page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, October 23, 2012

ရိုးသားခြင်း၏ တန်ဖိုး

ညချစ်သူ | 10:49 PM |
ညချစ်သူ | 10:49 PM |




Best Blogger Tips
Share


လောကမှာ  လူတွေအတွက် အရေးကြီးဆုံးက
ချမ်းသာခြင်းလား  ?
အောင်မြင်ခြင်းလား  ? 
ရိုးသားခြင်းလား   ?


ဘယ်အရာကို ပိုပြီး တန်ဖိုးထားမက်မောကြပါသလဲ ။လူတိုင်းကတော့ ကိုယ်ကို
တိုင်ကသာမရိုးသားရင်နေမယ် ။ရိုးသားသူကိုပဲ အပေါင်းအသင်းလုပ်ချင်ကြလိမ့်
မယ် လို့ ကျွန်တော်ထင်ပါတယ် ။ကျွန်တော်တို့ လည်း ရိုးသားမှုကို လိုချင်ကြပါ
တယ်၊ပေါင်းသင်းဆက်ဆံရေးလူမှုရေးတွေမှာ၊ လုပ်ငန်းခွင်တွေမှာ၊မိသားစုတွင်းမှာ၊
ချစ်သူခင်သူတွေ ကြားမှာပါ၊နောက်ဆုံး မိမိရဲ့ ကိုယ်စိတ်နှလုံးသား အတွင်းမှာပါ
ရိုးသားမှုဟာ လိုအပ်လှပါတယ် ။ဒီအကြောင်းနဲ့ ပတ်သက်တဲ့ သာဓကပုံပြင်လေး
တစ်ခုလောက် ပြောပြချင်ပါတယ် ။သူငယ်ချင်းအားလုံး စဉ်းစားဝေဖန်သုံးသပ်ပေး
ကြပါဦးနော် ။

ရှေးသရောအခါက သူကြွယ်တစ်ယောက် ရှိလေတယ်။သူ့ တွင် သားနှစ်ယောက်
ရှိပါတယ် ။သားနှစ်ယောက်အနက် အကြီးမှာ ရိုးသားဖြောင့်မတ်တယ် ။ ရတနာ
သုံးပါးကို ရိုသေကိုင်းရှိုင်းတယ် ။ စိတ်ကောင်းရှိပြီး ယဉ်ကျေးသိမ်မွေ့ ပါတယ် ။

အငယ်တစ်ယောက်မှာမူ ဖျတ်လတ်သွက်လက်၏ ။ခင်မင်ဖွယ်အမူအရာ ရှိသော်
လည်း ရိုးသားဖြောင့်မတ်မှု မရှိချေ ။ကွေ့ လည်ဆန်းပြားကောက်ကျစ်သောစိတ်
လည်း ရှိပါတယ် ။လူချင်းယှဉ်မိလျှင် မည်ကဲ့သို့ တင်စီးလိုရပါမည်နည်းဟူသည်
ကို ရှေ့ တန်းတင်သော သူဖြစ်ပေ၏ ။

တစ်ရံရောအခါဝယ် သူကြွယ်ကြီးသည် အပြင်းအထန် နာမကျန်းဖြစ်လေ၏ ။ငွေ
ကြေးပြည့်စုံသူ ဖြစ်သောကြောင့် ဆေးဝါးဓာတ်စာအမျိုးမျိုးဖြင့် ကုသ၏ ။ဆရာ
တစ်ယောက်မကောင်း နောက်တစ်ယောက်ပြောင်းပြီးလည်း ကုသလေ၏ ။သို့ 
ရာတွင် သူကြွယ်ကြီး၏ ဝေဒနာမှာ သက်သာသည်မရှိပဲ တိုးသည်ထပ်သာ တိုး
လာလေ၏ ။


ထိုအခါ သူကြွယ်ကြီးသည် ဒီတောင်ကို မိမိကျော်နိုင်ဖွယ် မရှိတော့ဟု တစ်နေ့ 
တစ်ခြား ယုံကြည်လာ၏ ။ထိုကြောင့် သားနှစ်ယောက်ကို အပါးသို့ ခေါ်ကာအရပ်
ရပ်တွေ ရှိသော ရစရာကြွေးမြီများကို သားနှစ်ယောက်အား ပြောပြလေသည် ။

'' အဖေမရှိတဲ့နောက် ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်နေရစ်ကြပါ ။ရစရာရှိသော
ကြွေးမြီတွေကို အတူတကွ သွားတောင်းကြပါ ။အညီအမျှခွဲဝေကာ အရင်းအနှီး
လုပ်ကြပါ '' ဟု  သူကြွယ်ကြီးက မှာကြားပြီးနောက် ရက်အနည်းငယ်အကြာတွင်
ကွယ်လွန်သွားလေ၏ ။
 
သူကြွယ်ကြီး၏ သားနှစ်ယောက်သည် ဖခင်၏ ရုပ်ကလာပ်ကို ကောင်းမွန်စွာ
သဂြိုဟ်ပြီးနောက် ဆောင်ရွက်ဖွယ်ကိစ္စများကို ရပ်ဓလေ့ ၊ရွာဓလေ့ ၊မျိုးရိုးဓ
လေ့နှင့်အညီ ဆောင်ရွက်ကြလေ၏ ။

တစ်လကျော်ကြာမြင့်ပြီးနောက် နေ့ တစ်နေ့ တွင် ညီအကိုနှစ်ယောက်သည်
ဖခင်မှာကြားခဲ့သော ကြွေးမြီများကို တောင်ခံစုဆောင်းရန် အတူတကွ ခရီး
ထွက်ခဲ့ကြလေ၏ ။သူကြွယ်သား ညီနောင်တို့ သည် တစ်ရွာဝင် တစ်ရွာထွက်
တစ်မြို့ ဝင် တစ်မြို့ ထွက်ကာ ရစရာ ကြွေးမြီများကို လိုက်လံတောင်းခံကာ စု
ဆောင်းကြလေ၏ ။အချို့ နေရာများတွင် ချက်ချင်းလက်ငင်းရခဲ့တာ ရှိသလို
အချို့ နေရာများမှာတော့ တစ်ရက်တန်သည် နှစ်ရက်တန်သည် စောင့်ဆိုင်း
ရသည်များလည်း ရှိခဲ့လေ၏ ။မည်သို့ ပင်ဖြစ်စေကာမူ တောင်းခံရရှိသမျှသော
အသပြာများကို အကိုဖြစ်သူက ညီဖြစ်သူကိုအပ်လေ၏ ။

 
'' ညီလေးက ထိန်းသိမ်းတတ်တယ် ။စေ့စပ်သေချာမှုလည်း ရှိတယ် ။ဒါကြောင့်
ငါ့ညီလေးသာ သိမ်းထားပါဟု ပြောလေ၏ ။''

 
ဖခင်ဖြစ်သူ ကွယ်လွန်စဉ်ကတည်းက ညီငယ်ဖြစ်သူမှာ ဖောက်ပြန်စိတ်မရှိ ။
ငါ့တို့ တွင် ညီအကိုနှစ်ယောက်သာ ရှိပါတကားဟူသော ချစ်ခင်ရိုးသားစိတ်သာ
ရှိလေ၏ ။တောင်းခံရရှိသော အသပြာငွေတွေကို စတင်လက်ခံစအချိန်တွင်လည်း
ဖြူစင်သော စိတ်သာ ရှိလေ၏ ။

သို့ ရာတွင် စုဆောင်းရရှိသောအသပြာငွေများ များပြားလာသောအခါ ညီငယ်ဖြစ်သူ
မှာ လောဘစိတ်ဝင်လာတယ် ။'' ဒီအသပြာအားလုံးသာ ငါတစ်ယောက်တည်း  ပိုင်
ရရင် ငါတော့ သူဌေးကြီး ဖြစ်နိုင်တယ် ဟူသော မကောင်းတဲ့ စိတ်ဝင်လာ၏ ။
တဖန် '' ငါတို့ မှာ ညီအကိုနှစ်ယောက်တည်းသာ ရှိတာပဲ ၊အစ်ကိုဆင်းရဲရင် ငါ
ဆင်းရဲတာနဲ့ အတူတူပေါ့ ၊အစ်ကိုကြီး က ငါ့ကို ယုံကြည်လို့ အပ်နှံထားတာ ငါ
ဟာ ဒီလို မကြံစည်သင့်ပါဘူး '' ဟူသော ကောင်းတဲ့စိတ်လည်း ၀င်လာပြန်၏ ။

ညီငယ်၏ စိတ်ကောင်းနှင့် စိတ်ညံ့တို့ သည် မကြာခဏ လွန်ဆွဲကြလေ၏ ။ထို
အခါ စိတ်ကောင်းကချည်း အနိုင်ရသွား၏ ။သို့ ရာတွင် အသပြာငွေများ တစ်နေ့ 
တစ်ခြားများသည်ထက် များပြားလာသောအခါ မကောင်းစိတ်က အနိုင်ရသွားလေ
၏ ။ထိုအခါ ညီဖြစ်သူက အသပြာအိတ်နှင့်တူသော ကျောက်ခဲတွေသာ ထည့်ထား
သော အိတ်အတုတစ်လုံးကို အစ်ကို မသိအောင် ဖန်တီးလေတော့သည် ။

တစ်နေ့ သော် မြစ်ဆိပ်တစ်ခုသို့  ညီအကိုနှစ်ယောက် ရောက်လာကြ၏ ။ကူးတို့ 
ဖြင့် မြစ်ကို ဖြတ်ကူးစဉ် ညီသည်ကျောတွင်ပိုးထားသော အိတ်ကို မတော်တဆ
လွတ်ကျလေဟန် ဖြင့် မြစ်ထဲသို့ ပစ်ချလိုက်လေ၏ ။

'' အစ်ကို အစ်ကို လုပ်ပါဦး ၊ အသပြာအိတ် ကျသွားပြီ ၊ကူးတို့ သမား ရပ်ပါဦး ''
ညီငယ်ဖြစ်သူက နှမြောတသ ၀မ်းနည်းဟန်ဖြင့် အော်ဟစ်လေ၏ ။ ထိုအခါ
တရားသမားပီပီအစ်ကို ဖြစ်သူ က '' ရေအနက်ကြီးကို ဘယ်သူ ဆင်းပြီး ဆယ်
နိုင်မှာတုန်း ညီလေးရယ် ၊တို့ နဲ့ မထိုက်လို့ သာ ကျသွားတာ နေမှာပဲ သဘော
ထားလိုက်ပါ '' ဟု  အေးအေးဆေးဆေး ပြောလေ၏ ။ထိုနောက့်ကမ်းသို့ အရောက်
တွင် ပါလာသောထမင်းထုပ်ကို ဖြည်ပြီး ညီအစ်ကိုနှစ်ယောက် စားကြလေ၏ ။
ထမင်းစားပြီးနောက် အစ်ကိုဖြစ်သူက ထမင်းအကျန်များကို ရေနေသတ္တ၀ါများ
သို့  ပက်ကျဲလှူဒါန်းကာ ထိုသို့ ပြုရသော ကောင်းမှုကုသိုလ်အဖို့ ကို မြစ်စောင့်
နတ်များအား အမျှပေးဝေလေ၏ ။

ညီအစ်ကိုနှစ်ယောက်သည် ၀မ်းပမ်းတနည်းပြောဆိုပြီးလျှင် မိမိအိမ်အသီးသီးသို့ 
ပြန်လာကြ၏ ။ညီငယ်သည် အိမ်သို့ ရောက်လျှင်ရောက်ချင်း ကိုယ်တွင်ဝှတ်ပြီး
ယူဆောင်လာသော အသပြာအိတ်ကို ၀မ်းသာအားရ ထုတ်ကြည့်လေ၏ ။
'' ငါရပြီ ကွ ငါ သဌေးကြီး ဖြစ်ပြီးကွ '' ဟုအော်ကာ အသပြာအိတ်ကို ဆွဲဖွင့်
လိုက်သောအခါ ညီငယ်ဖြစ်သူမှာ ပက်လက်လန်ရလေတော့၏ ။အကြောင်း
မူကား သူပင်ပန်းစွာ ကိုယ်ထဲတွင် ၀ှတ်ယူလာခဲ့သော ငွေအိတ်မှာ ငွေအိတ်
အစစ်မဟုတ်ပဲ ကျောက်ခဲအိတ်ကြီး ဖြစ်နေသောကြောင့်တည်း ။
'' သွားပြီး သွားပြီ ငါရေထဲသို့  ပစ်ချခဲ့တာကမှ ငွေအိတ်အစစ်ပါလား '' ဟု
ယူကြူံးမရ ငိုကြွေးလေ၏ ။

ထိုအချိန်ဝယ် မြစ်စောင့်နတ်သည် အစ်ကိုဖြစ်သူ၏ အမျှဝေသံကို သာဓု
ခေါ်ဆိုလိုက်ရသဖြင့် ၀မ်းသာပျော်ရွှင်နေလေသည် ။ထိုကြောင့် မြစ်စောင့်
နတ်သည်  ကောင်းမှုရှင်အစ်ကိုအား ကျေးဇူးတုံ့ ပြန်ရန် ကြံစည်စိတ်ကူးရာ
မြစ်ကြမ်းပြင်တွင် ကျနေသော အသပြာအိတ်ကို မြင်သဖြင့် အသပြာအိတ်
ကို အစာထင်အောင် ငါးကြီးတစ်ကောင်အား လှည့်စားကာ စားမိအောင်
လုပ်လေ၏ ။ငါးကြီးလည်း မျိုမိသောအခါ နေမထိထိုင်မသာဖြစ်ပြီး ပြေးမိ
ပြေးရာ ပြေးလေသောအခါ ရေလုပ်သားတို့ ထောင်ထားသော ပိုက်တွင်
မိလေ၏ ။

ငါးကြီးကိုရသော တံငါသည်သည် ငါးကို ထမ်းပြီး မြို့ တွင်းတွင် လှည့်လည်
လိုက်လံရောင်းချလေသည် ။မြစ်စောင့်နတ် နှောက်ယှက်သဖြင့် မည်သည့်
အိမ်နှင့်မျှ အရောင်းအ၀ယ်မတည့်ပေ ။နောက်ဆုံးတွင် မြစ်စောင့်နတ်အား
အမျှဝေခဲ့သော သူကြွယ်ကြီး၏ သားကြီးအိမ်တွင်မှ အရောင်းအ၀ယ်တည့်
လေတော့၏ ။ သူကြွယ်ကြီး၏ သားကြီးဖြစ်သူ၏ အိမ်မှ စားဖိုမှုးတို့ သည်
ငါးကြီးကို ချက်ပြုက်ရန် ခုတ်ထစ်သောအခါ ငါးကြီး၏ ၀မ်းမှ အသပြာအိတ်
ကို တွေ့ သဖြင့် အစ်ကိုကြီးအား အပ်ကြလေ၏ ။အသပြာအိတ်ကို မြင်သော
အစ်ကိုကြီးသည် မြင်လျှင်မြင်ခြင်း သူတို့ ညီအစ်ကိုအိတ်မှန်း မှတ်မိလေ၏ ။

'' ဒါဟာ ငါ့ညီလေး မတော်တဆလွတ်ကျခဲ့တဲ့ ငါ့တို့ အိတ်ပဲ ၊ငါ့ညီလေးကို
သွားခေါ်ကြစမ်း '' ဟု အိမ်မှ အစေခံများကို ၀မ်းသာအားရ ရိုးသားစွာဖြင့်
အခေါ်လွှတ်လေ၏ ။ညီဖြစ်သူကား ၀မ်းမသာနိုင်ပါ ။ကိုယ်ဝမ်းနာ ကိုယ်
သိပြီး သူတစ်ယောက်ပဲ အပိုင်ရရန် မကောင်းကြံခဲ့သော ငွေအိတ်သည်
မည်သည့်အတွက် ငါ့အစ်ကိုထံ ရောက်လာရသနည်း ဟု တွေးကာ စိတ်
မကောင်းပဲ စိတ်ဆင်းရဲသည့်ဝေဒနာဖြင့် အိပ်ရာထဲတွင် လဲလေတော့၏ ။

ဒီပုံပြင်လေးကို ကျွန်တော်တို့ ဥာဏ်မိသလောက်တွေးကြည့်ရအောင်လား ။
မကောင်းတာလုပ်တဲ့လူက သူရဲ့ မကောင်းတဲ့စိတ်ကြောင့် ကောင်းတဲ့လူကို
ရင်ဆိုင်ရမှာအလိုလို ရှိန်နေတတ်ပါတယ် ။ကောင်းတဲ့စိတ်ရှိသူကတော့ သူ
ရဲ့ အကောင်းမြင်စိတ်ကြောင့် ကောင်းတဲ့အကျိုးကို ခံစားရမှာပါ ။ရိုးသားမှု ရှိ
ဖို့ ဆိုတာ တကယ်တော့မလွယ်ပါဘူး ။ရိုးသားမှု ဂုဏ်ကိုတန်ဖိုးထားတတ်စေ
ချင်ပါတယ် ။တကယ်တော့ ရိုးသားခြင်းဆိုတာ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်နေ
သဘောထား၊ စာရိတ္တပိုင်းရော၊ကိုယ်ကျင့်တရားပိုင်းမှာပါ စောင့်ထိန်းရတဲ့ ၊အ
သိတရားနဲ့ ယှဉ်တဲ့ စိတ်ထားမျိုးပါ ။သူငယ်ချင်းတွေအားလု့းလည်း ဖြူစင်ရိုးသား
တဲ့ ကောင်းမြတ်တွေ စိတ်ထားမျိုးကို ထားနိုင်ကြပါစေလို့ ဆန္ဒပြုလျက် .........


                                                                         ညချစ်သူ
Share