page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, June 1, 2012

ဟာသကြိုက်သူများအတွက် .......................

ညချစ်သူ | 2:53 AM |
ညချစ်သူ | 2:53 AM |




Best Blogger Tips
Share
(၁) အအို အအို အပျို
အဆောင်အတူနေတဲ့ အမျိုးသမီး သူငယ်ချင်းသုံးယောက် ဟာကုမဏီ တခုမှာ အလုပ်အတူတူလုပ်ကြတယ်။
သူတို့အလုပ်နဲ့ ကပ်လျှက် မှ ကြက်တူရွေး ရောင်းတဲ့ဆိုင်တစ်ဆိုင်မှာ တကောင်ဟာ လူစကားတော်တော်ပြော
တတ်တယ်..အမျိုသမီး ၃ ယောက် ဖြတ်လျှောက်သွားတိုင်း ကြက်တူရွေးက တခုခု လှမ်းလှမ်းအော်တတ်တယ်...
ကြက်တူရွေး။ ။""အဖြူ အပြာ အ၀ါ ......."" လို့လှမ်းအော်တယ် အမျိုးသမီး၃ ယောက် သိပ်ပြီးသတိမထားမိခဲ့ဘူး..
နောက်တရက်
ကြက်တူရွေး။ ။""အနီ အနက် အပြာ"" လို့ လှမ်းအော်တယ်..
အမျိုးသမီး ၃ ယောက် နဲနဲသတိထားမိသွားတယ်...နင်ရဲ့အောက်ခံဘောင်းဘီ ဘာရောင်လဲပေါ့..တယောက်က
ငါက အနီ...ငါက အနက်..ငါက အပြာ........
ဟယ် ..ကြက်တူရွေးက ငါတို့ဝတ်ထားတာကို လှမ်းမြင်ရလို့လား ...
သူတို့ မယုံနိုင်ဘူးဖြစ်နေတယ်...ဒါနဲ့တိုင်ပင်လိုက်တယ်..ငါတို့ တရောင်ထဲ ၀တ်ကြည့်ရအောင်..ပေါ့...
နောက်တရက်
ကြက်တူရွေး ။ ။ ""အနက် အနက် အနက်"" လို့လှမ်းအော်တယ်..
အမျိုးသမီး ၃ ယောက်တော်တော်လေး အံသြသွားတယ်...သူတကယ်သိတာလားပေါ့....
ဒါနဲ့ တယောက်က တိုင်ပင်တယ် ငါတို့ မနက်ဖြန် ဘာမှမ၀တ်ဘဲ လာကြမယ်..ကြည့်ကြသေးတာပေါ့
ကြက်တူရွေးရယ်လို့ ကြိမ်းဝါးလိုက်တယ်...နောက်တရက် အမျိုးသမီး ၃ယောက် ဖြတ်လျှောက်လာရင်
ဆိုင်ရှေ့ရောက်တော့ ကြက်တူရွေးကိုတောင် ပြုံးပြုံးလေး လှမ်းကြည့်လိုက်ကြတယ်...
ကြက်တူရွေး။ ။အမျိုးသမီး၃ ယောက်ကိုကြည့်ပြီး ခေါင်းခါလိုက်တယ်..စဉ်းစားရကြပ်တဲ့ပုံစံနဲ့...
နောက်ဆုံးတော့.............""အအို"" ""အအို"" ""အပျို"" လို့လှမ်းအော်လိုက်တယ်.............

◘◘◘◘◘ ◘◘◘◘◘ ◘◘◘◘◘ ◘◘◘◘◘ ◘◘◘◘◘ ◘◘◘◘◘
(၂) ပြင်ဆင်မှု
"သမီး.....မီးဖိုချောင်ထဲက ပန်းကန်ပြား ငါးချပ်ယူခဲ့စမ်း"
"ဘာလုပ်ဖို့လဲ မေမေ"
"သမီးဖေဖေနဲ့ စကားပြောစရာရှိလို့"
◘◘◘◘◘ ◘◘◘◘◘ ◘◘◘◘◘ ◘◘◘◘◘ ◘◘◘◘◘ ◘◘◘◘◘
(၃) ချစ်တဲ့အကြောင်းပဲပြောပါ
ကောင်မလေး။ ။ "ရှင် ကျွန်မကို ချစ်တယ်နော်"
ကောင်လေး ။ ။ "သိပ်ကို ချစ်တယ်"
ကောင်မလေး။ ။ "အဲဒါဆို ဘယ်တော့ လက်ထပ်ကြမလဲဟင်"
ကောင်လေး ။ ။ "ဟေ့ ဟေ့...ခေါင်းစဉ်ကို ဗြုန်းစားကြီး ပြောင်းမပစ်နဲ့လေ."
◘◘◘◘◘ ◘◘◘◘◘ ◘◘◘◘◘ ◘◘◘◘◘ ◘◘◘◘◘ ◘◘◘◘◘
(၄) ငြင်းပါ
အမျိုးသမီး။ ။ "ဒေါက်တာ...ကိုယ်ဝန်မရှိအောင် ဘာလုပ်ရမလဲ.ဟင်"
ဒေါက်တာ။ ။ "ဟင့်အင်းလို့ ပြော"
(၅) အမြင်ကပ်လာလို့
 ပန်းခြံတခုအတွင်းမှ ခုံတန်းတခုတွင် သမီးရည်းစားစုံတွဲ တစ်တွဲထိုင်နေသည်။
ခုံတန်း၏ တစ်ဖက်စွန်းတွင်လည်း အဖိုးအိုတစ်ဦး စာအုပ်ဖတ်နေလေသည်။
သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာ ပြောသမျှကို အဘိုးကြီးအတိုင်းသား ကြားနေရ၏။
မိန်းကလေးက"မောင်၊ ခေါင်းနည်းနည်းမူးလာတယ်"
ကောင်လေးက နဖူးလေးကိုနမ်းလိုက်၏။
ထို့နောက်"မူးသေးလားဟင်"
"ဟင့်အင်း၊ ပျောက်သွားပြီ"
အတန်ကြာသောအခါ......
မိန်းကလေးက "မောင်၊ ဇက်ကြောတွေတက်လာသလိုပဲ"
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏
"ဘယ်လိုနေသေးလဲ"
"အင်း..သက်သာသွားပြီ"
ခဏကြာသော်... "မောင်၊ လက်တွေကလည်း ဘယ်လိုဖြစ်တယ် မသိဘူး၊ တဆစ်ဆစ်နဲ့"
ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယ နမ်းပေးလိုက်၏။
တဖက်တွင်ထိုင်နေသော အဘိုးကြီး အတော်ကို နားကြားပြင်းကတ်လာ၏။
ထို့ကြောင့်လှမ်းပြောလိုက်၏။
ဟေ့..ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွ
'ဦးမှာ လိပ်ခေါင်းဖြစ်နေလို့' တဲ့


Share

No comments: