page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, June 13, 2012

သွေးအမျိုးအစားနဲ့လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး

ZOLZOL | 2:57 AM |
ZOLZOL | 2:57 AM |




Best Blogger Tips
Share

သွေးအမျိုးအစားကိုကြည့်ပြီး လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးကို
ခန့်မှန်းတဲ့ဓလေ့ဟာ အာရှမြောက်ပိုင်းဒေသမှာ ပေါ်ထွန်းလာတာ ဆယ်စုနှစ်
ပေါင်းများစွာရှိခဲ့ပါပြီ.......။
အဲဒီ့ဓလေ့ကို၂၀ရာစုအစောပိုင်းကစပြီး ဂျပန်တို့ကစတင်စိတ်ဝင်စားခဲ့
ကြတယ်။အဲဒီ့စိတ်ဝင်စားမှုက အခြားနိုင်ငံများသို့ကူးစက်သွားပြီး အိမ်ထောင်ဖက်
ရွေးတဲ့အခါ ၊ ၀န်ထမ်းရွေးချယ်တဲ့အခါတွေမှာပါ သွေးအမျိုးအစားကိုကြည့်လာကြတာ
ကိုတွေ့လာရပါတယ်။ သူငယ်ချင်းတို့လည်းစိတ်ဝင်စားလို့ပဲဖြစ်ဖြစ် ၊ အပျော်သဘောနဲ့
ပဲဖြစ်ဖြစ် လေ့လာလို့ရအောင် ဒီဘလော့လေးကိုတင်ပေးလိုက်ပါတယ်...........။

A သွေးပိုင်ရှင်

ကြိုးစားမှုရှိပြီး တည်ငြိမ်တယ်။သူများပြောသမျှကို နားထောင်ပေးလေ့ရှိပေမယ့်
သူကတော့ မလိုအပ်ပဲပြောလေ့မရှိဘူး.။စကားနဲ့လည်း သူတစ်ပါးကိုထိခိုက်နာကျင်
အောင်လုပ်ဖို့မကြိုးစားဘူး.....။
သူတို့ဟာဆုံးဖြတ်နိုင်စွမ်းမြင့်တယ်.။သူတို့ဆုံးဖြတ်ချက်တွေက အတွေးအခေါ်ကင်း
မဲ့နေတာမျိုးမရှိဘူး.။ နောက်ဆုံးပေါ်တွေနောက်လိုက်ရတာ ကြိုက်ပြီးအ၀တ်အစားကိုဂရု
စိုက်တတ်တယ်......။
ဒါပေမယ့် သိပ်မျက်စိနောက်တဲ့ပုံစံမျိုးမကြိုက်ဘူး ။ အရောင်နဲ့ပတ်သတ်လာရင်
သိပ် sensltive ဖြစ်ပြီး ၊အ၀တ်အစားဝတ်ရင်တောင်စတိုင်ထက်
အရောင်ကိုပိုဦးစားပေးတယ်......။
ပတ်ဝန်းကျင်နဲ့လဲ သဟဇာတ သိပ်မဖြစ်ကြဘူး.။သူတို့ရဲ့ကောင်းတဲ့အချက်တွေက ကြိုတင်ပြင်
ဆင်မှုတွေရှိတယ်.။စိတ်ရှည်သည်းခံတတ်သလို အချိန်လည်းတိကျတယ် နာခံတတ်တယ်......။
ဆိုးကွက်တွေကတော့ တယူသန် ၊ တဇွတ်ထိုး လုပ်တာမျိုးပေါ့ ။ စိတ်ကူးညဏ်ကွန့်ရမှုမပါဘူး
ဆိုရင်အသေးစိတ်လုပ်ရတဲ့အလုပ်တွေနဲ့ အသင့်တော်ဆုံးလူတွေပါ.......။
A သွေးပိုင်ရှင်တွေနဲ့အသင့်တော်ဆုံးအလုပ်တွေက စာရင်းကိုင် ၊
စာကြည့်တိုက်မှူး ၊Altomey ၊
စီးပွားရေးပညာရှင် ၊ စာရေးဆရာ စတဲ့အလုပ်တွေလုပ်သင့်ပါတယ်......။


နာမည်ကျော်အေသွေးပိုင်ရှင်တွေက

၁။ ဂျက်လီ
၂။ ဂျော့အိတ်ခ်ျဒဗလျူဘုရှ်
၃။ အယုမီ ဟဆမကီ
၎။ ဘရစ်တနေစပီးယားစ်
၅။ ဂျင်မီကာတာ တို့ဖြစ်ပါတယ်........။

B သွေးပိုင်ရှင်

B သွေးပိုင်ရှင်တွေက တီထွင်ဖန်တီးချင်တဲ့ စိတ်ရှိကြတယ်။အိမ်မွေးတိရစ္ဆာန်လေး
တွေကိုချစ်တတ်ပြီး အပြောင်းအလဲကိုလက်ခံ နိုင်သူတွေလည်းဖြစ်တယ်။အကောင်းမြင်တတ်ကြတယ်။
အစွဲအလမ်းကြီးပြီး တစ်ကိုယ်တော်နေတတ်ကြတယ်.......။
သူတို့ရဲ့အားနည်းချက်တွေက သတိမေ့တတ်တာ၊တာဝန်ယူချင်စိတ် မရှိဘဲ သူတို့ပဲအဓိက
ထားတွေးတတ်တာတွေပါ။ဒါပေမယ့်
ရိုးသားပြီးအလုပ်ကြိုးစားကြတယ်.။သူတို့ရဲ့အတွင်းစိတ်က မျက်နှာပေါ်
မှာ မြင်နေရတဲ့သွင်ပြင်နဲ့ မတူဘဲမှန်းရခက်တယ်.။
သူများတကာကိုအကဲခတ်နိုင်ပြီး လိုသမျှကူညီထောက်ပံ့
ပေးတတ်တယ်.........။
B သွေးပိုင်ရှင်တွေဟာ စုံထောက် ၊ စာနယ်ဇင်းသမား ၊ ပန်းချီပညာရှင် ၊ လက်မှုပညာရှင် ၊
စိတ်ရောဂါကုဆရာဝန် စတဲ့အလုပ်တွေနဲ့သင့်တော်ကြသူတွေဖြစ်ပါတယ်....။































နာမည်ကျော်ဘီသွေးပိုင်ရှင်တွေက
































၁။ လီယိုနာဒို ဒီကက်ပရို
၂။ ဗင့်စ်ယောင်း
၃။ ပေါလ်မက်ကက်နေး
၎။ မီယာဖရိုး
၅။ ဂျက်နစ်ဟောဆန် တို့ဖြစ်ပါတယ်.........။

AB သွေးပိုင်ရှင်

AB သွေးပိုင်ရှင်တွေဟာ ထိန်းချုပ်နိုင်စွမ်းရှိပြီး
အေးဆေးကြတယ်.။ကျိုးကြောင်းဆင်ခြင်နိုင်
ပြီးကိုယ်ချင်းစာစိတ်လဲရှိတယ်။ဒါပေမယ့် လူအများနဲ့ ခပ်ဝေးဝေးနေတတ်ပြီး
သူများကို အပြစ်ရှာတတ်တယ်။
မပြတ်မသားလုပ်တတ်ပြီး ခွင့်မလွှတ်တတ်ကြသူတွေ ဖြစ်တတ်ပါတယ်။မှန်မှန်ကန်ကန်
ဆုံဖြတ်နိုင်
စွမ်းရှိပေမယ့် အမူအယာကတော့ ဆိုးရွားတတ်ပါတယ်.။မထင်မှတ်ဘဲ ကိစ္စကြီးတွေလုပ်တတ်ပါတယ်။
အ၀တ်အစားကတစ်ခါတလေ အဆင်ပြေအောင် ၀တ်တတ်သလို တစ်ခါတစ်လေ ဖြစ်သလိုပါပဲ။
အရောင်ကိုအဓိကထားပြီး ရွေးဝတ်တတ်ကြပါတယ်.။ရှားပါးနဲ့သွေးအမျိုးအစား
ဖြစ်ပြီးတော့စိတ်စွမ်းအားမြင့်
မားကြလို့ အေဘီသွေးပိုင်ရှင်တွေဟာ အကြားအမြင်နဲ့ဗေဒင်ဆရာ တွေဖြစ်တတ်ကြပါတယ်.။
ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိလို့ နည်းဗျူဟာကျကျ စီမံကိန်းတွေ
ဖော်ဆောင်နိုင်ပြီး သံအမတ်နဲ့
ဘာသာပြန်တွေ မန်နေဂျာတွေ ဖြစ်တတ်ပါတယ်။ အများနဲ့ဆက်ဆံရတဲ့ အလုပ် ၊ ကုမ္ပဏီမန်နေဂျာ ၊
ကျောင်းဆရာ ၊ စေ့စပ်ညှိနှိုင်း ရတဲ့ အလုပ်တွေနဲ့ အသင့်တော်ဆုံးဖြစ်ပါတယ်..........။

ကျော်ကြားတဲ့ အေဘီသွေးပိုင်ရှင်တွေက

၁။ မာရီလင်မွန်ရိုး
၂။ သောမတ်စ်အက်ဒီဆင်
၃။ ဂျက်ကီချန်း တို့ဖြစ်ပါတယ်............။

O သွေးပိုင်ရှင်

O သွေးပိုင်ရှင်တွေက သိပ်သွက်လက်ဖျက်လက်ကာ အလှအပမက်တာမရှိပေမယ့်
ချောမောခန့်ညားပြီး ဟိတ်ဟန်ကောင်းသူတွေဖြစ်ပါတယ်.။စီမံခန့်ခွဲပြီး
ဆုံးဖြတ်ချက်ချရတဲ့အလုပ်မျိုး
တွေမှာ ကျွမ်းကျင်ကြပါတယ်.........။
သူတို့ရဲ့ကြိုးစားမှုရလဒ်ကို မသိရင်တောင်မှလက်မလျှော့တတ်
ကြပါဘူး။အရာရာကိုချင့်ချိန်
စဉ်းစားတတ်ကြပါတယ်။အရောင်အသွေးထက်ရိုးရာ ဓလေ့ကိုဦးစားပေးဝတ်စားဆင်ယင်တတ်ကြပါတယ်..။
ရည်မှန်းချက်ပြင်းထန်ပြီးကိုယ့်ကိုကိုယ်ယုံကြည်မှု
မြင့်မားပါတယ်.။လိုချင်တဲ့ရလဒ်တစ်ခုအတွက်
ရှက်ကြောက်ခြင်း
မရှိဘဲအပေါင်းအသင်းထက်ငွေကိုပိုရှာနိုင်သူတွေဖြစ်ပါတယ်.။စာရင်းကိုင် ၊
နိုင်ငံရေးခေါင်းဆောင် ၊ စီးပွားရေးသမား ၊၀န်ကြီး
စတာတွေဖြစ်တတ်ပါတယ်..............။

ကျော်ကြားတဲ့အိုသွေးပိုင်ရှင်တွေက

၁။ ဘုရင်မကြီး အဲလီဇဘက်
၂။ အဲလ်ဗစ်စစ်ပရက်စလေ
၃။ ရော်နယ်ရက်ဝန်
၎။ ခရစ်စတယ်ကေး တို့ဖြစ်ကြပါတယ်...........။

ကောက်နုတ်ချက်
မိုးဆက်ဝိုင် ၏ အမည်ပေါက်သမီးရည်းစား ၀တ္ထု ။


ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://lovemusicbirds.ning.com/profiles/blogs/6480001:BlogPost:77307#ixzz1xc3UjylP
Share

No comments: