page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, November 13, 2012

သင်ကော ဘယ်လိုလူလဲ ( ဇာတ်သိမ်းပိုင်း )

ညချစ်သူ | 3:46 AM |
ညချစ်သူ | 3:46 AM |




Best Blogger Tips
Share


 

ကျွန်တော်ကလည်း အဓိကသိချင်နေသောအကြောင်းအရာမို့  သေချာနားထောင်နေမိ
သလို ၊ကယ်ရီလူငယ်ကလည်း မစားရတဲ့အမဲ သဲနဲ့ပက်သည့်ပမာ ပြောပြနေလေတော့
တယ် ။ '' ပြီးခဲ့တဲ့ တစ်ပါက်လောက်က ငထွန်းက ခရီးသည်တစ်ယောက်ရတယ် ''
'' ခရီးသည်ကို နှစ်ထောင်လောက်တန်တဲ့ခရီးကို ဂွင်ရိုက်ပြီး နှစ်ထောင်ငါးရာ တောင်း

တယ်လေ '''' ဒီအချိန်မှာ လူတွင်ကျယ်လူ့ စေတနာကောင်ဖြစ်တဲ့ ဖိုးဇော်က ရောက်လာ
ပြီး ငထွန်းက နှစ်ထောင်ငါးရာ နဲ့ ပြောထားတဲ့ ခရီးသည်ကို နှစ်ထောင်နဲ့ မျက်နှာလုပ်ပြီး
ခေါ်သွားတယ်လေ...ငထွန်းခမျာ စားရခါနီးအမဲ သဲထဲကျသလို ဖြစ်သွားတော့တာပေါ့ ''
ကျွန်တော် မျက်လုံးပြူးသွားရတော့၏ ။လွန်ခဲ့တဲ့ တစ်ပါက်လောက်ကဆိုတော့ ကျွန်တော်
ကြောင့်ဖြစ်သွားရတဲ့သဘောမို့  စိတ်ထဲမလုံစွာဖြင့် ပြန်မေးလိုက်မိတယ် ။
'' ဒါနဲ့ ပဲ လူသတ်တဲ့အထိတောင် ဖြစ်ရောလားဗျာ '''' ဟာ...ဖြစ်တာပေါ့ဗျာ ကျုပ်တို့ လိုဆို
ကိုယ်လက်ထဲက ခရီးသည်လုယူသွားတာကို မခံချင်စိတ်အနည်းအကျဉ်းလောက်ပဲ ဖြစ်မှာ
မှန်ပေမယ့် ငထွန်းလို မိုက်တိမိုက်ကန်းကောင်ရဲ့ ခရီးသည်ကိုမှ စေတနာကြီးတစ်ခွဲသားနဲ့
ဖြတ်ခုတ်သွားတော့  ကျားမြီးဆွဲသွားတာကမှဖြေသာဦးမယ်....ဖိုးဇော်ဒီလိုလုပ်နေတာကြာပြီ...
ကျုပ်တို့ခရီးသည်တွေဆိုလဲ အဲ့လို့ဘဲဈေးလျှော့ယူပြီး မျက်နှာလုပ်နေတာ ''
'' အဲ့ဒီနေ့က ငထွန်းကလည်း မနက်ကတည်းကမူးနေတာဆိုတော့ အဲ့ဒီအဖြစ်ကိုငြိုးထားတာ
ပေါ့ဗျာ'' ကယ်ရီသမားပြောပြသမျှ ရင်ထဲမကောင်းစွာနဲ့ ကျွန်တော်ကြားနေရတော့တယ်။

ငထွန်း၏ရင်ထဲ နေ့လည်ကအဖြစ်အပျက်အတွက်  ဖိုးဇော်အပေါ် နည်းနည်းလေးမှ မကျေနပ်
နိုင် ဖိုးဇော်သူတို့အပေါ်ဒီလိုလုပ်နေတာကြာပြီ။ငထွန်းတို့နဲ့ယှဉ်လျှင် ဖိုးဇော်အခြေအနေက အ
များကြီးသာ၏။ စားနိုင်ရုံ၊ သောက်နိုင်ရုံသာမကငွေပိုငွေလျှံနှင့် အတိုးပင်ပေးပြီးချေးငှားနိုင်သည့်
အဆင့်မျိုး၊ သားသမီးပင်မရှိ လင်းမယားနှစ်ယောက်တည်းရှိကြတာ။

ငထွန်းဘ၀က ဖိုးဇော်ဘ၀နဲ့ဆန့်ကျင်ဘက်၊ မယားကလည်း ဒုတိယကိုယ်ဝန်နှင့် အပြင်အလုပ်
လည်းဘာမှမလုပ်နိုင်၊ ၀င်ငွေမရှိ၊ အုံနာခနှင့် ဆိုင်ကယ် ကယ်ရီအငှားမောင်းနေရသော ငထွန်း
ကလည်းကယ်ရီမောင်းလို့ ရတာ အုံနာခနှုတ် အရက်ဖိုးနှုတ် ကြွေးဖိုးနှုတ် နှင့် နပ်မမှန်ချင်၊ ဒီကြား
ထဲမှာမှ ဖိုးဇော်က သူ့ကိုယ်သူ အထင်ကြီးလေးစားအောင် ခရီးသည်များကို ဈေးလျော့ယူပြီ ဆွဲဆောင်
လိုက်နေသောအခါ ငထွန်းတို့ စားခွက်ပျောက်ရမလိုလို ဖြစ်လေ၏။

ခုလဲ ငထွန်းပါးစပ်ထဲ ရောက်ခါနီး ထမင်းလုတ်ကိုမှ ဖိုးဇော်က ပုတ်ချလုယူသွားခဲ့သည်။ တေးမှတ်ထား
ခဲ့သည့်အကြိမ်ပေါင်းကလည်း များလှသည်မို့ ဒီအကြိမ်မှာတော့ ငထွန်း ဖိုးဇော်ကို သည်းခံနိုင်မှုစွမ်းအား
မဲ့ခဲ့ရပြီ ဒီရက်ထဲ မိန်းမကလဲ မွေးခါနီး ဖွားခါနီး ဆိုတော့ ငထွန်းလက်ထဲ ရှာလို့ဖွေလို့ရသမျှ စုဆောင်း
ထားမည်စိတ်ကူးထားတာ ခုတော့ လူတွင်ကျယ် ဖိုးဇော်က ဖြတ်ခုတ်သွားခဲ့လေပြီ။

ရင်ထဲမှအခဲမကြေနိုင် မကျေမနပ်လဲဖြစ် အရှိုန်လေးကလည်းရထားတော့ ဖိုးဇော်အပေါ် တစ်ရွာတည်း
သားပေမဲ့ အကောင်းမမြင်နိုင်တော့ စိတ်ထဲညစ်ညစ်နဲ့ ဆိုင်ကယ်ကို အုံနာအိမ်မှာစောစောပြန်အပ်ပြီ
ရှာလို့ရသမျှငွေစနဲ့ ညစ်နေသမျှ ယစ်ရွှေရည်နှင့် မျှောချမိတော့လေ၏။
'' အေ့... အေ့... မင်းသိပ်လူပါးဝတယ်ဖိုးဇော် မင်းကိုငါဒီနေ့ဘဲစာရင်းရှင်းမှာ''
'' နေရာတကာ မျက်နှာလုပ်ချင်တဲ့ ကောင် မှတ်လောက်သားလောက်အောင် ဆုံးမရမယ် ''
ပါသမျှငွေကုန်ပြီဖြစ်ပေမယ့် ငထွန်း ယမကာကို မှီဝဲလို့ မ၀နိုင်သေး။
သူ့ပါးစပ်ထဲ လောင်းထည့်နေသော ယမကာသေအရက်၏ အပူထက် ရင်မှခံစားရသော အပူက ပိုပြီးပူ
ပြင်းစွာ လောင်မြိုက်နေသည်ပေါ့။

''အေ့..ကိုဖိုးနီ... ကျုပ်ကိုနောက်ထပ်တစ်ပိုင်းလောက်လုပ်ဦးကွာ''
ခေါင်းထဲချာချာလည်နေပေမယ့် သူ့ကိုယ်သူ မူးလှပြီမထင်သေး။
''ငထွန်း... မင်း.. သိပ်မူးနေပြီကွာ.. အရင်အကြွေးလဲ မင်းဆီမှာ မနည်းတော့ဘူး.. ငါ ထပ်မရောင်းနိုင်
တော့ဘူး''
'' ပြီးတော့..မင်းတို့ ကသောက်ဖို့သာသိတာ.. ပေးဖို့ကျတော့ အိ. အနဲ့.. ဘယ်ဖင် ဖမ်းလို့ဖမ်းရမှန်းမသိ
ဘူး ''
ကိုဖိုးနီစကားက ငထွန်းအရှိုက်ကိုမှ တည့်တည့်ကြီးထိသွား၏။
'' ဘာ..ဘာဗျ.. အေ့..အေ့.. ခင်ဗျား ဘာစကားပြောတာလဲ.. ငွေလေးနှစ်ရာကျော်နဲ့..ငထွန်းလိုကောင်
ကလိမ်မှာလား..ထွက်ပြေးသွားမှာလားဗျ''
'' မရောင်းချင်နေဗျာ.. ကဲ ကဲကွာ..၀ုန်း''
'' ၀ုန်း..ခလွမ်း ''
ငထွန်းကား မုန်ယိုသောဆင်တစ်ကောင်နှယ် သောင်းကျန်းလေတော့သည်။စားပွဲများကို လှဲချ၏။အရက်
ပုလင်းများကို ရိုက်ခွဲ၏။ အမြည်းပန်းကန်များကို မြေပြင်ပေါ်မှာ ချပြီး ခြေထောက်နှင့် နင်းလို့ခွဲ၏။ဆိုင်ရှင်
ကိုဖိုးနီလဲ ဘယ်လိုမှ သည်းမခံနိုင်တော့။

'' တောက်..ငါ..ခွီးမှသား.. သေပေတော့ ''
'' ၀ုန်း..ဒိုင်း.. ဖောင်း.. ခွက် ''
'' ခွပ်...အ ''
'' ဟာ.... ကိုဖိုးနီ...ငထွန်း ''
'' လွန်မယ်.. လွန်မယ်.. တော်ကြပါတော့ဗျာ.. ခင်ဗျားတို့ကလည်း တစ်ရွာတည်းသာချင်းတွေပဲဗျာ....
ဗွေယူမနေပါနဲ့ ''
''ကင်းကင်းနေနိုင်ကြတာလဲ မဟုတ်ကြပဲနဲ့.. ရောင်းသူနဲ့ သောက်သူ ပြေလည်ကြမှပေါ့ဗျာ ''
''မဟုတ်ဘူး.. ကိုနန်းလွင်... ဒီကောင်..သက်သက်မဲ့ လူပါးဝတာဗျ ''
''သည်းခံမှန်းသိလို့ ''
စာသောက်နေကြသောသူများဝင်ဆွဲကြသောကြောင့် ရန်ပွဲက သူတစ်ချက် ကိုယ်တစ်ချက်နဲ့ ပြီးသွား
ခဲ့သည်။
'' သွား.. ဟေ့ကောင်.. ငထွန်း.. မင်းလိုကောင် လျှာပေါ်မြက်ပေါက်သွားပါစေ နောက်ထပ်ဘယ်တော့မှ
မရောင်းဘူး.. ငါ့ဆိုင်ထဲက ခုထွက်သွား..''
ငွေထောင်ဂဏန်းဖိုး လောက် ပန်းကန်ခွက်ယောက်များဆုံးရှုံးသွားပြီမို့ ကိုဖိုးနီ တစ်ယောက် မကျေမချမ်း
ငထွန်းကို မောင်းထုတ်တော့လေသည်။ မုန်ယိုနေသောဆင်ကြီးတစ်ကောင်လို ဒယီးဒယိုင်နှင့် ဆိုင်ထဲမှ
ထွက်သွားသူကတော့ ငထွန်းပါ။
'' တောက်.. ဖိုနီ.. တွေ့ကြသေးတာပေါ့ကွာ.. ငထွန်းအကြောင်း သိအောင်တော့ ပြရသေးတာပေါ့ကွာ..''
နှုတ်ခမ်းထောင့်စွန်းမှ ကိုဖိုးနီလက်ချက်ဖြင့် သွေးတစ်စက်စက် စီးကျနေတာကြောင့် ငထွန်း ဒေါသများ
ိထိန်းမရနိုင်တော့ပေ။ ဒယီးဒယိုင်ဖြင့် အိမ်ပြန်လာကာ နောက်ဖေးထရံတွင်ထိုးထားသော ငှက်ကြီးတောင်
ဓားကိုယူပြီး ပြန်ထွက်သွားခဲ့သည်။ဒေါသကြောင့် မျက်လုံးထဲဘာကိုမှမမြင်တော့ချေ။
'' တွေ့ကြသေးတာပေါ့... ဖိုနီရာ..''
''တောက်...မင်းလိုကောင်မျိုးကများ ငါကိုသွေးမြေကျအောင် လုပ်ရတယ်လို့ကွာ...ရာဇ၀င်ရိုင်းသွားမယ် ''
နှုတ်ခမ်းထောင့်စွန်းမှ စီးကျလာသော သွေးများကို လက်ခုံနှင့် သုတ်ပြီး ကြိမ်းဝါးလိုက်သည်။ သူ့ခြေလှမ်းတွေ
က ဖိုးနီ၏ အရက်ဆိုင်ဆီသို့ ဒယီးဒယိုင် ဦးတည်နေလေသည်။ ဖိုးနီဆိုင်ရှေ့သို့ သူရောက်တော့ ဆိုင်တံခါးပိတ်
ထားပြီးဖြစ်သလို စားသောက်နေသူများလည်းမရှိကြတော့ချေ။
သူ ပြန်လာမည်ဆိုတာ သိသဖြင့် ဆိုင်ကိုသော့ခတ်ပြီး လူတွေလည်း ပုန်းနေကြတာဖြစ်မည်။ ငထွန်းဒေါသ
ကားထိန်းမနိုင်တော့ချေ။
''ဟေ့.. ငါ.မသား..ဖိုးနီ.. ထွက်ခဲ့လေကွာ.''
''မင်းယောကျာင်္းမဟုတ်ဘူးလား ဟေ့ကောင် ''
'' ခုမှ ဘာလို့ ပုန်းနေတာလဲ.'' ''သတ္တိရှိရင် ထွက်ခဲ့လေကွာ ငထွန်းအကြောင်း ပြရတာပေါ့ကွ ''
'' ဟေ့ကောင် ဖိုနီ... အေ့.. အေ့.. ထွက်ခဲ့လေကွာ '' '' မင်းကို သက်မလို့ကွ ''
ကိုဖိုးနီတို့ ဆိုင်ထဲမှာတော့ တုတ်တုတ်မှ လှုပ်မလာတော့။ ငထွန်း ဒီလိုမျိုးပြန်လာမည် ဆိုတာ သိနေသော
ကြောင့် ဆိုင်တံခါးကို သော့ပိတ်ပြီး ဆိုင်ထဲမှာ ပုန်းနေလိုက်ကြခြင်းဖြစ်သည်။ ငထွန်းမှာ ဆိုင်ရှေ့တွင် မိနစ်
နှစ်ဆယ်လောက် သောင်းကျန်းပြီးနောက် ကိုဖိုးနီတို့ဆီမှ ဘာမှတု့န်ပြန်မှုမရှိလာသောအခါတွင် ဓားတ၀င့်
ဝင့်နှင့် ဖြစ်နေရာမှ စိတ်ထဲမှ ကိုဖိုးနီအစား နေ့ခင်းက သူ့အပေါ်  စားခွက်လှသွားသော လူတွင်ကျယ် ဖိုးဇော်
ဘက်ဆီ မြှားဦးလှည့်သွားတော့၏။
'' တောက်.. အဓိက အကောင်ကို မေ့သွားတယ်... ဖိုးဇော်...မင်းကြောင့်.. ဟုတ်တယ်... မင်းကို သတ်ပစ်ရမှ
ကျေနပ်နိုင်မယ်ကွ ''
ငထွန်း ဦးတည်ချက်ပြောင်းသွားခဲ့ပြီ။ လက်ထဲမှ ဓားကို ပိုပြီးတင်ကြပ်အောင်ဆုပ်ကိုင်ပြီး ရွာထိပ်ရှိ ဖိုးဇော်၏
အိမ်ဆီသို့ လှမ်းထွက်ခဲ့လေသည်။ ရွာလယ်လမ်းအတိုင်း လျှောက်လာသော သူ့အား ရွာထဲကလူများက ဆွဲချင်
ကြပေမယ့်လက်ထဲမှာက ထက်လှစွာသော ဓားကြီးနဲ့မို့ မဆွဲရဲကြတော့ပဲ ဝေးဝေးကသာ ရှောင်သွားကြတော့
သည်။
နဂိုကတည်းက အခဲမကျေနိုင်ဖြစ်နေသော ငထွန်းရဲ့စိတ်ဒေါသတို့အား အရက်ဆိုင်မှ ဖိုးနီက ဆွပေးလိုက်သော
အခါ ငထွန်းဒေါသများက ဖိုးဇော်ထံသို့သာ စုပုံကျရောက်သွားလေသည်။
'' တောက်.. ငါ..မသား.. ငါ့အပေါ် ခွက်ကျသွားတဲ့ကောင်.. ဒင်းကို အရှင်မထားဘူး... ဒင်း ရှိနေသမျှ ငါတို့စား
ပေါက်ပိတ်နေမှာ ''
တွေးကြည့်လေလေ နေ့ခင်းက အဖြစ်အပျက်ကို ပြန်မြင်ယောင်မိလေပြီ ငထွန်းစိတ်ထဲမှာ ဘယ်လိုမှအခဲမကျေ
နိုင်ပေ။ ဖိုးဇော် ထိုကဲ့သို့ ဈေးလျော့ယူပြီး ခွက်ကျနေသဖြင့် ငထွန်းတို့မှာ စီးမယ့်ခရီးသည် မရှိတော့ချေ။  တွေး
လေတွေးလေ အခဲမကျေနိုင်ဖြစ်ရပါလေသူ ငထွန်းမှ ဒေါသတို့ အစွန်ဆုံးသို့ ရောက်ခဲ့လေသည်။

လက်ထဲကဓားကို တင်းတင်းဆုပ်ပြီး လှမ်းခဲ့လေသည်။ ဖိုးဇော်တို့အိမ်ကို အဝေးမှလှမ်းမြင်ကတည်းက အိမ်မှာ
ဖိုးဇော်ပြန်မရောက်သေးမှန်း သူသဘောပေါက်လိုက်သည်။ ဖိုးဇော် ဆိုင်ကယ်ကို ခြံထဲတွင်မတွေ့ ပေ။ ဒါဆို
ဖိုးဇော်ပြန်မရောက်သေးတာ သေချာသွားပြီ။

ဒီအချိန် ဖိုးဇော် ဘယ်သွားတယ်ဆိုတာ ငထွန်း သိသည်။ ရွာတောင်ပိုင်းက ဒေါ်သန်းအား ကုန်စိမ်းသွားတိုက်
ပေးနေတယ်ဆိုတာ ငထွန်းအတတ်သိသဖြင့် ဖိုးဇော်ပြန်လာမယ့်လမ်းဆီသို့  သူ၏ခြေလှမ်းကို ဦးတည်လိုက်
လေသည်။
သောက်စက မမူးသောအရက်က လေတဟူးဟူးတိုက်ခတ်လာတာကြောင့် ချာချာလည်အောင် မူးလာသည်နှင့်
အမျှ ဒေါသကလည်း  ထိန်းမရတော့ချေ။ အဝေးဆီမှ ဖိုးဇော်၏ ဆိုင်ကယ်သံ သဲ့သဲ့ ကို ကြားနေရပါသည်။
'' ၀ူး....၀ူး....၀ူး....၀ူး....''
လက်ထဲမှ ဓားကို အသင့်ကိုင်ထားပြီ ဖိုးဇော်ကို သစ်ပင်အကွယ်မှ စောင့်နေလေ၏။ ဖိုးဇော်ဆိုင်ကယ်က တ
ဖြည်းဖြည်း သူနှင့် နီးလာလေသည်။ငထွန်းသစ်ပင် အကွယ်မှ ထွက်ပြီး ဖိုးဇော်၏ ဆိုင်ကယ်ရှေ့တွင် ပိတ်ရပ်
လိုက်လေသည်။
'' ဟင်.. င ..ငထွန်း..ဘာ.. ဘာလုပ်တာလဲ ''
ငထွန်းကိုတွေ့လိုက်တော့ ဖိုးဇော်မှာ အံ့အားသင့်သွာလေသည်။ လူက ဒယီးဒယိုင် လက်ထဲမှာလဲ ဓားကြီးကိုင်
လို့  နေ့ခင်းကကိစ္စ ကိုလဲ သတိမရသဖြင့် ငထွန်းကိုသာ ငေးကြည့်နေမိသည်။
ငထွန်းကတော့ မကောင်းတဲ့စိတ်၏ စေစားမှုဖြင့် ဖိုးဇော်ကို တွေ့တာနဲ့  ငှက်ကြီးတောင်ဓားဖြင့် ပြေးခုတ်လေ
သည်။
'' ဘာလုပ်ရမှာလဲကွ ငါ့ထမင်းလုတ် ၀င်လုသွားတဲ့ မင်းကို ဆုံးမမလို့ပေါ့ကွ သေဖို့သာပြင်ထားတော့ ''
'' ရွှမ်း.. အား. ''
ဖိုးဇော် ခေါင်းရမ်းပြီးရှောင်လိုက်ပါသော်လည်း ရုတ်တရက်မို့ ဓားသွားက လည်ပင်းကို ထိသွားလေသည်။
မျက်လုံးများပြာသွားကာ ဖိုးဇော် ရွာဘက်ဆီသို့ ထွက်ပြေးခဲ့သည်။
'' အား .. ကယ်.. ကယ်.. ကြပါ..င..ငထွန်း..''
ငထွန်း ဒေါသများကား အစွန်းဆုံးသို့ ရောက်ရှိခဲ့လေပြီ။ ရှေ့မှပြေးနေသော ဖိုးဇော်အား ဓားနဲ့ထိုးချလိုက်ပြန်
သည်။
'' ကဲကွာ... သေစမ်း ''
'' အား.....''
ဖိုးဇော် မြေပြင်ပေါ်လဲကျသွားမှ ငထွန်း လက်ထဲမှ ဓားကို လွှင့်ပစ်ပြီး အိမ်သို့ ပြန်လာခဲ့လေတော့သည်။
'' အဖြစ်အပျက်ကတော့ အဲ့ဒါပါပဲဗျာ.. ဒီနှစ်ကောင်မရှိတော့မှာ ကျုပ်တို့ အဆင်ပြေတော့တယ်ဗျာ....
ဒီအဖြစ်အပျက်ကိုတောင် ကျေးဇူးတင်ရမလိုဖြစ်နေပြီ ''
ကျွန်တော်လဲ လူဖြစ်ပြီ အကြင်နာတရား မဲ့စွာပြောနေသော ကယ်ရီသမား၏ စကားကိုဆက်လက်နားထောင်
လိုစိတ်မရှိတော့ပေ။ ကျွန်တော်သွားလိုသောဇက်ဆိပ်သို့ ရောက်ပြီဖြစ်သဖြင့် ကျသင့်ငွေပေးကာဇက်ဆိပ်သို့
ထွက်လာခဲ့တော့သည်။ ကျွန်တော်စိတ်တွင် ကပ်ငြိပါလာတာကတော့ ပန်းတောရွာမှ ဆိုင်ကယ်ကယ်ရီသမား
သုံးယောက်အကြောင်းပင်ဖြစ်သည်။

ကျွန်တော်နှင့် ပထမဆုံးတွေ့သူက ကယ်ရီသမားငထွန်း၊ အများအပေါ် တန်ရာတန်ကြေးထက် ဂုတ်သွေးစုပ်
အမြတ်ကြီးစားချင်သူ။ ဒုတိယတစ်ယောက်ကတော့ အများသူငှာ အပေါ်တွင် စေတနာမပျက် ကိုယ့်အပေါ်
ိမိုက်ရိုင်းစော်ကားပြောသူကိုပင် အပြုံးမပျက်သူ၊ စိတ်ထားမွန်ရည်သော ဖိုးဇော်။ နောက်ဆုံးတစ်ယောက်က
တော့ လူဖြစ်သော်လည်း လူလူချင်း ညှာတာသနားစိတ်မျိုးမထားနိုင်ဘဲ သူများရဲ့ ကျဆုံးမှုများကြားတွင် လက်
ခုပ်၊ လက်ဝါးတီးပြီး ၀င်ရောက်အမြတ်ထုတ်၊ ကိုယ်ကျိုးဘဲကြည့်တတ်သူ။

' လူ့  လူ   လူး ' ဟုရှိသော ကမ္ဘာ့လူသားများထဲတွင် အဘယ်လူသည် လူစစ်စစ်ဖြစ်မည်လဲဟု ကျွန်တော်တွေး
နေမိသလို မလိုဒေါသရန်ငြိုးကြောင့် ရက်ရက်စက်စက်အသက်ခံလိုက်ရသည့် စိတ်ထားဖြူရှာသည့် မောင်ဖိုးဇော်
အတွက်လည်း စိတ်မကောင်းနိုင်အောင် ဖြစ်နေမိတော့သည်။

အားပေးကြတဲ့ သူငယ်ချင်းအားလုံး ကျန်းမာရွှင်လန်းပါစေဟု

ဆုမွန်ခြွေလျှက်......................။

ညချစ်သူ ( ခံစားရေးဖွဲ့ တင်ပြသည် ) ။



မှတ်ချက် ။          ။ကျွန်တော်ဖတ်ခဲ့ဖူးသော ဆရာအောင်ဝိတ်၏ လူကျင့်ဝတ် ဇာတ်လမ်းလေးကို
                        ကာလ ၊ဒေသ နဲ့ လျော်ညီစွာ ပြန်လည်ဆန်းသစ် ခံစားရေးဖွဲ့ ထားပါသည် ။








Share