တွေးတတ်ဖို့ ဘဲလိုပါတယ်-
================
စစ်မှန်တဲ့ အောင်မြင်မှုဟာ အလိုလိုဖြစ်မလာပါဘူး၊ သေသေချာချာ စီစဉ်ပြီး
ကြိုတင်ပြင်ဆင်ပြီး လုပ်သင့်တာကို နှစ်ပေါင်းများစွာ ရေရှည်လုပ်လာမှ
စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ ဖြစ်လာမယ်။
ကံကောင်းလို့ေ
အာင်မြင်
တယ်ဆိုတာ မရှိသလောက်ရှားပါတယ်။
ပစ္စုပ္ပန်မှာ လုပ်သင့်တာတွေကို
ဥာဏ်ပါပါ ၀ီရိယကောင်းကောင်း
ဇွဲကောင်းကောင်းနဲ့ ရေရှည်မလုပ်ဘဲ
အတိတ်ကံ တစ်ခုတည်းနဲ့
တကယ့်အောင်မြင်မှုကို မရနိုင်ပါဘူး။
ကိုယ်ရှေ့က လုပ်သွားတဲ့သူတွေ့ရဲ့ ကောင်းမွေဆိုးမွေကို ကိုယ်ခံရတယ်။
ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ ကောင်းမွေဆိုးမွေတွေလည်း ကိုယ့်သားစဉ်မြေးဆက်
ခံကြရမယ်။
ဒါကြောင့်ကိုယ်လုပ်တွဲံ အလုပ်ရဲ့ ကောင်းကျိုး ဆိုးကျိုးကို
ကိုယ်တယောက်တည်း
ခံစားရတာ မဟုတ်ဘူး ဆိုတဲ့ အသိစိတ်နဲ့ တာဝန်သိသိ
လုပ်သင့်တယ်။
ဘဝမှာလိုက်နာသင့် တာလေးတွေ.........။ Feb 22, 2009 12:01 AM for everyone
(၁) မှတ်သင့်တာကို မှတ်ပါ။ မေ့သင့်တာကို မေ့ပါ။ ပြုပြင်ပြောင်းလဲသင့်တာကို
ပြုပြင်ပြောင်းလဲပါ။ပြုပြင်ပြောင်းလဲလို့ မရတာကို လက်ခံနိုင်အောင် ကြိုးစားပါ။
(၂) လူ့ဘ၀ဆိုတာ တိုတိုလေး။ ခဏတာအချိန်လေးမှာ ၀မ်းနည်းစရာ၊ စိတ်ပျက်စရာ
ဘာတစ်ခုမှ ချန်မထားခဲ့နဲ့။ ရီချင်ရင် ရီပစ်လိုက်၊ ငိုချင်ရင် ငိုပစ်လိုက်၊
ချစ်ချင်ရင် ချစ်ပစ်လိုက် ဘယ်ဖိအားနဲ့မှ ကိုယ့်ကို ထိန်းချုပ်မထားလေနဲ့။
(၃) စိတ်ကူးနဲ့လက်တွေ့ တစ်ထပ်တည်း မကျတဲ့အခါ နာကျင်အောင် ခံစားရတယ်။ အဲဒီနာကျင်မှုကိုသင်အလဲထိုးမလား...? နာကျင်မှုက သင့်ကို အလဲထိုးတာကို ခံမလား...?
(၄) အရှေ့နေထွက် အနောက်နေ၀င်။ စိတ်ညစ်ရင်လဲ တစ်ရက်ပဲ၊ ပျော်ရွှင်ရင်လဲ တစ်ရက်ပဲ။
ဘာလို့ အဲဒီတစ်ရက်ကို ပျော်ရွှင်ခြင်းနဲ့ မပြီးဆုံးစေချင်တာလဲ...?
(၅) အကယ်၍ ရန်သူကြောင့် သင်ဒေါသထွက်တယ်ဆိုရင် အဲဒီရန်သူကို နိုင်တဲ့
အရည်အချင်း သင့်မှာ မရှိသေးလို့။
(၆) အကယ်၍ သူငယ်ချင်းကြောင့် သင်ဒေါသထွက်တယ်ဆိုရင် အဲဒီသူငယ်ချင်းရဲ့
ခင်မင်မှုကို သင်အသိအမှတ်ပြုလို့။
(၇) ကိစ္စတစ်ချို့ကို ကိုယ်က မထိန်းချုပ်နိုင်ရင် အကောင်းဆုံးက ကိုယ့်ကိုယ်ကို
အရင်ထိန်းချုပ်ပါ။
(၈) ကိုယ်အခုလုပ်နေတာတွေ ဘယ်ဟာက အမှန်လဲ... ဘယ်ဟာက အမှားလဲ မသိဘူး။ ကိုယ်အိုမင်းလို့ သေဆုံးခါနီးမှ အမှား၊ အမှန်ကို သိနိုင်တော့မယ်။
ဒါကြောင့် အလုပ်တစ်ခုကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်ပြီး
အိုမင်းသေဆုံးသွားမဲ့ အချိန်ကိုစောင့်ပါ။
(၉) လူတစ်ချို့က မိုက်ရိုင်းမယ်။ လူတစ်ချို့က ကောက်ကျစ်မယ်။ သူတို့နေရာမှာ ၀င်ရောက်ခံစားကြည့်မှသူတို့ဟာ ကိုယ့်ထက် သနားစရာကောင်းမှန်းသိတယ်။
ဒါကြောင့် လူကောင်းဖြစ်ဖြစ်၊ လူဆိုးဖြစ်ဖြစ် ကိုယ်ကြုံဖူး ဆုံဖူးသူကို နားလည်ခွင့်လွတ်ပါ။
(၁၀) နောင်တဆိုတာ စိတ်ဓာတ်ကို ပျက်ပြားစေတဲ့ ခံစားမှုတစ်မျိုးပဲ။ နောင်တဆိုတာ
ကျရှုံးမှုထက် ပိုကြီးမားတဲ့ ကျရှုံးမှု၊ အမှားထက် ပိုကြီးမားတဲ့ မှားဖြစ်တယ်။
တွေးတတ်ဖို့ ဘဲလိုပါတယ်-၁ ============== ဒီလောကမှာ ဖြစ်ပျက်နေတဲ့
အရာမှန်သမျှကို ဒါအကောင်းပဲ၊ ဒါအဆိုးပဲလို့ တရားသေ သက်မှတ်လို့ မရကောင်းပါဘူး။
တခါတလေမှာ အကောင်းတွေဆိုပြီး ဆုပ်ကိုင်ထားတဲ့ အရာတွေဟာ ကံကြမ္မာ အလှည့်
အပြောင်းကြောင့် အဆိုးတွေ ဖြစ်သွားတတ်ပါတယ်။ ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့် အတင်းအကျပ်ကြီး
ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့
ခံယူလိုက်ပါ။ အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ် ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့စခန်းသွင်း လေ့ကျင့်နေ
တယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး မဆိုးရွားဘူးဆိုတာ
သိလာပါလိမ့်မယ်။
ရွှေအိမ်စည် Share