page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, October 10, 2012

ပြဿနာ တစ်ရပ်ကို ဖြေရှင်းရန် စဉ်းစား တွေးခေါ်ခြင်း

ညချစ်သူ | 1:50 AM |
ညချစ်သူ | 1:50 AM |




Best Blogger Tips
Share


သူငယ်ချင်းတို့ ရေ ကျွန်တော်ဒီနေ့ တင်ပြမယ့်အကြောင်းအရာကတော့  ဘ၀မှာ
ပြဿနာရပ်တွေနဲ့ ကြုံတွေ့ လာခဲ့ရင် ဘယ်လို ဖြေရှင်းသင့်လဲဆိုတဲ့ အကြောင်းအရာ
လေးပါ ။ကျွန်တော်တို့ နေ့ စဉ်ဘ၀ကို ဖြတ်သန်းကြတဲ့အခါမှာ တစ်ချိန်မဟုတ်တစ်ချိန်
ချိန်တော့ ပြဿနာတွေနဲ့  ရင်ဆိုင်ဖြေရှင်းရမှာပါ ။အကြောင်းကိစ္စကြီးငယ်တာ ကွာပါ
လိမ့်မယ် ။လောကမှာ လူတိုင်းကတော့  ပြဿနာတွေနဲ့ မကင်းနိုင်ကြပါဘူး ။


“ပြဿနာ”ဆိုသည် မှာ ရင်ဆိုင် မဖြေရှင်းဘဲအချိန်ကြာကြာလျစ်လျူရှုထားလျှင်မှေးမှန်
ကာပျောက်ကွယ်သွားရတာ ရှသလိတချို့  “ ပြဿနာ ”တို   မှာ ရင်ဆိင် မဖြေရှင်းလျှင်
ပိ၍ကြီးထွားလာတတ်ကြသည်။ ထိသို့ ကြီးထွားလာသော “ပြဿနာ”ကို လျစ်လျူရှုပြန်
လျှင် တချိန်ချိန်မှပါက်ကဲမှုတွေ နှင့် ရင်ဆိင်ရတတ်ပါသည်

ပြဿနာနှင့် ပတ်သက်ပြီး ပုံပြင်လေးတစ်ခုက ဒီလိုဆိုထားပါတယ်.............။

တစ်ခါက မုဆိုးကြီး တစ်ယောက်ဟာ သူ့သားကို အသိပညာ တစ်ခုပေးချင်လို့ သူတော
လိုက်သွားရာကို ခေါ်သွားသတဲ့။ တစ်နေရာလည်း ရောက်ရော တောင်ကမူလေး တစ်ခုမှာ
ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့။ ဖခင်မုဆိုးကြီးက သူ့သားကို သေသေချာချာ ကြည့်
ခိုင်းပြီး နေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးသို့ ရောက်အောင် ခဲလုံးတစ်လုံးနဲ့
ပစ်ပေါက်လိုက်တယ်။

ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ ထရပ်လိုက်တယ်။ ပြီးတော့
ဘာရယ်ညာရယ်မှန်း မသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်။ သူ့ကိုလာလန့်စေတဲ့ခဲလုံးကို
လိုက်ကိုက် နေတော့တယ်။ ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး ၊ စားစရာလဲ မဟုတ်ဘူး
ဆိုတာသိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်။ ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖ နှစ်ယောက် ပြန်
လာခဲ့ကြတယ်။

နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို ထွက်လာခဲ့
ပြန်တယ်။ ဒီတစ်ခါမှာတော့ သူတို့ဟာ နေရာအချက်အချာ ကောင်းတဲ့ သစ်ပင်ပေါ်မှာ နေရာယူ
ကြတယ်။ သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူ တစ်ခုရှိတယ်။ ကျောက်ဂူဝ
မှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်။ ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြော
ပြီး ခြင်္သေ့ရဲ့လက်နဲ့ လည်ပင်းကြားထဲကို ခြင်္သေ့ကို မထိစေပဲမြားတစ်စင်း ပစ်လိုက်တယ်။

မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ။ ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွားစိုက်တယ်။ စွပ်ခနဲ့
လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖျတ်ခနဲ့ကြည့်ပါတယ်။ ဒါပေမဲ့ ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြား
ထဲလာစိုက်တဲ့ မြားကိုသေသေချာချာကြည့်ပြီး ငြိမ်နေတယ်။ ခဏကြာတော့ မြားလာရာ လမ်းကြောင်း
ကို မျှော်ကြည့်တယ်။ပြီးတော့ မြားကိုတလှည့် ၊ မြှားလာရာ လမ်းကြောင်းကို တလှည့်သေချာကြည့်
တယ်။ မြှားတံကို ခြင်္သေ့က ဘာမှ မလုပ်ပဲမြှား လာရာလမ်းကြောင်ရဲ့ အစွန်းရှိ ရန်သူကို တိုက်ခိုက်ဖို့
ရာထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်။

ဒါကြောင့်..........

ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့ ခွေး..........။

ကိုယ့်ကို ရန်ပြုလာတဲ့မြားကို လျစ်လျူရှုပြီး မြားလာရာလမ်းကြောင်းရဲ့ ဟိုဘက်မှာရှိတဲ့ အဓိက ရန်သူ
ကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့...............။

ခွေးကတော့ ခွေးပါပဲ.....။

ဒီလိုပဲ...ခင်္သေ့ကလဲ ခြင်္သေ့ပါပဲ........။.

ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့။ လောကကြီးမှာလဲ ဒီလိုပါပဲ။ ကိုယ့်ဆီရောက်
လာတဲ့ ပြဿနာတွေကို အတင်တွန်းထိုး တိုက်ခိုက်တတ်လား။ ပြဿနာရဲ့အစကရှာပြီး ပြေလည်
အောင် ရှင်းတတ်လား ၊ ဆိုတဲ့ လူနစ်မျိုးကွဲ သွားပါတယ်။

ဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ။

ငါဟာ...........ခြင်္သေ့..........လား ၊ ခွေး...လား။

အဖြေရလာပါလိမ့်မယ်။ ။

ပုံပြင်ထဲကလိုပြဿနာတစ်ခုခု သင့်မှာ  ရှိနေပြီဆိုပါစို့ ။သင့်ဘယ်လို ဆုံးဖြတ်မလဲ စဉ်းစား
တွေးခေါ်ကြည့်ရအောင် လားခင်ဗျာ .......................။

ပြဿနာ တွေကို ခွဲခြမ်း စိတ်ဖြာလိုက်ပါ။ဘယ်နေရာမှာ ဘယ်လို ပြဿနာဖြစ်နေသလဲ
ဆိုတာကို အရင် ထင်ရှားအောင် လုပ်ရမယ်။ပြီးတော့ အဓိက ကျတဲ့ အဆင်မပြေဖြစ်နေ
တဲ့ ပြဿနာကို ရွေးထုတ်ရမယ်။ထိုနောက်  အဲဒီရွေးထားတဲ့ ပြဿနာကို ဆန်းစစ်ဝေဖန်
ရမယ်။..။ နောက်တစ်ဆင့်ကတော့ အလားအလာရှိတဲ့အဖြေတွေ ရှာထုတ်ရမယ်။ ပြဿ
နာကို ဖြေရှင်းနိုင်မယ့် အဖြေတွေကို ရှာကြည့်ရမယ်။ပြီးတော့အလားအလာရှိတဲ့ အဲဒီအ
ဖြေတွေထဲက အကောင်းဆုံးကို ဖြစ်မြောက်အောင် အစီအစဉ်ဆွဲရမယ်။အောင်မြင်တဲ့ အ
ထိအကောင်အထည်ဖော်ယူရမယ် နောက်ဆုံးအဆင့်ကတော့ မိမိရဲ့ ဖြေရှင်းချက်ကို ထိ
ရောက် မထိရောက်ဆိုတာ ဝေဖန်အကဲဖြတ်ကြည့်ရမယ်။

ပြဿနာ တစ်ရပ်ကို ဖြေရှင်းရန် စဉ်းစား တွေးခေါ်ခြင်းတွင် ချဉ်းကပ်ပုံ အမျိုးမျိုး

ခွဲခြမ်း စိတ်ဖြာ စဉ်းစား တွေးခေါ်ခြင်းသည် ပြဿနာ တစ်ရပ်၏ ပါဝင်ဖွဲ့စည်းထားသော
အစိတ်အပိုင်းများကို တစ်စစီ ခွဲခြား စဉ်းစားခြင်း ဖြစ်သည်။ မည်သည့် အပိုင်းက ပြဿနာ
ဖြစ်စေသည်ကိုခွဲခြမ်း စိတ်ဖြာ ဆုံးဖြတ်ရမည် ဖြစ်သည်။

ပြုပြင်ဖန်တီးနိုင်အောင်တွေးခေါ်ခြင်း 

ပြုပြင်ဖန်တီးနိုင်အောင်တွေးခေါ်ခြင်း  တွင် အသစ် တီထွင်ထားသော နည်းလမ်းများဖြင့်
ပြဿနာကို မည်သို့မည်ပုံ ချဉ်းကပ်ရမည်ကို စဉ်းစား တွေးခေါ်ခြင်း ဖြစ်သည်။

ကျိုးကြောင်းပြ စဉ်းစားတွေးခေါ်ခြင်း

ကျိုးကြောင်းပြ စဉ်းစားတွေးခေါ်ခြင်းတွင် အစီအစဉ်တကျ ယေဘုယျမှ အတိအကျအဖြေ
ရအောင်ကျိုးကြောင်း ဆင်ခြင်ခြင်းဖြင့် ရှင်းရှင်း လင်းလင်း သိရှိရန် စဉ်းစား တွေးခေါ်ခြင်း
ဖြစ်သည်။

ဆန်းသစ် ဝေဖန်သော စဉ်းစား တွေးခေါ်ခြင်း

ဆန်းသစ် ဝေဖန်သော စဉ်းစား တွေးခေါ်ခြင်းတွင် မိမိ မည်သည့် အရာကိုပြီးမြောက်
အောင်ကြိုးစားနေသည်။ အောင်မြင်ပြီးနောက် မည်သည့် အကြောင်းအရာကိုသိရှိလာ
မည်ကို စဉ်းစား တွေးခေါ်ခြင်း ဖြစ်သည်။

လေးလေးနက်နက် စဉ်းစားတွေးခေါ်ခြင်း

လေးလေးနက်နက် စဉ်းစားတွေးခေါ်ခြင်းတွင် ပြဿနာ၏ အလုံးစုံ အဓိပ္ပာယ်က
ဘာလဲဆိုတာ စဉ်းစားတွေးခေါ်ခြင်း ဖြစ်သည်။

ကဲ သူငယ်ချင်းတို့ လည်း ကိုယ်မှာ ပြဿနာတစ်ခုခု ကြုံတွေ့ လာခဲ့ရင် ဖြေရှင်းနိုင်
လောက်ပြီလို့ ထင်ပါတယ် ။သူငယ်ချင်းအားလုံး ကျန်းမာရွင်လန်းစွာဖြင့် ဘ၀မှာ
ကြုံတွေ့ လာမယ့် ပြဿနာရပ်တွေကို ရင်ဆိုင်ဖြေရှင်းနိုင်ကြပါစေသော် ။။။။။။။။။။။။။။။။။။။

သူငယ်ချင်းအားလုံးကို
အစဉ်လေးစားခင်မင်လျှက်က
ညချစ်သူ



ကိုးကား။။။။။


Share