page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, November 7, 2012

သင်ကော ဘယ်လိုလူလဲ ( ဒုတိယပိုင်း )

ညချစ်သူ | 4:07 AM |
ညချစ်သူ | 4:07 AM |




Best Blogger Tips
Share


 

ကျွန်တော်စိတ်ထဲမှာ ဇာတိချက်ခြွေရွာလေး၏ ထူးခြားပြောင်းလဲတာတွေကို တွေးနေ
ပါသော်လည်း ကျွန်တော်အသိဦးနှောက်ထဲစွဲပြီးပါလာသူက ဆိုင်ကယ်ကယ်ရီသမား
လေး ဖိုးဇော်အကြောင်းပင် ။ဆိုင်ကယ်မောင်းနေပေမဲ့ ကျောင်းဆရာတစ်ဖြစ်လည်း
မောင်ဖိုးဇော် .......။မိမိအပေါ်တွင် ဘ၀တူ လူအချင်းချင်း စော်ကားမော်ကားကာ

ပြောဆိုခဲ့သူအပေါ်မှာ အပြုံးမပျက်ပဲ သည်းခံခွင့်လွှတ်ခဲ့သူ  မောင်ဖိုးဇော်...........။
ဘာသာ ၊သာသနာအတွက် အလှူအတန်းတွင် နည်းနည်းမှ လက်မနှေးတဲ့ မောင်
ဖိုးဇော် ..............။သဌေးသမီးယူထားပါတယ်ဆိုတဲ့ မောင်ဖိုးဇော်...................။
စသည့် ပုစ္ဆာတွေနှင့် အဖြေမသိရသေးသော မောင်ဖိုးဇော်အကြောင်းကိုတော့ ဆွေ
မျိုးတွေ အိမ်ရောက်မှ စပ်စုဦးမည်ဟု အားခဲကာ တည်းခိုမည့်ဆွေမျိုးတွေအိမ်သို့  ခ
ရီးဆက်လေ၏ ။

ဆွေမျိုးတွေအိမ်ရောက်တော့ ကျွန်တော်ကို အားရ၀မ်းသာကြိုဆိုကြလေ၏ ။ကျွန်တော်
လည်း ရောက်ရောက်ခြင်း  ရေမိုးချိုး ၊ထမင်းစားကာ  ဆွေမျိုးတွေနဲ့ အလာပသလာပ
စကားများပြောပြီး ကိုယ်လမ်းမှာ သိချင်မိတဲ့ဆိုင်ကယ်သမားလေး ဖိုးဇော်အကြောင်း
ကို မေးလေ၏ ။
'' အဒါပါပဲ ..ကျွန်တော်ကတော့ ဒီကောင်လေးစိတ်ဓာတ်ကို သိပ်ပြီးလေးစားတယ်ဗျာ "
'' သြော်...မင်းက မောင်ဖိုးဇော်ဆိုင်ကယ်ကိုမှ ငှားစီးလာတဲ့လူကိုး...အင်း...ဒီကလေး
ဟာစိတ်ရင်း စိတ်ထားကောင်းလှတဲ့ လူငယ်တစ်ယောက်....အခုခေတ်လူငယ်တွေထဲ
မှာတော့ ရှားမှရှားပေါ့ကွာ ''
ပြီးတော့ ငါ့တူ ပထမဦးဆုံးတွေ့ တဲ့တစ်ယောက်က ငထွန်း ၊ဒီကောင်က ဂျစ်ကတ်ကတ်
မာကျောကျော နဲ့ အရက်သမား ၊ထန်းရည်သမား ၊အချဉ်မိတဲ့ ခရီးသည်ဆို မင်းလိုပဲ ဈေး
ပိုတောင်းပြီး ဂွင်ရိုက်တော့တာပဲကွ ''
'' ငထွန်း နဲ့ ဖိုးဇော်က တစ်ရွာတည်းသားချင်းတွေပဲ ....မင်းစငှားစီးလာတဲ့ ပန်းတောရွာမှာ
နေကြတာ....စိတ်ဓာတ်ခြင်းကတော့ ဆီနဲ့ ရေလို ကွာခြားတယ်ကွ ''
'' မောင်ဖိုးဇော်ကဟာ အင်မတန်မှ ချီးကျူးထိုက်တဲ့ ကလေးတစ်ယောက်ပဲ ....သူဆိုင်ကယ်
စီးတဲ့ ဘယ်ခရီးသည်မဆို ဈေးတန်ရာ တန်ကြေးထက် ပိုမယူဘူး ။ပိုက်ဆံမပါလည်း အလကား
လိုက်ပို့ ပေးလိုက်တာပဲ ''
'' လမ်းမှာ မင်းမြင်ခဲ့ ၊ကြားခဲ့တာတွေက သူဘ၀အမှန်တွေပေါ့ ''
''အိမ်မှာ ရွာကကလေးတွေကို ငွေကြေးအဓိက မထားဘဲ အခမဲ့စာသင်ပေးတဲ့ ကျူရှင်ဆရာလေး
ပေါ့ စေတနာထားပြီး သင်ကြားပေးလေတော့ ကလေးတွေ ရဲ့ မိဘတွေကလည်း စိတ်ချယုံကြည်
စွာ အပ်နှံကြတာပေါ့ ''

ကျွန်တော်လည်း ဆွေးမျိုးသားချင်းတွေ ပြောကြားနေသော ဖိုးဇော်အကြောင်းတွေကို စိတ်ပါဝင်စား
စွာ  နားထောင်နေမိတော့၏ ။ကျွန်တော်ဆွေမျိုးများကလည်း ဖိုးဇော်အကြောင်းကို သူတို့ သိသမျှ
မခြွင်းမချန် ပြောပြလေ၏ ။ထိုအပြင် ဖိုးဇော်အကြောင်းကား နားထောင်နေသောကျွန်တော်အဖို့ 
လေးစားအတုယူဖွယ်ရာ လူငယ်တစ်ယောက်အဖြစ် စံသတ်မှတ်ရမလို ဖြစ်နေပြီ ငါလည်း သူလို
စိတ်ထားမျိုး ထားတတ်အောင် ကျင့်ကြံမှ ဆိုတဲ့ စိတ်တွေ တဖြည်းဖြည်း ၀င်လာလေ၏ ။
ဖိုးဇော်ကား '' လူမှုရေးနယ်ပယ်တွင်လည်း လဲနေသူထူ ၊အားငယ်သူ အားပေးကာ ၊မသိနားမ
လည်သူကို လိမ္မာယဉ်ကျေးလာအောင်လည်း သွန်သင်ဆုံးမလေး ရှိကြောင်း ၊ဒါကြောင့် သူရွာမှာ
သာမက အခြားရွာတွေကတောင် အရွယ်ငယ်ပေမဲ့ လေးစားသမှု ရှိကြကြောင်း ၊ သဌေးသမီး ရတာ
ကတော့ သူ၏ လုံ့ လ၀ိရိယ နဲ့ မိခင်ကြီးကို ကျေးဇူးသိတတ်စွာဖြင့် လုပ်ကျွေးခဲ့လို့ လို့ ပြောရမည် ဖြစ်
ကြောင်း ၊ငယ်ငယ်ကတည်းက မုဆိုးမမိခင်ကြီးကို သဌေးအိမ်မှာ လယ်သူရင်းငှားလုပ်ပြီး လုပ်ကျွေးပြု
စုခဲ့သလို ကျောင်းစာလည်း တော်ကြောင်း ၊ထိုကြောင့် သဌေးက ရိုးသားကြိုးစားတဲ့သူကို သမီးနဲ့ ပေး
စားခဲ့တာ ဖြစ်ကြောင်း ၊သဌေးသမက် ဖြစ်ပေမဲ့ အောက်ခြေမလွတ် စိတ်ကြီးမ၀င်ပဲ သူလူပျိုဘ၀က စု
ထားတာတွေနဲ့  ၀ယ်ထားတဲ့ အခုငါတူစီးလာတဲ့ ဆိုင်ကယ်ကလေးနဲ့  ရတဲ့အချိန်လေးမှာ အလကားမနေ
ပဲ ဆိုင်ကယ်ကယ်ရီဆွဲနေတာ ဖြစ်ကြောင်း ကုန်စင် သိခွင့်ရခဲ့ရပါတယ် ။

ထိုကြောင့် ကျွန်တော်၏ ရွာအလည်သွားခွင့်ကြုံတဲ့အခိုက်မှာ လူသာငယ်ပေမဲ့ စိတ်ထား ကောင်းလှသော
ဖိုးဇော်လို လူမျိုးကို စိတ်ထဲဝယ် အမှန်တကယ်အမှတ်တရ ရှိနေတော့မှာပင် ။သူကို စံနမူထားပြီး ကျွန်တော်
လည်း ကိုယ်ကိုကိုယ် ပြုပြင်စရာတွေ ပြုပြင်ရမယ် .သူလို စိတ်ထားထားနိုင်အောင် ကြိုစားကြည့်မယ်ဟုသော
စိတ်နဲ့ ဇာတိရွာကလေးက ဆွေးမျိုးသားချင်း များကို နှက်ဆက်ကာ ရွာတွင် တစ်ပတ် နေပြီး ရန်ကုန်ပြန်ရန်
ပြင်ဆင်တော့၏ ။

အပြန်တွင်လည်း အလာတုန်းကလို ဖိုးဇော်ဆိုင်ကယ်တွေ့ လေမလား ဂိတ်တွင်ရှာကြည့်ပေမဲ့ မတွေ့ သဖြင့်
တွေ့ ရာ ဆိုင်ကယ်ကို ငှားကာ ရွာမှ ထွက်လာခဲ့လေ၏ ။လမ်းတွင် ငှားလာသော ဆိုင်ကယ်သမားကို ဖိုးဇော်
ဆိုင်ကယ်မတွေ့ ပါလား မေးကြည့်မိရာ .......
''ညီလေး ....ဒီနေ့  မောင်ဖိုးဇော်ဆိုင်ကယ် မထွက်ဘူးလား ကွ ''
'' ဗျာ ...အစ်ကို ''
ဆိုင်ကယ်သမားလေးက တအံ့တသြဖြစ်သွားတာမို့ ............
'' မောင်ဖိုးဇော်တစ်ယောက် ဒီနေ့ ဆိုင်ကယ်မထါက်ဘူးလား မေးကြည့်တာပါ ညီ ''
'' သူကို ကယ်ရီဂိတ်မှာ မတွေ့ မိလို့ ပါကွာ ''
'' သြော် ....ဒီက အစ်ကိုက ဧည့်သည်ထင်ပါတယ် ....ဒါကြောင့် မသိသေးတာကိုး ''
'' ဖိုးဇော် ဘယ်တော့မှ ဆိုင်ကယ်အငှားမလိုက်တော့ဘူးဗျ ''
'' ဟေ....ဘယ်လို ...ညီ ..ပြန်ပြောပါဦးကွာ .. ဘာတွေ ဖြစ်လို့ လဲ ကွ ''
ကျွန်တော် မျက်ဝန်းနှစ်ဖက် လင်းကွင်းပမာ ပြူးကျယ်သွားပြီး အံ့သြသွားရပါ၏ ။
'' ဟုတ်တယ် အစ်ကို ဖိုးဇော်သာ မဟုတ်ဘူး ။ငထွန်းဆိုတဲ့ ကောင်ကောပဲ နှစ်
ယောက်စလုံး ဘယ်တော့မှ ဆိုင်ကယ်ကယ်ရီ ထွက်နိုင်တော့မှာ မဟုတ်ပါဘူး ''
'' ဟေ....ဘာ....ဘာဖြစ်လိုလဲ ''
'' ဖိုးဇော်ကို ငထွန်းက ဓားနဲ့ ထိုးလို့ ဖိုးဇော်က သေပြီ .....ငထွန်းကတော့ လူသတ်
မှု နဲ့ ရဲက ဖမ်းသွားပြီ ....ဒါကြောင့် သူတို့ နှစ်ယောက်စလုံး ဘယ်တော့မှ ကယ်ရီ မ
ထွက်နိုင်တော့ဘူး ပြောတာပါ ''
ဟေ.... ဖိုးဇော်ကို .....ငထွန်းက သတ်လိုက်တာ ....ဟုတ်လား ''
နားထဲသို့  မိုးကြိုးသွားနဲ့ ခွင်းလိုက်သလို ကျွန်တော် ထင်မှတ်လိုက်မိတယ် ။
'' ဟေ...ဖြစ်မှ ဖြစ်ရလေကွာ ''
ကျွန်တော် စိတ်ထဲမှာ ဖိုးဇော်အတွက် ရင်ထဲမကောင်းစွာနဲ့ ညီးညူလိုက်မိတယ် ။
မျက်ဝန်းထဲမှာလည်း ဖိုးဇော်ရဲ့ မွန်ရည်ရှင်းသန့် တဲ့ အပြုံးမျက်နှာလေးကို မြင်ယောင်
နေမိတယ် ။
'' ကောင်းတယ် အစ်ကိုကြီးရ ဒီလို လူတွင်ကျယ်လို ကောင်မျိုးနဲ့ နေရာတကာမှာ အ
ရည်လေးဝင်တာနဲ့ လူမိုက်လုပ်ချင်တဲ့ ကောင်တွေ လျှော့နည်းသွားတာ ကျုပ်တို့ အတွက်
တော့ ၀မ်းသာစရာပဲပေါ့ ''
'' ဟေ....ဘာဖြစ်လို့ လဲ ညီရာ ''
'' ဒီကောင်နှစ်ကောင် ရှိနေတာ ကျုပ်တို့ ဂိတ်အတွက်တော့ စားပေါက်အပိတ်ဆုံးဗျ ''
'' အထူးသဖြင့် ဖိုးဇော်လို ကောင်ရှိနေတာ ပိုဆိုးတယ် ...ကံကောင်းထောက်မလို့ 
သဌေးသမီးနဲ့ ရထားပြီး မနေတတ် ၊မထိုင်တတ် နေရာတကာ လူတွင်ကျယ်လုပ်ပြီး
မျက်နှာယူနေတာလေ ''
'' ခရီးသည်ဆိုလဲ ခရီးသည်မို့ သူများတောင်းထားတဲ့ ဈေးထက် လျှော့ယူပြီး လိုက်တော့
တာပဲ...သူအိမ်မှာ ငတ်နေတဲ့ အတိုင်းပဲ ''
သူကအဲ့လို ဈေးလျှော့ယူပြီးလိုက်တော့ ကျုပ်တို့ ကယ်ရီသမားတွေဆို ခရီးသည်တွေဆို
တာ လှည့်မကြည့်တော့ဘူး ''
'' ဒါဆိုလည်း ငါ့ညီတို့ က သူယူတဲ့ဈေးအတိုင်းပဲ ယူပေါ့ ကွာ ဒါဆို ခရီးသည်တွေက စီးကြ
မှာပါကွာ ''
'' ဟာ....ဒီလိုယူလို့  ဘယ်ဖြစ်မလဲ...ဒီကောင်က အများအထင်ကြီး ၊လေးစားခံချင်လို့  ဈေး
လျှော့ယူတာ ...ဒီကောင်ဘ၀က အိမ်မှာ ဘာမှပူရတာ မဟုတ်ဘူး သဌေးသမီး ရထားတာ
လေ ....ကျုပ်တို့ ကမှ တစ်နေ့ လုပ်မှ တစ်နေ့ စားရတာ ဒါတောင် နပ်မမှန်ချင်ဘူး ''
''ဒီကောင် အဲ့လို ဈေးလျှော့ယူတော့ နောက်ဆုံး ကျုပ်တို့ ကယ်ရီတွေ လူစီးနည်းသွားရတာပေါ့
ခုတော့....လူတွင်ကျယ် ၊လူအထင်ကြီးအောင် လုပ်ချင်တဲ့ကောင် သူစရိတ်နဲ့ သူသွားပြီ ''
မောင်ဖိုးဇော်၏ မကောင်းသတင်းများအား ကျွန်တော်မကြားချင်ပေမဲ့ ကြားနေရတော့တယ် ။
ကယ်ရီကောင်လေးကတော့ သူရင်ထဲက မကျေနပ်ချက်တွေကို ဆက်လက် ရင်ဖွင့်ပြောပြနေ
ဆဲပင် ။
'' ဟိုကောင် ငထွန်းလည်း ဘာထူးလဲ ၊အရက်ကလေးက တမြမြနဲ့ ....ဂိတ်မှာ လူမိုက်လုပ်နေတာ
သူကိုပဲ တလောကလုံး ကြောက်နေ၇တာ ''
''
 ဘယ်လို ခရီးသည်မျိုးပဲ လာလာ သူလိုက်လိုက်ရမှ ဈေးလည်း တင်ချင်သလို တင်ပြီးပြောပလိုက်
တာ ကြာတော့ ကျုပ်တို့ ကယ်ရီတွေကို ခရီးသည်တွေက မစီးရဲကြတော့ဘူး ''
' ကြာရင် ....ဒီကောင်နှစ်ကောင် လုပ်ပေါက်ကြောင့် ကျုပ်တို့ ထမင်းငတ်ပေါက်ပဲ ''
'' ခုတော့ အားလုံး ရှင်းသွားပြီဆိုတော့ ကျုပ်တို့ အတွက် အသက်ရှူချောင်ရတော့မှာပေါ့ ''
'' ဒါနဲ့ ...နေပါဦး ..မောင်ဖိုးဇော်က ငထွန်းက ဘာလို့ သတ်ရတာလဲ ...ငါ့ညီ သိလား ''
'' သိတာပေါ့ ဗျာ .....ဒီနှစ်ကောင်က ကျုပ်နဲ့ တစ်ရွာတည်းသားတွေပဲ ပန်းတောရွာမှာ နေကြတာ
ဖိုးဇော်က ၇ွာထိပ်က ၊ ငထွန်းက ရွာလယ်က ၊ကျုပ်က ရွာအနောက်ပိုင်းက ဗျ ''
'' ကိုယ့်ကိုကိုယ် လူအထင်ကြီးခံပြီး ၊ဘယ်နေရာမဆို လူတွင်ကျယ် လုပ်ချင်တဲ့ ကောင်နဲ့  နေရာတ
ကာ အမဲဖျက်ဖို့ ချောင်းနေတဲ့ကောင် တွေ့ ကြတဲ့ သဘောပေါ့ဗျာ ''

     ညချစ်သူ ( ခံစားရေးဖွဲ့ တင်ပြသည် ) ။
ဇာတ်သိမ်းပိုင်း ( မျှော် )


 


Share