page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, June 15, 2012

သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အလမ်းဘယ်လောက်ရှိလဲ

ညချစ်သူ | 3:08 AM |
ညချစ်သူ | 3:08 AM |




Best Blogger Tips
Share
>
>
>
>
>
> သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်ဖြစ်
ဖို့အခွင့်အလမ်းဘယ်လောက်ရှိလဲ
>
>
>  နည်းကတော့လွယ်လွယ်လေးပါ
> ...သင်ရယ်သင့်ရဲ့ချစ်သူတို့ရဲ့မွေးနေ့သက္ကရာဇ်အားလုံးကိုပေါင်းကြည့်
> နောက်ဆုံးရလာတဲ့ကိန်းတစ်လုံးက အဖြေပေါ့...
> ကဲ အစမ်းလေးလုပ်ကြည့်ရအောင် သင်က 13.1.1991 သင့်ချစ်သူက 4.4.1990 ဆိုပါစို့
> 13+1+1991+4+4+1990=4181
> 4+1+8+1=14 > 1+4=5 အဖြေက 5 ပေါ့ ရှင်းပြီနော်... ကဲ တွက်ကြည့်ကြနော်..
>
>
> 1 ရတဲ့သူကတော့ သင်ဟာသူ့ကိုအသက်ပေးနိုင်လောက်အောင်ကိုချစ်ပေမယ့်
> သူ့အတွက်ကတော့ ရည်းစားဟောင်းကပစ်သွားလို့ အသဲကွဲပြီး ခဏတာလာနားတဲ့ bus
> ကားမှတ်တိုင်လို ဖြစ်နေတာပါ
> သင်နဲ့အတူနေတဲ့အချိန်မှာသူဟာပျော်ရွှင်နေရပေမယ့် အဲဒီပျော်ရွှင်ခြင်းက
> ဟိုမရောက်ဒီမရောက်နဲ့ဖြစ်နေတတ်တယ် ဘာဖြစ်လို့လဲဆိုတော့
> ပွေရှုပ်တတ်တဲ့သူ့အကျင့်က သင့်ထက်သာမယ့်သူကို
> အမြဲတမ်းရှာဖွေနေလို့ပဲဖြစ်တယ် ဒါကြောင့်
> သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အလမ်းဟာ
> မျောက်တစ်ကောင်သစ်ပင်ပေါ်ကပြုတ်ကျတာနဲ့အတူတူလိုဖြစ်နေတာပါ ... နောင် bus
> ကားအသစ်ဟာ သူ့ဆီဆိုက်ကပ်လာခဲ့ရင်
> သူတစ်ခါတည်းပြေးတက်သွားဖို့ဝန်လေးမှာမဟုတ်သလို
> သင့်ကိုဘယ်လိုဖြစ်ပြီးကျန်ခဲ့မှာလဲဆိုပြီး
> ခေါင်းပြန်စောင်းငဲ့ဖို့တောင်အချိန်ရှိမှာမဟုတ်ဘူး ...
>
> 2 ရတဲ့သူကတော့ သင်နဲ့သူဟာချစ်တော့ချစ်ကြပါတယ် ဒါပေမယ့်
> မုန်းတီးမှုနဲ့ပေါက်ဖွားလာတဲ့ချစ်ခြင်းဖြစ်တယ် တူတူနေခဲ့ရင်လည်း
> လက်ဝှေ့ပွဲကိုကြည့်နေရသလို နေ့စဉ်ထသတ်မှာအမှန်ပါပဲ အကျင့်တွေကလည်း
> တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး တစ်ယောက်ပြင်းလာရင် ကျန်တဲ့တစ်ယောက်ကလည်း
> အလျှော့ပေးမှာမဟုတ်ဘူး ဒါတောင်မှသင်တို့မှာ
> သုံးပွင့်ဆိုင်မရှိသေးဘူးနော်...တစ်နေ့ကျရင် သူက
> ခဏဝေးဝေးလောက်နေကြည့်ကြရအောင်လို့ပြောလာခဲ့ရင် သင်သူ့ကိုနားလည်ပေးလိုက်ပါ
> သူကသင့်ကိုမချစ်တာမဟုတ်ပါဘူး
> တစ်ယောက်ကိုတစ်ယောက်နားလည်နိုင်တဲ့အချိန်တစ်ခုလောက်တော့
> ထားပေးလိုက်ကြပေါ့နော့....
>
> 3 ရတဲ့သူက Yahoo! နောက်ဆုံးတော့လည်းသင်က အစစ်အမှန်ကိုတွေ့တာပဲလေ
> သင်တို့နှစ်ယောက်ရဲ့တွေ့ဆုံခြင်းဟာ ရေစက်လို့ခေါ်လို့ရတယ် ဘာပဲဖြစ်ဖြစ်
> တူညီနေတာပဲ အကျင့် အကြိုက် ညစ်ပတ်ခြင်း ပေါခြင်း အရူးထခြင်း တွေပေါ့
> ဒါကြောင့်သူ့ကိုတွေ့တဲ့အချိန်ဆို ကိုယ့်ကိုယ်ကိုမှန်ကြည့်နေရသလိုပဲ
> သင်တို့အချစ်ဟာဘာအရသာမှမရှိပေမယ့် ခိုင်မြဲမှုရှိတာတော့အမှန်ပဲလေ
> ကြည့်လိုက်တာနဲ့နှလုံးသားထိမြင်ရတယ်ဆိုတာပေါ့ အဲ့ တစ်ခုတော့ရှိတယ်
> သင်သတိထားရမှာက ကိုယ့်စိတ်ကိုယ်ပဲ သင့်အတွက်သူဟာ ငြီးငွေ့စရာကောင်းနေတယ်
> ဒါကြောင့်သင်ဟာ ဒီထက်ပိုကောင်းတဲ့အချစ်တွေကိုရှာဖွေနေတယ်
> နောက်ဆုံးတော့လည်း ဘယ်လူမှ
> သင့်ရဲ့အခုအရသာမရှိတဲ့ပေါ့ရွှတ်ရွှတ်လူထက်ပိုပြီး
> ကောင်းမှာမဟုတ်ဘူးဆိုတာသင်သိလိမ့်မယ် ...မသိနိုင်ဘူးလေ
> အဲဒီအချိန်ရောက်ခဲ့ရင် ...နှောင်းချင်လည်းနှောင်းသွားမှာပေါ့ :P
>
> 4 ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်ဟာ စေးကပ်ကပ်ကြီးလိုဖြစ်နေတယ် ဘယ်လိုခွာခွာ
> ခွာလို့မရတဲ့ပုံစံ ဘ၀ကိုဘယ်လိုဖြတ်သန်းရမှန်းမသိတဲ့ပုံစံနဲ့တူနေတယ်
> သူလည်းသင့်အကျင့်တွေဟာသူနဲ့ပေါင်းစပ်လို့ရမလားဆိုတာကိုမသေချာသေးဘူးဖြစ်နေတယ်
> သင်ကလည်း အိနြေ္ဒရှင်ပီသစွာနဲ့
> သူ့ကိုချစ်တယ်လို့ဖွင့်ပြောဖို့မရဲဘူးဖြစ်နေတယ်
> ဒါကြောင့်ဟိုဖက်ကိုလည်းမသွား ဒီဖက်ကိုလည်းမရောက်ဖြစ်နေတာပေါ့
> အကောင်းဆုံးကတော့သင်တို့နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး
> ပြသနာကိုတူတူဖြေရှင်းကြတာကအကောင်းဆုံးပဲလေ မဟုတ်ရင်တော့ သင်တို့ထဲက
> တစ်ယောက်မဟုတ်တစ်ယောက်ဟာအသစ်တွေ့ပြီး သင်တို့ရဲ့ဇါတ်လမ်းလေးက
> ဇါတ်သိမ်းသွားလိမ့်မယ်နော်...
>
> 5 ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်က သွေးရဲရဲသံရဲရဲအချစ်ပေါ့ ဘာဂိုဏ်း
> ညာဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေလိုက်ရင်း အသက်လုပြီး ဖြစ်ပေါ်လာတဲ့အချစ်စစ်
> သင်တို့အချစ်လမ်းကြောင်းမှာဘယ်လောက်ပဲအန္တရာယ်ရှိပေမယ့် သင်တို့ဟာ
> တစ်ယောက်နဲ့တစ်ယောက်ကိုနားလည်ပြီး နှလုံးသားအစစ်အမှန်နဲ့ချစ်တာဖြစ်တယ်
> သင်တို့နှစ်ယောက်ဟာ ခုချိန်မှာချစ်သူအဆင့်တွေမဟုတ်တော့ပါဘူး
> နှစ်လွာပေါင်းမှတစ်ရွက်ဆိုပြီး ဖြစ်နေကြပါပြီ
> အသက်ပေးပြီးချစ်ကြတဲ့သူတွေအဆင့်ရောက်နေကြပါပြီ
> သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်မဟုတ်ဘူးလို့ မယုံမသကာင်္မဖြစ်ပါနဲ့
> ဘာလို့လဲဆိုတော့ သူဟာယုံကြည်နေပါပြီ သင်ဟာ ဘုရားကပေးလာတဲ့
> ဖူးစာရှင်အစစ်လို့ ...
>
> 6 ရတဲ့သူက ခုချိန်တွေမှာ ဘာစားစား သကြားထည့်ဖို့တောင်မလိုတော့ပါဘူ
> ဘာလို့လဲဆိုတော့ သင်တို့အချစ်ရဲ့ချိုမြိန်ခြင်းက
> သကြားရဲ့အချိုဓါတ်ကိုတောင်ဝါးမြိုသွားလို့ဖြစ်တယ် ဒါပေမယ့်လည်း
> ဒီပျော်ရွင်မှုဟာ မပြည့်စုံသေးဘူးလို့သင်ခံစားရမယ် ရေမြောင်းပုပ်မှာ
> လရိပ်ကို မြင်ရသလိုပေါ့... သင်ဟာ သင့်ချစ်သူနဲ့
> ဒီလိုအမှတ်တရအချိန်လေးတွေကိုဘယ်လောက်ကြာကြာခံစားရဦးမှာလဲဆိုတာမသေချာသေးဘူး
> သို့ပေမယ့်လည်းသင်ဟာခုချိန်မှာအရမ်းပျော်နေတယ်လို့တော့ ပြောနိုင်တယ်လေ
> အကယ်လို့သူပြသနာတစ်ခုခုရှိပြီး သင့်ကိုမသိစေချင်ရင်လည်း သင်က
> ဘာမှမသိသလိုနေမှာအသေအချာပဲ ...
> သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ပြီလားလို့မေးရရင်တော့
> သင့်ရဲ့အစွမ်းအစပေါ်မှာမူတည်ပါတယ် ပြီးတော့
> သူရဲ့ခိုင်မာမှုနဲ့လည်းဆိုင်တယ်ေ
> သူ့ရဲ့ပြသနာကိုဖြေရှင်းနိုင်ရဲ့လားဆိုတာ....
>
> 7 ရတဲ့သူက ဒီတစ်ယောက်က
> သင့်ကိုအမြင်ရှင်းသွားအောင်လုပ်ပေးနိုင်စွမ်းရှိတယ်
> အနိမ့်စားလူတစ်ယောက်ကဘယ်လိုလဲဆိုတာပေါ့ ဘာဖြစ်လို့လဲဆိုတော့
> အဲဒီသူနဲ့အတူပါလာတာက တစ်ကိုယ်ကောင်းဆန်စိတ် ကိုယ့်ကိုယ်ကိုအထင်ကြီးမှု
> အများကြီး အများကြီးပေါ့ သင့်ကိုတစ်ခုခုကူညီလိုက်ရင်
> ကျေးဇူးအတင်ခံချင်တာကအရင် ပေါ့ ကျေးဇူးမမေ့နဲ့ ကျေးဇူးမမေ့နဲ့
> ဆိုတာသူ့ပါးစပ်ကပြောလာတဲ့စကားတွေပေါ့ ပွေလည်းပွေတယ် ကပ်စေးလည်းနှဲတယ်
> ဆိုးသောအရသာမျိုးစုံနဲ့ပြည့်နေတဲ့သူပေါ့ သင့်နဲ့ရည်းစားလာဖြစ်တာကလည်း
> အထွေအထူးမဟုတ်ပါဘူး Super Casanova ဆိုတဲ့ဂုဏ်ထူးကြီးကြောင့်ပဲဖြစ်တယ်
> သင်ဟာ ရုပ်မရှိရင်
> အဲဒီတစ်ယောက်ကသင့်ကိုမျက်စောင်းလေးတောင်ထိုးကြည့်မှာမဟုတ်ဘူး ပြီးတော့
> သင်မသိသေးတဲ့ သူ့ရဲ့အတွဲပေါင်းများစွာကိုလည်း
> ဂိုဒေါင်ကြီးထဲထည့်ထားရတဲ့အထိ ဒါကြောင့်
> သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ခွင့်ကတော့ လုံးဝမမျှော်လင့်နေပါနဲ့တော့နော် ...
>
> 8 ရတဲ့သူက သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အရေးဟာ 50% - 50% ပါပဲ
> သင်တို့အချစ်ဟာကြာပြီး အားလုံးနေရာကျနေပြီလေ
> တစ်ယောက်အကြောင်းကိုတစ်ယောက်သိနေပြီလေ ဒါကြောင့်တူတူနေတဲ့အချိန်ဆို
> စိတ်ချမ်းသာရတယ် အဲဒီစိတ်ချမ်းသာတာက ချိုတာတွေ romantic
> တာတွေမရှိတဲ့ခံစားချက် သ၀န်တိုခြင်း
> လိုချင်တပ်မက်မှုတွေမရှိတဲ့အချစ်ဖြစ်နေပါတယ် ဒါကြောင့်သင်တို့အချစ်က
> သကြားပြတ်သွားတဲ့အချစ်နဲ့တူတယ်ေ
> သင်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်သိကြမှာပါ
> တစ်ယောက်အပေါ်တစ်ယောက်ဘယ်လောက် နားလည်နိုင်စွမ်းရှိတယ်ဆိုတာ သူ့အပြင်
> သင့်အပေါ်မှာနောက်ထပ်နားလည်နိုင်မယ့်သူလည်းရှာလို့တွေ့တော့မှာမဟုတ်တော့ဘူးလေ...
> :)
>
> 9 ရတဲ့သူက ... အားရိုးရိုး သင်တို့အချစ်ကို နှိုင်းရရင်တော့
> နံနက်နေထွက်ချိန်နဲ့ ညနေ နေ၀င်ချိန် ... ကောင်းကင်နဲ့မြေကြီး ...
> သူချမ်းသာနဲ့ သူဆင်းရဲ ...နတ်ပန်းနဲ့ ငရဲပန်း ... စတာတွေပေါ့
> ဒါကြောင့်သင်တို့အချစ်ကို
> သင်တို့ကိုယ်တိုင်တောင်နားမလည်နိုင်ပဲဖြစ်နေရတယ် နောက်ထပ်
> ဘာထူးဆန်းစရာတွေ ထပ်လာဦးမလဲဆိုပြီးတော့ သင်တို့နှစ်ယောက်ရဲ့
> အချစ်အကြောင်းဟာ ဟာသတစ်ပုဒ်လိုပဲဖြစ်နေတယ် သင်တို့နှစ်ဦးကလည်းသိနေတယ်လေ
> ကြာရှည်လက်တွဲလို့မရဘူးဆိုတာပေါ့ ခဏတစ်ဖြုတ်လေးလက်တွဲတာကလည်း ကိုယ့်ဘ၀မှာ
> ရယ်စရာအမှတ်တရအဖြစ်ထားခဲ့ချင်လို့ပဲဖြစ်တယ်... သင်တို့နှစ်ဦးဟာ
> အလွန်ခြားနားလွန်းလို့ တူတူသွားလို့မရဘူးဆိုပြီးတော့ပေါ့
> သင်တို့နှစ်ဦးလမ်းခွဲသွားခဲ့ရင်လည်း
> သူငယ်ချင်းကောင်းတွေဆက်ဖြစ်ဦးမှာပါ...
>
>
>
>
>
>
>
>
> -
>
Share

No comments: