Share
မူ နဲ့ လူ ဘယ်ဟာက အရေးကြီးလဲ? လူတွေတော်တော်များများငြင်းခုန်းနေကြတဲ့
အကြောင်းအရာလေးပါ။ ကျွန်တော့်အမြင်ကတော့ အခြေအနေနဲ့ အချိန်အခါပေါ်လိုက်ပြီး
အရေးကြီးတာ မတူဘူးလို့ထင်ပါတယ်။ မူကောင်းပြီး လူမကောင်းရင်
မအောင်မြင်နိုင်သလို၊ လူကောင်းပြီး မူမကောင်းရင်လည်း မအောင်မြင်နိုင်ပါဘူး။
အဲဒီ ၂ ချက်ဟာ ဟန်ချက်ညီ တည်ရှိပြီး ၂ ခုလုံးအရေးပါပုံကို ကမ္ဘာ့ရာဇ၀င် ကို
လေ့လာရင် သိရှိနိုင်ပါတယ်။
ဥပမာ (၁)
ပြင်သစ်ဘုရင် နပိုလီယံသည် ရုရှားနှင့် မဟာမိတ်စာချုပ်အတွက် စကားဆိုမည်ဟု
ဥပါယ်တမျဉ်းသုံး ကာ ဖိတ်ခေါ်ခဲ့သည်။ ၁၈၀၇ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင်
တလ်စစ်မြို့  အနီး (Tilsit) နီမာမြစ်ကမ်းတွင် တွေ့ ဆုံ မည်ဟု
ဖိတ်ခေါ်လိုက်လေသည်။ ထိုအချိန်က ရုရှားဘုရင် အလက်စန္ဒာသည် နန်းတက်နှစ် ၇
နှစ်သာ ရှိသေးသည်။ ရုပ်ရည် ချောမော လှပပြီး အတွေ့  အကြုံ နုနယ်သည့်
ဘုရင်တစ်ပါးဖြစ်သည်။ ထိုဘုရင်၏ အတွေ့  အကြုံ နုနယ်မှုကို အသုံးချပြီး
ရုရှားနိုင်ငံကို လက်ခံနိုင်ငံအဖြစ် ဖြစ်လာစေရန် စီမံကိန်းတစ်ခု ချမှတ်ကာ
နပိုလီယံမှ ဆောင်ရွက်ခဲ့သည်။ ဇူလိုင်လ၇ ရက်နေ့တွင် ဆွေးနွေးပွဲ ကျင်းပခဲ့
ပြီး အပြီးသတ် ဆွေးနွေးရန် ဇူလိုင်လ ၉ ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့သည်။ ၇
ရက်နေ့ ဆွေးနွေးပွဲကြောင့် ရုရှားဘု၇င်သည် ၉ ရက်နေ့တွင် နောက်လိုက်နောက်ပါ
၂၀ ကျော်ဖြင့် စာချုပ် ကိစ္စဆွေးနွေးရန်
ရောက်ရှိလာသည်။ အင်အားအနည်းငယ်ဖြင့် ရောက်လာသဖြင့် နပိုလီယံအတွက်
အကွက်ဝင်လာတော့သည်။
ရုရှားဘုရင်ကို စစ်တပ်ဖြင့် ၀ိုင်းကာ လက်နက်ချပြီး
လက်အောက်ခံအဖြစ် စာချုပ်ချုပ်ရန် ပြောဆိုတော့သည်။ ထိုအခါမှ ရုရှားဘုရင်သည်
နပိုလီယံ၏ လှည့်ကွက်ကို သိလိုက်ရသည်။ အလွန်စေ့စပ် သေချာပြီး
အလွန်းကောင်းမွန်းသည့် စီမံကိန်းဖြင့် ထောင်ချောက်ဆင်လိုက်ချင်းဖြစ်သည်။
နပိုလီယံလို ဥရောပတိုက်တစ်ခုလုံး ဖိန့်ဖိန့်တုန်အောင် ပြုလုပ်နိုင်တဲ့
လူတော်နဲ့ အလွန်သေသပ်ပိရိ
ကောင်းမွန်တဲ့ မူ ၂ ခုပေါင်းပြီး ရုရှားဘုရင်ကို ထောင်ချောက် ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။
ကဲ ... သင်လည်း ရုရှားဘုရင်လို နောက်လိုက်နောက်ပါ လူ၂၀ လောက်နဲ့ ရန်သူ အင်အား ၃ သိန်းကျော်
ဝိုင်းထားခံရရင် ဘယ်လိုလုပ်မလည်း? အဲဒီအချိန်မှာ ဖေါက်ထွက်ဖို့ ဗျူဟာ
ရေးဆွဲမှာလား? အညံခံမှာလား? အသေခံပြန်တိုက်မှာလား? အဲဒီအချိန်မှာ ... မူ က အရေးကြီးတာလား? လူ က အရေးကြီးတာလား?
http://multivitaminforall.blogspot.com/
Share
No comments:
Post a Comment