page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, December 19, 2012

" နားထောင်တတ်ပါစေ..." ( စာပေဟောပြောပွဲ )

ညချစ်သူ | 5:58 PM |
ညချစ်သူ | 5:58 PM |




Best Blogger Tips
Share


စာဆိုတော်နေ့ကို  ဂုဏ်ပြုကြိုဆိုသောအားဖြင့်

ဆုံဆည်းရာ ပထမအကြိမ် စာပေဟောပြောပွဲ

၂၈-၁၂-၂၀၁၂



ဆုံဆည်းရာဆိုဒ်လေးမှ သူငယ်ချင်းအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော နေ့ရက်အချိန်
အခါသမယလေးဖြစ်ပါစေလို့ ဦးစွာပထမ ဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ ။

ကျွန်တော် ဆုံဆည်းရာမှာ စာပေဟောပြောပွဲလေး လုပ်ချင်တယ်ပြောတော့ အစစအရာရာအဆင်ပြေ
အောင် အားတတ်သရော ၀ိုင်းဝန်းကူညီပေးကြတဲ့ ဆုံဆည်းရာမှ တာဝန်ခံ ညီငယ် ၊ ညီမများ နှင့် အတူ
တတ်သည့်ပညာမနေသာဆိုသလိုကိုယ်သိထားတဲ့ အသိကနေ ပြန်လည်မျှဝေပေးကာ ဆုံဆည်းရာမှ
စာပေဟောပြောပွဲအတွက်ရည်ရွယ်ပြီး စာပေဟောပြောပွဲသဏ္ဌာန်ပိုစ့်မျိုးတွေ  ရေးသားပေးကြသူ
များကိုလည်း ဆုံဆည်းရာမိသားစုမှ စာချစ်သူ မန်ဘာများကိုယ်စား 
ကျေးဇူးအထူးပင်တင်ရှိပါကြောင်း ပြောကြားပါရစေခင်ဗျာ ။


ဆုံဆည်းရာမှ သူငယ်ချင်းများကလည်း ကျွန်တော်ကို လူတတ်ကြီးလုပ်ပြီး စာပေဟောပြောပွဲမှာ တက်ပြောတယ်
မထင်စေချင်ပါဘူး ကျွန်တော်ဖတ်ဖူးသမျှ စာပေတွေထဲက ကိုယ်သိတဲ့ ၊ကိုယ်ဖတ်ဖူးတဲ့ အကြောင်း အရာ
လေးတွေကို  သူငယ်ချင်းတွေ သိအောင်ဝေမျှတဲ့သဘောပါ ။ဒါကြောင့် သည်းခံကာ နားထောင်ပေးကြ
ပါဦး လို့ ပြောကြားပါရစေခင်ဗျာ ။

ကျွန်တော်ပြောမယ့်အကြောင်းအရာလေးကတော့  " နားထောင်တတ်ပါစေ..."  တဲ့ ။

ဟိုတလောက ဒေါ်အောင်ဆန်းစုကြည် နဲ့ ဂျာနယ်တစ်စောင် မှာ အင်တာဗျူးထားတာကို ဖတ်လိုက်ရသည်။
အဲဒီထဲက အန်တီစု ပြောသွားတဲ့ စကားလေး တစ်ခွန်းကို မှတ်မှတ်ရရမှတ်မိနေတယ်။
အန်တီစုပြောသွားတာက တစ်ဘက်နဲ့ တစ်ဘက် ပြဿနာတစ်ခု ကို ဖြေရှင်းတော့မယ်ဆိုရင်
နှစ်ဘက်စလုံးကနားထောင်တတ်ဖို့လိုတယ်ဆိုတဲ့ စကားလေးပါ။ သူပြောတဲ့ နားထောင်တတ်ဖို့လို
တယ်ဆိုတာနားထောင်ရုံထောင်နေတာ မျိုးမဟုတ်ပဲ တစ်ဘက် ကပြောတာကို နားလည်တတ်ဖို့၊ ကိုယ်ချင်းစာ
တတ်ဖို့ ပြောတာလို့ ထင်ပါတယ် ။ အန်တီစုက ဆက်ပြောသေးတယ်။ မြန်မာပြည်က လူတွေဟာ
သိပ်နားမထောင်တတ်ကြဘူးတဲ့။ဘာလို့လဲ ဆိုတော့ ပညာရေး စနစ်ကြောင့်တဲ့။ အစတုန်းက တော့
သူပြောတာကို သိပ်နားမလည်ဘူးဗျ။နားမထောင်တတ်တာနဲ့ ပညာရေးစနစ် နဲ့ ဘာဆိုင်လို့လဲပေါ့ ။ ဒါပေမယ့်
သေချာစဉ်းစားကြည့်လိုက်တော့ သူပြောတာဟုတ်တယ်ဗျ။ ဆရာ ဆရာမ တွေဟာ ကျွန်တော်တို့ပြောတာတွေကို
နားထောင်လေ့မရှိကြဘူး။ သူတို့ပြောတာကိုပဲကျွန်တော်တို့က နားထောင်ခဲ့ ကြရတာမို့လား။အရှေ့ က
ဆရာ ၊ဆရာမက လိုက်အော်ပေးသမျှကို မှတ်စုထဲရေးပြီး အလွတ်ကျက်ခဲ့ကြတယ် ။ဆရာ ၊ဆရာမက ရှင်းပြရင်း
ရေးခိုင်းနေတော့ ရှင်းပြတာကို နားမ၀င်တော့ပဲကိုယ်စိတ်ထဲမှာ အမီလိုက်ရေးနေဖို့ ပဲ အားသန်နေတော့ ဆရာ ၊
ဆရာမကဘာတွေ ပြောသွားမှန်းမသိလိုက်ဘဲ ၊ မှတ်စုထဲ ရှိနေရင် ကိုယ်အိမ်ကြမှ ပြန်ကျက်မယ်ဆိုတဲ့ စိတ်ရောက်
နေတော့ဘာမှမသိတော့ဘူး ။သင်ခန်းစာတွေကို အလွတ်ကျက်တဲ့ ပုံစံနဲ့ သင်ခဲ့ကြတော့ ကြာတော့မေ့ ၊
ခလုတ်တိုက်လည်းမေ့ ၊အချိန်ကြာလာတာနဲ့အမျှဘာမှ မမှတ်မိတော့ဘူး ။ဒါတွေကို ကျွန်တော်တို့ကလည်း
ပြန်လည်မဆွေးနွေးကြသလို  ဆရာ၊ ဆရာမ တွေကလည်း ကိုယ်တပည့်တွေ တတ်ပြီအထင်နဲ့ နောက်သင်ခန်းစာ
တွေကို ဆက်သွားကြတော့ ကိုယ်တပည့်တွေ တတ်ကြသလား၊ပြန်လည်ဆန်းစစ် မမေးကြတော့ဘူး။စာမေးပွဲမေးရင်
သိမှာပဲဆိုပြီး  ဘယ်သူတွေက ကိုယ်သင်တာတွေကို တတ်ခဲ့ကျက်ခဲ့တယ်ဆိုတာကို အရေးမစိုက်ကြတော့ဘူး။ ကြာတော့
ကျွန်တော်တို့ကလည်း ကိုယ့်အမြင်ကို ထုတ်ဖော်ပြော ရကောင်းမှန်းတောင်မသိတော့ဘူး။ ဆရာ ၊
ဆရာမ ရှေ့ က အော်ပေးတဲ့ မှတ်စုကိုလိုက်ရေးမယ်။ အိမ်ပြန်ရောက်ရင် အဲဒါကို အလွတ်ကျက်မယ်။ စာမေးပွဲမှာ
ပါလာရင်၏ သည် မလွဲ ပြန်ရေးလိုက်မယ်။ တကယ်လို့များ ၏ သည် နဲ့လွဲသွားရင်တောင် အမှတ်လျှော့တော့မှာပဲ
ဆိုပြီးတွေးပူခဲ့ရတာ။ဒီလို နားမထောင် ကြတဲ့ ပတ်ဝန်းကျင်မှာ အသားကျ လာတဲ့ ကျွန်တော်တို့ဟာ နောင်တစ်ချိန်
ကျွန်တော်တို့ ကိုယ်တိုင် လူကြီးဖြစ်လာတဲ့အခါမှာလည်း သူများပြောတာကို နားမထောင်တတ်တော့ဘူး။ သူ့ရဲ့အမြင်
ဟာဘယ်လိုလဲ။သူနဲ့ကိုယ် နဲ့ ကြားထဲမှာ ဘာနားလည်မှု့လွဲနေလဲ ဆိုတာကို အဖြေရှာရမှန်းမသိတော့ဘူး။
ဒီလိုနားမထောင်တတ်တာဟာ ဆရာနဲ့ တပည့်တင်မဟုတ်ပါဘူး။
မိဘနဲ့သားသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ကျွန်တော်တို့ဆီမှာသားသမီးကမိဘကိုပြန်ပြောတယ်ဆိုတာ
အင်မတန်ရိုင်းတယ်လို့ သတ်မှတ်ထားကြတာမို့လား။ ကျွန်တော်ကတော့ ဒီလိုသတ်မှတ်တာဟာ
အခါခပ်သိမ်းမမှန်နိုင်ဘူးလို့ထင်တာပဲ။ မိဘကို ယဉ်ယဉ်ကျေးကျေး နှုတ်လှန်ထိုးတာမျိုး မဟုတ်ပဲ နဲ့
ကိုယ့်ခံစားချက်ကို ကိုယ့်အမြင်ကို ပြန်ပြောတာ ၊ ဖြေရှင်းတာ ဟာ မရိုင်းဘူး၊ ဒါဟာလုပ်သင့်တဲ့အလုပ်လို့
ကျွန်တော်ကတော့ ယူဆတယ်။ လူကြီးတွေအနေနဲ့လည်း ကလေး တွေ ဘာခံစားနေရတာလဲ၊
သူ့ရဲ့အမြင်က ဘယ်လိုလဲ ဆိုတာကို သိအောင် လုပ်သင့်တယ် ဟု ထင်ပါသည်။
ငါပြောတဲ့အတိုင်းလုပ် မလုပ်ရင် ရိုက်လိုက်မယ်ဟဲ့၊ နှက်လိုက်မယ်ဟဲ့ ဆိုတာမျိုးကြီးမလုပ်သင့်ဘူးလို့
ထင်တာပဲ။ လူကြီးတွေ ပြောလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ “အိုးထိန်းသည်ဟာ သူ့
အိုးလေးတွေကို နစ်နာစေလိုတဲ့ စိတ်နဲ့ ရိုက်တာ မဟုတ်ဘူး၊ လှတဲ့၊ ကောင်းတဲ့ အိုးလေးတွေ
ဖြစ်အောင် ရိုက်တာ” ။ ဒါပေမယ့် ခက်တာက သားသမီးတွေက အိုးမှ မဟုတ်တာ။
အိုးက ဘာခံစားချက်မှ မရှိဘူးလေ။ ကလေးတွေက ခံစားချက်ရှိကြတယ်မို့လား။ လုံးဝ မရိုက်ရဘူးလို့ မ
ဆိုလိုပါဘူး။ ဒါပေမယ့် ရိုက်တိုင်း ကောင်းတာမဟုတ်ဘူးဆိုတာ ပြောချင်တာပါ။နောက်ပြီး
အမြဲတမ်း ငါပြောသလိုလုပ် မလုပ်ရင်ရိုက်မယ်၊ အပြစ်ပေးမယ် ဆိုတဲ့ အယူအဆ ဟာ
ကလေးတွေရဲ့ ကျိုးကြောင်းဆင်ခြင်တတ်တဲ့ အသိဥာဏ်ကို ဖျက်စီးရာရောက်တယ်လို့ထင်ပါတယ်။

နားထောင်တတ်ခြင်းတဲ့ ပက်သတ်တဲ့ ဥပမာပုံပြင်လေးတစ်ခုလောက် ပြောပြချင်ပါသေးတယ် ။

တစ်ခါတုန်းက လူဖြူနှစ်ယောက်ဟာ လေ့လာရေးခရီးထွက်ရင်းနဲ့လူရိုင်းတွေရဲ့ဖမ်းဆီးခြင်းကိုခံရပါတယ်။
လူရိုင်းတွေကလည်း လူသားစားလူရိုင်းတွေဆိုတော့ လူဖြူတွေကအစားခံရမှာကြောက်တာပေါ့။
'အသက်သာရှင်မယ်ဆိုရင် ဘာဘဲလုပ်ရလုပ်ရ လုပ်မယ်' လို့တိုင်ပင်ကြတယ်။
ဒါနဲ့ပဲ လူရိုင်းခေါင်းဆောင်ကလူဖြူနှစ်ယောက်ကို ခေါ်လိုက်တယ်။

လူရိုင်းခေါင်းဆောင်က ပြောတယ်။" မင်းတို့ကို ငါ ခိုင်းတာကိုလုပ်မလား"လို့မေးပါတယ်။
လူဖြူတွေကတွေးတယ်။'ခိုင်းတာလုပ်ရင်တော့ သတ်မှာမှာမဟုတ်ဘူး'ပေါ့။

ဒါနဲ့ပဲ လုပ်မယ်လို့ပြောလိုက်တယ်။လူရိုင်းခေါင်းဆောင်က" အရွယ်ညီတဲ့သစ်သီးကိုးလုံးကို
အမြန်ယူခဲ့ပါ။ပြီးတော့........"စကားမဆုံးလိုက်ဘူး။လူဖြူနှစ်ယောက်ဟာ

 တောထဲကိုပြေးသွားပါတယ်။လူဖြူတစ်ယောက်က စပျစ်သီးကိုးလုံးကို ခူးပြီးပြန်သွားပါတယ်။
နောက်တစ်ယောက်ကတောနက်ထဲဝင်ပြီး ပိုပြီးကောင်းတဲ့သစ်သီးကိုးလုံးရအောင်ရှာပါတယ်။
နောက်ဆုံးတော့လူရိုင်းခေါင်းဆောင်စားဖို့ခူးခိုင်းတာပဲလို့ထင်ပြီးဒူးရင်းသီးကိုးလုံးကို အလုံးကြီးကြီး
ကိုခူးလာခဲ့ပါတယ်။ဒူးရင်းသီးကိုးလုံးကို ကြိုးနဲ့သီးပြီးထမ်းပြန်လာခဲ့ပါတယ်။လူရိုင်းခေါင်းဆောင်နဲ့
တွေ့တော့" မင်းတို့က စကားကိုဆုံးအောင်နားမထောင်ဘူး။အဲဒီအရွယ်ညီသစ်သီးကိုးလုံးက
စားဖို့မဟုတ်ဘူး။မင်းတို့ဖင်စအိုထဲကို ထည့်ဖို့" လို့ပြောလိုက်ပါတယ်။
++++++++++++++++++

ဒီပုံပြင်က သေသေချာချာနားမထောင်ခြင်းရဲ့အပြစ်ကိုထောက်ပြပါတယ်။လူတွေဟာ နားနဲ့နားထောင်ရမယ့်အစား

အတွေးနဲ့နားထောင်တတ်ကြတယ်။ဒီတော့ ပြောတဲ့သူရဲ့စကားကို အတွေးနဲ့နားထောင်တော့ထင်ရာကိုလုပ်မိပါတော့တယ်။

ဒီတော့ ပြောတာတခြား၊လုပ်တာတခြားဖြစ်တတ်တဲ့သဘောကိုထောက်ပြပါတယ်။ဒီလိုမဖြစ်အောင် ဘာလုပ်သင့်သလဲ။


++++++++++++++++++

တစ်ပါးသူရဲ့အတွင်းသဘာဝကို ထိုးထွင်းသိမြင်နိုင်ဖို့အတွက်မိမိရဲ့အာရုံငါးပါးကို ဖွင့်ထားဖို့လိုတယ်။ကိုယ်က နည်းနည်းပြောပြီး၊

သူများပြောတာကို များများနားထောင်တတ်ဖို့လိုတယ်။အကဲခတ်တတ်ရမယ်၊ဂရုတစိုက်နားထောင်တတ်ရမယ်၊
ကိုယ့်ပါးစပ်ကိုပိတ်ထားပြီး မျက်စိကိုဖွင့်၊နားကိုစွင့်ထားရမယ်။
++++++++++++++++++




လိုက်နာသင့်တဲ့ အခြေခံ (၇)ချက်…..

၁။ လေးလေးနက်နက် နားထောင်ပါ။ဘာကိုပြောနေသလဲ၊


၂။ လေးလေးနက်နက် လေ့လာပါ။


၃။ နည်းနည်းပြောပါ။တစ်ဖက်သားပြောတာကိုများများနားထောင်ပြီးကိုယ်ကနည်းနည်းသာပြောရင်
များများမြင်ရမယ်။များများကြားရမယ်။ များများသိရမယ်။ကိုယ့်ဘက်က အမှားနည်းမယ်။


၎။ ပြန်ပြီးသုံးသပ်ပါ။


၅။ အချိန်ယူပါ။

၆။ ချင့်ချိန်တတ်ပါစေ။အကောင်းဆုံးကတော့ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ၊အောင်မြင်မှုတွေ၊
အရည်အချင်းတွေကို တစ်ဖက်သားသိအောင်လုပ်ဖို့ပဲ။


၇။တုန့်ပြန်ခြင်းကိုရှောင်ပါ။စီးပွားရေးလုပ်ငန်း၊အခြေအနေတစ်ရပ်မှာတင်းမာမှုရှိနေရင်
ထိပ်တိုက်ရင်မဆိုင်ပါနဲ့။ကိုယ်က နောက်ဆုတ်ပေးပါ။ဘယ်လိုစီးပွားရေးအခြေအနေ

မျိုးမှာပဲဖြစ်ဖြစ်“ လုပ်ဆောင်ခြင်း(Acting)ဟာတန်ပြန်ခြင်း( Reacting )ထက် အရေးကြီးပါတယ်။

++++++++++++++++++

နားထောင်တတ်တဲ့ အရည်အချင်းဆိုတာတခြားလူပြောတာကို စိတ်ရှည်ရှည်နဲ့နားထောင်တတ်ခြင်းပါပဲ။

++++++++++++++++++
သူတစ်ပါးပြောတာကိုနားထောင်တတ်သူဖြစ်အောင် ကြိုးစားပါ။
++++++++++++++++++


မိမိရဲ့နားထောင်နှုန်းနဲ့ပြောဆိုနှုန်း အချိုးအစားကို ဂရုစိုက်ပါ။
++++++++++++++++++


လေ့လာမှုမှာ လေးနက်စူးစိုက်မှုပါတယ်။အတွင်း၊အပြင်မြင်အောင်ကြည့်ပါ။လေ့လာချိန်ဆ၊ပြီးတော့မှ အသုံးဝင်အောင် ကောက်ချက်ချပါ။
++++++++++++++++++
လူတစ်ယောက်ကို အကဲခတ်လေ့လာရာမှာအကျိုးအရှိဆုံး၊အထိရောက်ဆုံး၊မလွဲတမ်းအမှန်ကန်ဆုံးကတော့သူရဲ့မျက်လုံးကို
လေ့လာခြင်းပါပဲ။မျက်လုံးက တခြားအရာတွေထက်အများကြီးစကားပြောတယ်။

++++++++++++++++++

ကိုယ်ကစကားပြောဆိုတဲ့အခါကိုယ့်ရဲ့နားနဲ့မျက်လုံးဟာအလိုလို ပိတ်သွားတတ်တယ်ဆိုတာအမြဲတမ်းသတိထားပါ။



( လောကကြီးမှာ ပြောချင်တဲ့သူတွေက များပါတယ် ။နားထောင်တတ်သူကတော့ ရှားပါတယ် ။
ဒါကြောင့် များများနားထောင်တတ်လေ လူတွေနဲ့လောကကြီးအကြောင်းကိုပိုသိလာလေပါပဲ ။
လက်ရှိအောင်မြင်ပျော်ရွင်နေကြသူအများစုဟာ များများနားထောင်တတ်ကြသူတွေပဲ ။)
( ဒါလေးက ကျွန်တော် စာအုပ်တအုပ်မှာ ဖတ်လိုက်ရတာပါ )


သူငယ်ချင်းတို့ လည်း နားထောင်တတ်တဲ့လူတွေ ဖြစ်ကြပါစေ

ဆုံဆည်းရာမိသားစုမှ သူငယ်ချင်းအားလုံး ကို

လေးစားခင်မင်စွာဖြင့်

ညချစ်သူ

Share