page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, July 15, 2012

ညီအကို၊ မောင်နှမများ စိတ်ရွှင်လန်းအမောပြေစေရန်အတွက် ရယ်မောစရာဟာသများ

ညချစ်သူ | 1:05 AM |
ညချစ်သူ | 1:05 AM |




Best Blogger Tips
Share

သားလေးကို သတိရလို့ပါကွယ်

လူရွယ်တစ်ဦးဟာ စူပါမားကက်ထဲမှာ ဈေးဝယ်ထွက်နေတုန်း၊ သူ့နောက်ကနေ အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ဦးလိုက်လာ တာကို သတိထားမိသွားပါတယ်။ ဈေးဝယ်လို့အပြီး ငွေရှင်းဖို့ ကောင်တာမှာတန်းစီတဲ့အခါမှာ စောစောက အမျိုးသမီးကြီးကို သူ့ရှေ့မှာတန်းစီနေတာတွေ့ရပြန်ပါတယ်။
အဲဒီမှာ အမျိုးသမီးကြီးက"ဒီမှာသူငယ် စောစောက အဒေါ် ..မင်းကို တစ်ချိန်လုံး လိုက်ကြည့်နေလို့ မင်းအနေရခက်သွားရင် တောင်းပန်ပါ တယ်ကွယ်။ မင်းက တလောလေးကမှ ဆုံးသွားတဲ့ ငါ့သားလေးနဲ့ သိပ်တူတာပဲ"လို့ ပြောလာပါတယ်။

လူရွယ်က "ကြားရတာ စိတ်မကောင်းပါဘူးဗျာ။ ကျွန်တော် ဘာများ ကူညီပေးရမလဲ"လို့ မေးလိုက်တဲ့အခါ
"အဒေါ် .. ဒီထဲကနေ ထွက်သွားတဲ့အခါ 'ဂွတ်ဘိုင် အမေ'လို့ နှုတ်ဆက်ပေးပါလားကွယ်" လို့ အမျိုးသမီးကြီးက ပြောလိုက်တဲ့အခါ "လုပ်ပေးရမှာပေါ့"လို့ လူရွယ်က ကတိပေးလိုက်ပါတယ်။
အဲဒါနဲ့ အမျိုးသမီးကြီး ထွက်သွားတဲ့အခါ "ဂွတ်ဘိုင် အမေ"လို့ လှမ်းနှုတ်ဆက်လိုက်ရင်း သူ့ပစ္စည်းတွေအတွက် ငွေရှင်းစာရွက်ရလို့ ကြည့်လိုက်တော့ ၁၂၇ ဒေါ်လာတောင် ကျနေတာကြောင့် "ဟာ .. မဖြစ်နိုင်တာဗျာ။ ကျွန်တော် ၀ယ်ထားတာက နည်းနည်းလေးရယ်"လို့ စာရေးမကို ပြောလိုက်ပါတယ်။ အဲဒီအခါ စာရေးမပြန်ပြောလိုက်တာက
"ရှင့်အမေက သူဝယ်ထားတာတွေအတွက် ရှင် ရှင်းပေးမယ်လို့ ပြောသွားတယ်"တဲ့။

Ref : Myanmar Times
Sources: http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:324206?xg_source=msg_mes_network



ကလေးလား..မျောက်လား

အမျိုးသမီးတစ်ယောက်ဟာ ကလေးငယ်လေးကိုပိုက်ပြီး ဘတ်စ်ကားပေါ် တက်လာတဲ့အခါ ကားမောင်းသူက
"ရုပ်ဆိုးလိုက်တဲ့ကလေး။ ငါ့တစ်သက် တစ်ခါမှ မတွေ့ဖူးဘူး"လို့ လှမ်းပြောလိုက်ပါတယ်။
ဒါကိုကြားတဲ့ ကလေးအမေဟာ စိတ်ဆိုးဆိုးနဲ့ ကားခကို အသံ မြည်အောင် ဆောင့်ထည့်ပြီး ကားနောက်ပိုင်းမှာ သွားထိုင်နေလိုက် ပါတယ်။
ကလေးအမေ ကျွဲမြီးတိုနေတာကို သတိထားမိတဲ့ ခရီးသည်တစ်ဦးက
"ဘာဖြစ်လို့လဲဗျ"လို့ မေးလာတဲ့အခါ "ကျွန်မကို ကားဒရိုင်ဘာက စော်ကားတဲ့ စကားပြောလိုက်လို့ရှင့်"လို့ ဖြေလိုက်ပါတယ်။
အဲဒီအခါ ခရီးသည်က စိတ်မကောင်းဖြစ်သွားပြီး "သူကဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ။ သူ့လို ပြည်သူ့ဝန်ထမ်းတစ်ယောက်က ခရီးသည်ကို စော်ကားစရာလား"လို့ စကားထောက်ပေးလိုက်ပါတယ်။
"အဲဒါပြောတာပေါ့ရှင် .. သူ့နားသွားပြီး ကျွန်မအကြောင်း ပြလိုက်ရင် ကောင်းမယ်ထင်တယ်"လို့ ပြန်ပြောရင်း ဒရိုင်ဘာကို ရန်သွား တွေ့ဖို့ ကလေးအမေဟာ ထရပ်လိုက်ပါတယ်။
အဲဒီအခါ ခရီးသည်အားပေးလိုက်ပုံက "ကောင်းတာပေါ့ဗျာ။ ခင်ဗျားရဲ့ မျောက်ကလေးကို ကျွန်တော့ ပေးထားခဲ့"တဲ့။

Ref : Myanmar Times
Sources: http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:324211?xg_source=msg_mes_network


သေချာမှတ်ထားပါတယ်



သူငယ်ချင်း နှစ်ယောက်ဟာ နေ့စဉ်လှေငှားပြီး ငါးမျှားထွက်ကြပါတယ်။

တစ်နေ့တော့ သူတို့ ငါးအကောင် ၃၀ လောက် ဖမ်းမိတာမို့ တစ်ယောက်က နောက်တစ်ယောက်ကို "ငါးအများကြီးမိတဲ့ ဒီနေရာကို မှတ်ထားစမ်းပါ သူငယ်ချင်းရ။ နောက်နေ့ကျရင်လည်း ဒီနေရာ ကိုပဲ ထပ်လာကြရအောင်"လို့ပြောလိုက်ပါတယ်။

နောက်တစ်နေ့ကျတော့ ထုံးစံအတိုင်း လှေငှားပြီး ငါးမျှားထွက်ကြ ပြန်ပါတယ်။

မနေ့က ငါးအများကြီးမိတဲ့နေရာကို မှတ်ထားခိုင်းတဲ့ တစ်ယောက်က

"သူငယ်ချင်း .. မနေ့က နေရာကောင်းကို မှတ်ထားလား"လို့ မေးလိုက်တဲ့အခါ ... နောက်တစ်ယောက်က "အေးပါကွ၊ လှေ အောက်ခြေမှာ ကြက်ခြေခတ် အမှတ်အကြီးကြီး မှတ်ထားပါတယ်... ငါ့ကောင်ရ" လို့ ပြန်ပြောပါတယ်။

အဲဒီအခါ ပထမတစ်ယောက် ပြန်ပြောလိုက်ပုံက "ဟေ့ကောင် ..ငတုံး၊ မင်း .. အဲဒီလို မှတ်ရလားကွ။ မနေ့က ငှားတဲ့လှေမဟုတ်ရင် ငါတို့ဒီနေ့ ဘယ်လိုလုပ်ကြမလဲ" တဲ့။

Ref : Myanmar Times
Resources: http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:324292?xg_source=msg_mes_network


 သွက်လွန်းလို့

အရမ်းကို သွက်လက်ချက်ချာတဲ့ ဖုန်စုပ်စက် အရောင်းစာရေး တစ်ယောက်ဟာ အိမ်တိုင်ရာရောက် သွားရောင်းဖို့ တာဝန် ကျတဲ့ ရပ်ကွက်ထဲက အိမ်တစ်အိမ်ဆီ သွားပြီး တံခါးခေါက်လိုက်ပါတယ်။ ကပ်စေးနှဲပြီး လက်ပေါက်ကပ်မယ့်ဟန်ပေါ်တဲ့ အမျိုးသမီးတစ်ဦး တံခါးလာဖွင့်ပေးတဲ့အခါ အရောင်းစာရေးလေးဟာ အိမ်ရှင်ကို စကားတစ်ခွန်းမှ ပြောခွင့်မပေးဘဲ အိမ်ထဲပြေးဝင်ပြီး နွားချေးခြောက် အဖတ်တွေကို ဧည့်ခန်းကော်ဇော်ပေါ်မှာ လိုက်ချလိုက်ပါတယ်။
ပြီးတော့မှ "အစ်မရေ ..ကျွန်တော့ ဖုန်စုပ်စက်က ဒါတွေကို ပြောင်စင် သွားအောင်မရှင်းနိုင်ရင် ကျန်တာတွေကို ကျွန်တော်စားပေးပါ့မယ်"လို့ ပစ္စည်းကောင်းကြောင်း အာမခံတဲ့အနေနဲ့ ပြောလိုက်တာကြောင့် အိမ်ရှင် အမျိုးသမီးက ခနဲ့ချင်တဲ့အမူအရာနဲ့
"မင်း ဒါတွေကို စားဖို့အတွက် ဆော့စ်ကော ယူဦးမလား"လို့ ပြန်မေးလိုက်ပါတယ်။
"ဘာကြောင့်များ ဒီလိုပြောရတာလဲခင်ဗျာ"လို့ အရောင်း စာရေးလေးက တအံ့တဩပြန်မေးလိုက်တော့ အမျိုးသမီး ပြန်ပြောလိုက်တာက
"တို့.. အခုမှ ဒီအိမ်ကို ပြောင်းလာတာ။ လျှပ်စစ်မီး မသွယ်ရသေးဘူး" တဲ့။

Sources: http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:324400?xg_source=msg_mes_network


မောလို့ပါ



ရဲကားတစ်စီးဟာ အဘွား ဘတ်စီရဲ့ နေအိမ်ရှေ့ကို ထိုးဆိုက်လာပြီး အထဲကနေ အဘိုးမော်ရစ် ထွက်လာပါတယ်။
ကားမောင်းလာတဲ့ ရဲသားက အဘိုးအိုဟာ ပန်းခြံထဲမှာ လမ်းပျောက်နေပြီး အိမ်ကို ဘယ်လိုပြန်ရမှန်းမသိဘူးလို့ ပြောတာကြောင့် ပြန်လိုက်ပို့တာပါလို့ အဘွားအိုကို ရှင်းပြလိုက်ပါတယ်။
အဲဒီအခါ အဘွားက "အိုး .. မော်ရစ် ..ရှင်အဲဒီပန်းခြံကို နှစ် ၃၀ ကျော်လောက် အမြဲသွားနေတာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး လမ်းပျောက်ရတာလဲ"လို့ အံ့ဩတကြီး မေးခွန်းထုတ်လိုက်ပါတယ်။

အဲဒီအခါ အဘိုးက အဘွားနားကပ်ပြီး ရဲသား မကြားအောင် တိုးတိုးလေး ပြောလိုက်တာက "ကိုယ် ... လမ်း မပျောက်ပါဘူး.. မိန်းမရယ်။ အိမ်ကို လမ်းလျှောက်ပြန်ရမှာ မောလို့ပါ' တဲ့။

Ref : Myanmar Times
Sources: http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:324402?xg_source=msg_mes_network



အကို၊ညီ၊အမ၊ညီမများ တနေ့တာအတွက် စိတ်အမောလေးများပြေစေဖို့ ရည်ရွှယ်ပါတယ်။

လေးစားစွာဖြင့်
ကျော်ဇေယျ
LAS Group
Share

No comments: