page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, May 5, 2013

အမေနေ့ အမှတ်တရ

ညချစ်သူ | 3:28 PM |
ညချစ်သူ | 3:28 PM |




Best Blogger Tips
Share





ကမ္ဘာ့ပေါ်ရှိ နိုင်ငံအများစုတွင် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို
ကမ္ဘာပေါ်ရှိ အမေအားလုံးကိုလေးစား ဂုဏ်ပြုသောနေ့ အဖြစ် အမေနေ့
(Mother Day) ဟု သတ်မှတ်ကြပါသည်။ နိုင်ငံတကာအမေနေ့ ဖြစ်မြောက်
အောင်ကြိုးပမ်းအားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ Juila Ward Home
(1819-1910)ဖြစ်သည်။သူမသည် ကျော်ကြားသော စာရေးဆရာမကြီး
တစ်ဦးဖြစ်ပြီးအမေနေ့ဖြစ်မြောက်ရန်ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူ ဖြစ်သည်
အမေနေ့ဖြစ်မြောက်အောင်ကြိုးပမ်းခဲ့သူJuila Ward Home ရဲ့သမီး

Anna Jarvisက အမေ့အိပ်မက်ကို ဆက်လက်ပြီးရှင်သန်စေခဲ့သူဖြစ်ပြီး သူမသည်
လည်း မမေ့သင့်သောကျေးဇူးရှင်တစ်ဦးဖြစ်ပါသည်။ Juil Ward Home နှင့်
Anna Jarvis တို့၏ကြိုးပမ်းမှုများကြောင့်နောက်ပိုင်းတွင် ကမ္ဘာနှင့် အ၀ှမ်း
အမေနေ့ ကျင်းပနေခဲ့ကြခြင်းဖြစ်ပါသည်။

ရှေးဟောင်း ဂရိ ရောမခေတ်မှ စတင်၍ ဒီနေ့ခေတ်အထိ အမေနေ့ကို
ကျင်းပနေကြဆဲဖြစ်ပါသည်။နောင်တွင်လဲ အမေ့ကျေးဇူး ထုတ်ဖော်သည့်နေ့ကို
ဆက်လက်ကျင်းပနေကြဦးမည်သာ ဖြစ်သည်။အင်္ဂလန်နိုင်ငံတွင် မယ်တော်မာရီကို
ဂုဏ်ပြုသည့်အနေ့နှင့်အမေနေ့ကိုကျင်းပလေ့ရှိသည်။ ထိုနေ့မှာ အမေအားလုံးသည်
တူညီဝတ်စုံများကိုဝတ်ဆင်ပြီး အခမ်းအနား ကျင်းပသောနေရာကို ရောက်လာသော
အခါသားသမီးများကအမေများ၏ ကျေးဇူးကို ထုတ်ဖော် ပြောဆိုကြပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်တော့  ဒါရိုက်တာ စာရေးဆရာကြီး ဘဘ
ဦးသုခကအမေနေ့ ကိုတရားဝင်ဖြစ်အောင် ဦးဆောင် ကြိုးပမ်းခဲ့သူပင်
ဖြစ်ပါသည်။၁၉၉၅-ခုနှစ်၊ပြာသိုလ်လပြည့်နေ့၌ ဒါရိုက်တာ စာရေးဆရာကြီး
ဘဘ  ဦးသုခ ဦးဆောင်ကြိုးပမ်းမှုဖြင့် မန္တလေးမြို့ ပရိယတ္တိသာသနာ့ဟိတ
အသင်းကြီး(ဆရာကြီးဦးလှသိန်းရဲ့ဗိမာန်ကြီး)တွင်အမေနေ့ကို ပထမဦးဆုံး
စတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။မိဘ ကျေးဇူးဆပ်နည်း စသည့်ဗဟုသုတ
ပညာပေးများဟောပြောခြင်းဖြင့်ခေတ်လူငယ် များအားအသိပညာ
ဗဟုသုတတိုးပွားစေလိုသည့် ဆန္ဒဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသည်။
မြန်မာ့ပြက္ခဒိန်တွင်ပြာသိုလ်လပြည့်နေ့ကိုအမေ့နေ့ အဖြစ်
ကမ္ဗည်းတင်နိုင်ခဲ့ပေသည်။

တကယ်တော့ အမေဆိုတာ ရင်ထဲအမြဲ ရှိနေသူတွေ အတွက် အမေနေ့
ဆိုတာတခြားနေ့တွေနဲ့မခြားအတူတူပါပဲလေ။ ဒါပေမယ့် အမေနေ့ဆိုပြီး သတ်မှတ်
လိုက်တဲ့အခါအမေ့ကို တခြားနေ့တွေထက်ပိုပြီးအလေးအနက် အောက်မေ့ သတိရ
မိပါတယ်။ဒီနေ.လေးမှာ ထူးကဲစွာ အမေ့ရဲ့ဂုဏ်ကျေးဇူးတွေအအေးမြဆုံး
ဖြစ်တဲ့ အမေ့မေတ္တာတွေကိုတော့အောင့်မေ့ တမ်းတ မိကြ မှာပါလေ။
အမေ့ရဲ့မေတ္တာ၊ အမေ့ရဲ့ စေတနာတွေကိုအမြဲတမ်းလည်း အမှတ်ရနေသလို
အခွင့်ရှိတိုင်းကျေးဇူးရှင်မေမေကိုကျေးဇူးဆပ်လို့ရတဲ့နည်းနဲ့ဘယ်တော့မှ
မကျေလည်နိုင်သော မွေးမေမေကျေးဇူးကိုဆပ်နေဆဲပါ။လောကကြီး
မှာရှိတဲ့အမေတိုင်းမှာ သားသမီးကို မချစ်တဲ့ အမေဆိုတာ မရှိပါဘူး။လူမပြော
ပါနဲ့တိရစ္ဆာန်လေးတွေတောင်မှာ မိခင်စိတ်အပြည့်အ၀ ရှိစွာနဲ့ သူတို့ရဲ့
သားသမီးလေးတွေကိုစောင့်ရှောက်ကျွေးမွေးနေကြပါတယ်။ အသိဥာဏ်
ရှိသော လူသားတို့ရဲ့ အမေက" တောင်းဆိုးပလုံးဆိုး ကိုသာ
ပစ်ရိုးထုံးစံရှိပါတယ်၊ သားဆိုး သမီးဆိုးကိုတော့ ပစ်ရိုး ထုံးစံမရှိ
ဘူး "ဆိုတဲ့စကားပုံအတိုင်းပဲသားသမီးတွေ မည်မျှပင်ဆိုးသွမ်း
မိုက်နေစေကာမူ ခွင့်လွှတ်သည်းခံနားလည်နိုင်ဆုံးသောကမ္ဘာမှာ
တစ်ဦးသော လူသားမြတ် ဖြစ်ပါတယ်။ အမေရဲ့ ဂုဏ်ကျေးဇူး
ကြီးမားပုံကစကားလုံးရှာလို့မရအောင်ကို ကြီးမားလွန်းပါတယ်။
မိခင်ရဲ့ မေတ္တာကိုနားမလည်ချင်နေပါ။မိခင်ကိုစော်ကားမိသော၊
ရိုင်းပြသော အပြုအမှု မပြုလုပ်မိရန်အရေးကြီးပါတယ်။
ဒါရိုက်တာ စာရေးဆရာကြီး ဘဘ ဦးသုခက ပထမဆုံးအကြိမ်
မန္တလေး အမေနေ့ဟောပြောပွဲတွင်“အမေဆိုသည့် စာကလေးနှစ်လုံးကို
အသံထွက်အောင်ရွတ်ဆိုကြည့်လိုက်စမ်းပါ။အလွန်ချိုမြိန်သော၊
သာယာသော၊ စိတ်ချမ်း သာသော၊ မေတ္တာနှင့်ထုန်မွှန်းသော
အရသာကို ခံစားရပါလိမ့်မည်”ဟု ပြောခဲ့သည်။
“အမေ… အမေ… အမေ…ငါတို့ အားလုံးရဲ့ အမေ...

"တကယ်တန်းကျတော့ "လူသားအစ"ဆိုတာ၊ အမေကမွေးဖွား
လို့သာ"အမေကစတာ"လို့ပြောရင်အမှန်ဆုံးဖြစ်ပါတယ်။ဒီကမ္ဘာလောကကြီး
မှာရှိကြတဲ့အမေတွေဟာတစ်ဦးနဲ့တစ်ဦးလူကွဲရင်ကွဲမယ်၊စကားကွဲရင်
ကွဲမယ်၊အသားအရောင်ကွဲရင်ကွဲမယ်၊တိုင်းပြည်နိုင်ငံအရပ်ဒေသတွေ
ကွဲရင်ကွဲမယ်၊*..အမေတွေရဲ့နှလုံးသားမေတ္တာတရားတွေဟာ ဘယ်တော့
မှမကွဲ တစ်သားထဲ၊တထပ်တည်းရှိနေမှာဖြစ်ပါတယ်...*အမေတွေ
ရဲ့မေတ္တာ တရားကိုဆန်းစစ်လေ့လာကြည့်မယ်ဆိုရင် လူအမေတွေ
မပြောနဲ့တိရစ္ဆာန်အမေတွေရဲ့မေတ္တာတရားပင် အတိုင်းအဆမရှိကြီးမား
ပါတယ်။

အမေဟုဆိုရာ၌.. ဥစ္စာဓနပေါများခြင်း၊ ဆင်းရဲခြင်း၊ဂုဏ်ရှိခြင်း၊ဂုဏ်မဲ့ခြင်း၊
အမျိုးမြတ်ခြင်း၊နိမ့်ခြင်း၊ပညာရှိခြင်း၊ပညာမဲ့ခြင်း၊ ရုပ်ရည်တင့်တယ်ခြင်း၊
မတင့်တယ်ခြင်း၊ကိုယ်ကျင့်တရားပြည့်ဝခြင်း၊ချို့တဲ့ခြင်း၊ကျန်းမာခြင်း၊
မကျန်းမာခြင်း၊မိခင်တို့၏၀တ္တရားကျေပွန်ခြင်း၊ပျက်ကွက်ခြင်း၊ စသည်
တို့သည်ကားပဓာနမဟုတ်၊၊ *အမေသည်အမေသာ ဖြစ်သည်
ဟူသောအနှစ်သာရကို ကြည်ညိုနေရပါမည်*

အမေ့ရဲ့ မေတ္တာ အမေ့ရဲ့ ကရုဏာ အမေ့ရဲ့ အချစ်တွေဟာ သားသမီးများ
အပေါ်ဘယ်လောက်ထိစီးဆင်းနေတယ်ဆိုတာ အမေ့ကို ချစ်ကြတဲ့
သူတိုင်းမပြောဘဲနဲ့ သိနေကြပါတယ် ...ဒါကြောင့်မို့ အမေဟာကမ္ဘာ
ကြီးရဲ့ ပဲ့ကိုင်ရှင်ပါ....အမေဟာ ကမ္ဘာကြီးရဲ့ အရိပ်ပါ ...အမေ့အရိပ်
ဟာအလွန်အေးမြလှပါတယ်....အေးမြတဲ့ အမေ့ရိပ်မှာ သားသမီးများ
အိပ်စက်နိုင်ကြပါစေသော်......တကယ်တော့  အမေဆိုတာ သားတို့
သမီးတို့ရဲ့နှလုံးသားတွေကိုနူးညံ့စေခဲ့ပါတယ်၊ အမေရဲ့ နို့ချိုတွေက သားတို့
သမီးတို့ရဲ့အသက်ကို ကြာရှည်အောင် အသက်ဆက်နိုင်ခဲ့တယ်၊
တကယ်တော့-အမေဟာ ဘယ်အရာနဲ့မှ အစားထိုးမရနိုင်တဲ့သူပါ။

  • ပြာသိုလပြည့် အမေနေ့.......(၂၆.၁.၂၀၁၃)... ပြာသိုလပြည့်နေ့သည် အေးချမ်းသော ကြည်လင်သော၊ သာယာသော အခါကာလဖြစ်သောကြောင့် အမေ၏မေတ္တာကို တင်စားသောအားဖြင့် "အမေနေ့"ဟုသတ်မှတ် ခဲ့ပါတယ်၊ အမေများနေ့ (သို့) အမေ့နေ့ ဟုမသတ်မှတ်လိုပါ၊ Mother's Day မဟုတ်ပါ၊ Mother Day (အမေနေ့)သာ ဖြစ်စေလိုပါတယ်။ မြန်မာနိုင်ငံမှာအမေနေ့ကို ၁၃၅၈ ပြာသိုလပြည့်မှ စတင်ခဲ့တာ ဒီနှစ်၁၃၇၄ ပြာသိုလပြည့်ဆိုရင် (၁၆)နှစ်တိုင်ခဲ့ပါပြီ..။အဲ့ဒီတုံးက စာရေးဆရာ ဒါရိုက်တာ ကွယ်လွန်သူ ဆရာကြီးဦးသုခ ကဦးဆောင်ပြီး မန္တလေးမြို့ ပရိယတ္တိသာသနာ့ဟိတ အသင်းကြီး (ဆရာကြီးဦးလှသိန်းရဲ့ဗိမာန်ကြီးမှာ စတင်ကျင်းပခဲ့တာပါ။ တကယ်တန်းကျတော့ "လူသားအစ"ဆိုတာ ၊ အမေကမွေးဖွား လို့သာ "အမေကစတာ" လို့ပြောရင်အမှန်ဆုံး ဖြစ်ပါတယ်။ ဒီကမ္ဘာလောကကြီးမှာရှိကြတဲ့အမေတွေဟာ တစ်ဦးနဲ့တစ်ဦးလူကွဲရင်ကွဲမယ်၊ စကားကွဲရင်ကွဲမယ်၊ အသားအရောင်ကွဲရင်ကွဲမယ်၊ တိုင်းပြည်နိုင်ငံ အရပ်ဒေသတွေ ကွဲရင်ကွဲမယ်၊ *..အမေတွေရဲ့နှလုံးသားမေတ္တာတရားတွေဟာ ဘယ်တော့မှမကွဲ တစ်သားထဲ၊ တထပ်တည်းရှိနေမှာဖြစ်ပါတယ်...* အမေတွေရဲ့မေတ္တာ တရားကို ဆန်းစစ်လေ့လာကြည့်မယ်ဆိုရင် လူအမေတွေမပြောနဲ့ တိရစ္ဆာန်အမေတွေရဲ့မေတ္တာတရားပင် အတိုင်းအဆမရှိကြီးမားပါတယ်။ အမေဟုဆိုရာ၌.. ဥစ္စာဓနပေါများခြင်း၊ ဆင်းရဲခြင်း၊ဂုဏ်ရှိခြင်း၊ဂုဏ်မဲ့ခြင်း၊ အမျိုးမြတ်ခြင်း နိမ့်ခြင်း၊ ပညာရှိခြင်း၊ပညာမဲ့ခြင်း၊ ရုပ်ရည်တင့်တယ်ခြင်း၊ မတင့်တယ်ခြင်း၊ ကိုယ်ကျင့်တရားပြည့်ဝခြင်း၊ ချို့တဲ့ခြင်း၊ကျန်းမာခြင်း၊ မကျန်းမာခြင်း၊ မိခင်တို့၏၀တ္တရားကျေပွန်ခြင်း၊ပျက်ကွက်ခြင်း၊ စသည်တို့သည်ကားပဓာနမဟုတ်၊၊ *အမေသည် အမေသာ ဖြစ်သည်ဟူသော အနှစ်သာရကို ကြည်ညိုနေရပါမည်*(ဆရာကြီးဦးသုခ၏ဆန္ဒ) စာဖတ်သူဓမ္မ မိတ်ဆွေအပေါင်းကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း အစဉ်ရှိကြပါစေ၊ မေတ္တာဖြင့် Tthaw... Credit- Tthaw



    လောကမှာ ရှိသော သားသမီးတိုင်း အမေကျေးဇူးကို နားလည်သော ၊

    လိမ္မာယဉ်ကျေးသောသားသမီးများ ဖြစ်ကြပါစေလို့ ဆုတောင်းရင်း

    အမေများနေ့ကို ဒီပို့စ်လေးရယ်၊ သီချင်းလေးရယ်နဲ့ ဂုဏ်ပြုလိုက်ပါတယ်။


    သူငယ်ချင်းအားလုံး

    အစဉ်ကျန်းမာရွှင်လန်းပါစေလို့ 

    ဆန္ဒပြုရင်း

    ညချစ်သူ

























Share