အသစ်တွေ ထပ်မှတ်ဖို့ အသင့်ဖြစ်နေ ပါတယ်။
ယောဂကျင့်ခြင်းကလည်း သက်သာစေနိုင်ပါတယ်
စိတ်ဖိစီးမှုများနေတဲ့ စီးပွားရေးသမားတွေကို နေ့စဉ် ယောဂကျင့်စဉ် ၁၅ မိနစ်ခန့် ကျင့်ခိုင်းတဲ့အခါ လျော့ကျသွားတာတွေ့ရပါတယ်။ ယောဂကျင့်စဉ်က ဦးနှောက်ထဲ GABA လို့ခေါ်တဲ့ ဓာတ်တစ်မျိုးထွက် ရှိစေတာကြောင့် ကျင့်သူတွေကို တည်ငြိမ်စေပြီး တက်ြွကလန်းဆန်းစေတာပဲဖြစ်ပါတယ်။


၃. ဓမ္မတာလာခါနီး စိတ်ဖိစီးခြင်း
သက်သာရာနည်းလမ်း - မြင်းခွာရွက်စားပါ
အမျိုးသမီးတွေမှာ ဓမ္မတာရာသီလာခါနီးတိုင်း စိတ်ဖိစီးခြင်း၊ စိတ်အားငယ်ခြင်း၊ ခေါင်းကိုက်ခြင်း ဝေဒနာတွေကို အနည်းနဲ့အများ ခံစားကြရပါတယ်။ ဓမ္မတာလာခါနီး စိတ်ဖိစီးတာသက်သာစေဖို့ အရင်လ ရာသီစလာတဲ့နေ့ကစပြီး နောက်နှစ်ပတ်အကြာက နေစပြီး မြင်းခွာရွက်ဆေး တစ်နေ့ ၄၀ မီလီဂရမ် သောက်ပေးပါ။ ပိုပြီးပျော်ရွှင်ကာ စိတ်ချမ်းမြေ့လာနိုင် ပါတယ်။
လျှို့ဝှက်ချက်
မြင်းခွာရွက်မှာ Flavonoid ဓာတ်တွေြွကယ်ဝ စွာ ပါရှိတာကြောင့် စိတ်ဖိစီးမှုဟော်မုန်း ကော်တီ ဆောကို လျော့နည်းစေသလို ခန္ဓာကိုယ် ရောင်ရမ်းမှု ကို သက်သာစေကာ သွေးလည်ပတ်မှု ကောင်းစေ နိုင်ပါတယ်။
ဗီတာမင် B6 ကလည်း သက်သာစေပါတယ်
ဗီတာမင် B6 ကို နေ့စဉ် ၁၀ဝ မီလီဂရမ်သောက် သုံးတဲ့ အမျိုးသမီးတွေဟာ ဓမ္မတာရာသီမတိုင်မီ တစ်ပတ်အလိုမှာ စိုးရိမ်ပူပန်တာနဲ့ စိတ်ဓာတ်ကျတာ ဖြစ်ပေါ်မှုနည်းတတ်ပါတယ်။ ဗီတာမင် B6 က ပျော် ရွှင်မှုဖြစ်ပေါ်စေတဲ့ ဆီရိုတိုနင်ဟော်မုန်းကို ထွက်ရှိ စေတာကြောင့်ပါ။


၎. နိစ္စဓူဝများကြောင့် စိတ်ဖိစီးခြင်း
သက်သာရာနည်းလမ်း - Facebook သုံးပါ
ဒီနေ့ ဘာပဲလုပ်လုပ် အဆင်မပြေ ဖြစ်နေပါ သလား။ အိမ်ကအထွက် အိမ်သော့ အိမ်ထဲကျန်နေ တာတို့၊ စာအုပ်ပျောက်လို့ လိုက်ရှာနေရတာတို့၊ ကားဘီး လေမရှိဖြစ်နေတာတို့ စသဖြင့် ထင်မှတ် မထားတဲ့ အခက်အခဲတွေ ရှိနေပါသလား စိတ်ဖိစီးမှု တွေ စုပြုံပြီး ဒေါသအဖြစ် မကူးပြောင်းအောင် Facebook ထဲဝင်ကာ သူငယ်ချင်းတွေရဲ့ Post တွေ ကို လိုက်ဖတ်ကြည့်လိုက်ပါ။
လျှို့ဝှက်ချက်
Facebook ရဲ့ Newsfeed ထဲမှာ သူငယ်ချင်း တွေရဲ့ ဘဝအနိမ့်အမြင့်၊ အပြောင်းအလဲနဲ့ သူတို့ တစ်တွေရဲ့ ခံစားချက်တွေကို လျှောက်ဖတ်တာက သင့်စိတ်ကို ခဏတာ အာရုံလွဲစေပြီး သင့်ဦးနှောက် လှိုင်းကို ခဏတာပြောင်းလဲစေတာကြောင့် စိတ်ဖြေ လျှော့မှုနည်းလမ်းတစ်မျိုးလို့ ဆိုချင်ပါတယ်။
သူငယ်ချင်းနဲ့ ဖုန်းပြောခြင်းကလည်း သက်သာစေပါတယ်
တစ်ခုခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေ ပါက ခင်မင်တဲ့သူငယ်ချင်းတစ်ယောက်ဆီ ဖုန်းဆက် ကာ စကားစမြည်ပြောဆိုလိုက်ပါ။ ရင်းနှီးတဲ့ သူငယ် ချင်းရဲ့ အားပေးမှုက သင့်ခန္ဓာကိုယ်ကနေ စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆောထွက်ရှိမှုကို လျှော့ချပေးပါ တယ်။


၅. လုပ်စရာများခြင်းကြောင့် စိတ်ဖိစီးခြင်း
သက်သာရာနည်းလမ်း - ကခုန်ပါ
သင့်မှာ လုပ်စရာတွေ တသီတတန်းကြီးရှိနေ ပေမယ့် တစ်ခုမှ မပြီးနိုင်သေးလို့ စိတ်ညစ်နေရပါ သလား သီချင်းအကျယ်ကြီး ဖွင့်ပြီး တတ်သလောက်၊ မှတ်သလောက် ကခုန်လိုက်ပါ။ စိတ်ဖိစီးမှုကို သက် သာစေပြီး အာရုံစူးစိုက်မှု အားကောင်းစေတာကြောင့် သင့်အလုပ်တွေ အရင်ကထက်ပိုပြီး ပြီးမြောက်သွား မှာပါ။
လျှို့ဝှက်ချက်
တန်ဂိုအက ကတတ်ရင် ပိုလို့ ကောင်းပါသေး တယ်။ ဘာကြောင့်လဲဆိုတော့ တန်ဂိုအကဟာ အကွက်ကျကျ အတိအကျ ကတတ်ဖို့ လိုတာကြောင့် အာရုံစူးစိုက်မှု လိုပါတယ်။ အကမှာ အာရုံစိုက်နေရင် တခြားစိတ်ဖိစီးတာတွေကို မေ့သွားမှာပါ။ ဦးနှောက် ကနေ စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆောထွက်ရှိမှု လည်း လျော့နည်းသွားနိုင်ပါတယ်။
နှစ်ယောက်တွဲကပါက ပိုကောင်းပါတယ်
အဖော်နဲ့အတူတွဲကပါက ခန္ဓာကိုယ်ထဲ တက် စတိုစတီရုန်းဟော်မုန်း ပိုမိုထွက်ရှိစေပါတယ်။ ဒီ ဟော်မုန်းက ဘဝမှာ ထိန်းချုပ်မှု ပိုရှိစေနိုင်တဲ့ ဟော် မုန်းဖြစ်တာကြောင့် အလုပ်ပိုတွင်ကျယ်စေပါတယ်။


၆. စိုးရိမ်ပူပန်လွန်းခြင်းကြောင့် စိတ်ဖိ စီးခြင်း
သက်သာရာနည်းလမ်း - ပုခက်ထိုင်ခုံမှာ ထိုင်ပါ
ရှေ့နောက်လှုပ်လို့ရတဲ့ ပုခက်ထိုင်ခုံ (Rocking Chair) မှာ ထိုင်ပြီး ရှေ့နောက် လှုပ်နေပါက စိုးရိမ် ပူပန်မှုကို လျော့စေပါတယ်။ လေ့လာချက်တစ်ခု အရ ထိုထိုင်ခုံမျိုးမှာ မိနစ် ၃၀ ကြာ ထိုင်သူတွေဟာ စိတ်ဖိစီးမှုလျော့ပြီး စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်း ကိုက်ဝေဒနာကိုလည်း သက်သာစေတာတွေ့ရပါ တယ်။
လျှို့ဝှက်ချက်
ပုခက်ထိုင်ခုံရဲ့ စည်းချက်ညီညီ လှုပ်ရှားမှုက ဦးနှောက်ထဲ စိတ်ခံစားမှုကောင်းစေတဲ့ဓာတ်တွေ ထွက်ရှိတာကြောင့် စိတ်ဖိစီးမှု လျော့ နည်းစေတာပဲ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုလျော့နည်းစေနိုင်သော အခြားနည်းလမ်းများ
ဖိအားများနေပါက စာရေးပါ
စိတ်ဖိအား အရမ်းများလွန်းတဲ့အခါ စာရွက်ထဲ မှာ စာတွေ ချရေးတာက ဖိစီးမှု သက်သာစေပါတယ်။ စာရေးခြင်းက စိုးရိမ်ပူပန်မှုတွေကို ပြေပျောက်စေ သလို စိတ်ထဲမှာ တင်းမာနေမှုတွေကိုလည်း ပြေ လျော့စေပါတယ်။
စိတ်လှုပ်ရှားနေပါက ပီကေဝါးပါ
ပီကေကို စည်းချက်ကျကျ ဝါးနေခြင်းက စိတ် လှုပ်ရှားမှုနဲ့ စိတ်ဖိစီးမှုကို မိနစ်ပိုင်းအတွင်း သက် သာလျော့နည်းစေပါတယ်။

ဒေါက်တာနုမြတ်
Ref: Good Health
Source: http://yoyarlay.com/index.php/health/health/therapy/25992-2012-05-12-08-55-42 Share

1 comment:

ချစ်စံအိမ် said...

ဖတ်သွားပါတယ်ရှင် လမင်းကတော့ သီချင်းနားထောင်တယ်
စာရေးတယ်..