Share
~~အားကိုးလောက်ပေရဲ့~~
ဇနီး။ ။မောင် မောင်ရေ.. အိမ်ထဲသူခိုးဝင်လာမသိဘူး။
အသံတွေကြားတယ် ထင်တာပဲ။ မောင် အိပ်ရာက
နိုးနေလားဟင်။
ခင်ပွန်း။ ။ဟင့်အင်း
~~ပြီးတော့မယ်~~
ခင်ပွန်း။ ။သွားကြဖို့ အဆင်သင့် ဖြစ်ပြီးလား..ချစ်ရေ။
ဇနီး။ ။မောင်ဟာလေ တကျည်ကျည်ပူနေတော့တာပဲ။
ခဏနေရင် အဆင်သင့်ဖြစ်တော့မှာလို့ မောင့်ကို
ပြောခဲ့တာ တစ်နာရီလောက် ရှိနေပြီး။
~~ထိုးလိုက်စမ်းပါ~~
သား။ ။ဖေဖေ၊ ဖေဖေ့လက်မှတ်ကို မျက်စိမှိတ်ပြီး ထိုးနိုင်လား။
ဖခင်။ ။ရမယ်ထင်တာပဲ။
သား။ ။ဒါဆိုရင် ဖေဖေမျက်စိမှိတ်ထားပြီး သားရဲ့ရီပို့ကတ်ကို
လက်မှတ်ထိုးပေးလိုက်နော်..။
~~ဖွေးဖွေးဖြူ~~
အမေ။ ။သမီးပြသနာလုပ်တိုင်း အမေ့ခေါင်းမှာ ဆံပင်ဖြူ
တစ်ချောင်းပေါက်တယ် သိလား။
သမီး။ ။ဟုတ်လား မေမေ။ မေမေငယ်ငယ်က ပြသနာ
တော်တော်များခဲ့တယ်လား၊ ဘွားဘွား တစ်ခေါင်းလုံး
ဖြူနေတာပဲ..။
~~စွမ်းဆောင်သူ~~
သားလေးဝီလီ စက်ဘီးစီးတာကို ဖေဖေနဲ့ မေမေက
ကျေကျေနပ်နပ်ကြည့်နေတယ်။
ပထမတစ်ပတ် ပတ်စီးချိန်မှာ ၀ီလီက အားရ၀မ်းသာအော်
အော်ပြောပါတယ်။“ ကြည့် မေမေ ၊လက်လွတ်စီးနေတာ“
ဒုတိယအပတ်စီးချိန်မှာတော့ “ကြည့် မေမေ ၊ခြေထောက်လဲ
လွတ်လိုက်ပြီး“ တဲ့..။
တတိယအပတ်မှာတော့“ ကြည့်ပါဦး မေမေ ၊သွားတွေ မရှိတော့ဘူး“ တဲ့..။
~~မကုန်သေးဘူး~~
မစ္စက် ဂျုန်း။ ။ရွေငါးလေးတွေကို ရေအသစ် လဲပေးရဲ့လား။
အိမ်ဖော်။ ။ဘာကြောင့်လဲ။ မနေ့က ကျွန်မထည့်ထားတဲ့
ရေကိုတောင် မသောက်ရသေးဘူး။
Share
No comments:
Post a Comment