page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, September 9, 2012

ကောင်းနိုးရာရာ ဟာသများ

ညချစ်သူ | 12:04 AM |
ညချစ်သူ | 12:04 AM |




Best Blogger Tips
Share



ချစ်ပုံပြင်....


ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့

သမီးလေးတစ်ယောက်ရှိသတဲ့...

သူဋ္ဌေးကြီးကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ.....


ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့.....

ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့.....

ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့...

. အဲဒီပန်းဥယျဉ်ကြီးဟာ.....သာယာလှပလွန်း လို့ မြင်သူတိုင်း ငေးရတယ်ဆိုပဲ....

. အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း ငယ်ငယ်ချောချောလေးတဲ့......

ဒီလိုနဲ့ ရဲတိုက်မှာ အဖော် (အပေါင်းအသင်းနော်) မရှိပဲ နေရတဲ့မင်းသမီးလေးဟာ....

ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့...
.
. ဥယျဉ်မှုးလေးကလည်း.. သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော..



. မြင်မြင်ချင်းကို ချစ်တယ်ဆိုတာ အဲဒီက စတာပဲတဲ့...

. ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေးကို ပဲပေးတာပေါ့ကွာ.....

မင်းသမီးလေးကလည်း ပြတင်းပေါက်ကနေ.... အထာပြန်ပေးနဲ့ပေါ့.....

တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်တွေ ပိုလာကြပါလေရောတဲ့...

.
သိပ်မကြာပါဘူး သူဋ္ဌေးကြီးက အဲဒီအကြောင်းကို သိသွားပါလေရော....

သိ သိ ချင်းပဲ သူသမီးလေးကို ရဲတိုက်ရဲ့ ဟိုး အမြင့်ဆုံးဖြစ်တဲ့ ဘုံ ခုနစ်ဆင့် မြင့်တဲ့ အထပ်ကို ပို့လိုက်ပါရောတဲ့

အဲဒီအချိန်က စ ပြီး မင်းသမီးလေး နဲ့ ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ မတွေ့ကြရတော့ဘူးတဲ့...

. မင်းသမီးလေးကလဲ တစ်နေ့တစ်နေ့ ငိုချည်းနေတော့တာတဲ့..

.. ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေးရှိတဲ့ ဘုံခုနစ်ဆင်ကို ရောက်ဖို့အကြံထုတ်ရတော့တာပေါ့

ဒီလိုနဲ့ ဥယျဉ်မှုးလေးဟာ.... သစ်ပင်လေးတစ်ပင်ကို ယူပြီး မင်းသမီးလေးနေတဲ့ရဲတိုက်နားမှာ စိုက်သတဲ့..

. ပြီးတော့ သူ့အချစ်တွေသာ စစ်မှန်တယ်ဆိုရင်..... ဒီသစ်ပင်လေးဟာ

နေချင်းညချင်း ကြီးလာပါစေဆိုပြီး ဆုတောင်းသတဲ့....

. သူ့သစ္စာက မှန်တော့ အပင်လေးဟာ ကြီးလာလိုက်တာ သုံးရက်ကြာတဲ့အချိန်မှာပဲ ဘုံ ငါဆင့်ကို ရောက်သတဲ့..

. ဥယျဉ်မှုးလေးဟာ သစ်ပင်ပေါ်တက်.... ပြီတော့ထပ်ဆုတောင်း...

. ဒီတော့ သစ်ပင်လေးဟာ ထပ်ကြီးလာပြီး ဘုံ ခြောက်ဆင့်ကို ရောက်ပြန်သတဲ့...

မင်းသမီးလေးကလဲ သူ့ ချစ်သူလာပြီဆိုတော့ ပျော်တာပေါ့......

ဒါနဲ့နောက်ဆုံးတစ်ဆင့်ကို တက်မယ်ဆိုပြီး.....ဆုထပ်တောင်းဖို့ အလုပ်မှာပဲ....... ......


. ............... ........................... စည်ပင်က ဓာတ်ကြိုးနဲ့ မလွတ်လို့ ဆိုပြီး လာခုတ်သွားပါလေရောတဲ့ကွယ်...

... ပုံပြင်လေးကတော့ဒါပါပဲကွယ်......

သူငယ်ချင်းတို့တွေလဲ ဒီပုံပြင်လေးကို နမှုနာယူပြီး ဓာတ်ကြိုးနဲ့မလွတ်တဲ့ထိ အချစ်မကြမ်းဖို့ သင်ခန်းစာယူနိုင်ကြပါစေကွယ်....


ဆရာကြီး၏ နောက်ဆုံးဆေးလုံး


တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။

ရွာသားများသည် ကြံရာမရ သည့်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကို

သွားပင့်ကြလေသည်။ မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာ ကာ

...
စုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။ စုန်းမကြီး နှင့်

ဆရာကြီးတို့သည် ရွာ ထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ

ရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေ သည်။

ဆရာကြီး- ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း

စုန်းမ- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း

ဆရာကြီး- သိကြသေးတာပေါ့

ဟုဆိုက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “


တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့်

မြေကြီးကို ရိုက်လိုက် လေသည်။ သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့်

အပြင် တဟီးဟီး တောင်ရီနေသေးသည်။ ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်း

ဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။ သို့သော် အချည်း အနှီး ပင်။ ဆရာကြီး

၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလေပြီ။ ဆရာကြီးမှ တဖန်

ဆေးလုံး တစ် လုံးထုတ်ပြီး မန်းပြန်လေသည်။ ပြီးနောက် ထိုဆေးလုံးဖြင့်

ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ်နင့် ပညာ

ကုန်ပြီလားဟုတောင်မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေ လေပြီ။

ဆရာကြီးက မကြောက်ရန်ပြောပြီး

“ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှ

လက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့

မန်းမှုတ်ပြီး လျှင် စုန်းမကြီး ထံသို့ ပစ်ပေါက် လိုက်လေသည်။ ထိုအခါမှ

မီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ်

အမွှာမွှာဖြစ်သွားလေတော့ သည်။

ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီး

လက်ဆောင် များ စွာကန်တော့ လိုက် ကြလေသည်။ အပြန်ခရီးတွင် တပည့်ကမေးလေသည်။

“ဆရာကြီး ၊ ဆရာကြီး နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်း

တစ်ခါမှ မမြင်ဘူးပါလား“

ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး


“ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက ရလိုက်တဲ့ လက်ပစ်ဗုံး"ဟူ၏


ကိုယ်ချင်းစာလို့


တခါက...သူရဲအလွန်ကြောက်သောလူငယ်တဦးဟာ...သင်းချိုင်းတခုကိုညမှောင်ကာစမှာဖြတ်ရမယ်...

သူဟာတယောက်ထဲမို့...အရမ်းလဲကြောက်...အဖော်လဲမပါနဲ့ ....ရွာပြန်ဖို့အခက်တွေ့နေတယ်..


ကံအားလျော်စွာပဲ..ရွာအပြန်.လမ်းမှာ...လူတဦးနဲ့ဆုံတယ်...

အဲဒီလူနဲ့အတူ....သင်းချိုင်းကုန်း ကိုဖြတ်ပီးပြန်လာတယ်လေ...နှစ်ယောက်ဆိုတော့..လူငယ်လဲမကြောက်တော့ဖူးပေါ့

ပျော်ရွှင်စွာနဲ့ရွာတံခါးဝရောက်တော့လူငယ်က...

" ကျေးဇူးတင်ပါတယ်ဦးလေးရယ်..ကျနော်ကသူရဲအရမ်းကြောက်တာဗျ..လို့..".ပြောသတဲ့

ထိုအခါ အဲဒီလူပြန်ပြောလိုက်တာက...

" အေးပါကွာ...ငါလဲ..လူ့ဘ၀တုန်းက သရဲအရမ်းကြောက်တာကွ...ကိုယ်ချင်းစာလို့လိုက်ပို့တာ.."...တဲ့


လက်နှစ်ချောင်း.....


တခါက နှစ်လုံးထီအရမ်းဝါသနာပါတဲ့ ရွာလေးတစ်ရွာနားမှာ..

ဝစီပိတ်..ဘုန်းကြီးတပါးဟာ..တောကျောင်းလေးဆောက်ပီးလာနေသတဲ့


ထုံးစံအတိုင်း...လူတွေကကိုးကွယ်ရင်းအတိတ်ကောက်ကြတာပေါ့

ဆွမ်းဖုန်းပီး..မျက်နှာသုတ်ပုဝါနဲ့မျက်နှာပွတ်ရင်...၅..ပါမယ်

ကျောင်းမှာရှိတဲ့သရက်သီးတွေဝေရင် ၆...ပါမယ်...

ဆွမ်းစားပီးခေါင်းကုတ်ရင်...၂..ပါမယ်...စသဖြင့်ပေါ့

မှန်တဲ့အခါလဲမှန်ပေါ့နော်....

တရက်တော့...ဆွမ်းစားပီး.....လက်နှစ်ချောင်းထောင်ပြတယ်...အကြာကြီးနော်...နာရီဝက်လောက်ရှိမယ်...

ဒီတော့...တရွာလုံးနီးပါးရောက်နေပီ.....အဲဒီမှာ...ဒကာမတယောက်က..... လျှာယားပီး....ဘုန်းကြီးကို...မေးလိုက်တာက

" အရှင်ဘုရား...ဒီတခါတော့ကျိန်းသေအောင်...ပြောလို့ရရင်ပြောပါလားတဲ့ "

အဲဒီမှာ...ဘုန်းကြီးပြန်ပြောလိုက်တာက....

" အေး..ငါတောင်....နှစ်လုံးထိုးလို့...သင်္ကန်း...နှစ်စုံပဲကျန်တော့တယ်လို့ပြောတာဟဲ့."..လို့ပြောပီး

ကျိန်းတဲ့အခန်းထဲဝင်သွားပါတော့တယ်....


လက်တွေ့သိရမယ်....


ကျောင်းမှအပြန်မျက်နှာမသာမယာဖြစ်နေသည့်....မစောမေကိုမိခင်က...

အကြောင်းအကျိုးမေး၏။


" သမီး.....ဘာဖြစ်လာလို့လဲ..."

" သမီးကို....အောင်မိုးက....ကြွေနေပီ.(ချစ်နေပီ)...ပြောလိုက်လို့..."

"...သြော်ဒါများကွယ်..."

"....အာ.....သူကဘာသာမဲ့(Atheist)...တဲ့..မာမီရ..ဘုရားဆိုလည်းမယုံကြည်ဖူး....

မကောင်းဆိုးဝါးတောင်ကြောက်တဲ့လူစားမဟုတ်ဖူး..."

"...ကဲသမီး...မောင်အောင်မိုးကိုအမြန်ဆုံးသာလက်ထပ်ဖို့ပြင်...

ဒင်းကို ဒို့သားအမိ မကောင်းဆိုးဝါးဆိုတာ ဘာလဲလို့ လက်တွေ့သိအောင်ပြရပေးရမယ်..."....တဲ့....တိန်


အပိုဆောင်ထား

တခါက...အဖိုးကြီးတဥိးသည်....ညနေတိုင်း....လဘက်ရည်ဆိုင်ရှေ့မှဖြတ်၏။

ပီးနောက်....တဆိုင်ကျော်ရှိအရက်ဆိုင်သို့ဝင်ကာ...ဘီအီးအရက်တပိုင်းဝယ်၏။


ထိုအရက်တပိုင်းအား ပါဆယ်ဆွဲကာ...အိမ်တွင်သောက်၏။

မိုးရွာရွာနေပူပူ.....ပုံမှန်ညနေတိုင်းဝယ်၏။ထိုအခါ...လဘက်ရည်ဆိုင်တွင်ထိုင်နေကျ...လူငယ်များကသတိထားမိ၏။

"အဘ ကလဲဗျာ....ပင်ပန်းလိုက်တာ...အရက်တပိုင်းကိုနေ့စဉ်ပါဆယ်ဆွဲနေတယ်...၀ယ်လဲသောက်နိုင်သားနဲ့

လေးရက်စာ...၂..လုံးလောက်...အိမ်မှာ....တခါတည်း...၀ယ်ဆောင်ထားပါလားဗျ.".ဟုလူငယ်များကပြောကြ၏။

ထိုအခါ.အဖိုးကြီးပြောလိုက်တာက..".အေးဟုတ်တယ် ..ဒါပေမဲ့...အရက်ဆိုတာ...အပိုဆောင်ထားလို့ရတဲ့အရာမှမဟုတ်တာတဲ့"


ရယ်မောပျော်ရွှင်နိုင်ကြပါစေဗျာ facebook မှာ Lon Ely တင်ထားသမျှ ထဲက
 ကောင်းနိုးရာရာလေးတွေ စုစည်းပေးလိုက်ပါတယ် ။

သူငယ်ချင်းအားလုံးလဲ ဟာသလေးတွေဖတ်ပြီး ဘ၀အမောတွေကို တခဏတာ ဖြေဖျောက်နိုင်ပါစေဗျာ ။

မေတ္တာဖြင့်

ညချစ်သူ

Share