Share
အလစ်သမား
ဂျာကင် တစ်ထည်ကို လက်တွင်ကိုင်လျက် လျှောက်လာသောလူငယ်ကို
လူကြီး တစ်ယောက်က မေးသည် ။
"မောင်ရင့်လက်ထဲက ဂျာကင် အင်မတန်လှပါလား ။
ဘယ်ဆိုင်က ၀ယ်လာတာလဲ ။"
"တစ်လမ်းကျော် မေဖလားဝါး စတိုးဆိုင်ကြီးကပါ"
"၀ယ်နေတဲ့လူ အများကြီးလား ။"
"တစ်ယောက်မှ မရှိဘူး ။ အရောင်းစာရေးတောင် မရှိဘူး ။"
စုံထောက်ဝတ္ထု
စာအုပ်ဆိုင်တွင် ဖြစ်သည်။
"ကွန်မကို တစ်ချိန်လုံး သည်းထိတ်ရင်ဖိုဖြစ်ရတဲ့ စုံထောက်ဝတ္ထုစာအုပ် တစ်အုပ်
ရွေးပေးပါရှင် "
"ဟုတ်ကဲ့၊ ဟောဒီစာအုပ်ယူသွားပါ ။ နောက်ဆုံးစာမျက်နျာကျမှ
လူသတ်သမားဟာ အိမ်ဖော်မလေးဖြစ်ကြောင်း ပေါ်လာတယ်ရှင့် ။"
ကူညီပါ့မယ်
ဟင်းသီးဟင်းရွက်သည်ကို အဖွားကြီးကပြောသည် ။
"အားလူး ငါးပိဿာဝယ်မလို့ သမီးရယ် ။ ဒါပင်မဲ့ မသယ်နိုင်မှာစိုးတယ်ကွယ် ။"
"မပူပါနဲ့ အဘွား ။ အဘွားသယ်နိုင်အောင် ကျွန်မ ချိန်ပေးလိုက်ပါ့မယ် ။"
မောင်ကောင်းထိုက် ဟာသများ (လက်ရွေးစင်)ထဲကပါ
ဖတ်ဖူးသူများလည်း ရှိမှာပါ မဖတ်ရသေးသူများ အတွက်ပါ ။
အားလုံးပဲ တစ်နေ့တာရဲ့ ပင်ပန်းမှုတွေ ပြေပျောက်ပါစေ။
အားလုံးကို ခင်မင်လေးစားလျှက်
နိုးနိုး
Share
No comments:
Post a Comment