page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, June 11, 2012

ကြီးကျယ်မြင့်မြက်သူ

နိုးနိုး | 12:02 PM |
နိုးနိုး | 12:02 PM |




Best Blogger Tips
Share
တကယ်ကြီးကျယ်မြင့်မြက်မှုဆိုသော ရာထူးအဆင့်တန်းနဲ့ မဆိုင်ဘူး။ ကိုယ် လုပ်နိုင်တဲ့ အတိုင်းအတာ ဘောင်ကလေးထဲမှာ ဘယ်လောက်ကြီးကျယ်မြာကင့်မြက်တဲ့ အလုပ်ကို လုပ်လာနိုင်သလဲ ဆိုတာနဲ့ပဲ ဆိုင်တယ် ၊ သာမန် အခြေအနေ အဆင့်အတန်းမှာ နေရင်းက ဘယ်လောက်ကြီးမား ကျယ်ဝန်းတဲ့ လုပ်ရပ်ကြီးတွေ အထမြောက်အောင် စွမ်းဆောင်ပေးလိုက်နိုင်သလဲ ဆိုတာနဲ့ပဲ ဆိုင် တယ် ဆိုတာ ကွန်တော်သွားမြင်သည်။ အဲဒါသည်ပင် တကယ်စစ်မှန်သော ကြီးကျယ်မြတ်မှုပဲ ။ ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက် ပိုကောင်းတဲ့ အိုးအိမ်တွေ ၊ လမ်းပန်းတွေ ၊ စာသင်ကျောင်းတွေ ၊ဘုရားရှိခိုးကျောင်းတွေ၊ ဘာသာတရားအလုပ်တွေ ဖန်တီးပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ ၊ ကိုယ်ကျင်လည်ရာ လူမှုအသိုင်းဝိုင်းထဲက ဘ၀တူလူသားတွေပိုပြီး ချမ်းသာ ပျော်ရွှင်ကြအောင် သူတို့ဘ၀တွေ သာယာလှပအောင် ဖန်တီးပေးနေသူတွေသည် ဘယ်နေရာ ဘယ်ဌာနမှာ ရှိသည်ဖြစ်စေ ၊ ဘယ်အခြေ ဘယ်အဆင့်အတန်းမှာ ရှိသည်ဖြစ်စ ကြီးကျယ်မြင့်မြတ်သူတွေပါပဲ။ ကိုယ့်ပတ်ဝန်းကျင် ကိုယ်ကျင်လည်ရာ လူမှုအသိုင်းဝိုင်း ထဲမှာ စိတ်မချမ်းမြေ့စရာ ဖန်တီးသူ ၊ သာယာလှပမှု ကင်းမဲ့အောင် လုပ်ဆောင်နိုင်သူတွေကတော့ ဘယ်အရပ်ဘယ်ဒေသ ဘယ်ရာထူး ဌာနန္တ ရမျိုးမှာ ရှိသည်ဖြစ်စေ ဘယ်လိုမှ မကြီးကျယ် မမြင့်မားနိုင်တဲ့ လူတွေပဲ ။ ။ ( ရပ်ဆယ် ကွန်းဝဲလ် ) Share

No comments: