page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, June 11, 2012

အရောင်နဲ့စိတ်နေသဘောထားများ

ညချစ်သူ | 1:27 AM |
ညချစ်သူ | 1:27 AM |




Best Blogger Tips
Share
သြကာသလောကကြီးအား အရောင်တွေဖြင့်ဖွဲ့စည်းထားသည်ဟု ဆိုရပေလိမ့်မည်။သက်ရှိလူသားတွေအနေနှင့်
လည်းအရောင်အပေါ်တပ်မက် တိမ်းမူကြစမြဲပင်။ဒီ့အတွက် ကမ္ဘာလောကကြီးသည် တစ်ရောင်တည်းမခြယ်ဘဲ အရောင်အ
သွေးတွေတ၀ဲဝဲလည်နေခြင်းပင်ဖြစ်ပေမည်။
အရောင်တွေမှာစွမ်းအားတွေရှိနေသည်။မြင်နိုင်ခြင်းမရှိသော အာနိသင်တွေရှိနေသည်။အရောင်တစ်ရောင်ချင်း
အပေါ်တပ်မက်တွယ်တာနေသူ၏ စိတ်နေသဘောထားကိုခန့်မှန်းနိုင်ကြောင်း လေ့လာသိရှိထားသမျှကို ချစ်သူမြို့တော်
မှအဖွဲ့ဝင်သူငယ်ချင်းများ အတွက်မျှဝေတင်ပြလိုက်ရပါတယ်။
ကျွန်တော်တင်ပြထားတာလေးတွေကို ဖတ်ပြီးကိုယ်နဲ့ကိုက်ညီလားဆိုတာ ကိုတိုက်ကြည့်ကြပါ။သူငယ်ချင်းများ
အားလုံးချမ်းသာကိုယ်စိတ်မြဲပါစေ။

၁။ အနီရောင်တပ်မက်သူများ
ဒေါသကြီးတတ်၏။ ရန်လိုတတ်၏။ သိလိုစိတ်ပြင်းပြတတ်၏။ ဇွတ်တရွတ်၊ရေကုန်ရေခန်းလုပ်ဆောင်တတ်
၏။ ဆင်ခြင်တုံတရားရှိသော်လည်းကိုယ့်စိတ်ကိုကိုယ်မလေ့လာ။ အတိုင်းအဆမဲ့စွာလုပ်ဆောင်တတ်၏။


၂။ အပြာရောင်တပ်မက်သူများ
တည်ငြိမ်အေးချမ်းစွာ ပေါ့ပေါ့ပါးပါးနေတတ်၏။ နားပူမခံတတ်။ သတိဖြင့်သက်သက်သာသာလုပ်ဆောင်
တတ်၏။ ကိုယ့်အလုပ်ကိုထိခိုက်လာပါက ရန်မူတတ်၏။ အပေါင်းအသင်း ရွေးပေါင်းတတ်၏။ စိတ်မရှည် သံသယပွား
နေတတ်၏။
၃။ အစိမ်းရောင်တပ်မက်သူများ
နာမည်ကောင်းရအောင် ကြံဆောင်တတ်၏။ မိသားစုအပေါ်ကောင်းပြီး မိခင်ဖခင်ကောင်းဖြစ်တတ်
၏။ လူမှုဆက်ဆံရေးကျွမ်းကျင်၏။ ရိုးသားပွင့်လင်းပြီးမထင်မှတ်ပါကရက်စက်တတ်၏။ အသစ်အဆန်းကို သဘောကျ
တတ်၏။
၎။ အ၀ါရောင်တပ်မက်သူများ
စိတ်ကူးညဏ်ကောင်းပြီး အနုပညာနှင့်ပတ်သက်လျှင် တီထွင်တတ်သူ ဖြစ်၏။ အရှက်အကြောက်ကြီး
တတ်၏။ သတိရှိကာ စနစ်ဖြင့်နေထိုင်တတ်၏။ စိတ်သိပ်မရှည်တတ် ကနဦးစဉ်းစားတတ်ပြီး နောက်ပိုင်းထင်တိုင်းကြဲ
တတ်၏။
၅။ ခရမ်းရောင်တပ်မက်သူများ
ကိုယ့်ယုံကြည်မှု ကိုယ့်ဝါဒဖြင့် အစွန်းလွတ်အောင်နေထိုင်တတ်၏။ မောက်မာချင်စိတ်ရှိတတ်၏။ မိမိ
အပေါ်လေးစားမှုရှိလျှင်သော်လည်းကောင်း မိမိကသြဇာညောင်းလျှင်သော်လည်းကောင်း ကျေနပ်နေတတ်သူဖြစ်၏။
၆။ အညိုရောင်တပ်မက်သူများ
ဖြောင့်မတ်စိတ်ရှိပြီး ပေးလာသမျှ တာဝန်ကိုရယူတတ်၏။ သူတစ်ပါး၏ အနိုင်ကျင့်ခြင်းကိုခံရတတ်၏။
ကိုယ့်လုပ်ငန်းရှင်အပေါ် သစ္စာကြီးမား၏။ ဘ၀တွင် အမြဲထာဝရ အောင်မြင်မှုရရန် ကြိုးပမ်းနေသူဖြစ်၏။
၇။ အနက်ရောင်တပ်မက်သူများ
လုပ်နိုင်တာထက်ပိုပြီး လုပ်ပြချင်သူ၊ ကိုယ့်ကိစ္စကိုယ်ပဲရှင်းရမှ ကျေနပ်သူဖြစ်၏။ ပြဿနာကို ရင်ဆိုင်
ရဲပြီး ရင်ထဲမှခံစားမှုများကို လျှို့ဝှက်တတ်၏။ ညဏ်ကောင်းပြီး လိမ္မာပါးနပ်သူလည်း ဖြစ်၏။
၈။ မီးခိုးရောင်တပ်မက်သူများ
ဘ၀တွင် ပင်ပန်းမည့်သူ၊ စိတ်ရှုပ်ထွေးရမည့်သူဖြစ်၏။ ကိစ္စအားလုံးကိုလက်ရှောင်ချင်သူ ဖြစ်၏။
အပေါ်ယံကြောလောက်သာပေါင်းဖော်တတ်၏။ စွန့်စွန့်စားစားလုပ်လိုသော်လည်း ထင်သည့်အတိုင်း လက်တွေ့မလုပ်နိုင်
ပဲဖြစ်တတ်၏။

ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://lovemusicbirds.ning.com/profiles/blogs/6480001:BlogPost:72969#ixzz1xPzQqqDU
Share

No comments: