page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, September 9, 2013

ဆင်းရဲဖေဖေ .. ချမ်းသာဖေဖေ ---------------------------------

candle lay | 9:08 AM |
candle lay | 9:08 AM |




Best Blogger Tips
Share



ဂျပန်လူမျိုး လုပ်ငန်းရှင်ကြီး တီယို ကော့စကီးရေးတဲ့ ..
ဆင်းရဲဖေဖေ ..ချမ်းသာဖေဖေ ..ဆိုတဲ့စာအုပ်လေးဖတ်ဖူးကြလား..
အဲဒီစာအုပ်ထဲမှာ ES BI ဆိုတဲ့ စီးပွားရေး ဒသနတစ်ခုကို ..ချပြထားတယ်

ဘယ်ကနေ ဘယ်လိုရလာလဲ မသိပေမယ့်..
အဲဒီ စာအုပ်လေးက ကျွန်တော် အကြိုက်ဆုံးနဲ့ ..
ကျွန်တော့်ဘ၀ကို ဘာလုပ်ရမယ်ဆိုတာ လမ်းညွှန်ပေးခဲ့တဲ့ ..စာအုပ်လေးပါ..


အဲဒီ စာအုပ်လေးရဲ့ စီးပွားရေး ဒသနကို အကြမ်းဖျင်း ရှင်းပြပါမယ်..

E ဆိုတာက Employee အလုပ်သမား

S ဆိုတာက Self Employee ..ဒါရိုက် ဘာသာပြန်ရင်တော့ ..
ကိုယ်တိုင်လုပ်တဲ့ အလုပ်သမားပေါ့...တစ်နည်းအားဖြင့် ပညာရှင်..
ဆရာဝန် အင်ဂျင်နီယာတွေ ..အနုပညာရှင်တွေ စသည်ဖြင့်ပေါ့ဗျာ

B ဆိုတာက Business Owner .. လုပ်ငန်းရှင်

I ဆိုတာက Investor ..ရင်းနှီးမြုပ်နှံသူ..

အဲဒီလေးမျိုးမှာ ..

E နဲ့ S အမျိုးအစားက အလုပ်နဲ့လက် မပြတ်အောင် လုပ်နေရတယ်..
အလုပ်နဲ့ လက်ပြတ်တာနဲ့ ..သူတို့ရဲ့ ၀င်ငွေက ရပ်တန့်သွားတယ်

ဥပမာ..နေမကောင်းလို့ အလုပ်မလုပ်နိုင်တဲ့အခါ..သူတို့မှာ ၀င်ငွေမရှိကြဘူး

ဒါကြောင့် အဲဒီ အမျိုးအစားနှစ်ခုထဲ အကျုံးဝင်နေသူတွေက
အလုပ်ကို ကိုယ်တိုင်ပင်ပင်ပန်းပန်းနဲ့လုပ်ပြီး ..ဘ၀ကို ရုန်းကန်နေရသူတွေဖြစ်တယ်
သူတို့တွေရဲ့ စိတ်ထားက ..
''ဒါ ငါ့လုပ်မှ ဖြစ်မှာ..ငါလုပ်တာ အကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့ စိတ်ထားမျိုး ရှိတတ်ပြီး ..ကိုယ်တိုင်လုပ်မှ ကျေနပ်တတ်တဲ့ လူစားမျိုးတွေ ဖြစ်တယ်''

B နဲ့ I အမျိုးအစားကတော့ ..အလုပ်ကို ကိုယ်တိုင်လုပ်စရာမလိုဘူး..

Business Owner တစ်ယောက်ရဲ့ အလုပ်ဆိုတာ ..
လုပ်ငန်းတွေ တည်ထောင်ဖို့နဲ့ ..သင့်တော်တဲ့ အလုပ်သမားတွေ..
စီမံကိန်းတွေ ချမှတ်ဖို့ပဲ ဖြစ်တယ်..
သူတို့ရဲ့ တည်ထောင်တဲ့ လုပ်ငန်းတွေ ပုံမှန်လည်ပတ်သွားတာနဲ့ ..
တစ်ပြိုင်နက်...သူတို့ရဲ့ အိပ်ကပ်ထဲကို ..ငွေတွေ သူ့အလိုလို ၀င်လာလိမ့်မယ်...
လူက မိသားစုနဲ့ အပျော်ခရီးထွက်နေတာပဲဖြစ်ဖြစ်..
အနားယူအိပ်စက်နေတာပဲဖြစ်ဖြစ်...
သူတို့အလုပ်မလုပ်သော်ငြား ၀င်ငွေကတော့ မပြတ်.. အိပ်ကပ်ထဲ စီးဆင်းနေမှာ ဖြစ်တယ် ..

လုပ်ငန်းရှင်တစ်ယောက်ရဲ့ စိတ်ကူးနဲ့ ခံယူချက်က ..
B နဲ့ I လို မဟုတ်ပဲ .. ဒီအလုပ်တွေကို ဘယ်သူတွေ လုပ်နိုင်မလဲ..
အသိပညာရှင် အတတ်ပညာရှင်တွေကို ခန့်ပြီး လုပ်ငန်းလည်ပတ်ဖို့အတွက်
ငါ လုပ်မှဖြစ်မယ်ဆိုတဲ့ အယူအဆနဲ့ ကင်းဝေးပြီး ..
ငါ့အစား ဘယ်သူလုပ်ပေးမလဲ ဆိုတဲ့ အတွေးနဲ့ ဆုံးဖြတ်လုပ်ကိုင်ကြတယ်

Investor ကတော့ ရှင်းပါတယ်...ရလာတဲ့ ငွေတွေကို ..
ထပ်မံပြီး အကျိုးအမြတ်ရှိမယ့် လုပ်ငန်းတွေမှာ ရှယ်ယာဝင်ခြင်း..
အမြတ်ရနိုင်မယ့် ကားတွေ ခြံတွေ ၀ယ်ယူခြင်း ဖြင့်..
အလုပ်မလုပ်ပဲ ..အချိန်ကာလတစ်ခု စောင့်ရုံနဲ့ ၀င်ငွေရရှိမှာဖြစ်ပါတယ်..

B နဲ့ I နှစ်မျိုးစလုံးက အချိန်ကြာလာတာနဲ့အမျှ...
တိုးတက်လာမှာ ဖြစ်ပြီး .. သာယာတဲ့ဘ၀ကို ပိုင်ဆိုင်လာမှာ ဖြစ်တယ်..

ပထမ အလုပ်သမားနဲ့ ပညာရှင်တွေကတော့..
အိုမင်းလာတာနဲ့အမျှ အလုပ်မလုပ်နိုင်တော့တဲ့ အချိန်ကျရင်..
ပင်ပန်းဆင်းရဲခြင်းနဲ့ ကြုံတွေ့လာရမှာ ဖြစ်တယ်..

အလုပ်မလုပ်ပဲ ပိုက်ဆံတွေရရင် သိပ်ကောင်းမှာပဲလို့ ..
လူတိုင်းတွေးဖူးကြမှာပါ.. လူတိုင်းလဲ အဲဒီဘ၀ကို လိုချင်ကြမှာပါ..

ဒါဆို လူတိုင်း လုပ်ငန်းရှင်ကြီးလုပ်တော့မှာပေါ့လို့ စောဒက တက်လို့ရပါတယ်... ဘာလို့ မလုပ်ကြလဲ..
လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ငွေအရင်းအနှီးလိုတယ်..
ငွေအရင်းအနှီးရဖို့ ကိုယ်တိုင် သူများ အလုပ်သမားလုပ်ရမယ်..
ငွေများများရဖို့ ပညာများများသင်ရမယ်..

မှန်ပါတယ်...ဒီလို step by step တက်ကြရတာပါပဲ ..
ဒါပေမယ့် ..အဲဒီ တီယိုကော့စကီးဆိုတဲ့ လူကတော့ .......
အဲဒီအတွေးအခေါ်တွေ သူ့ခေါင်းထဲမှာ ရောက်လာတဲ့နေ့ကစပြီး.
ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်..

''ဘယ်တော့မှ သူများ အလုပ်သမား မလုပ်ဘူး'' တဲ့..

သူယူတဲ့ မိန်းမကလဲ..သူ့ဆနနဲ့ သူ့အယူအဆကို လက်ခံပြီး..
နှစ်ယောက်လုံး ပညာတတ်တွေဖြစ်ပေမယ့်..
ခုချိန် ကုမဏီတစ်ခုခုမှာ ၀င်လုပ်ရင်...ကြီးမားတဲ့ လစာကို ခံစားရမယ်ဆိုတာ သိသိကြီးနဲ့ ..အပင်ပန်းခံ အဆင်းရဲခံပြီး ..
ကိုယ်ပိုင် လုပ်ငန်းထူထောင်ဖို့ ..ကြိုးစားခဲ့ကြတယ်..

ငွေဆိုတဲ့ အရင်းအနှီးမရှိပဲ ကိုယ်ပိုင်လုပ်ငန်းထောင်လို့ရပါတယ်..တဲ့
တစ်ပိုင်တစ်နိုင်လေးပဲဖြစ်ဖြစ်...ကိုယ့်စိတ်ကူး ကိုယ့်ရဲ့ပညာတစ်ခုခုနဲ့
လုပ်ငန်းတစ်ခုလုံးကို ကိုယ်တိုင် ဦးစီး စီမံနိုင်တဲ့ အလုပ်မျိုးကို
လုပ်နိုင်ပြီဆိုတာနဲ့ .. သင်ဟာ လုပ်ငန်းရှင်တစ်ဦးဖြစ်ခွင့်ရှိပါတယ်
လို့ ဆိုပါတယ်..

နောက် လမ်းညွှန်ထားတာတွေတော့ အများကြီးပါ..

ကျွန်တော် အဲဒီစာအုပ်လေးဖတ်ပြီး ..အဲဒီ ES BI ဆိုတဲ့ ဒသနကို
အရမ်း သဘောကျသွားတယ်..
ဒါနဲ့ပဲ ...
ငါ ဘယ်တော့မှ သူများ အလုပ်သမား မလုပ်ဘူး ..
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့

ကျွန်တော် ဘယ်ကုမဏီ ဘယ်အလုပ်မှာမှ ၀င်မလုပ်ခဲ့ပါဘူး..

......... အတိုချုံးပြောရရင်...........

ကျွန်တော် ဒီဂျပန်ဆိုတဲ့ နိုင်ငံကို မလာခင်ထိ...

ကျွန်တော်ဟာ လုပ်ငန်းရှင်ကြီးလို့ ဆိုလို့ မရရင်တောင်..
ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကိုယ်ဦးနှောက်နဲ့ ကိုယ်ပိုင်တဲ့လုပ်ငန်းတစ်ခုလုံးကို
စီမံခန့်ခွဲနိုင်တဲ့ သူတစ်ယောက် ဖြစ်ခဲ့ပါတယ်

ကျွန်တော့်ဆိုင်က ဘားလမ်း အလယ်ဘလောက်မှာ ရှိပါတယ်..
ဓါတ်ပုံ ဗီဒီယို ရိုက်ကူး တည်းဖြတ်ရေး လုပ်ပါတယ်.

.နောက်ပြီး ..မိုးကောင်းမှာ ဓါတ်ပုံဆိုင်တစ်ဆိုင် ဖွင့်နိုင်ခဲ့ပါတယ်..အဲဒီ ဆိုင်ကတော့ ရှယ်ယာကိတ်စတွေကြောင့် ဖျက်သိမ်းပြီး ..

နောက်ထပ် ဓ်ါတ်ပုံဘောင်လုပ်ငန်းတွေ လဘက်ရည်ဆိုင်လုပ်ငန်းတွေ
ဖွင့်ဖို့ ကြိုးစားနေတုန်းမှာပဲ .. အမှတ်မထင်.. ဂျပန်သွားဖို့ ဖန်လာခဲ့တာပါ

ဘာကြောင့် မပြန်ပဲ ဒီမှာနေခဲ့လဲဆို...
ကျွန်တော့် ဆိုင်ရဲ့ ၀င်ငွေထက် ..ဂျပန်မှာရမယ့် တစ်လစာ ၀င်ငွေက
ထက်ဝက်မက သာနေလို့ .. ကျွန်တော် ပိုက်ဆံပိုရမယ့်လမ်းကို
ရွေးခဲ့တာပါ..

........ ကျွန်တော် အထင်ကတော့ မလွဲပါဘူး ..
ဒီမှာ ပိုက်ဆံ ပိုရပါတယ်..

ဒါပေမယ့် ..လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့
လူငယ်တစ်ယောက်ရဲ့ .. တက်ကြွတဲ့ စိတ်ဓါတ်တွေ ..စိတ်ကူးစိတ်သန်းတွေ
အကုန် ပေးဆပ်လိုက်ရပါတယ်..

အရင်က အချိန်တိုင်း ..ကားစီးရင်းပဲ ဖြစ်ဖြစ်..ရေချိုးရင်းပဲဖြစ်ဖြစ်..
ဘာပဲလုပ်လုပ်..ကျွန်တော့်အတွေးထဲမှာ ရှိနေခဲ့တာက ..
ကျွန်တော့်ဆိုင် တိုးတက်ဖို့နဲ့ ..တခြား ၀င်ငွေကောင်းမယ့် ဆိုင်တွေ
ဖွင့်ဖို့ ... နေရာတွေ ရှာမယ်.. အလုပ်အခွင့်အလမ်းတွေ ရှာမယ်..
အဲဒီအလုပ်တွေမှာ လုပ်နိုင်မယ့် သူတွေကို ရှာမယ်..

ကျွန်တော် လူကတော့ ကိုယ်တိုင်ဘာမှလုပ်စရာမလိုပဲ အားနေပေမယ့်..
ကျွန်တော့် စိတ်ကူးတွေ ခေါင်းတွေကတော့ အလုပ်လုပ်နေပါတယ်..

..........

ခု ဒါတွေ ဘာကြောင့် ချရေးမိနေသလဲဆိုတော့ ..
ကျွန်တော့် ဘ၀က ၃ နဲ့ ၄ လို ပြောင်းပြန်ဖြစ်သွားခဲ့လို့ပါပဲ..

ခု ဂျပန်ဆိုတဲ့နေရာမှာ .. ကျွန်တော် လက်နဲ့ အလုပ်မပြတ်ပဲ ...
ပိုက်ဆံရဖို့ ..လုပ်ရပါတယ်...

ကျွန်တော့်ရဲ့ ခေါင်းက အချိန်တွေကြာလာတာနဲ့ အမျှ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ..စိတ်ကူးစိတ်သန်းတွေ ...
တက်ကြွတဲ့ စိတ်တွေ ပျောက်ဆုံးလာတယ်..

လုပ်ငန်းရှင်တစ်ယောက်မှာ ရှိသင့်တဲ့ ..အစွမ်းအစတွေ မွေးမြူဖို့နေနေသာသာ ..
ငါ လုပ်ငန်းတွေကို ဦးစီးလာပါလားဆိုတာတောင် အိပ်မက်လိုဖြစ်လာပါတယ်

တစ်ကယ်တော့ ..
နိုင်ငံရပ်ခြားမှာ လူတွေ ပိုက်ဆံရှာကြတယ်ဆိုတာက
ကိုယ်ပိုင်လုပ်ငန်းလေး ထူထောင်ဖို့ အရင်းအနှီးလာရှာကြတာပါ..
ဒါပေမယ့် .. သူများအလုပ်မှာ ..အဲဒီလူတွေဟာ ဦးနှောက်တုံးသွားပါတယ်

ဒါကြောင့် ...တစ်ချို့ ငွေလေးပိုက်ပြီး ပြန်သွားတယ်..
ဟိုရောက်တော့ ပြောင်းလဲနေတဲ့ စီးပွားရေးလောကနဲ့ ..
မလုပ်တတ် မကိုင်တတ် ..ရှိတာလေး ကုန်တော့ ... နိုင်ငံခြားပြန်ထွက်ပြီး
အရင်လိုပဲ လုပ်ကိုင်စားသောက်ရတော့တာပါပဲ..

.......

ခု ကျွန်တော်တို့ နိုင်ငံရပ်ခြားမှာ နေနေတဲ့ အလုပ်သမားတွေဟာ
ငွေရဖို့အတွက် ... တန်ဖိုးရှိတဲ့အချိန်တွေ .. ထက်မြက်နေတုန်း ဦးနှောက်တွေကို ပေးဆပ်ပြီး ... ခနာကိုယ် ပင်ပန်းစွာနဲ့ ပေးဆပ်နေရတာပါ

ဒါကြောင့် ...

လူငယ်တွေအနေနဲ့ ...ကိုယ့်တိုင်းပြည်မှာနေပြီး ..
ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ ထူထောင်နိုင်ဖို့ ကြိုးစားကြပါ... ကျွန်တော် ယုံကြည်ထားတာ တစ်ခုက..

ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူ တစ်ယောက်အနေနဲ့ ..
တစ်ချိန်ချိန်မှာ ကြီးပွားချမ်းသာဖို့ အခွင့်အလမ်းက ..သူများအလုပ်လုပ်နေတဲ့ သူတစ်ယောက်ထက် ပိုပြီး သာတယ်
လက်ရှိ ခရိုနီတွေ သူဌေးတွေက သူများ အလုပ်လုပ်ပြီး ..ချမ်းသာလာတာ မဟုတ်တာတော့ သေချာတယ်..

ခု အမျိုးသားရေး အရလဲ ..ကျွန်တော့်တို့ မြန်မာလူမျိုး လုပ်ငန်းရှင်တွေ အများကြီးလိုအပ်နေတယ်

လူငယ်တွေ တန်ဖိုးရှိတဲ့ အချိန်တွေကို ကောင်းကောင်းအသုံးချပြီး..
ထက်မြက်တဲ့ ဦးနှောက်တွေနဲ့ ..
လုပ်ငန်းရှင်ဆိုတဲ့ ဘ၀ကို လျှောက်လှမ်းနိုင်ပါစေ ဆုတောင်းရင်း..

လေးစားစွာဖြင့်
ဆရာကြယ်



Share

No comments: