page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, August 13, 2013

“ဘ၀ရဲ့..အပိုင်းအစလေးများ”

ညချစ်သူ | 9:06 AM |
ညချစ်သူ | 9:06 AM |




Best Blogger Tips
Share

လူ့ဘ၀မှာ လူသားရယ်လို့ဖြစ်လာခဲ့ရင် ဖြစ်လာသမျှအကောင်းအဆိုးကို ခံနေရရုံသက်သက်ပဲလားလို့ ထင်ခဲ့မိ တယ်။ ဘ၀ကပေးတဲ့ တာဝန်တွေ၊ ၀တ္တရားတွေ၊ စိတ်ညစ်မှု၊ စိတ်ပင်ပန်းမှုတွေကို ခါးစီးခံရတယ် ဆိုရင်….တရားသဘောအရ ၀ဋ်ကြွေး ဆိုပေမယ့်..အဲ့ဒီဝဋ်ကြွေးတွေဟာ မသေမချင်းဆပ်ရတော့မှာ လားလို့…. ဒဏ်ရာတွေနဲ့သာ ပြည့်လို့နေခဲ့တယ်၊ နှလုံးသားထဲမှာ ဒဏ်ရာတွေပဲရှိနေခဲ့တယ်၊ တခါတရံ လူတွေနဲ့ အဝေးဆုံးနေရာကို ပြေးထွက်ချင်မိတယ်၊ ရင်ထဲမှာ အမြဲတမ်းမွန်းကြပ်မှုတွေပဲ ရှိခဲ့ ပေမယ့် တခါတရံ ကိုယ်တစ်ယောက်တည်းပဲ ကံဆိုးနေသလားလို့ တွေးနေခဲ့မိတယ်။ သံယောဇဉ်အမျိုးမျိုး ရဲ့ နှိပ်စက်မှုကို ခံရတယ်၊ ခံနိုင်ရည်မရှိတော့ပါဘူး…ဒီအသက်အရွယ်မှာတောင် ဒီလောက်ခံစားနေခဲ့ ရရင်..နောင်ဆိုတာရော ရှိဦးမှာလား… တွေးနေရင်း..စိတ်ပင်ပန်းရတာအမှန်ပါပဲ၊ နောက်ဆုံးတော့ ဒီအခက် အခဲက လွတ်မြောက်နိုင်မယ့်ဆုလာဘ်ကတော့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ပါပဲ…။

ရင်ထဲမှာရော..အပြင်မှာရော တိတ်တိတ်လေးငိုနေခဲ့ရတဲ့ ရက်ပေါင်းတွေ မရေတွက်နိုင်တော့ပါဘူး… ငိုခဲ့ရတဲ့ရက်တွေကို သည်းခံခြင်းနဲ့ ဖြတ်ကျော်လာခဲ့တယ်၊ ဇွဲနဲ့ အလဲထိုးခဲ့တယ်၊ ဒါပေမယ့် တခါတရံ ကျလာတဲ့ဝန်နဲ့ ခုခံနိုင်တဲ့အင်အားက မမျှတခဲ့တဲ့ အတွက် ရှုံးနိမ့်ခဲ့ရပါတယ်။ ရင်ထဲမှာ ဖြစ်ချင်တဲ့ဆန္ဒတစ်ခုက လင်းလက်တောက်ပနေတဲ့ ကြယ်ပွင့်တစ်ပွင့်ပေါ့… အဲ့ဒီ ကြယ်ပွင့် လေးဟာ လူသားတိုင်းကို အလင်းရောင်ပေးနိုင်တဲ့သူပေါ့….။
“သည်းခံ” ခြင်းသည် အောင်မြင်ခြင်းတဲ့…သည်းခံခြင်းဆိုတာကို ဘယ်ပေတံနဲ့ တိုင်းတာနိုင်မလဲ.. တိုင်းတာနိုင်တယ်ဆိုရင် ဘယ်အတိုင်းအတာအထိ တိုင်းတာနိုင်မလဲ… မနက်ဖြန် ဆိုတဲ့နေ့ ရက်တွေ ကို ကျော်ဖြတ် ရတာ စိတ်တွေအရမ်းကို ပင်ပန်းလှပါတယ်၊ ဒဏ်ရာတွေပြည့်နှက်နေတဲ့ လူသား တစ်ယောက် ဟာ ဘယ်လောက်များ ခံနိုင်ရည်ရှိဦးမှာလဲ…..? …..။
“စေတနာ”ဆိုတဲ့စကားလုံးလေးကို အလင်းရောင်လို့ နာမည်ပေးချင်တယ်…အဲ့ဒီအလင်းရောင်ထဲကို လူတိုင်း ဆင်းခဲ့ကြတယ်။ တခါတရံမှာ အဲ့ဒီအလင်းရောင် ပျောက်ဆုံးသွားတယ်…ပျောက်ဆုံး သွားချိန်မှာတော့..ဒေါသဆိုတဲ့ လေပွေရိုင်းတစ်ခု ပေါ်လာတယ်၊ အဲ့ဒီ လေပွေရိုင်းလေးဟာ အလင်းရောင်ကို ပျောက်စေတယ်။ ဒါပေမယ့် ထာဝရတော့မဟုတ်ပါဘူး…တဒင်္ဂပါ.. ဒါကြောင့်မို့ အလင်းရောင်ရဲ့ တန်ဖိုးကို သိစေချင်တယ်….။
အရှုံးတွေကို အမုန်းအဖြစ် မပြောင်းလဲဘဲ နှလုံးသားထဲမှာ သည်းခံမှုတွေနဲ့ ပေါင်းစည်းပြီး တည်ဆောက်လိုက်စမ်းပါ… ဒဏ်ရာဆို တာ ပေးသူရှိမှ ရတာပါ.. အဲ့ဒီဒဏ်ရာပေးတဲ့သူကို အမုန်းမထားဘဲ မေတ္တာတရားနဲ့သာ အနိုင်ယူလိုက်စမ်းပါ။ ဘ၀ဆိုတာ တိုက်ပွဲတစ်ခုပါပဲ… အဲ့ဒီတိုက်ပွဲ တိုင်းကို နိုင်အောင်တိုက်နိုင်ရင် နင်ဟာ အောင်နိုင်သူကြီးတစ်ယောက်ဖြစ်ပြီလို့သာ မှတ်လိုက်ပါ။ နင်ရရှိ သမျှ အရှုံးတွေကို ပြုံးပြုံးလေးနဲ့ရင်ဆိုင်ပြီး ဖြေရှင်းလိုက်စမ်းပါ…..။
“အမုန်း”ဆိုတာ အရှုံးရဲ့လက်နက်ပဲ…အဲ့ဒီလက်နက်နဲ့ပဲ ပြန်ပြီးတော့ အမုန်းကို တိုက်ခိုက်ရမယ်။ ၀မ်းနဲခြင်း ဆိုတာ ၀မ်းသာခြင်းရဲ့ အစပဲ…ဒါပေမယ့်..ငိုကြွေးခြင်းဆိုတာကတော့ နှလုံးသားရဲ့ ဘယ်သူမှမသိနိုင် တဲ့ နေရာမှာ အမြဲတမ်းရှိနေရတယ်..“မာန”ဆိုတဲ့ မာန်ရယ်၊ “ပညာ”ဆိုတဲ့ ဂုဏ်လက်နက်တွေနဲ့ တိုက်ခိုက်ပေမယ့် ငိုကြွေးခြင်းဆိုတဲ့ ရန်သူကို ဘယ်လိုမှ မနိုင်နိုင်ပါဘူး..အဲ့ဒီအခါမျိုး မှာ တိုက်ခိုက်ပေးနိုင် တာကတော့ ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်တွေသာလျှင် ဖြစ်ပါတယ်…..။
“မျှော်လင့်ခြင်း”ဆိုတာကို မနက်ဖြန်လို့ သတ်မှတ်ချင်တယ်…မနက်ဖြန်ပေါင်းများစွာကို ဖြတ်သန်းရတဲ့ ဘ၀တိုက်ပွဲကို ရင်ခုန်ရတာ မောပန်းလှပါတယ်။ သဲကန္တာရထဲမှာ လွင့်မျောနေတဲ့ သစ်ရွက်လေး တစ်ရွက် လိုပဲ…ရေဆာလွန်းလို့ သောက်ချင်ပေမယ့်လည်း.. ရေတိုက်မယ့်သူမရှိဘူး…အဲ့ဒီလိုလွင့်မျောရင်းနဲ့ပဲ…မနက်ဖြန်ဆိုတာတွေကို ကျော်လွှားရအုံးမှာပါလား…အဲ့ဒီအခါမှာ သစ်ရွက်လေး ဟာ မောပန်းနွမ်းနယ်ပြီး..လသာတဲ့ ညတစ်ညကိုပဲ မျှော်နေမိပါတော့တယ်…။ လမင်းကြီးရဲ့ အလှအပတရားကို ငေးကြည့်ရင်း မနက်ဖြန်ဆိုတဲ့ ရေမတွက်နိုင် တဲ့ နေ့ရက်တွေ ကို စောင့် ရင်း ဖြတ်ကျော် ရအုံးမှာပေါ့လေ…..။
လောကမှာ ကိလေသာကင်းစင်တာ မြတ်စွာဘုရားရှင်မှတစ်ပါး အခြားမရှိပြီ…အဲ့ဒီလိုစိတ်မျိုး တစ်ခါတရံ မက အမြဲတမ်းထားနိုင် အောင် ကြိုးစားခဲ့ပါတယ်။ သို့သော် တစ်ခါတရံ သတ္တ၀ါတွေဟာ ကိုယ့်ဘ၀၊ ကိုယ့် အကြောင်းမေ့၊ ဆရာလုပ်ချင်ခဲ့ကြတယ်။ “နေ”ဆိုတာ နေ့ဘက်မှာ အလင်းရောင်ပေးနိုင် သလို…“လ” ဆိုတာလည်း ညဘက်မှာ ပေးစွမ်းနိုင်ပါတယ်။  အရာဝတ္ထုတိုင်းမှာ ကိုယ်ပိုင်တန်ဖိုးရှိကြ ပါတယ်…ဒေါသ ဆိုတဲ့ စိတ်တစ်ခုကြောင့် အရာရာပျက်စီးသွားနိုင်တယ်ဆိုတဲ့ အသိကို ဦးနှောက်ကနေ ထိန်းချုပ်ထား လိုက်တယ်…မြတ်စွာဘုရားလို ကိလေသာအလုံးစုံ မကင်းစင်နိုင်ပေမယ့်…မေတ္တာနဲ့ ယှဉ်၍ ဖြစ်ပေါ်လာ တဲ့ နူးညံ့တဲ့ နှလုံးသားနဲ့ ခွင့်လွှတ်နားလည်ခဲ့ပါတယ်… မျှော်လင့်ချက်အိပ်မက်တွေနဲ့ လူ့ဘ၀ထဲ ကို ရောက်ရှိခဲ့ကြတဲ့ ခဏတာအချိန်လေးမှာ ကြေကွဲနာကျည်းမှုတွေရှိနေမယ့်အစား ပြုံးပျော်ရွှင်နေတဲ့ လမင်းတရာလိုသာတဲ့ အပြုံးမျက်နှာပိုင်ရှင်အဖြစ်နဲ့ ဖန်တီးပြီး နေကြရ အောင်…၀ဋ်ဆိုတဲ့ သံသ ရာကြွေးကြောင့် နေရတယ်ဆိုပေမယ့်…နောင်ဘ၀ဆိုတာများ မရှိရပါစေနဲ့လို့…ဗုဒ္ဓရှင်တော်မြတ်ထံမှာ ဆုတောင်းပန်ခြွေမိပါတယ်….။
ဝမ်းနဲခြင်းဆိုတဲ့အရာကို တဒင်္ဂထိန်းချုပ်ထားခဲ့ပေမယ့် နာကျင်တဲ့နှလုံးသားဒဏ်ရာကြောင့် မျက်ရည်တွေ အလိုလိုစီးကျခဲ့ရတယ်။ ကျေးဇူးဆိုတာကို ပေးဆပ်ခြင်းလို့မဟုတ်ဘဲ…အပြန်အလှန်လို့ပဲ နားလည်ထား တယ်…၀ဋ်ကြွေးဆိုတာရှိပေမယ့်..အဲ့ဒီဝဋ်ကြွေးကို ဆပ်နေခဲ့ရပြီပဲ…လရောင်ဆိုတာ အလင်းတွေ အမြဲ တမ်းပေးနေတာပါ…သူ့မှာ ဘာမျှော်လင့်ချက်မှမရှိပါဘူး…သို့သော် လရောင် ရဲ့ တန်ဖိုးကို နားမလည် တဲ့ လူသားတွေအတွက်တော့… လရောင်ဆိုတာ တန်ဖိုးမရှိဘူးပေါ့..လမင်းကြီးရဲ့စေတနာနဲ့တန်ဖိုးကို သတ္တ၀ါတွေ အမြဲတမ်း နားလည်နိုင်ပါစေလို့ ဆုတောင်းပါတယ်… နှလုံးသားရဲ့တစ်နေရာမှာ ဒဏ်ရာဒဏ် ချက်တွေအပြည့်နဲ့ ငိုရှိုက်သံတွေကတော့ စမ်းချောင်းလေးတစ်ခုလိုပါပဲ…အဲ့ဒီဒဏ်ရာတွေဟာ အမြဲတမ်းမ ကျက်ခဲ့ ပါဘူး..တစ်ခါတရံမှ ပေါ်လာတဲ့ ဒဏ်ရာတွေဟာ အရမ်းကိုနာကျင်ခဲ့ရပါ တယ်… အနာဟောင်းတွေနဲ့အသစ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ ပိုပြီးတော့ ခံစားရပါတယ်။ ဒဏ်ရာပေးတဲ့ သူတွေ…နာကျင်တဲ့သူလို မခံစားရပါစေနဲ့လို့..ဆုတောင်းမိပါတယ်….။
မင်္ဂလာရှိစွာနဲ့ နိုးထလာခဲ့တယ်….အသိတရားရှိတဲ့ သတ္တ၀ါတွေဟာ ဆင်ခြင်တုံတရား ရှိကြပါတယ်… မထင်မှတ်တဲ့ လေပွေရိုင်း တစ်ခုကြောင့် လဲပြိုကျမယ်လို့ ထင်ခဲ့ရတဲ့ စိတ်ဓါတ်တွေဟာ အကောင်းဆုံး တည်ဆောက်နိုင်ခဲ့တယ်။ နှုတ်ဆက်ရမယ့် အချိန်ကို ရောက်တော့မယ်…တိတ်တိတ်လေးငိုခဲ့ရပေမယ့် အရှုံးမပေးတဲ့ အပြုံးအဖြစ် ပြောင်းလဲခဲ့တယ်.. အမြဲတမ်းနာကျင်ခဲ့ရတဲ့နှလုံးသား ကို အပြုံးဆို တဲ့ ဆေး လက်နက်နဲ့ ကုစားခဲ့ပေမယ့် တဒင်္ဂပါပဲ…တကယ်တော့.. ဗုဒ္ဓမြတ်စွာဘုရားရှင်မှတစ်ပါး.. အခြားကိုးကွယ် ရာ မရှိပါလားလို့…………………။
 http://bluenavyblog.blogspot.com/2012/10/blog-post_2869.html
Share