page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, April 18, 2013

ဒဿ န စကားများ

ညချစ်သူ | 8:40 PM |
ညချစ်သူ | 8:40 PM |




Best Blogger Tips
Share

ကျွန်တော် ဖတ်ဖူးသမျှ ဒဿနစကားများကို စုစည်းဖော်ပြပေးလိုက်ပါတယ် ။ရေးထားသူတွေကိုတော့
များနေလို့  မဖော်ပြဖြစ်တာကို ခွင့်လွှတ်နားလည်ပေးပါလို့  တောင်းပန်ချင်ပါတယ် ။
သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်က
ညချစ်သူ
တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ

သူ့ကိုခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။


ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို


စိတ်ပျက်အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။


ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။


စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။

စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။

ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။



ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။

ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။


သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။

သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။


ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?

ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?


ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

အတိတ်က ကြုံတွေ့ နေရသော မအောင်မြင်မှုများ၊ ၀မ်းနည်းဖြင်းများ၊ မှားယွင်းမှုများကို
ထပ်တလဲလဲ တွေးနေမည့်အစား ထိုအရာများကို သင်ခန်းစာယူပြီး လိုလားတောင့် တမှုများ
ပြည့်ဝအောင်သာ ကြိုးစားပါ။


မိမိစွမ်းဆောင်နိုင်သောစွမ်းအားကို  ကိုယ်ကျိုးအတွက်ချည်းလည်း မသုံးသင့်ပေ။
ထို့ ထက်....မကောင်းသောကိစ္စများတွင် ပိုရ်ျ မသုံးသင့် ပေ။


ဆိုးကျိုးကောင်းကျိုးများသည် မလိုချင်လည်း ရလာနိုင်သော်လည်း လိုချင်သော်
လည်း ရလာမည် မဟုတ်ပေ။ သင့်အနေနှင့် ကတော့ မည်သည့် ရလဒ်ကိုပဲဖြစ်စေ အကောင်းဆုံး
ရင်ဆိုင်နိုင်သော စိတ်ဓာတ်ကိုသာ မွေးမြူထားသင့်ပေဧ။် ။။


အပျက်သဘောဆောင်သည့်အတွေးသည် ဆိုးကျိုးကိုသာ ပေးသည်။
ထိုအတွေးကို ကောင်းသည်ဟု ထင်လျှင်တော့  အဆိုးဝါးဆုံး ဖြစ်ပေတော့ သည်။

အထက်ကိုတက်တော့ မည်ဆိုလျင် လမ်းတိုသည် ရှည်သည် ကြမ်းသည်  ချောသည်
ရွေးချယ်နေမည့်အစား နှင့် သင့်လျော်သော အမြန်ဆုံး အပေါ်ရောက်နိုင်သည့် လမ်းကိုသာ
ရွေးချယ်ပါ။


ချစ်ခြင်းမေတ္တာသည် စိတ်ဓာတ်မခိုင်မာနှင့်  တန်ဖိုးမသိသူတို့ ထံသို့  လာလေ့မရှိပေ။
ထိုသူများ ရသောမေတ္တာမှာလည်း  အစစ်အမှန် မဟုတ်ဘဲ အတုသာ ဖြစ်ပေလိမ့်မည်။


အခြားသူများအား ပြစ်တင်ဝေဖန်တော့ မည်ဆိုလျှင် ဦးစွာ မှန်တစ်ချပ်ရှေ့ ရပ်ပြီး
ထိုစကားလုံးများကို အရင်ရွတ်ဆိုကြည့် သင့်ပါသည်။
အခွင့်အရေးဟူသည် လူတိုင်းဆီသို့  တစ်ကြိမ်မဟုတ်တစိကြိမ် ရောက်လာလေ့ရှိပါသည်။
ထိုအခွင့်အရေးကို အသုံးချတတ်ခြင်းနှင့် ဥပေက္ခာပြုနေခြင်းကြောင့်သာ ရရှိသောရလဒ်ခြင်း
မတူညီကြခြင်းဖြစ်ပါသည်။

ရွှေအစရှိသော ရတနာတို့ သည် တန်ဖိုးသတ်မှတ်ချက်များ အသီးသီးရှိကြသည်။
ကိုယ်ပိုင်တွေးတောကြံဆမှုမှ ရရှိသော စိတ်ကူးသည် တန်ဖိုးမဖြတ်နိုင်သည့်
ရတနာပင် ဖြစ်ပေသည်။

သင်ဒုက္ခဆင်းရဲနှင့်  ကြုံတွေ့ နေစဉ်က ဥပေက္ခာပြုထားခဲ့သူသည်
သင်ကြီးပွားချမ်းသာလာသောအခါ သူကရှေ့ဆုံးမှ ရောက်လာလေ့ရှသည်။

 ပျော်ရွှင်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ
ဘ၀တက်လမ်းအတွက် မှန်ကန်သော ရွေးချယ်မှုဆိုပါက သင့် အနေနှင့် ကြိုးစားသင့်ပေသည်။

အပြုသဘောဆောင်သည့် စိတ်ကနည်းလမ်းကောင်းများကို ရှာဖွေနေချိန်မှာ အဖျတ်သဘေဆောင်သည့်
စိတ်က ပျက်စီးစေနိုင်သော နည်းလမ်းများကိုသာ တွေးတောကြံဆနေလေသည်။

မည်သည့်အရာကိုမဆို စိတ်အားထက်သန်မှုနှင့် ဆောင်ရွတ်ပါက ကြောက်စိတ်နှင့် စိုးရိမ်စိတ်တို့ မှာ
အဝေးသို့  ဖယ်ခွာသွားလေ့ရှိသည်။

စာဖတ်ခြင်းသည် အသိပညာအတွက်ဖြစ်ပြီး လက်တွေ့ လုပ်ခြင်းက အတတ်ပညာအတွက်ဖြစ်သည်။
ထိုနှစ်ခုကို ညီမျှအောင်လုပ်မှ ဘ၀ဟန်ချက်ညီပေမည်။

သင်အသက်ရှင်နေသမျှ ကာလပတ်လုံး မည်သို့ အသက်ရှင် နေထိုင်ရမည်ကို သင်ယူနေပါ။

သင့်ကိုသင် ထင်မြင်ထားသလို သင်ဖြစ်လာလိမ့်မည်။

 “ အမှန်တရား ” ဟုထင်သော အလုပ်တစ်ခုခုကို လုပ်တော့မည်ဆိုလျှင်ထိုအလုပ်သည်ရော

မှန်ရဲ့လားဟု ပြန်လည်ဆန်းစစ် သင့်ပါတယ်။

လောကကြီး၏ သာယာမှုများမှာ စွမ်းအားကောင်းလှကြောင်း သံသယဖြစ်ဖွယ် မရှိပါချေ။
ယင်းသာယာမှုများ၏ ဆွဲဆောင်တုပ်နှောင်မှုမှာ မသိမှု (Ignorance)“ အသိညဏ် နည်းပါးခြင်း ”

ဟူသော မောဟမိခင် ဖြစ်ပါသည်။

ဘ၀မှာ အခက်အခဲ တစ်ခုတွေ့တိုင်း မိမိအတွက်ရင့်ကျက်မှု တစ်ခုရစမြဲဖြစ်ရာအခက်အခဲတစ်ခုတွေ့

တိုင်း စိတ်မပျက်ပါနှင့်အတွေ့အကြုံသစ် ဒါမှမဟုတ် မိမိအတွက် ဘ၀သင်ခန်းစာ တစ်ခုလိုသဘော
ထားနိုင်ရင်ဘ၀မှာနေပျော်ပါတယ်။

ဝါသနာကို ပြုစုပျိုးထောင်ရသည်မှာ သစ်ပင်တစ်ပင် စိုက်သကဲ့သို့……ဇွဲရှိရတယ်…….။စိတ်ရှည်ရတယ်………..။

ပြုစုပျိုးထောင်မှု ကောင်းရတယ်……….။သို့မှသာ…..။သစ်ပင်မှ အသီးအပွင့်ကို စားရသကဲ့သို့ ၀ါသနာဖြင့် ဆောင်
ရွက်ရသောအသက်မွေးဝမ်းကျောင်းမှရသော “ အကျိုးအမြတ် ” ကိုလည်း မလွဲမသွေ ခံစားရနိုင်ပါသည်။

နွေရာသီကို နှစ်သက်သော သင့်အတွက်မိုးရာသီနှင့်ဆောင်းရာသီကတော့ မလွဲမသွေကျော်ဖြတ်ရပါမည်။

ထို့အတူပါပဲ… အချစ်ကိုလိုချင်သူများ အတွက်လည်း.“ သောကနှင့်ဒုက္ခ ” ကိုတော့ မလွဲမသွေ လက်ခံရတတ်ပါသည်။

ချစ်သူဘ၀မှာ အလှကိုကြည့်တာထက် ဘ၀ကိုကြည့်ပါ။အိမ်ထောင်သည်ဘ၀ရောက်ကြတဲ့အခါ

ဘ၀ကိုကြည့်တာထက် “ စိတ်အလှ ” ကိုမြင်အောင်ကြည့်ပေးပါ။

ပျားရည်လို ချိုမြိန်သောအချစ်….ပန်းတစ်ပွင့်လိုလှပသောဘ၀ထိုနှစ်ခုကို ဆုံဆည်းဖို့ ……. နှလုံးသား

ကို လမ်းခင်းပေးပါ။

လမ်းမသိတဲ့လူဟာ လမ်းမှာတွေ့သမျှလူကို မေးသွားတာ နောက်ဆုံး သူသွားချင်တဲ့ခရီးကိုရောက်နိုင်တယ်။သိချင်

ယောင်ဆောင်တဲ့ လူကတော့ ဘယ်သူ့ကိုမှ မမေးဘဲသွားလို့သူလိုချင်တဲ့ခရီးကို မရောက်နိုင်တော့ဘူး။
အန္တာရယ်တွေထဲမှာ မိမိကိုယ်ကို လိမ်ခြင်းမှာအန္တာရယ် အကြီးဆုံးပါပဲ…….။

ဘ၀တစ်ခုကို စတင်တည်ထောင်ရာတွင် သင်နှစ်သက်သော အလုပ်ကိုရသည်ထက်ရလာသောအလုပ်ကို

လုပ်၍စတင်ရပါမည်။အသင့်အတင့်ရပ်တည်နိုင်မှ….သင်နှစ်သက်သောအလုပ်ကို ပြောင်းလဲလုပ်ကိုင်နိုင်ပါ
သည်။စကာစ၌ပင် အလုပ်ရွေးနေလျှင်….သင့်အတွက်ဘာတစ်ခုမှ အောင်မြင်မည် မဟုတ်ပေ…….။

လောကသဘာဝက ခန္ဒာကိုယ်ကိုပဲ ဖန်ဆင်းပေးလိုက်တာပါ။အဲဒီခန္ဒာကိုယ်ကို လှုပ်ရှားပေးနိုင်မယ့် “ စိတ် ”

ကိုတော့ မိမိဘာသာ မွေးမြူပျိုးထောင်ရတာပါ။

ဘ၀ရဲ့ဒဏ်ကို ကြမ်းကြမ်းတမ်းတမ်းခံခဲ့ရသူတွေမှာ ဆူးတစ်ချောင်းရှိပါတယ်။အဲဒီဆူးဟာ….. အရာရာကို

ထိုးဖောက်ပစ်နိုင်တယ်။

ကြီးပွားချမ်းသာတဲ့ လူတစ်ယောက်ဖြစ်ဖို့ ပထမဆုံးလိုအပ်ချက်က…….ကြီးပွားချင်စိတ်ဆန္ဒအား ပြင်းပြဖို့နဲ့

အမှန်တကယ် ကြီးပွားအောင် လုပ်ကိုလုပ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက် ခိုင်မာစွဲမြဲဖို့ပါပဲ………….။

လူတိုင်းမှာ အလှတရားကိုယ်စီ ရှိကြသော်လည်းအချစ်စစ်နဲ့ထိုက်တန်သော အလှတရားကတောာ့ လူတိုင်းမှာ မရှိနိုင်ပေ…။

သင်လိုချင်သော်လည်း အလွယ်တကူ မရရှိနိုင်သည်မှည “ပျော်ရွင်ခြင်း ” ဖြစ်၏။

သင်မလိုချင်သော်လည်း အလွယ်တကူ ရနိုင်သောအရာမှာ “ ၀မ်းနည်းခြင်း ” ပင်ဖြစ်၏။

စိတ်ထားခိုင်မာသူ တစ်ယောက်အဖို့ ဒုက္ခဆင်းရဲဟူသည် ………“ ရုပ်အသွင်ဖျက်လာသော အောင်မြင်ခြင်း

တမန်တော် ” ဖြစ်ကြောင်းအလွယ်တကူသိနိုင်ကြပါသည်။

လူပျော့လူညံ့တို့၏ အလုပ်က ဘယ်အချိန်မှရမည် မသိသေးသည့် အခွင့်အလမ်းတို့ကိုအချိန်ကုန်ခံ၍ စောင့်မျှော်လေ့ရှိသည်။

စိတ်ဓါတ်စွမ်းအား ထက်သန်သူတို့ကတော့ သူတို့လိုချင်သည့် အခွင့်အလမ်းကိုမရမချင်း လိုက်ရှာလေ့ရှိကြသည်။

“ လိမ့်နေသောကျောက်တုံးသည် ရေညှိမတင် ” ဟူသောစကားအတိုင်း အမြဲလှုပ်ရှားကြိုးစားနေသူကို “ ပျင်းရိခြင်း ”သည်

လာရောက်တွယ်ကပ်နိုင်မည် မဟုတ်ချေ။

လူ့စိတ်သည် သင်ယူခြင်းမရှိဘဲ မတိုးတတ်နိုင်။

လက်မထပ်ခင်က ယောက်ျားလေးများ၏ အချစ်သည် မိန်းကလေများထက်များစွာပိုပြီးလက်ထပ်ပြီးနောက်တွင်

မိန်းကလေးများအချစ်က တဖြည်းဖြည်း ပိုလာလေ့ရှိပါတယ်။

လူတွေဟာ ကြောင်းကျိုးဆင်ခြေဥာဏ် မရှိကြတဲ့အပြင်“အတ္တမာနစိတ်” ကြီးမားလွန်းကြပါတယ်။

ဒါပေမယ့် “ မေတ္တာထားလိုက်ပါ ”။

သူတစ်ပါးကကိုယ့်ကို စော်ကားမှာမကြောက်ပါနဲ့။ကိုယ်ကသူတစ်ပါကို စော်ကားမိမှာကိုပဲ ကြောက်ပါ။

ကြီးပွားလိုသောစိတ်နှင့် ကြီးပွားမည်ဟူ၍ ယုံကြည်လျက် ကြီးပွားသော အခြေအနေကိုသာထင်မြင်ပါက

ထိုအထင်အမြင်အတိုင်း ဖြစ်မြောက်စေရအောင်အတွင်းစိတ်က ဖန်တီး၍ပေး၏။

လေးနက်ခိုင်မြဲသော အချစ်ဆိုတာ တဖြည်းဖြည်းချင်း ရှင်သန်လာတတ်ပါတယ်။

အချစ်စစ် အချစ်မှန်ဆိုတာကလည်း အချိန်ကာလနဲ့လေးနက်မှုရှိမှ ပေါက်ဖွားလာတတ်ပါတယ်။

ပျော်ရွှင်မှုသည် ကျွန်ုပ်တို့အပေါ်တွင် မူတည်သည်။ ကျွနိုပ်တို့ ရှာဖွေရရှိသော ငွေကြေး (သို့)

ဘ၀တွင် ကျွန်ုပ်တို့၏ ရပ်တည်ချက်ဟူသည် အပေါ်မတည်မှီပါ။

ငယ်စဉ်ကာလ လမ်းလျှောက်တတ်စမှာဘေးနားမှာ အဖေါ်တစ်ယောက်လိုတယ်။

ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်တော့ မလိုတော့ဘူး….ဒါပေမယ့်……….
အသက်အရွယ်အိုမင်းမစွမ်း ဖြစ်လာပြန်တော့ လက်တွဲဖေါ်လိုလာပြန်ရော……….။

ဘ၀အတွေ့အကြုံ နုနယ်သေးတဲ့လူတွေဟာ အချစ်နဲ့ထိတွေ့လိုက်တာနဲ့ အရူးအမူးဖြစ်ပြီး

“အချစ်ထက်ပိုပြီး အရေးကြီးတာမရှိတော့ဘူး”လို့ ထင်တတ်ကြပါတယ်။
ရင့်ကျက်လာတဲ့ အခါရောက်တော့မှ အချစ်ထက်ပိုပြီး အရေးကြီးတဲ့အရာတွေ အများကြီးရှိမှန်းသိကြတယ်။

အနာဂတ်ကာလ၏ လျောက်လှမ်းရမည့်လမ်းကို အကောင်းဆုံးထုဆစ်ပေးနိုင်သူမှာ….

“အတိတ်ဘ၀၌ ကျန်ခဲ့သော မှားယွင်းမှုများ” ပင်ဖြစ်ပါသည်……….။

ထမင်းငတ်လို့သေတဲ့ “မသာ” တော့မရှိပါဘူး။ဒါပေမယ့်…….ဆင်းရဲရင်တော့ သေတတ်ပါတယ်………..။


Share